ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Monday, April 12, 2010

နအဖတီးလုံးအတိုင်း လိုက် ယောင်မနေနဲ့

နအဖတီးလုံးအတိုင်း လိုက် ယောင်မနေနဲ့

အနီးဆုံး ရန်သူကိုတိုက်ခိုက်ကြ၊ လူထုအုပ်ချုပ်ရေး ထူထောင်

နအဖက ရွေးကောက်ပွဲဥပဒေဆိုတာနဲ့ ပြည်သူတွေကို စစ်ကျေညာလိုက်ပြီ။

ပြည်သူကို ရန်စနှိပ်ကွပ် တိုက်ခိုက် စော်ကားနေတာ အကြိမ်ပေါင်းများလှပါပြီ။ ဒီလိုဘာ ကြောင့်ဖြစ်နေရသလဲ။ ပြည်သူတွေက စစ်အာဏာရှင်နအဖကို မဖြုတ်ချနိုင်လို့ပါ။ ဘာကြောင့် မဖြုတ်ချနိုင်တာလဲ ဆိုတော့ ဖြုတ်ချဖို့ ဆုံးဖြတ်ချက် သံဓိဌါန် မရှိလို့ပါ။ ဘာဖြစ်လို့ မရှိရတာလဲ ဆိုတော့ ပြန် စဉ်းစာကြည့်ပါ ဒို့အရေး ဘဲအော်ပြီး အာဏာ သိမ်းဖို့ စိတ်ကူး တွေရှိခဲ့ ဘူးသလား။ ရှိခဲ့ရင်လဲ လူသူမသိဖြစ်ခဲ့ရတယ်။ ဒါဟာ ဖြုတ်ချရေး ကို အားပေးတယ်လို့ မဆိုနိုင်ဘူး။ ဆွေးနွေးတာဟာဖြုတ်ချဖို့ဆိုရင်တော့ အခုလက် တွေ့ဘဲ ဆွေးနွေးတာ ဘယ်ကိုရောက်နေပြီလဲ။ အန်အယ်ဒီလည်ပင်း အစ်နေပြီ။ စေ့စပ်အ ပစ် ရပ်တွေ ဓါတ်ပျက်နေပြီ။ဒီတော့ ဘာထပ် အနုနည်းလုပ်ကြဦးမလဲ။

ကျွန်တော်တို့ တတွေ တော်လှန်ရေးကို တော်လှန်ရေးလို မစဉ်းစားခဲ့ကြလို့ပါ။ တော် လှန်ရေး ကို ဘယ်လိုလုပ်ရမလဲ သိတယ် မယုံကြည်ကြဘူး။ စစ်အာဏာရှင်ကို လေနဲ့ဖြုတ် ချနိုင်မယ်။ မဲနဲ့ ဖြုတ်ချနိုင်မယ်လို့ ယူဆခဲ့ကြတယ်မဟုတ်လား။ ၉၀ ခုနှစ်ရွေး ကောက် ပွဲက စစ်အာဏာရှင်ကို အနှစ် နှစ်ဆယ်မြဲစေခဲ့ပါပြီ။ ဒီ ၂၀၁၀ ကကောနောက်အ နှစ်နှစ်ဆယ်ခံ သွားမှာလား။ တခါအလိမ်ခံရရင် လိမ်သူ့ အပြစ် နှစ်ခါအလိမ်ခံရရင်တော့ အလိမ်ခံရတဲ့သူ အပြစ်တဲ့။

၂၀၁၀ ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ ( နအဖ လက်ဝေခံတွေမှ အပ)အားလုံးလို လိုကသဘောထားကြတယ်။လက်တွေ့မှာတော့ဘယ်လောက်ဟုတ်မယ်မသိသေးဘူး။ကျွန် တော် တို့ မမေ့ရမည့်အချက်က အထက်ကဖြစ်ခဲ့ သလို ရွေးကောက်ပွဲနဲ့ စစ်တပ်ရဲ့ ကျွန်ဘ၀မှာ သံသရာမလည်ဖို့ ဒီတော့ စစ်အာဏာရှင် ဖြုတ်ချရေးဦးတည်ချက် အတွက် စစ်အာဏာရှင်ကို အထောက်အကူပြုမည့် လုပ်ရပ်တခုဖြစ်တဲ့ နအဖရဲ့ ဟန်ပြရွေးး ကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ရင်း နအဖကို ဖြုတ်ချရေး လှုပ်ရှားမှုကို အဓိကထား လုပ်ဆောင်သွားဖို့ပါ။ တိုက်ဖျက်ရေးဆိုတာ စေ့စပ်ရေးမဟုတ်တာကို အရင် ဆုံးခံယူထား မှ ဖြစ်မယ်။

