ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Saturday, November 13, 2010

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွင်း မှားယွင်းခဲ့သော အတွေးအခေါ်တချို့

၁၉၆၂ ခုမတ်လ ၂ ရက် နေ့ကစပြီး မြန်မာပြည်မှာ အုပ်စိုးလာတဲ့ စစ်အာဏာရှင်တွေကို တိုက်ဖျက်ရာမှာ ရန်သူ့အားကောင်းချက်ထက် မိမိတို့ဘက်က ချို့ယွင်းချက်က ပိုများနေတာကို ယေဘုယျ တွေ့နိုင်တယ်။

စစ်အာဏာရှင် နေ၀င်းဟာ လူတွေကို “ဇဝေဇ၀ါ” လုပ်ပြီး အုပ်ချုပ်ခဲ့တာပါ။ တက်စက “ဆွေငြိမ်း” ဘက်ကလိုလိုနဲ့ ဆွေငြိမ်းဘက်သားတွေကို ချွေးသိပ်ထားတယ်။ ဒီတော့ သူ့မှာ ရန်သူ နည်းတာပေါ့။ “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ” တို့ “၃၃ ဦး အကြံပေးအဖွဲ့” တို့ကိုလုပ်ပြီး “ဇူလိုင် ၇ ရက်” ကိစ္စကို မျက်ခြေ ပြတ်စေခဲ့တယ်။ စစ်ဘီလူး သရုပ်ကို ဖုံးနိုင်ခဲ့တယ်။ နောက် ၇၄ မဆလ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲတွေက ဆက်ခါ ဆက်ခါ ဖုံးကွယ်သွားတော့တာဘဲ။ စစ်အာဏာရှင် စနစ်ဟာ မဆလအနေနဲ့ ဆက်လက်ကြီးစိုး နေခဲ့တော့တာဘဲ။

၈၈ ခုမှာတော့ လူထုအုံကြွခဲ့ပေမဲ့ာ လူထုဟာ တော်လှန်ရေးလမ်းကြောင်းအတိုင်း မသွားဖြစ်ဘဲ စစ်အာဏာရှင်တွေခင်းတဲ့ ရွေးကောက်ပွဲ ထောင်ချောက်မှာ အနှစ် နှစ်ဆယ် လောက် ပိတ်လှောင် ခံခဲ့ရတယ်။ ၈၈ လူထုအုံ ကြွမှုအရှိန်ကြောင့် ပေါ်ခဲ့တဲ့ လက်နက်ကိုင် လှုပ်ရှားမှုမှာ မှေးမှိန် သွားခဲ့ရတယ်။ ရန်သူရဲ့ “စေ့စပ်ရေး” ထိုးစစ်က လက်နက်ကိုင် အင်အားစုတွေရဲ့ အချောင်သမားတွေကို ဖြိုခွဲစည်းရုံး သွားပြန်တယ်။ ဗိုလ်ချုပ် မြ တောင် သွားဆွေးနွေးတဲ့ ဘ၀ ရောက်ခဲ့ ရတယ်။ ဒါကြောင့် နအဖဟာ အရှိန်တက်လာ တော့တယ်။ ဒါပေမဲ့ စစ်ဘီလူးရဲ့ စရိုက်က ပိုပို ပေါ်လာတာကြောင့် နအဖစစ်တပ်ဟာ လူထု ချဉ်ဖတ်ဖြစ် လာပြီး အရည်အသွေးရော အရည်အတွက်ပါ ဆုတ်ယုတ် လာနေတယ်။ ဒါတွေကို အဖတ် ဆယ်ဖို့ရယ်၊ နိုင်ငံတကာရဲ့ ရှုတ်ချမှုကို ကာကွယ်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်ရပါ တော့ တယ်။ “ရွေးကောက်ပွဲ ထိုးစစ်” လို့ ခေါ်နိုင်တယ်။

ဒီဖြစ်စဉ်တွေကို အကြမ်းဖျင်း သုံးသပ်လိုက်ရင် လူထုအုံကြွမှုတွေကို တော်လှန်ရေး အဖြစ် မပြောင်းလဲနိုင်ခဲ့တာကို တွေ့နိုင်တယ်။ ဒါက တော်လှန်ရေး အသိနိမ့်ကျနေပြီး တော် လှန်ရေး မဆန်တဲ့ အတွေးအခေါ်တွေက လွှမ်းမိုးနေတာကို အရှင်းသားတွေ့နိုင်တယ်။ တော် လှန်ရေးဟာ ပုတီး စိပ်တာ မဟုတ်၊ ပန်း သီတာ မဟုတ် ဆုတောင်းတာ မဟုတ်ဘူး ဆိုတာကို ကျွန်တော်တို့ ပြည်သူတွေ သေသေချာချာ မသိခဲ့ကြဘူး။ စာရေးဆရာ လူထုစိန်ဝင်းက တောင် အာဏာရှင်ဆိုတာ လွယ်လွယ် မဆင်းဘူးဆိုတာ ပြောနေရတယ် ဒီတော့ ကျွန်တော်တို့ တော်လှန်ရေး အသိပညာ၊ တော်လှန်ရေး အတွေးအခေါ်တွေကို အားစိုက်ခွန်စိုက် လေ့လာ ကျင့်သုံးကြ ရတော့မယ်။

နအဖ စစ်အာဏာရှင်တွေရဲ့ စေ့စပ်ရေး ပရိယာယ်အောက်က တော်လှန်ရေး အင်အားစုတွေ ပြန်ရုန်းထွက်ရဦးမယ်။ စောစောက ၈၈ အုံကြွမှုသာ တော်လှန်ရေး ပီခဲ့ရင်။ စစ်အာဏာ ရှင်စံနစ်ဟာ ဇာတ်သိမ်းသွားပြီ။ ၉၀ ခုနှစ်ရွေးကောက်ပွဲကို မ၀င်ဘဲ ကြားဖြတ်အစိုးရကို ဖွဲ့နိုင်ရင် သမိုင်းဟာ တမျိုး ပြောင်းသွားမယ်။

အခုတော့ နှောင်ကြိုးတွေ အထပ်ထပ်နဲ့ ရွေးကောက်ပွဲဆိုတာ လုပ်ပြီးသွားပြီ။ နအဖ စစ်အာဏာရှင်တွေ အကွက်ချထားတဲ့ အတိုင်း ဖြစ်တော့မယ်။ ဒါပေမဲ့ လူထုရဲ့ စွမ်းပကားက ကုန်တယ် မရှိပါဘူး။ လူထုကို ဖိနှိပ်လွန်းတဲ့ စစ်အာဏာရှင်တွေနဲ့ သူလက်ပါးစေ လက် ဝေခံတွေကို နည်းနာသစ်တွေသုံး တိုက်ခိုက်ကြမှာပါဘဲ။

နည်းနာသစ် ဆိုတဲ့ စကားဟာ အထက်ကပြောခဲ့တဲ့ အမှားတွေ၊ ချို့ယွင်းချက်တွေကို ကျော်လွန်ပြီး စစ်အာဏာရှင်နဲ့ လက်ပါးစေ လက်ဝေခံတွေကို ပြတ်ပြတ်သားသားဆန့်ကျင်တဲ့ တော်လှန်စစ် ဆင်နွဲကြရမှာကို ဆိုလိုတာပါ။ အရင် စေ့စပ်နည်း၊ အနုနည်း၊ တော်လှန်ရေးမဆန်တဲ့ နည်းတွေကို လုံးဝ ဆန့်ကျင်သွား ရပါလိမ့်မယ်။

စစ်အာဏာရှင် စံနစ်ကို အမြစ်ကမကျန် တိုက်ဖျက်ပစ်ရမည့် အချိန်မှာ နအဖစစ် အာဏာရှင်တွေနဲ့ “ရွှေပြည်အေး ၀ါဒ” “ ချော့မြူရေး ၀ါဒ” ငြိမ်းချမ်းရေးရူး” ၀ါဒတွေကို ဆန့်ကျင်ကြရမယ်။ ဒီဝါဒတွေဟာ တော်လှန်တိုက်ပွဲဝင်တဲ့ စိတ်ဓါတ်ကို အသွားတုန်းစေ တယ်။ ရန် ငါ စည်းကို ရှုပ်ထွေး စေတယ်။ လှုပ်ရှားမှုတွေကိုေ၀၀ါးစေတယ်။

စေ့စပ်ရေး အတွေးအခေါ် ရှိနေသ၍ တော်လှန်ရေးဟာ ရှေ့ မရောက်နိုင် ဘူးတဲ့။ စစ်ထက် ကြောက်စရာကောင်းတဲ့ အရာဟာ “စစ်ကိုကြောက်ခြင်း” ဘဲဖြစ်တယ်။

ဒီတော့ ကျွန်တော်တို့ ချို့ယွင်းချက်တွေကို ချုပ်လိုက်ရင်

၁။ တော်လှန်ရေးကို တော်လှန်ရေးလို မလုပ်တာ

၂။ အာဏာ ဆိုတာကို ဆွေးနွေးယူ လို့မရနိုင်ဘူးဆိုတာကို မသိတာ

၃။ အုပ်စိုးသူတွေရဲ့ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဆိုတာ လူထုအတွက် မဟုတ်ဘူးဆို တာ

၎။ စေ့စပ်ရေးတို့၊ ငြိမ်းချမ်းရေးတို့ဆိုတာ စစ်အာဏာရှင် စံနစ်အောက်မှာ မရှိနိုင်ဘူးဆိုတာ

၅ ။ တိုက်ပွဲမပါဘဲ တောင်းဆိုမှု သက်သက်တွေဟာ အလဟဿမျှသာ ဖြစ်တယ်ဆို တာကို - ကျွန်တော်တို့ တတွေ ရင်ထဲ အသဲထဲက သိထားသင့် နေပါပြီ။