လုပ်နည်းက ပြည်သူ့အားနဲ့လုပ်ရမှာဘဲ ။ ပြည်သူတွေကို စုစည်း၊တည်ဆောက် ၊ တိုက်ပွဲဝင် ဆိုတဲ့နည်းဘဲ။တော်လှန်ရေးဆိုတာ လူတန်းစားတရပ်က တခြားတရပ်ကို အကြမ်းဖက် ဖြုတ်ချရတာ ဖြစ်တော့ သက်သောင့်သက်သာတော့ ရှိမယ် မထင်ပါနဲ့။ လွန်ခဲ့တဲ့ ကာလတွေကကော သက်သောင့်သက်သာ ရှိခဲ့လို့လား ဖမ်းဆီးနှိပ်စက်တာတွေ၊ သတ်ဖြတ်နှိပ်ကွပ်တာတွေ၊ သိမ်းယူလုယက်တာတွေ၊ ချိုးနှိမ်ပိတ်ပင်တာတွေ၊ ဆင်းရဲမွဲ တေတာတွေ၊ အခွင့်အရေးခွဲခြားဖိနှိပ်တာတွေ ၊လမ်းပေါ်က သွေးတွေ၊တောတောင်ထဲမှာ လူသူမသိ စီးကျနေတဲ့ သွေးတွေ၊ အလောင်းကောင်တွေ ကို ပြန်လှည့် ကြည့်ရင် သိမယ်။

စစ်ကိုကြောက်တဲ့ ရောဂါ ဟာ စစ်ထက် ပိုကြောက်စရာကောင်းပါတယ်။

တော်လှန်တိုက်ပွဲဝင်တဲ့ အစဉ်အလာက ကျွန်တော်တို့ ပြည်သူတွေမှာ ရှိပြိးသား။ အခုတော်လှန်ရေးက နိုင်ငံခြားသားကိုမဟုတ်ဘဲ အမျိုးသားချင်းတူတူ ဖိနှိပ်တဲ့ နအဖ စစ်အာဏာရှင် ဗမာဗိုလ်ချုပ်တွေ ကို တိုက်ရမှာ ဖြစ်တော့ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ တိုက်ပွဲ ဖြစ်တယ်။ တိုက်ပွဲက သိမ်မွေ့သလို ပြတ်သားပြင်းထန်ဖို့လို ပါလိမ့်မယ်။ ဖိနှိပ်သူတွေက သက်ညှာမှာ မဟုတ်တာ သေချာတယ်။ သူတို့လုပ်ပုံတွေ၊ထုတ်တဲ့ ဥပဒေတွေကိုကြည့်ရင် သိသာနေတာဘဲ။ ဒီတော့ တော်လှန်ရေးလုပ်မည့် ကျွန်တော်တို့ကရော သံဓိဌါန် ခိုင်မာပြီး ပြတ်သား ဖို့အထူးလိုတယ်။

အချောင်သမားတွေက ဘယ်ခေတ်မှာ မဆိုရှိကြတာပါဘဲ။ သူတို့ တွေကို ကျွန် တော် တို့ က ပြည်သူတွေသိအောင် ဖေါ်ထုတ်ပြီး ရန်သူသြဇာ သက်ရောက်နေတာကို သက် သေ ပြ ပြုပြင်ပေးခြင်းနဲ့ ရေးယူအပြစ်ပေးတာတွေ ပြည်သူတွေကိုယ်တိုင်က လုပ်ရ လိမ့်မယ်။ ဒါမှ မဟုတ်ရင် သူတို့ဟာ တော်လှန်ရေးကို နှောက်ယှက် ဖျက်ဆီးလာ ပါလိမ့် မယ်။