ဦးအေးဆောင်
၈၊ ၁၁ ၊ ၂၀၁၀

Saturday, October 23, 2010

လူထုစစ်ပွဲ ဗျူဟာ

လူထုစစ်ပွဲ ဗျူဟာ

၂၀၁၀ နအဖရဲ့ ဟန်ပြရွေးကောက်ပွဲပြီးနောက် စည်းမျဉ်းခံ လက်ကိုင်ဒုတ် ပါလီမန်ဟာ ပေါ်လာမယ်။ လက်တဆုတ်စာ စစ်အာဏာာရှင်တွေဟာ ပါလီမန် အမွေးအတောင် တွေနဲ့ အကောင်ကြီးသလို ဟိတ်ဟန်ထုတ်ရင်း လူထုကို ပိုမိုဖိနှိပ်လာကြလိမ့်မယ်။ တိုးပွါးလာတဲ့ သူလက်ပါးစေတွေနဲ့ ကျွန်တော်တို့ကို ၀ိုးပတ်နိုင်အောင် ကြံစည်ကျိုးပမ်း ကြလိမ့်မယ်။

ကျွန်တော်တို့ကလဲ သူတို့ထက် ပိုမိုကြီးမားတဲ့ လူထုအင်အားတွေနဲ့ သူတို့ကို ၀ိုင်းပတ်ချေမှုန်းနိုင်အောင် ကြီးမားကျယ်ပြန့် တဲ့ဗျူဟာကို ချမှတ်ပြီး သူတို့ကို ၀ိုင်းပတ်ချေ မှုန်းရမှာဘဲ။ ဒါအတွက် ဒီစာတမ်းကို တင်ပြလိုက်ပါတယ်။

ဒီလူထုစစ်ပွဲနည်းဗျူဟာ စာတမ်းဟာ “ပြည်သူ့စစ်ပွဲ မီးပင်လယ်” ဆိုတဲ့ စကားလုံး ကို ပြောင်းသုံးထားလိုက်တာပါ။ “ပြည်သူ့စစ်” ဆိုတဲ့ စကားကို ရန်သူသုံးတဲ့ လက်ပါးစေ ပြည်သူ့စစ်နဲ့ ကွဲလွဲအောင် ပြောင်းထားလိုက်တာပါ။ အဓိပ္ပါယ်က ပြည်သူ့စစ်ပွဲမီးပင် လယ်နဲ့ မကွာပါဘူး။ ရန်သူ စစ်အာဏာရှင်တွေကို လူထု စစ်ပွဲမီးပင်လယ်ထဲမှာ လောင်မြိုက်စေဖို့ပါ။

လူထု စစ်ပွဲမီးပင်လယ်ဆိုတာကို သိထားတဲ့လူတွေ တော်တော်များပေမဲ့ သဘော ပေါက်သူ နည်းတယ်။ သဘောပေါက်တော့လဲ ကျင့်သုံးနိုင်တဲ့သူ ကျွန်တော်တို့ တိုင်းပြည် မှာ နည်းတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းက လူမျိုးစွဲ၊ ဒေသစွဲ၊ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်ရေး အကျိုးစီးပွါးတွေကြောင့် ကိုယ့်ကြိုးနဲ့ ကိုယ်ရှုပ်နေကြလို့ပါ။ ကျယ်ပြန့်တဲ့ လူထုစစ်ပွဲ မီးပင်လယ်ဗျူဟာကို မကျင့်သုံးနိုင်ကြဘူး။

လူထုစစ်ပွဲဗျူဟာက လူထုထောက်ခံတဲ့ လမ်းစဉ်ရှိတဲ့ အဖွဲ့အစည်းမှသာ ကျင့်သုံး လို့ရတယ်။ လူထုနဲ့ ဆန့်ကျင်သူတွေက ကျင့်သုံးလို့ မရပါ။ လူထုထောက်ခံအားပေးမှု မရသူတွေ ကျင့်သုံးလို့ မရနိုင်ပါ။

ဒီနေ့ ဒီအချိန်မှာ ရန်သူစစ်အာဏာရှင်တွေက ဟန်ပြရွေးကောက်ပွဲနဲ့ စီးပွါးရေးမက် လုံးတွေပေးပြီး လက်ကိုင်ဒုတ်တွေမွေးနေတယ်။ လက်ပါးစေ လက်ဝေခံတွေကို မွေးနေတယ်။ နှစ်ကာလ ကြာရှည် အုပ်စိုးခဲ့တဲ့ စစ်အာဏာရှင် စံနစ်ကို အလှချယ် မျက်နှာဖုံးတပ်ပြီး မသိနားမလည်သူတွေ၊ အချောင်သမားတွေကို မြူဆွယ် ဖမ်းစားနေတယ်။ ဒါပေမဲ့ သူတို့ဟာ လူထုအကျိုးစီးပွါးကို သယ်ပိုးတာထက် စစ်အာဏာရှင် အကျိုးစီးပွါးကို သယ်ပိုးသွားမှာမို့ လူထုထောက်ခံအားပေမှုကို မရနိုင်ပါဘူး။ စစ်အာဏာရှင်တွေအကျိုး အတွက် လူထုကို ဖိနှိပ်နေရလို့ လူထုဆန့်ကျင်မှုကို နေရာတိုင်းမှာ ခံနေရမှာပါ။

ကျွန်တော်တို့က သူတို့နဲ့ ဆန့်ကျင်ဘက်။ စစ်အာရှင် အကျိုးကို လုံးဝကြည့်ဖို့မလိုဘဲ ပြည်သူ့ လူထုအကျိုးစီးပွါး တစ်ခုတည်းကိုသာ ကြည့်ရတော့ သူတို့ထက်ပိုသွက်လက် ပိုထိရောက်အောင်လုပ်နိုင်မှာပါ။

စစ်အာဏာရှင်တွေနဲ့ သူ့လက်ပါးစေ လက်ဝေခံတွေကြားမှာလဲ အကျိုးစီးပွါးတွေ အဝေမတည့်လို့ ပဋိပက္ခတွေ ပိုပိုပေါ်လာဦးတော့မယ်။ ဒါတွေဟာ မရှောင်လွှဲနိုင်တဲ့ တရားတွေဘဲ။

ကျွန်တော်တို့ ဘက်ကလဲ ကိုယ်ကျိုးစီးပွါး၊ ဂိုဏ်းဂဏနဲ့ လူမျိုးစွဲဒေသစွဲတွေလောက် ဘဲ ရှိနေရင်သူ့တို့ထက်ပို ဆိုးတဲ့ ပဋိပက္ခတွေ ဖြစ်နေဦးမှာဘဲ၊ နအဖစစ်အာဏာရှင်တွေက သူတို့အာဏာ အရိုးးအရင်းကို ချကျွေးပြီး လက်ကိုင်ဒုတ်ရှာသလို ကျွန်တော်တို့က ပြည်သူထုတွေကို တကယ်စစ်မှန်တဲ့ အခွင့်အရေးတွေ၊ နိုင်ငံရေးအမြင်ကျယ်ပြီး သဘော ထားကြီးကြီးနဲ့ ကျယ်ပြန်တဲ့ လှုပ်ရှားမှုတွေပေါ်လာအောင် ကျဉ်းမြောင်းတဲ့အမြင်တွေ၊ လုပ်ဟန်တွေကို ပယ်ဖျက် ဆန့်ကျင်ဖို့ လိုပါတယ်။ဒါမှသာ ရန်သူထက်ပိုမို ကြီးမားတဲ့ လူထုအားနဲ့ ရန်သူ လက်ပါးစေ လက်ဝေခံတို့ကို ပြန်ဝိုင်းပတ်ချေမှုန်းနီုင်မှာဖြစ်တယ်။

လူထုအားကို ရရှိဖို့က လူထုလိုလားချက်တွေကို ဖြည့်စည်းပေးရမယ်။ လူထုလိုလား တာက သူတို့ကို နေရာတကာချုပ်ချယ်ဖိနှိပ်နေတဲ့ စစ်အာဏာကို ဖျက်သိမ်းစေချင်တာ ဒီအလုပ်ကို မလုပ်သရွေ့ လူထုကအားကိုးမှာ မဟုတ်ဘူး။ ဒီအလုပ်ကို လုပ်ဖို့က အခွင့် အရေးအားဖြင့်ဆိုရင် စီးပွါးရေးလွတ်လွတ်လပ်လပ် ရှာနိုင်ဖို့၊ လွတ်လွတ်လပ် ပြောဆိုဆွေး နွေးစုဝေးတိုင်ပင် နိုင်ဖို့၊ ပိုင်ဆိုင်မှုကို ကာကွယ်နိုင်ဖို့၊ လယ်ယာမြေပိုင် ဆိုင်နိုင် ဖို့တွေ ရှိတဲ့ မူကို ကျင့်သုံးမှ လူထုကို အခွင့်အရေးပေးရာကျမယ်။

အရှင်းဆုံး ပြောရရင် နအဖ စစ်အာဏာရှင်တွေဟာ လက်ဝါးကြီးအုပ်စစ်ပဒေသ ရာဇ်တွေပါ။ အခုအရင်းရှင် စံနစ်လိုလို ဟန်ဆောင်ကူးပြနေတာပါ။ သူတို့တကယ်ဘယ် တော့မှ မကူးနိုင်ဘူး။ တကယ်ကူးရင် သူတို့ ဇာတ်သိမ်းတော့မှာသူတို့သိတယ်။ သူတို့အားကိုးတာ စစ်တပ်နဲ့ လက်နက်ဖြစ်ပြီး။ အရင်းရှင် စနစ်အားကိုးတာက ငွေကြေး ဖြစ်တယ်။ ငွေကြေးသြဇာလွှမ်းရင် သူတို့အတွက် ခိုစရာနေရာ မရှိတော့ဘူးဖြစ်သွားမှာ ကြောင့်ဘဲ။ အခုအခါမှာ စစ်ပဒေသရာဇ်စနစ်ရဲ့ ဖိနှိပ်ရက်စက်မှုတွေဟာ ဖုံးလို့ ဖိလို့ မနိုင်လောက်အောင် ဖြစ်လာတော့ ကမ္ဘာ့အမြင်ကောင်းအောင် အင်ကျီလဲဝတ်နေတာဘဲ ဇာတိက မပျောက်ပါဘူး။ နောက်ဆိုသူ့ နောက်လိုက်တွေ တိုးပွါးလို့ ပိုဆိုးရွားမည့် လက္ခဏာတွေ တွေ့နေရပြီ။