ကျွန်တော်တို့ရဲ့ အန္တိမ ရည်မှန်းချက်က စစ်အာဏာရှင် စံနစ် ဖြုတ်ချရေး။ဖြစ်ပြီး လက်ငင်း လုပ်ငန်းက လွတ်မြောက်ရေးကော်မီတီ(လမက)များလျှို့ဝှက် ဖွဲ့ပြီး နအဖဟန်ပြ ရွေး ကောက်ပွဲ ကို ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ လူထုအုပ်ချုပ်ရေး ထူထောင်ဖို့ ဖြစ်တယ်။ အနုစိပ်တွေကိုတော့ သက်ဆိုင်ရာ ဒေသ တာဝန်ရှိသူတွေက ရှင်းပြပေးမှာပါ။

အောင်ပွဲကို တိုက်ယူကြ။

တော်လှန်ရေး မုချအောင်ရမယ်။

ဦးအေးဆောင်

အတွင်းရေးမှူးချုပ်

ပြည်သူ့လွတ်မြောက်ရေးတပ်ဦး

မတ်လ ၁၁ ၊ ၂၀၁၀။
ပိုမိုသိရှိလိုပါက plfburma@ gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Sunday, April 11, 2010

အနီးဆုံးဆိုက်မည့် ဘူတာဟာ အရင်းရှင် စံနစ်ဘူတာပါ

တော်လှန်ရေးဟာ ရထားကြီးတစ်ီးလို သွားနေရင် ကျွန်တော်တို့ မြန်မာပြည် တော်လှန်ရေးရဲ့က နောက် ဆိုက်ရမည့် ဘူတာဟာ အရင်းရှင် စံနစ်ဘူတာသာဖြစ်ပါတယ်။ ဆိုလိုတာက အခုသန်းရွှေတို့လုပ်နေတာက အရင်းရှင် စံနစ်မဟုတ်ဘူး။ ရွေးကောက်ပွဲကို ထိပ်တုံးတွေ လကိထိပ်တွေ ခတ်ထားတဲ့ လက်ဝါးကြီးအုပ်စစ်ပဒေသရာဇ် စံနစ်မျှ သာဖြစ်တယ်။ရွေးကောက်ပွဲက ဟန်ပြသာဖြစ်တယ်။ ဒီစစ်အာဏာရရှင် စနစ်ကိုကျော်ဖြတ် ဖို့ တိုက်ပွဲဝင်နေကြရတာဖြစ်တယ်။
သန်းရွှေ စစ်ပဒေသရာဇ်ဟာ မြေယာကို အခြေခံပြီး အုပ်စိုးနေတာပါ။ ဒါကြောင့်ဘဲ လယ်ယာတွေ၊ ခြံမြေတွေ၊ မြေယာတွေကို သူတို့သိမ်းချင်သလို သိမ်းကြ တယ်။နိုင်ငံတော် အမည်ခံ စစ်အာဏာရှင်တွေနဲ့ သူ့ လက်ပါစေ၊ လက်ဝေခံတွေဘဲ ပိုင်တယ်။ တခြား ဘယ်သူမှ မြေယာမပိုင်ကြဘူး၊ လယ်သမားတွေလဲ လယ်လုပ်ပိုင်ခွင့် သာရှိတယ်။ လယ်မပိုင်ဘူး။ ဒါကြောင့် စစ်အာဏာရှင်တွေက သူတို့ စိုက်ခိုင်းတာ မစိုက်ရင်၊ သူတို့နဲ့ မတဲ့ ရင် မြေသိမ်းတာကို လက်နက်လိုလုပ်နေတာပါ။ မြေ.ာအားလုံ သည် နိုင်ငံတော်က ပိုင်သည် လို့ နေ၀င်း စစ်အာဏာရှင် ၇၄ ဥပဒေအတိုင်း မြေယာအပေါ် အခြေခံပြီးး အုပ်စိုးနေတာပါ။