သူဘယ်လောက်သူတို့ လူမွေးမွေး တပြည်လုံးအတိုင်းအတာတော့ ဘယ်တော့မှ မမွေးနိုင်ဘူး။ တပြည်လုံးကို မွေးနိုင်ရင်လဲ တိုင်းပြည်က ဒီမိုကရေစီနိုင်ငံ ဖြစ်နေမှာပါ ဘဲ။ သူတို့ဟာ သွေးစုတ်မှ ရှင်သန်နိုင်မည့်လူတွေဆိုတော့ သွေးစုတ်ခံ လူတန်းစားကို အမြဲချန်ထား ရစ်နေပါဘဲ။

အတန်းအစား ဆိုတာ

အတန်းအစားပြဿနာကို ကျွန်တော်တို့ ဘယ်လိုဘဲ မေ့ထားချင်ရင်လဲ မေ့ထား လို့ မရပါဘူး။ မြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်အာဏာရှင် လက်တဆုတ်စာ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံ လူမျိုးပေါင်းစုံ၊ လူ့အလွှာပေါင်းစုံတို့ရဲ့ပဋိပက္ခကို မမြင်ကျိုးကျွံပြုရင် ကျွန်တော်တို့ဟာ ကိုယ့်မိတ်ဆွေတွေကို ကိုယ်မမြင်သလို၊ ကိုယ့်အင်အားကို ကိုယ် မစုစည်းရာ ကျမယ်။

လူမျိုးရေးအမြင်။ အမျိုးသားရေးအမြင်ဟာ ဒီနေ့ စစ်အာဏရှင်ကို ရင်ဆိုင်တဲ့ နေရာမှာ ဘယ်လောက်အထိ ထိရောက်ပြီး ဘယ်လောက်အထိ ချို့ယွင်းသလဲ ကျွန်တော် တို့ သုံးသပ်သင့်တယ်။ မာနပလောကျသွားရတာဟာ လူမျိုးရေးအမြင်ကျဉ်းမှုကို ရန်သူက အမြတ်ထုတ်သွားတာ၊ စေ့စပ်ရေးအဖွဲ့တွေကွဲရတာဟာ လူတန်းစားအကျိုးစီးပွါးက အမျိုး သားရေးကို မျက်ကွယ်ပြုသွားတာ။ ဥရောပ တတိုက်လုံး စုစည်းတဲ့ ပုံဖေါ်နေကြပေမဲ့ ကျွန်တော်တို့မှာ ဒေသစွဲစိတ်က ပိုမတက်သေးဘူး။ ဒါတွေဟာကျွန်တော်တို့ စုစည်းမှုကို များစွာထိခိုက်ခဲ့ရပါတယ်။ ဒီတော့ အဖိနှိပ်ခံ ညီညွတ်ရေးစိတ်ဓါတ်၊ ဘုံရန်သူ စစ်အာဏာ ရှင် ကိုဝိုင်းတိုက်ရေးစိတ်ဓါတ်တွေ မရှိဘဲ အမိန့်နဲ့ စုစည်းထားတဲ့ စစ်အာဏာရှင်ကို ယှဉ်ဖို့ဆိုရင် ကျွန်တော် ပိုမိုအားကောင်း ပိုမိုကျယ်ပြန့် ပိုမိုကျစ်လစ်တဲ့ အားကို တည် ဆောက်ရ မယ်ဆိုတာ ရှောင်လွှဲလို့ မရတဲ့ ကောက်ချက် ဖြစ်နေတယ်။

ကျွန်တော်တို့အတွင်းမှာ ဖြစ်ဖြစ်နေရတဲ့ ပြဿနာက နယ်မြေပြဿနာ၊ အခွန်အ ကောက်ပြဿနာ၊လက်နက်ကိစ္စတွေဘဲ ဖြစ်နေတာကို တွေ့တွေ့ရတယ်။ ဒီနယ်မြေတွေ၊ ဒီငွေ တွေ၊ ဒီလက်နက်တွေ အခုဘယ်ရောက်ကုန်သလဲ။ တော်လှန်ရေးအားနည်းတော့ နယ်မြေတေ၊ွလက်နက်တွေ ရှုံးကုန်တာဘဲမဟုတ်လား။တော်လှန်ရေးကို အရေးမထား၊ အဓိက ရည်မှန်းချက်ကို အရေးမထားတော့ သေးမွှားတဲ့ ပြဿနာတွေနဲ့ ညီညွတ်စည်း လုံးမှုတွေ ထိခိုက်ခဲ့ရတာကို အလေးအနက် သင်ခန်းစာယူသင့်လှပါတယ်။

သမိုင်းဆိုတာစိတ်ထဲက ဖြစ်တာမဟုတ်ဘဲ အပြင်မှာ တကယ်ဖြစ်နေတော့ပ ကတိ အခြေ အနေကို ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရင်ဆိုင်ရင်း အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့ လုံးပမ်းကြရမှာပါဘဲ။

ရေရှည်စစ်

လာပြန်ပြီ ဒီလောက်ကြာတဲ့ စစ်ပွဲကို ပိုကြာအောင် ရေရှည်လို့ ပြောပြန်ပြီလားလို့ ပြောကြမှာ ကျွန်တော်သိနေပါတယ်။ ဘယ်သူက အောင်ပွဲကို အလျှင်အမြန်မရချင်တာ ရှိမှာလဲ။ ဖြစ်နိုင်ရင် မနက်ဖန်အိမ်ပြန်ချင်တာပေါ့။ဒါက ဆန္ဒဘဲ။ အခြေအနေက ကျွန်တော် တို့ အားကိုးရမည့် လယ်သမားတွေက ဘယ်လောက် ဆက်သွယ်ရေးကောင်းလို့လဲ “ဘုန်းကြီးတွေ ဆန္ဒပြတာ ဟုတ်ရဲ့လား” “ဦးနေ၀င်း သေတာ တကယ်လား” လို့ မေးတတ်တဲ့ လူတွေနဲ့ အလုပ်လုပ်ရမှာ၊ စက်ရုံတွေက အလုပ်သမားတွေက လက်ကိုင်ဖုံး ဘယ်နှစ်ယောက်ကကိုင်နိုင်နေပြီလဲ။အဖွဲ့အစည်းတခုခုရဲ အောက်မှာ ဘယ်လောက်စံနစ် တကျ စုစည်းမိကြပြီလဲ။ အဖွဲအစည်းဆိုတဲ့ ဟာက တော်လှန်ရေးကို ကောလုပ်မှာလား။ လူမှုရေးလား။ စေ့စပ်ရေးလား။ ရွေးကောက်ပွဲလောက် အားကိုးနေတာလား ဆိုတာ တွေကြောင့် ရေရှည်လို့ ယေဘုယျပြောရတာဘဲ။

လှုပ်နိုင်ရှားနိုင်တဲ့ကျေးလက်ကအခြေခံပြီး မြို့ကို သိမ်တဲ့နည်းကိုအခြေပြုပြီး ရဦးမှာဘဲ။ ရန်သူစစ်တပ်အကွဲအပြဲတွေက အခြေအအနေပေးရင်၊ သိပ်ထက်မျက်တဲ့ခေါင်း ဆောင်တွေပေါ်လာရင်တော့ရေတိုနဲ့တော်လှန်ရေးအောင်အောင်လုပ်နိုင်မယ်ထင်တယ်။ ယေဘုယျအားဖြင့်တော့ ရေရှည်စိတ်ဓါတ်ထားရမှာဘဲ၊ အခွင့်အခါနဲ့ အခြေအနေ အလိုက် နည်းနာ တော့ ပြောင်းဖို့လိုလဲလိုမှာဘဲ။ တရားသေတော့မဟုတ်ဘူးပေါ့။

ပြည်သူလူထုကိုအားကိုရင်း တော်လှန်စစ်ကို ဆင်နွဲနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက် ကို အခိုင်အမာစိုက်ထူထားရမယ် ပြည်သူတွေကို ယုံကြည်ရမယ်။ ရန်သူစစ်အာဏာ ရှင်တွေဟာ ပြည်သူအပေါ် ပြစ်မှုကြီးတွေ ကျူးလွန်ထားသူတွေဖြစ်လို့ ပြည်သူတွေရဲ့ ခွင့်လွှတ်ဖို့ တော်တော်နဲ့ ရနိုင်တော့မှာမဟုတ်သလို အာဏာရှင်တွေဟာလဲ ပြည်သူတွေ ကို အမြဲတမ်း ကြောက်လန့်ရင်း ပိုပိုဖိနှီပ်ရင်း ကျဆုံးသွားပါလိမ့်မယ်။

တပ်ပေါင်းစုနဲ့အောင်ပွဲခံရေး

မြန်မာပြည်တော်လှန်ရေး နှစ်တွေကြာရတဲ့ အကြောင်းမှာ တပ်ပေါင်းစု ကိုမဏ္ဍိုင်ပြု တာအားနည်းခဲ့တယ်လို့ မြင်မိတယ်။ ဒီလိုဖြစ်ရတာက တပြည်လုံးအတိုင်းအတာ ဆောင် တဲ့ အမြင် မရှိတာရယ်၊ ဂိုဏ်းဂဏနဲ့ လူမျိုးရေးအမြင်တွေကြောင့်ဘဲ။ ဒီနေ့ကနေ နောက် ကို ပြန်ကြည့်ရင် အစိုးရလုပ်သူကလဲ အစိုးရအလျှောက်၊ တော်လှန်တဲ့ သူတွေက လဲ သူ့အတိုင်းအတာအလျှောက် ဒီအားနည်းချက်တွေဘဲ တွေ့နေရတယ်။

ဒီနေ့ ကမ္ဘာဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်နေတယ်။ ကျွန်တော်တို့တတွေ အမျှော်အမြင်နည်းပြီး ပေါင်းစည်းလုပ်တတ်တဲ့ အလုပ်တွေ မလုပ်တတ်ရင် စုပေါင်းထားတဲ့ အရင်းအကြီးကြီတွေအောက်မှာ ဘယ်တော့မှ လူလုံးလှစရာ မရှိဘူး။ နိုင်ငံရေးလဲ နိုင်ငံရေးမို့။ တော်လှန်ရေးလဲ တော်လှန်ရေးမို့၊ စီးပွါးရေးလဲ စီပွါးရေးမို့၊ နည်းပညာလဲ နည်းပညာမို့ ပေါင်းစည်းလုပ်တတ်ဖို့ လိုနေတယ်ဆိုတာကို အလေးအနက်ပြောချင်ပါတယ်။

အခုအခါမှာ လူထုစစ်ပွဲဗျူဟာကို ချမှတ်ဆောင်ရွက် မယ် ဆိုရင် အမြင်ဟာ အရင် ကထက် မကျယ်လို့မရဘူး။ “ငါနဲ့ မတူ ငါ့ရန်သူ” အစား ရန်သူကို တိုက်တဲ့သူမှန်သမျှ ပူးပေါင်းပြီးဝိုင်းတိုက်နိုင်အောင် ကျိုးပမ်းကြဖို့လိုတယ်။ စာနာနားလည်ဖို့လိုတယ်။ထိန်း ကျောင်း လမ်း တည့်ဖို့လဲလိုတယ်။ အဖိနှိပ်ခံ ညီညွတ်ရေးနဲ့ ဘုံရန်သူဝိုင်းတိုက်ရေးဟာ အခြေခံမူ ဖြစ်နိုင်လိမ့်မယ်။

တော်လှန်ရေးကို လူထုက လက်ခံလာဖို့ ဆိုရင် တော်လှန်ရေးလမ်းစဉ်က လူထု ကို အကျိုးပြုတာ ဖြစ်ကြောင်းလက်တွေ့ပြဖို့ လိုတယ်။ လူထုကို ကာကွယ်တာ၊ လယ်ယာ မြေပိုင်ဆိုင်မှုကို အသိအမှတ်ပြုတာ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်တွေကို စောင့်ရှောက်တာက အစလုပ် ရမှာပါ။ စစ်သားကောက်၊ အခွန်ကောက်၊ အထမ်းသမား လုပ်ခိုင်းတာလောက်နဲ့ လူထုရဲ့ အားကိုးမှုကို ရဖို့ခက်ပါတယ်။

လူထုစစ်ပွဲဗျူဟာမှာ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အတိတ်က အမှားနဲ့အားနည်း ချက်တွေကို ဖေါ်ထုတ်ပြင်ဆင်တာ၊ အမြင်ကိုချဲ့ထွင်တာ၊ လူထုကို အကျိုးပြုတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ထာအပြင် ရန်သူကို လူထုနည်းနဲ့ တိုက်ပွဲဝင် လာအောင်။ ၀င်နိုင်အောင် ဖန်တီးတာ။ ကူညီတာတွေက လုပ်ငန်းစဉ်တွေပါဘဲ။

အရင်တုန်းက လုပ်ခဲ့တာတွေဟာ မအောင်မြင်ခဲ့လို့ အမြင်သစ် အတွေးသစ်နဲ့ လုပ်ရပါ လိမ့်မယ်။ တဘက်က ရန်သူဟာ ဖိနှိပ်သွေးစုတ်ရေး အပြင် လှဲ့စားတဲ့ ပရိယာယ် ပါပေါင်း လာတော့ ဖိနှိပ်သွေးစုတ်တဲ့ စစ်အာဏာရှင်တွေကို ကျွန်တော်တို့ရဲ့ဗျူဟာက လဲ ကျယ် ပြန့်မြင့်မားတဲ့ ရည်ရွယ်ချက်နဲ့ စစ်အာဏာရှင်ကို မုန်းတီးတဲ့လူထုရဲ့ အင်အားစွမ်းပကားတွေကို ရယူပြီး လူထုတိုက်ပွဲ မီးပင်ယ်ထဲမှာ စစ်အာဏာရှင် စနစ်ဆိုးကို လောင်မြိုက်ပြာကျသွားစေဖို့ဖြစ်တယ်။

အဖိနှိပ်ခံတို့ ညီညွတ်ကြ။

ဘုံရန်သူကို ၀ိုင်းတိုက်ကြ။

တော်လှန်ရေးမုချအောင်ရမယ်။

ဦးအေးဆောင်

စက်တင်ဘာ ၂၄၊ ၂၀၁၀

Monday, April 12, 2010

နအဖတီးလုံးအတိုင်း လိုက် ယောင်မနေနဲ့

နအဖတီးလုံးအတိုင်း လိုက် ယောင်မနေနဲ့

အနီးဆုံး ရန်သူကိုတိုက်ခိုက်ကြ၊ လူထုအုပ်ချုပ်ရေး ထူထောင်

နအဖက ရွေးကောက်ပွဲဥပဒေဆိုတာနဲ့ ပြည်သူတွေကို စစ်ကျေညာလိုက်ပြီ။

ပြည်သူကို ရန်စနှိပ်ကွပ် တိုက်ခိုက် စော်ကားနေတာ အကြိမ်ပေါင်းများလှပါပြီ။ ဒီလိုဘာ ကြောင့်ဖြစ်နေရသလဲ။ ပြည်သူတွေက စစ်အာဏာရှင်နအဖကို မဖြုတ်ချနိုင်လို့ပါ။ ဘာကြောင့် မဖြုတ်ချနိုင်တာလဲ ဆိုတော့ ဖြုတ်ချဖို့ ဆုံးဖြတ်ချက် သံဓိဌါန် မရှိလို့ပါ။ ဘာဖြစ်လို့ မရှိရတာလဲ ဆိုတော့ ပြန် စဉ်းစာကြည့်ပါ ဒို့အရေး ဘဲအော်ပြီး အာဏာ သိမ်းဖို့ စိတ်ကူး တွေရှိခဲ့ ဘူးသလား။ ရှိခဲ့ရင်လဲ လူသူမသိဖြစ်ခဲ့ရတယ်။ ဒါဟာ ဖြုတ်ချရေး ကို အားပေးတယ်လို့ မဆိုနိုင်ဘူး။ ဆွေးနွေးတာဟာဖြုတ်ချဖို့ဆိုရင်တော့ အခုလက် တွေ့ဘဲ ဆွေးနွေးတာ ဘယ်ကိုရောက်နေပြီလဲ။ အန်အယ်ဒီလည်ပင်း အစ်နေပြီ။ စေ့စပ်အ ပစ် ရပ်တွေ ဓါတ်ပျက်နေပြီ။ဒီတော့ ဘာထပ် အနုနည်းလုပ်ကြဦးမလဲ။

ကျွန်တော်တို့ တတွေ တော်လှန်ရေးကို တော်လှန်ရေးလို မစဉ်းစားခဲ့ကြလို့ပါ။ တော် လှန်ရေး ကို ဘယ်လိုလုပ်ရမလဲ သိတယ် မယုံကြည်ကြဘူး။ စစ်အာဏာရှင်ကို လေနဲ့ဖြုတ် ချနိုင်မယ်။ မဲနဲ့ ဖြုတ်ချနိုင်မယ်လို့ ယူဆခဲ့ကြတယ်မဟုတ်လား။ ၉၀ ခုနှစ်ရွေး ကောက် ပွဲက စစ်အာဏာရှင်ကို အနှစ် နှစ်ဆယ်မြဲစေခဲ့ပါပြီ။ ဒီ ၂၀၁၀ ကကောနောက်အ နှစ်နှစ်ဆယ်ခံ သွားမှာလား။ တခါအလိမ်ခံရရင် လိမ်သူ့ အပြစ် နှစ်ခါအလိမ်ခံရရင်တော့ အလိမ်ခံရတဲ့သူ အပြစ်တဲ့။

၂၀၁၀ ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ ( နအဖ လက်ဝေခံတွေမှ အပ)အားလုံးလို လိုကသဘောထားကြတယ်။လက်တွေ့မှာတော့ဘယ်လောက်ဟုတ်မယ်မသိသေးဘူး။ကျွန် တော် တို့ မမေ့ရမည့်အချက်က အထက်ကဖြစ်ခဲ့ သလို ရွေးကောက်ပွဲနဲ့ စစ်တပ်ရဲ့ ကျွန်ဘ၀မှာ သံသရာမလည်ဖို့ ဒီတော့ စစ်အာဏာရှင် ဖြုတ်ချရေးဦးတည်ချက် အတွက် စစ်အာဏာရှင်ကို အထောက်အကူပြုမည့် လုပ်ရပ်တခုဖြစ်တဲ့ နအဖရဲ့ ဟန်ပြရွေးး ကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ရင်း နအဖကို ဖြုတ်ချရေး လှုပ်ရှားမှုကို အဓိကထား လုပ်ဆောင်သွားဖို့ပါ။ တိုက်ဖျက်ရေးဆိုတာ စေ့စပ်ရေးမဟုတ်တာကို အရင် ဆုံးခံယူထား မှ ဖြစ်မယ်။

လုပ်နည်းက ပြည်သူ့အားနဲ့လုပ်ရမှာဘဲ ။ ပြည်သူတွေကို စုစည်း၊တည်ဆောက် ၊ တိုက်ပွဲဝင် ဆိုတဲ့နည်းဘဲ။တော်လှန်ရေးဆိုတာ လူတန်းစားတရပ်က တခြားတရပ်ကို အကြမ်းဖက် ဖြုတ်ချရတာ ဖြစ်တော့ သက်သောင့်သက်သာတော့ ရှိမယ် မထင်ပါနဲ့။ လွန်ခဲ့တဲ့ ကာလတွေကကော သက်သောင့်သက်သာ ရှိခဲ့လို့လား ဖမ်းဆီးနှိပ်စက်တာတွေ၊ သတ်ဖြတ်နှိပ်ကွပ်တာတွေ၊ သိမ်းယူလုယက်တာတွေ၊ ချိုးနှိမ်ပိတ်ပင်တာတွေ၊ ဆင်းရဲမွဲ တေတာတွေ၊ အခွင့်အရေးခွဲခြားဖိနှိပ်တာတွေ ၊လမ်းပေါ်က သွေးတွေ၊တောတောင်ထဲမှာ လူသူမသိ စီးကျနေတဲ့ သွေးတွေ၊ အလောင်းကောင်တွေ ကို ပြန်လှည့် ကြည့်ရင် သိမယ်။