မြေရှင် စစ်ပဒေသရာဇ် တွေဟာ ဓနရှင်တွေ ခေါင်းထောင်လာမှာကို စိုးရိမ်ပါတယ်။ သူတို့စားခွက်ကိုလုမှာ စိုးလို့။ ဒီတော့ လက်နက်ရော မြေယာပါချုပ်ကိုင်ထားတဲ့ စစ်ပဒေ သရာဇ်က လိုက်ချုပ်ချယ်တော့ စက်ရုံကြီး ၊အလုပ်ကြီး။ ကျယ်ပြန့်တဲ့ လုပ်ငန်းတွေ မဖြစ် ထွန်းနိုင်တော့ပါ။ အခုလုပ်နေတာတွေက စစ်အာဏာရှင်တွေရဲ့ လက်ပါးစေ လက်ဝေ ခံ အသိုင်းအ၀ိုင်းက လက်ဝါးကြီးအုပ် ဗိုလ်ကျ အမြတ်ထုတ်တဲ့ လုပ်ငန်းတွေပါဘဲ။
လက်ကိုင်ဖုံး ရောင်းဝယ်ရေး။ အသုံးပြုရေး ။လုပ်ငန်းဟာ စစ်အာဏာရှင်တွေနဲ့ သူ့လက်ပါစေ၊ လက်ဝေခံတွေ ရိုက်စားလုပ်တဲ့ အလုပ်မှန်း သိသာလွန်းတဲ့ ဥပမာ တခုပါ ဘဲ။ ထိုင်းမှာ လက်ကိုင်ဖုံးဟာ သူတောင်းစားတောင် ဖေါ်ဖေါ်သီသီသုံးနိုင်ပါတယ်။ စစ်ပဒေသရာဇ်တွေဟာ ဓနရှင် စံနစ်ထွန်းကားလာမှာကိုလဲ တားဆီးထားတာပါ။
သူတို့ဟာ ပြည်သူတွေ ဓနရှင် ကနေအရင်းရှင် စံနစ် တက်လာရင်။ ပြည်သူ တွေစီးပွါးရေး အဆင်ပြေလာရင် သူတို့စစ်တပ်ဟာ စစ်သားမပြောနဲ့ အရာရှိတောင် ကျန် မှာမဟုတ်ပါဘူး။ ဒီတော့ သူတို့ ဟာ ဓနရှင် အရင်းရှင် စံနစ်ကို သူတို့ အကျိုးစီးပွါးအရ နှိပ်ကွပ်နေတော့ ပြည်သူတွေ ဘယ်လိုမျှ ဆင်းရဲတွင်းက မတက်နိုင်ဘူး။ စစ်ဏာဏာရှင် အကျိုး စီးပွါးနဲ့ ပြည်သူတွေ အကျိုးစီးပွါး တိုက်ရိုက်ဆန့်ကျင်နေတော့တယ်။
ကျွန်တော်တို့ လုပ်ရမှာက စစ်ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းပစ်ရမှာ ။ ဘယ်လို ဖျက်သိမ်းရမလဲ။ လယ်မြေတွေကို လယ်လုပ်တဲ့ လယ်သမားတွေကို အပိုင်ပေးရမယ်။ သူတို့ ဘာသာ စိုက်ချင်တာစိုက် ရောင်းချင်တာရောင်း။ ဓနရှင်တွေ ရဲ့ ပုဂ္ဂလိက ပိုင်ခွင့် ကို အသိအမှတ်ပြုရမယ်။ လွတ်လပ်တဲ့ ရောင်းဝယ်ခွင့် ကုန်သွယ်ခွင့် ရှိရမယ်။ လွတ်လပ်တဲ့ သတင်းလောက ရှိရမယ်။ ပါတီထောင်စည်းရုံးခွင့်တွေရှိရမယ်။ ဒါမှသာ ပြည်သူတွေ ဓနရှင် အရင်းရှင် ဒီမိုကရေစီ ကို ခံစားနိုင်ကြမယ်။ကြီးပွါးလာမယ်။ ဒါတွေက ဓနရှင် အရင်းရှင် ဒီမိုကရေစိ အခွင့် အရေးတွေပေါ့။ စစ်ပဒေသရာဇ် စံနစ်နဲ့က ဗြောင်းပြန်။
ဒါတွေက အခုမရှိသေးဘူး ဒီတော့ စစ်ပဒေသရာဇ် အာဏာရှင်တွေကို ဖြုတ်ချမှ ရမှာ။ စစ်ပဒေသရာဇ် အာဏာရှင်စနစ်ကို အရင်းရှင် ဒီမိုကရေစီစံနစ်နဲ့ တိုက်ရမယ်။ ဒီတော့ “ အရင်းရှင် ဒီမိုကရေစီ ” ဆိုတာကို အလေးအနက်ထား စဉ်းစားလုပ်ကိုင်ရ တော့  မယ်။