စစ်ကိုကြောက်တဲ့ ရောဂါ ဟာ စစ်ထက် ပိုကြောက်စရာကောင်းပါတယ်။

တော်လှန်တိုက်ပွဲဝင်တဲ့ အစဉ်အလာက ကျွန်တော်တို့ ပြည်သူတွေမှာ ရှိပြိးသား။ အခုတော်လှန်ရေးက နိုင်ငံခြားသားကိုမဟုတ်ဘဲ အမျိုးသားချင်းတူတူ ဖိနှိပ်တဲ့ နအဖ စစ်အာဏာရှင် ဗမာဗိုလ်ချုပ်တွေ ကို တိုက်ရမှာ ဖြစ်တော့ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ တိုက်ပွဲ ဖြစ်တယ်။ တိုက်ပွဲက သိမ်မွေ့သလို ပြတ်သားပြင်းထန်ဖို့လို ပါလိမ့်မယ်။ ဖိနှိပ်သူတွေက သက်ညှာမှာ မဟုတ်တာ သေချာတယ်။ သူတို့လုပ်ပုံတွေ၊ထုတ်တဲ့ ဥပဒေတွေကိုကြည့်ရင် သိသာနေတာဘဲ။ ဒီတော့ တော်လှန်ရေးလုပ်မည့် ကျွန်တော်တို့ကရော သံဓိဌါန် ခိုင်မာပြီး ပြတ်သား ဖို့အထူးလိုတယ်။

အချောင်သမားတွေက ဘယ်ခေတ်မှာ မဆိုရှိကြတာပါဘဲ။ သူတို့ တွေကို ကျွန် တော် တို့ က ပြည်သူတွေသိအောင် ဖေါ်ထုတ်ပြီး ရန်သူသြဇာ သက်ရောက်နေတာကို သက် သေ ပြ ပြုပြင်ပေးခြင်းနဲ့ ရေးယူအပြစ်ပေးတာတွေ ပြည်သူတွေကိုယ်တိုင်က လုပ်ရ လိမ့်မယ်။ ဒါမှ မဟုတ်ရင် သူတို့ဟာ တော်လှန်ရေးကို နှောက်ယှက် ဖျက်ဆီးလာ ပါလိမ့် မယ်။

ကျွန်တော်တို့ရဲ့ အန္တိမ ရည်မှန်းချက်က စစ်အာဏာရှင် စံနစ် ဖြုတ်ချရေး။ဖြစ်ပြီး လက်ငင်း လုပ်ငန်းက လွတ်မြောက်ရေးကော်မီတီ(လမက)များလျှို့ဝှက် ဖွဲ့ပြီး နအဖဟန်ပြ ရွေး ကောက်ပွဲ ကို ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ လူထုအုပ်ချုပ်ရေး ထူထောင်ဖို့ ဖြစ်တယ်။ အနုစိပ်တွေကိုတော့ သက်ဆိုင်ရာ ဒေသ တာဝန်ရှိသူတွေက ရှင်းပြပေးမှာပါ။

အောင်ပွဲကို တိုက်ယူကြ။

တော်လှန်ရေး မုချအောင်ရမယ်။

ဦးအေးဆောင်

အတွင်းရေးမှူးချုပ်

ပြည်သူ့လွတ်မြောက်ရေးတပ်ဦး

မတ်လ ၁၁ ၊ ၂၀၁၀။
ပိုမိုသိရှိလိုပါက plfburma@ gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Sunday, April 11, 2010

အနီးဆုံးဆိုက်မည့် ဘူတာဟာ အရင်းရှင် စံနစ်ဘူတာပါ

တော်လှန်ရေးဟာ ရထားကြီးတစ်ီးလို သွားနေရင် ကျွန်တော်တို့ မြန်မာပြည် တော်လှန်ရေးရဲ့က နောက် ဆိုက်ရမည့် ဘူတာဟာ အရင်းရှင် စံနစ်ဘူတာသာဖြစ်ပါတယ်။ ဆိုလိုတာက အခုသန်းရွှေတို့လုပ်နေတာက အရင်းရှင် စံနစ်မဟုတ်ဘူး။ ရွေးကောက်ပွဲကို ထိပ်တုံးတွေ လကိထိပ်တွေ ခတ်ထားတဲ့ လက်ဝါးကြီးအုပ်စစ်ပဒေသရာဇ် စံနစ်မျှ သာဖြစ်တယ်။ရွေးကောက်ပွဲက ဟန်ပြသာဖြစ်တယ်။ ဒီစစ်အာဏာရရှင် စနစ်ကိုကျော်ဖြတ် ဖို့ တိုက်ပွဲဝင်နေကြရတာဖြစ်တယ်။
သန်းရွှေ စစ်ပဒေသရာဇ်ဟာ မြေယာကို အခြေခံပြီး အုပ်စိုးနေတာပါ။ ဒါကြောင့်ဘဲ လယ်ယာတွေ၊ ခြံမြေတွေ၊ မြေယာတွေကို သူတို့သိမ်းချင်သလို သိမ်းကြ တယ်။နိုင်ငံတော် အမည်ခံ စစ်အာဏာရှင်တွေနဲ့ သူ့ လက်ပါစေ၊ လက်ဝေခံတွေဘဲ ပိုင်တယ်။ တခြား ဘယ်သူမှ မြေယာမပိုင်ကြဘူး၊ လယ်သမားတွေလဲ လယ်လုပ်ပိုင်ခွင့် သာရှိတယ်။ လယ်မပိုင်ဘူး။ ဒါကြောင့် စစ်အာဏာရှင်တွေက သူတို့ စိုက်ခိုင်းတာ မစိုက်ရင်၊ သူတို့နဲ့ မတဲ့ ရင် မြေသိမ်းတာကို လက်နက်လိုလုပ်နေတာပါ။ မြေ.ာအားလုံ သည် နိုင်ငံတော်က ပိုင်သည် လို့ နေ၀င်း စစ်အာဏာရှင် ၇၄ ဥပဒေအတိုင်း မြေယာအပေါ် အခြေခံပြီးး အုပ်စိုးနေတာပါ။
မြေရှင် စစ်ပဒေသရာဇ် တွေဟာ ဓနရှင်တွေ ခေါင်းထောင်လာမှာကို စိုးရိမ်ပါတယ်။ သူတို့စားခွက်ကိုလုမှာ စိုးလို့။ ဒီတော့ လက်နက်ရော မြေယာပါချုပ်ကိုင်ထားတဲ့ စစ်ပဒေ သရာဇ်က လိုက်ချုပ်ချယ်တော့ စက်ရုံကြီး ၊အလုပ်ကြီး။ ကျယ်ပြန့်တဲ့ လုပ်ငန်းတွေ မဖြစ် ထွန်းနိုင်တော့ပါ။ အခုလုပ်နေတာတွေက စစ်အာဏာရှင်တွေရဲ့ လက်ပါးစေ လက်ဝေ ခံ အသိုင်းအ၀ိုင်းက လက်ဝါးကြီးအုပ် ဗိုလ်ကျ အမြတ်ထုတ်တဲ့ လုပ်ငန်းတွေပါဘဲ။
လက်ကိုင်ဖုံး ရောင်းဝယ်ရေး။ အသုံးပြုရေး ။လုပ်ငန်းဟာ စစ်အာဏာရှင်တွေနဲ့ သူ့လက်ပါစေ၊ လက်ဝေခံတွေ ရိုက်စားလုပ်တဲ့ အလုပ်မှန်း သိသာလွန်းတဲ့ ဥပမာ တခုပါ ဘဲ။ ထိုင်းမှာ လက်ကိုင်ဖုံးဟာ သူတောင်းစားတောင် ဖေါ်ဖေါ်သီသီသုံးနိုင်ပါတယ်။ စစ်ပဒေသရာဇ်တွေဟာ ဓနရှင် စံနစ်ထွန်းကားလာမှာကိုလဲ တားဆီးထားတာပါ။
သူတို့ဟာ ပြည်သူတွေ ဓနရှင် ကနေအရင်းရှင် စံနစ် တက်လာရင်။ ပြည်သူ တွေစီးပွါးရေး အဆင်ပြေလာရင် သူတို့စစ်တပ်ဟာ စစ်သားမပြောနဲ့ အရာရှိတောင် ကျန် မှာမဟုတ်ပါဘူး။ ဒီတော့ သူတို့ ဟာ ဓနရှင် အရင်းရှင် စံနစ်ကို သူတို့ အကျိုးစီးပွါးအရ နှိပ်ကွပ်နေတော့ ပြည်သူတွေ ဘယ်လိုမျှ ဆင်းရဲတွင်းက မတက်နိုင်ဘူး။ စစ်ဏာဏာရှင် အကျိုး စီးပွါးနဲ့ ပြည်သူတွေ အကျိုးစီးပွါး တိုက်ရိုက်ဆန့်ကျင်နေတော့တယ်။
ကျွန်တော်တို့ လုပ်ရမှာက စစ်ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းပစ်ရမှာ ။ ဘယ်လို ဖျက်သိမ်းရမလဲ။ လယ်မြေတွေကို လယ်လုပ်တဲ့ လယ်သမားတွေကို အပိုင်ပေးရမယ်။ သူတို့ ဘာသာ စိုက်ချင်တာစိုက် ရောင်းချင်တာရောင်း။ ဓနရှင်တွေ ရဲ့ ပုဂ္ဂလိက ပိုင်ခွင့် ကို အသိအမှတ်ပြုရမယ်။ လွတ်လပ်တဲ့ ရောင်းဝယ်ခွင့် ကုန်သွယ်ခွင့် ရှိရမယ်။ လွတ်လပ်တဲ့ သတင်းလောက ရှိရမယ်။ ပါတီထောင်စည်းရုံးခွင့်တွေရှိရမယ်။ ဒါမှသာ ပြည်သူတွေ ဓနရှင် အရင်းရှင် ဒီမိုကရေစီ ကို ခံစားနိုင်ကြမယ်။ကြီးပွါးလာမယ်။ ဒါတွေက ဓနရှင် အရင်းရှင် ဒီမိုကရေစိ အခွင့် အရေးတွေပေါ့။ စစ်ပဒေသရာဇ် စံနစ်နဲ့က ဗြောင်းပြန်။
ဒါတွေက အခုမရှိသေးဘူး ဒီတော့ စစ်ပဒေသရာဇ် အာဏာရှင်တွေကို ဖြုတ်ချမှ ရမှာ။ စစ်ပဒေသရာဇ် အာဏာရှင်စနစ်ကို အရင်းရှင် ဒီမိုကရေစီစံနစ်နဲ့ တိုက်ရမယ်။ ဒီတော့ “ အရင်းရှင် ဒီမိုကရေစီ ” ဆိုတာကို အလေးအနက်ထား စဉ်းစားလုပ်ကိုင်ရ တော့  မယ်။
ဒီနေရာမှာတော့ သမိုင်းကို လေ့လာရတော့မယ်။ ဘယ်သမိုင်းမှာ ကြည့်ကြည့် ကျေးကျွန်စံနစ်က မြေရှင် ပဒေသရာဇ်ခေတ်ရောက်ဖို့၊ မြေရှင် တွေက တော်လှန် တာမဟုတ်ဘဲ ကျေးကျွန်တွေက တော်လှန်ရတယ်။ မြေရှင် ပဒေသရာဇ်ခေတ်က အရင်းရှင်ခေတ်ရောက်ဖို့ မြေကျွန်တွေက တော်လှန်ရတယ်။ အရင်းရှင်ခေတ်က ဆိုရှယ် လစ် ဆိုတဲ့ ခေတ်ရောက်ဖို့ အရင်းရှင်တွေက မလုပ်ဘူး အလုပ်သမာဒတွေက လုပ်ရ တယ်။
အခုလဲ စစ်ပဒေသရာဖ်ခေတ်က အရင်းရှင်ခေတ်ရောက်ဖို့ မြေကျွန်နဲ့တူတဲ့ လယ် သမားတွေ၊ အလုပ်သမားတွေ လူဆင်းရဲ ပစ္စည်းမဲ့တွေက တော်လှန်ရမှာ။ ဒီတော့ ဓနရှင် တွေ မပါရဘူးလားလို့ မေးရင် ပါရပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ခန်းမှာ မထားရဘူး။ဘာ ဖြစ်လို့လဲဆိုတော့ သူတို့ က ကိုယ်ကျိုးကြည့်လွန်းတော့ တော်လှန်ရေး၊ အများအရေးကို ကိုယ်ကျိုးအတွက် ခုတုံးလုပ်သွားတတ်လို့ပါ။ ယေဘုယျ သဘောထားဖြစ်ပါတယ်။ သီး ခြား ထူခြားချက်တွေလဲ ရှိနိုင်ပါတယ်။ တိုးတက်တဲ့ ပညာတတ်တွေ ။ဆင်းရဲသားတွေကို စာနာတဲ့ ဓနရှင်တွေလဲ ရှိနိုင်တယ်။ဒါပေမဲ့ နည်းမယ်။
ဒီနေ့ စစ်ပဒေသရာဇ် သန်းရွှေ တို့စုကို ဆန့်ကျင်ရေးမှာ ဓနရှင် ဓအရင်းရှင် ဒီမိုကရေစီလိုလားသူအားလုံးပါလာမယ်။ နအဖ လက်ပါးစေလက်ဝေခံ တွေက လွဲလို့ လွတ်လွတ်လပ်လပ် ရောင်းဝယ် ချင်တဲ့ ဓနရှင် အကြီးအသေးတွေ။ မြေယာပိုင်ဆိုင်ချင်တဲ့ လယ်သမားတွေ။ အခွင့်အရေးဆုံးရှုံးနေတဲ့ အလုပ်သမားတွေ။ ဖိနှိပ်သွေးးစုတ်ခံနေရတဲ့ ၀န်ထမ်းတွေ၊ စာရေးစာချီတွေ၊ အခွင့်အလမ်းမဲ့နေတဲ့ ဆင်းရဲသားတွေဟာ ဒိ စစ်ပဒေ သရာဇ်ဆန့်ကျင်ရေး ဒီမိုကရေစီရေးတိုက်ပွဲမှာ ကျယ်ကျယ်ပြန့်ပြန့်ပါဝင် လာမယ်။ စစ် အာဏာရှင် မြေရှင် ပဒေသရာဇ် စံနစ်ကို မီးရှို့ ပြာချကြလိမ့်မယ်။
တော်လှန်ရေးကို ပီပီပြင်ပြင်လုပ် ကိုယ့်ရည်မှန်းချက်ကို မယိမ်းမယိုင် ခိုင်ခိုင် မြဲမြဲ တိုက်ပွဲဝင် သွာားရင် ပြည်သူတွေရဲ့အောင်ပွဲဟာ မဝေးတော့ဘဲ။ မြန်မာပြည်သစ်ကို တည် ဆောက်နိုင်ပါလိမ့်မယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူကို ၀ိုင်းတိုက်ကြ။
စစ်အာဏာရှင် မုချ ကျဆုံးရမယ်။