ဒီနေရာမှာတော့ သမိုင်းကို လေ့လာရတော့မယ်။ ဘယ်သမိုင်းမှာ ကြည့်ကြည့် ကျေးကျွန်စံနစ်က မြေရှင် ပဒေသရာဇ်ခေတ်ရောက်ဖို့၊ မြေရှင် တွေက တော်လှန် တာမဟုတ်ဘဲ ကျေးကျွန်တွေက တော်လှန်ရတယ်။ မြေရှင် ပဒေသရာဇ်ခေတ်က အရင်းရှင်ခေတ်ရောက်ဖို့ မြေကျွန်တွေက တော်လှန်ရတယ်။ အရင်းရှင်ခေတ်က ဆိုရှယ် လစ် ဆိုတဲ့ ခေတ်ရောက်ဖို့ အရင်းရှင်တွေက မလုပ်ဘူး အလုပ်သမာဒတွေက လုပ်ရ တယ်။
အခုလဲ စစ်ပဒေသရာဖ်ခေတ်က အရင်းရှင်ခေတ်ရောက်ဖို့ မြေကျွန်နဲ့တူတဲ့ လယ် သမားတွေ၊ အလုပ်သမားတွေ လူဆင်းရဲ ပစ္စည်းမဲ့တွေက တော်လှန်ရမှာ။ ဒီတော့ ဓနရှင် တွေ မပါရဘူးလားလို့ မေးရင် ပါရပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ခန်းမှာ မထားရဘူး။ဘာ ဖြစ်လို့လဲဆိုတော့ သူတို့ က ကိုယ်ကျိုးကြည့်လွန်းတော့ တော်လှန်ရေး၊ အများအရေးကို ကိုယ်ကျိုးအတွက် ခုတုံးလုပ်သွားတတ်လို့ပါ။ ယေဘုယျ သဘောထားဖြစ်ပါတယ်။ သီး ခြား ထူခြားချက်တွေလဲ ရှိနိုင်ပါတယ်။ တိုးတက်တဲ့ ပညာတတ်တွေ ။ဆင်းရဲသားတွေကို စာနာတဲ့ ဓနရှင်တွေလဲ ရှိနိုင်တယ်။ဒါပေမဲ့ နည်းမယ်။
ဒီနေ့ စစ်ပဒေသရာဇ် သန်းရွှေ တို့စုကို ဆန့်ကျင်ရေးမှာ ဓနရှင် ဓအရင်းရှင် ဒီမိုကရေစီလိုလားသူအားလုံးပါလာမယ်။ နအဖ လက်ပါးစေလက်ဝေခံ တွေက လွဲလို့ လွတ်လွတ်လပ်လပ် ရောင်းဝယ် ချင်တဲ့ ဓနရှင် အကြီးအသေးတွေ။ မြေယာပိုင်ဆိုင်ချင်တဲ့ လယ်သမားတွေ။ အခွင့်အရေးဆုံးရှုံးနေတဲ့ အလုပ်သမားတွေ။ ဖိနှိပ်သွေးးစုတ်ခံနေရတဲ့ ၀န်ထမ်းတွေ၊ စာရေးစာချီတွေ၊ အခွင့်အလမ်းမဲ့နေတဲ့ ဆင်းရဲသားတွေဟာ ဒိ စစ်ပဒေ သရာဇ်ဆန့်ကျင်ရေး ဒီမိုကရေစီရေးတိုက်ပွဲမှာ ကျယ်ကျယ်ပြန့်ပြန့်ပါဝင် လာမယ်။ စစ် အာဏာရှင် မြေရှင် ပဒေသရာဇ် စံနစ်ကို မီးရှို့ ပြာချကြလိမ့်မယ်။
တော်လှန်ရေးကို ပီပီပြင်ပြင်လုပ် ကိုယ့်ရည်မှန်းချက်ကို မယိမ်းမယိုင် ခိုင်ခိုင် မြဲမြဲ တိုက်ပွဲဝင် သွာားရင် ပြည်သူတွေရဲ့အောင်ပွဲဟာ မဝေးတော့ဘဲ။ မြန်မာပြည်သစ်ကို တည် ဆောက်နိုင်ပါလိမ့်မယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူကို ၀ိုင်းတိုက်ကြ။
စစ်အာဏာရှင် မုချ ကျဆုံးရမယ်။