ဦိးအေးဆောင်
ဧပြီ ၇ ၊ ၂၀၁၀။


မြန်မာပြည် တော်လှန်ရေးရဲ့ အဆင့်နေရာ

မြန်မာပြည်တော်လှန်ရေးဟာ ၈၈ မှာ နောက်ဆုံးလက်နက်ကိုင်တော်လှန်ရေး အဆင့် တဆင့်ကို ရောက်ခဲ့ တယ်။ဒါပေမဲ့ ၉၀ ခုနှစ်ရွေးကောက်ပွဲရဲ့ လောင်းရိပ်အောက်မှာ ကြုံလှီ ပြော့ ခွေ သွားခဲ့ရတယ်။ ဒီလိုဖြစ်ရတာက နိုင်ငံရေး အမြင်အားနည်းတာရယ်၊အချောင်သမားဝါဒကြီး စိုး တာ ရယ်။ တိုင်းရင်း သားတွေနဲ့ ဒီမိုကရေစီ တိုက်ပွဲဝင်သူတွေ ဟန်ပြလောက် ပေါင်း စည်းပြီး တ ကယ် မပူး ပေါင်းနိုင်ခဲ့လို့ပါ။
ဗိုလ်စောမောင်က ဒီအေဘီ ပေါ်လာတာကို တော်တော်စိုးရိမ်တယ်။ ၉၀ ခုနှစ် ရွေး ကောက်ပွဲမတိုင်မှီ နည်းပရိယာယ်အမျိုးမျိုးနဲ့ ဖျက်တယ်။နောက်တော့ ၉၀ ရွေး ကောက် ပွဲက သူ တို့ တွက်ခြေနဲ့ ကိုက်သွားလို့ ဘာမှ မမှုတော့ဘူး။ ၉၀ ရွေးကောက်ပွဲက ပြည် သူတွေနဲ့ တော် လှန် ရေး သမားဆိုသူတွေကို ဖမ်းစားထားနိုင်ခဲ့တာကို ဆိုလို တာ ပါ။ သူတို့ ၉၀ ခုနှစ်ရွေးကော်ပွဲ ပရိ ယာယ်က အခုအထိ သူတို့ကို အကျိုးပြု နေတုန်း ဘဲ။ ကျွန်တော်တို့အတွက် အရှုံး။ ၉၀ ခုနှစ် ရလာဒ်က အရှုံးလားဆိုရင် အဲ ဒီအစာကြောင့် ထောင်ချောက်မှာ မိကြတာဘဲ။ ဒီအစာကလဲ တံ လျှပ်မျှသာ မဟုတ်လား။
၈၈ခုဟာအရှိန်အဟုန်ပြင်းပြင်းနဲ့လက်နက်ကိုင်တော်လှန်ရေးအဆင့်ရောက်ခဲ့ တယ်။လူထု ဟာ တိုက်မှသာရတော့မယ်ဆိုတာကို ပြတ်ပြတ်မြင်လာကြ တယ်။ အခုလဲ သူ့လုပ်ရပ်ဆိုး ကျိုး တွေ။ ကမ္ဘာက၀ိုင်း အပြစ်တင်တာတွေကြောင့်စစ်ဏာဂရှင်က ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာနဲ့ ချွေးသိပ်ဖို့ လှည့်ကာဖို့ပါ။ ကျွေးတာနည်းလွန်းလို့ အချောင်သမားတွေ အီနေကြ တာပိုကျွေးဖို့ ဈေး ဆစ်နေ တဲ့ ပုံ။
သမိုင်းကို လိမ်လို့မရပါ။ ဦးနုခေတ် ဓနရှင် ဒီမိုကရေစီ ရောက်ခဲ့တယ်။ ဒါကိုလဲ စစ်အာ ဏာရှင် စံနစ်နဲ့ အုပ်မိုးထားလို့ ဓနရှင်ဒီမိုကရေစီဟာ မရှင်သန်နိုင်ခဲ့ဘဲ ဖိနှိပ်ရက် စက်တဲ့ စစ်အာ ဏာရှင်အောက်မှာ တိုင်းပြည်ရော ပြည်သူပါချွတ်ခြုံကျ မွဲတေ စုတ်ပြတ် သွားပြီ။ကမ္ဘာမှာက အရင်း ရှင် အရင့်စားအဆင့် ရောက်နေပြီ။
ဓနရှင် ခေတ်ကို စစ်အာဏာရှင် လှည်းနဲ့ လိုက်မမှီနိုင်ပါ။ ဒီလိုပါဘဲ လက်နက်ကိုင် တော် လှန်ရေး အဆင့်ရောက်ပြီးမှ စည်းမျဉ်းခံ မဲ စနစ်နဲ့ သွားလို့ တော်လှန်ရေးကိုလူထုကယုံကြည်စရာ မရှိပါ။ စစ်အာဏာရှင် စနစ်ရှိနေသရွေ့ ဘာမှ ဖြစ်လာမှာ မဟုတ် ကြောင်း လူထုက သိပါ တယ်။ မဖယ်နိုင်လို့ ကပ်ပေါင်းနေမှန်းလဲ သိတယ်။ စစ်အာဏာ ရှင်ကလဲ သူ့ ကို မဖယ် နိုင်ဘူး လို့မှတ် ပြီး သူ့အာဏာကို ပြပြီးပြလုပ်နေမှာ ပါ။
ဒီတော့ ၈၈ လက်နက်ကိုင်တော်လှန်ရေး အဆင့်ကနေ လျှော့ကျလာတာနဲ့ အမျှ နိုင်ငံ ရေးသိက္ခာက ကျပြီးရင်းကျ ဖြစ်နေရတော့တယ်။ ဘီအေအောင်ပြီးမှ သူငယ်တန်း ပြန်တက် နေရတဲ့ လူလို တော်တော် အမြင်ဆိုးတယ်။ ဒီတော့ ရောက်ခဲ့တဲ့ လက်နက် ကိုင် တော်လှန်ရေး အဆင့် နေရာကို ပြန်မတက်မချင်း ပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို စစ် အာဏာရှင်တွေရော၊ ကမ္ဘာ က ရော လေးစားမယ်မထင်ပါ။
ပြည်သူတွေဟာ ဓနရှင် ဒီမိုကရေစီအရသာကို ခံစားဘူးပြီ။ လက်နက်ကိုင် တော် လှန်ရေး အဆင့်ကိုလဲ ရောက်ဘူးပြီ။ နိုင်ငံရေးမှာ ပီပြင်တဲ့ ဓနရှင် ဒီမိုကရေစီ အဆင့်။ တော်လှန်ရေးမှာ ပီပြင်တဲ့ လက်နက် ကိုင်တော်လှန်ရေးအဆင့် ထက်နိမ့်တဲ့ အဆင့်နေရာဟာ အောက်တန်း ကျ တာကလွဲ လို့ ဘာမှ မဖြစ်နိုင်ဘူးဆိုတာ မသိရင်လဲ သမိုင်းက အခြေအနေက ပြောပြ သွားမှာ ပါ။
ဦးအေးဆောင် ( ပြည်သူ့လွတ်မြောက်ရေးတပ်ဦး) ၆ ၊ ၄ ၊ ၁၀။

Thursday, April 1, 2010

ရပ်နီး ရပ်ဝေးမှ ရဲဘော်များနဲ့ မိတ်ဆွေများ သို့ တင်ပြချက်

စစ်အာဏာရှင်တွေနဲ့ သူ့လက်ပါးစေ၊ လက်ဝေခံတွေက အာဏာကိုခုတုံးလုပ်ပြီး မတရားချမ်းသာနေတဲ့ အခုလိုကာလမှာ ပြည်သူတွေဟာ ထမင်းနပ်မှန်ဖို့ တနေကုန် တနေခန်း ပင်ပင်ပန်းပန်း ရုန်းကန်နေရတော့ လူနေမှုတွေကွာ ၊ အဆင့်အတန်းတွေကွာ ၊လူတန်စားတွေကွာခြားမှု ကြီးမား နေတာဟာ ဒီနေ့ မြန်မာပြည်ရဲ့ ရှုခင်းပါဘဲ။
ဒီလိုဆင်းရဲ၊ ချမ်သာကွာခြားလွန်းမှု၊ အခွင့်ထူးခံနဲ့ အခွင့်ရေးမဲ့တွေ၊ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံတွေ အကြား ပဋိပက္ခတွေဟာ ပြင်းထန်သဲသန်နေပြီ၊“ထူး” နဲ့ တခြား ကုမ္ပဏီတွေရဲ့ ကြမ်းတမ်း ရက်စက်တဲ့ သွေးစုတ်မှုတွေကို အလုပ်သမားတွေက ဆန့် ကျင်ဆန္ဒပြလာ ကြပြီ၊ သူတို့လယ်ကို မတရားအသိမ်းခံရတဲ့ လယ်သမားတွေက ကြိုကြား ဆန့်ကျင်မှု တွေလုပ်လာနေတယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ အနှိမ်ခံတပ် သားတွေ က နည်းမျိုး စုံနဲ့ စစ်အာဏာရှင်တွေ အမိန့်ကို အာခံလာကြတယ်။ စစ်အာဏာရှင် ဘက်က ဘယ်လို ဘဲဖုံးဖုံးတစခြင်းပေါ်ထွက်နေခဲ့တယ်။တိုင်းရင်းသားတွေနဲ့နအဖပဋိပက္ခ၊လက်နက်ကိုင်အ ဖွဲ့ ချင်းချင်း ပဋိပက္ခတွေဟာလဲ ပြွန်းတီးနေတယ်။
ဒီပဋိပက္ခတွေထဲမှာ အကြီးမားဆုံးနဲ့ အပြင်းထန်ဆုံးက လူတန်းစားပဋိပက္ခပါ။ ဖိ နှိပ်သူနဲ့ဖိနှိပ်ခံပဋိပက္ခပါဘဲ။တခြားပဋိပက္ခတွေကအရံသာဖြစ်ပါတယ်။ဖိနှိပ်သူစစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ဖျက်ရေးအတွက် အဖိနှိပ်ခံ ညီညွတ်ရေး ဘုံရန်သူဝိုင်းတိုက်ရေး ဟာ ကျွန်တော်တို့ ယနေ့လုပ်ဆောင်ရမည့် မဟာတာဝန်ပါ။ လူမျိုးနဲ့ ဂိုဏ်းဂဏ တွေဟာ ဒီနေ့မှာ အဓိကမကျပါဘူး။ ဗမာတွေရော၊ လူမျိုးစုတွေရော၊ ဆင်းရဲသား ရော၊ အလယ် အလတ်ရော အားလုံးဟာ လက်ဝါးကြီအုပ် စစ်အာဏာရှင် အောက်မှာ အတူတူ ကြမ်းကြမ်း ရမ်းရမ်း အဖိနှိပ်သွေးစုတ်ခံနေရလို့ပါဘဲ။
သီခြားထူးခြားချက်တွေအပေါ် အာရုံပြုပြီး အဓိကထားကြရင်တော့ ညီညွတ်ရေး မပြောနဲ့ အစည်းအဝေးတောင်လုပ်ဖို့ခက်မယ်။ ကိုယ်ရတဲ့ ဒဏ်ရာက ပိုကြီး ပိုနာတယ် ဆိုပြီး ပြိုင်နေကြရင်း ညီညွတ်ရေး ဆီမရောက်ဘဲ ဂိုဏ်းဂဏနဲ့ လူမျိုးရေးမှာ ပြန်အဆုံး သပ်သွားလိမ့်မယ်။
စစ်အာဏာရှင်နအဖဟာ ရန်သူတွေဝိုင်းဝိုင်းလည်နေပေမဲ့ ကျွန်တော်တို့ဘက်က မနိုင်နိုင်တာ ဒီအချက်ကြောင့်ဘဲ။ ဂျပန်ခေတ်တုန်းက ဂျပန်ဟာ ဘုံရန်သူဆိုတာ ရှင်းရှင်း သတ်မှတ်နိုင်ခဲ့ သလို။ အခုလဲ နအဖဟာဘုံရန်သူလို့ ရှင်းရှင်းသတ်မှတ် ကျင့် သုံးရမှာ။ နအဖက သူအထည်းမကျန်အောင် သူ့အာဏာကို မထိတဲ့ အခွင့်အရေးအမျိုးမျိုး ပြစ် ကျွေးပြီး လက်ပါးစေတွေ လက်ဝေခံတွေ မွေး သွားမှာဘဲ။ ဒီရွေးကောက်ပွဲကလဲ ပြစ်ကျွေး တဲ့ အခွင့်အ ရေးတခုပါဘဲ။အဆိပ်တွေတော့ ထည့်ထားတာပေါ့။
ဒီတော့ အဖိနှိပ်ခံ လူတန်းစားအမြင်ကို ခိုင်ခိုင်စိုက်ပြီး ညီညွတ်ရေးတည်ဆောက် ဘုံရန်သူစစ်အာဏာကိုဆန့်ကျင် တိုက်ဖျက်ရေးကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ကြ ရ မှာပါ၊ ရန်သူဟာ လက်ဝါးကြီးအုပ် စစ်အာဏာရှင်လက်တဆုပ်စာနဲ့ သူ့လက်ပါးစေ လက် ဝေ ခံတွေလောက်ပါဘဲ။
ဒီနေ့ကာလက တိုက်ပွဲဝင်ကာလ - စေ့စပ်ရေး၊ ဆွေးနွေးရေး၊ ငြိမ်းချမ်းရေး လုပ်ရ မှာမဟုတ်ဘူး၊ တိုက်ပွဲတွေမရှိဘဲ ဆွေးနွေးရေးတို့ နားလည်မှုတို့ ငြိမ်းချမ်းရေးတို့ကို စစ်အာဏာရှင်တွေ ဆီက မမျှော်လင့်နိုင်ဘူး ဆိုတာ ရာစုနှစ်တ၀က်လောက် စစ်အာ ဏာရှင်အောက် ရောက်နေခဲ့တာ သိလောက်နေပြီ။ တိုက်ပွဲမပါဘဲ ဘယ်လိုအခွင့် အရေးကိုမှ မမျှော်လင့်သင့်တော့ဘူး။ တိုက်ပွဲဝင်မှသာ လူပီသသ နေနိုင်မှာ ဖြစ်တယ်ဆို တာကို ရှင်းပြတ်ပြတ် သိထားရတော့မယ်။
ရန်သူကို ချော့မြူဖို့ မက်လုံးပေးဖို့ သည်းခံခွင့်လွှတ်ဖို့ တဖြေးဖြေးချင်းပြောင်းဖို့ ဆို တဲ့ သဘောထား တွေဟာ ရန်သူရဲ့ ရက်စက်မှုကို အားပေးရာကျနေခဲ့တယ်။ ဒီတော့ ရပ်တမ်းက ရပ်သင့်ပြီ။
ပြတ်သားတဲ့ လမ်းစဉ်အနေနဲ့ နည်းလမ်းနှစ်ခု ရှိတယ်။ လူထုတိုက်ပွဲနဲ့ လက်နက် ကိုင်တိုက်ပွဲဘဲ ။ လူထုတိုက်ပွဲဟာလဲ လက်နက်ကိုင်တိုက်ပွဲကို အထောက်အကူ ပေးတာ ဦးတည်သွားတာဘဲ ဖြစ်ရမယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့က သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ လိုက်ပါနိုင်မည့် အနေအထားရ ပါဝင်ပတ်သက်ကြရမယ်။ အနုစိပ်နည်းနာတွေ ကိုလဲ လက်လှမ်းမှီသလောက် လေ့လာကြရမယ်။
ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးကာလ နည်းနာနဲ့ တူကောင်းတူပေမဲ့ ရပ်တည်ချက်က လူတန်းစား ပဋိပက္ခ အမြင်ရှိဖို့နဲ့ မျက်ကမ်းမျိုးချစ် အမြင်ကို ဆန့်ကျင်တဲ့ အမြင်ရှိရ လိမ့် မယ်။ လူတန်းစားတိုက်ပွဲဖြစ်လို့ ကြီးမားကျယ်ပြန့် မယ်။ ပြတ်သားပြင်းထန်လိမ့်မယ်။ ရန် သူက ကျွန်တော်တို့ ကို သိသလို ရန်သူကိုလဲ ကျွန်တော်တို့ သ်ကြတာဘဲ။ သူ့မှာ လက် တဆုပ်စာ အခွင့်ထုခံတွေနဲ့သေနတ်သာရှိပြီး ကျွန်တော်တို့မှာ မကုန်ကမ်းနိုင်တဲ့ စွမ်းအင် ရှိတဲ့ လူမျိုးစုံပြည်သူတွေ၊ ဖိနှိပ်ခံ လူတန်းစား အလွှာတွေရှိလို့ ကျွန်တော်တို့က နိုင်မှာ သေချာတယ်။ အပြတ်တိုက်ဖို့တော့လိုတယ်။ တွဲလောင်းတွဲလောင်းလုပ်ရင်တော့ အရင့် အရင်က လူတွေနဲ့ တူတူပါဘဲကွာ လို့ ပြည်သူက ယူဆပြီး တွေဝေယိမ်းယိုင်တဲ့ အမြင် တွေ ပေါ်လာလို့ ရန်သူက အမြတ်လာထုတ်နေဦးမယ်။
ဒီတော့ အမြင်ရှင်းပြီး လုပ်ရင်ပြတ် ဆိုတဲ့ ဆောင်ပုဒ်ကို ဒီနေ့ ကျွန်တော်တို့ ကျင်သုံးသင့်ပါတယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လုပ်ငန်းဟာ အင်မတန်ကြီးမားပြီး ခက်ခက်ခဲခဲ နဲ့ကာလ အတန်ကြာလုပ်ရမည့်အလုပ်ပါ။ ဒီအလုပ်ကို ဒေးဝမ်း လို့ခေါ်တယ်။ စစ်အာဏာ ရှင်စနစ် ပြုတ်သွားပြီးရင် ဘာလုပ်ကြမလဲ ဆိုတဲ့ ဒေးတူး လုပ်ငန်းက လွန်ခဲ့တဲ့ ငါးနှစ် လောက်က အာရုံထားပြီး အချိန်ဖြုန်းခဲ့တဲ့လုပ်ငန်းတခုဖြစ်ခဲ့တယ်။ ဒေးဝမ်းအ ကြောင်း ထက် ဒေတူးကိစ္စတွေကိုဘဲ အားစိုက်ခွန်စိုက်လုပ်နေတဲ့ သူတွေကို အံ့လဲအံ့သြ ရယ်လဲ ရယ်ချင်လွန်းလို့ မနည်းအောင့်ထားခဲ့ရတယ်။
ဒေ၀မ်းမရှိဘဲ ဒေးတူးမရှိနိုင်ဘူး။ ဒေးဝမ်းကို ဘယ်သူမှ မလုပ်ဘဲ ဒေးတူးအတွက် ပြင်နေတာဟာ ယုန်မရခင် သံပူရာရှာသလိုဘဲ။ဖျာခင်းဖို့ စောင့်နေတာနဲ့အတူတူဘဲ။
ဒေးဝမ်းအလုပ်ဖြစ်တဲ့ စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေး ကာလအတွင်းမှာ ကျွန် တော်တို့မှာ မိတ်ဆွေကောင်းတွေရလာမယ်။ သဘာဝအတိုင်းဘဲ ဖေါက်ပြန်တဲ့ သူတွေ ကိုလဲ ပယ်ထုတ်ရပါလိမ့်မယ်။ သူရဲကောင်းတွေပေါ်လာမယ်။ သစ္စာဖေါက်တွေလဲ ပေါ်လာ မယ်။ ဒီဒေးဝမ်းဖြစ်စဉ် ကြီးထဲ မှာ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ဆေးသား တင်သလို မစမ်းအသပ်တွေခံရမယ်။ ပြည်သူတွေဘက်ရပ်ပြီး၊တော်လှန်ရေးအပေါ် သစ္စာရှိ သူတွေသာ ရှေ့ဆောင်နေရာ ကို ရလာမယ်လို့ ကျွန်တော် ယုံကြည်တယ်။အောင်ပွဲကိုလဲ ထိုက်ထိုက် တန်တန်လူတွေကဘဲ ယူပေးနိုင်လိမ့်မယ်။
ဒီတော့ ရှေ့ရေးကို အင်မတန်မြင်ချင်တဲ့ အမျှော်အမြင် ကြီးတယ်လို့ ထင်ရတဲ့ လူတွေအတွက် လက်ငင်းကျွန်တော်တို့ ရှင်းပြ နိုင်တာက ပထမ မဟာလုပ်ငန်း တာ ၀န်ကြီး ဖြစ်တဲ့ စစ်အာဏာရှင် စနစ်ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းကြီးအောင်မြင်ပြီး ဆုံးရင် (လက်တွေ့ ဖြစ်ပြီးမှ) ။ ဒေးဝမ်းလုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေ ။တိုင်း ရင်းသား အဖွဲ့တွေလူပုဂ္ဂိုလ်တွေ အားလုံးပါဝင်တဲ့ ပါတီပေါင်းစုံ ကွန်ဖရင့် ခေါ် ရမယ်။ အဲဒီက ကြားဖြတ် အစိုးရဖွဲ့ပြီိး ပါတီစုံရွေးကောက်ပွဲအတွက် ပြင်ဆင်ရမယ်။တရားမျှတတဲ့ ရွေးကောက် ပွဲပြီး ရင် လူထုတွေကရွေးတဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်နဲ့ အစိုးရ ဖွဲ့တိုင်းပြည်ကို ပြည်သူ့ အစိုးရ က အုပ်ချုပ်ဖို့ ။
ဒါတွေက ဖြစ်ချင်တာတွေ ကိုတင်ပြတာ။ ဖြစ်အောင်က ကျွန်တော်တို့ အချောင် မခိုဖို့၊ ခြေပုန်းမခုတ်ဖို့၊ ရန်သူနဲ့ ပေါင်းမကြံဖို့၊ ခေါင်းဆောင်ရူး မရူးဖို့၊ တော်လှန်ရေး အတွက် အနစ်နာခံသူကို ထိုက်ထိုက်တန်တန် တန်ဖိုးထားတတ်ဖို့လိုမယ်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်တဲ့ တော်လှန်ရေး အောင်ရင် ကျွန်တော်တို့ဘ၀တွေ အားလုံး အဆင်ပြေချောမွေ့ပြီး တိုင်းပြည်ဟာ အေးချမ်းသာယာတဲ့ နေချင်စရာ နေရာဖြစ် လာမှာပါ။
လင်ငင်းတော့ ပြင်းထန်ပင်ပန်းမည့် တိုက်ပွဲဆီကို ချီတက်ရကြရပါလိမ့်မယ်။

အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူ စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။
လူထုအစိုးရ မုချပေါ်ပေါက်ရမယ်။

လေးစားစွာဖြင့်
ဦးအေးဆောင်
ပြည်သူ့လွတ်မြောက်ရေးတပ်ဥိး။
ဧပြီလ ၂ ၊ ၂၀၁၀။
plfburma@gmail.com
plfburma.blogspot.com

နအဖ၏ ယုတ်ညံ့သော ရွေးကောက်ပွဲကို ပြတ်သားစွာ ဆန့်ကျင်ခြင်းအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဂုဏ်ပြုပါသည်။

ချုပ်ချယ်မှုများဖြင့် ပြွမ်းတီးနေသော နအဖ၏ရွေးကောက်ပွဲတွင် ၀င်ရောက်ရန် မှတ်ပုံတင်ခြင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တညီတညွတ်ထည်း ဆန့်ကျင်ကန့် ကွက်လိုက် သောကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူတို့၏ အားကိုး ယုံကြည်မှုကို ပြန်လည်ရရှိ လိုက်သည်ဟု ကျွန်ုပ်တို့ ပြည်သူ့လွတ်မြောက်ရေး တပ် ဦးမှ ခံယူသည်၊

ဤသို့ ပြတ်သားသော ဆုံးဖြတ်ချက်ကို စုစုစည်းစည်းချမှတ်နိုင်ခြင်းအတွက် များ စွာ လေးစား ဂုဏ်ပြုပါသည်။

စစ်ပဒေသရာဇ် အာဏာရှင်တို့ကို ဆန့်ကျင်ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ အခန်းကဏ္ဍသည် ကြီးမားလှပေရာ ဤပြတ်သားသော ဆုံးဖြတ်ချက်မှ အစပြု၍ ပြည်သူလူထုတို့ ပြင်းပြစွာလိုလားတောင်းတသည့် စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရာယ်ပြည်ထောင်စု တည်ဆောက်ရေး တို့ကို အဆင့်ဆင့်ရရှိနိုင်ရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ခါ အောင်ပွဲများ ရရှိ နိုင်ပါ စေကြောင်း လှိုက်လှဲစွာ ဆန္ဒပြုလိုက်ပါသည်။

ဘုံရန်သူ စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။

ဒီမိုကရေစီ မုချရရည်။



ဦးစီးကော်မီတီ

ပြည်သူ့လွတ်မြောက်ရေး တပ်ဦး။

မတ်လ ၃၀ ။ ၂၀၁၀ ။