ဦိးအေးဆောင်
ဧပြီ ၇ ၊ ၂၀၁၀။


မြန်မာပြည် တော်လှန်ရေးရဲ့ အဆင့်နေရာ

မြန်မာပြည်တော်လှန်ရေးဟာ ၈၈ မှာ နောက်ဆုံးလက်နက်ကိုင်တော်လှန်ရေး အဆင့် တဆင့်ကို ရောက်ခဲ့ တယ်။ဒါပေမဲ့ ၉၀ ခုနှစ်ရွေးကောက်ပွဲရဲ့ လောင်းရိပ်အောက်မှာ ကြုံလှီ ပြော့ ခွေ သွားခဲ့ရတယ်။ ဒီလိုဖြစ်ရတာက နိုင်ငံရေး အမြင်အားနည်းတာရယ်၊အချောင်သမားဝါဒကြီး စိုး တာ ရယ်။ တိုင်းရင်း သားတွေနဲ့ ဒီမိုကရေစီ တိုက်ပွဲဝင်သူတွေ ဟန်ပြလောက် ပေါင်း စည်းပြီး တ ကယ် မပူး ပေါင်းနိုင်ခဲ့လို့ပါ။
ဗိုလ်စောမောင်က ဒီအေဘီ ပေါ်လာတာကို တော်တော်စိုးရိမ်တယ်။ ၉၀ ခုနှစ် ရွေး ကောက်ပွဲမတိုင်မှီ နည်းပရိယာယ်အမျိုးမျိုးနဲ့ ဖျက်တယ်။နောက်တော့ ၉၀ ရွေး ကောက် ပွဲက သူ တို့ တွက်ခြေနဲ့ ကိုက်သွားလို့ ဘာမှ မမှုတော့ဘူး။ ၉၀ ရွေးကောက်ပွဲက ပြည် သူတွေနဲ့ တော် လှန် ရေး သမားဆိုသူတွေကို ဖမ်းစားထားနိုင်ခဲ့တာကို ဆိုလို တာ ပါ။ သူတို့ ၉၀ ခုနှစ်ရွေးကော်ပွဲ ပရိ ယာယ်က အခုအထိ သူတို့ကို အကျိုးပြု နေတုန်း ဘဲ။ ကျွန်တော်တို့အတွက် အရှုံး။ ၉၀ ခုနှစ် ရလာဒ်က အရှုံးလားဆိုရင် အဲ ဒီအစာကြောင့် ထောင်ချောက်မှာ မိကြတာဘဲ။ ဒီအစာကလဲ တံ လျှပ်မျှသာ မဟုတ်လား။
၈၈ခုဟာအရှိန်အဟုန်ပြင်းပြင်းနဲ့လက်နက်ကိုင်တော်လှန်ရေးအဆင့်ရောက်ခဲ့ တယ်။လူထု ဟာ တိုက်မှသာရတော့မယ်ဆိုတာကို ပြတ်ပြတ်မြင်လာကြ တယ်။ အခုလဲ သူ့လုပ်ရပ်ဆိုး ကျိုး တွေ။ ကမ္ဘာက၀ိုင်း အပြစ်တင်တာတွေကြောင့်စစ်ဏာဂရှင်က ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာနဲ့ ချွေးသိပ်ဖို့ လှည့်ကာဖို့ပါ။ ကျွေးတာနည်းလွန်းလို့ အချောင်သမားတွေ အီနေကြ တာပိုကျွေးဖို့ ဈေး ဆစ်နေ တဲ့ ပုံ။
သမိုင်းကို လိမ်လို့မရပါ။ ဦးနုခေတ် ဓနရှင် ဒီမိုကရေစီ ရောက်ခဲ့တယ်။ ဒါကိုလဲ စစ်အာ ဏာရှင် စံနစ်နဲ့ အုပ်မိုးထားလို့ ဓနရှင်ဒီမိုကရေစီဟာ မရှင်သန်နိုင်ခဲ့ဘဲ ဖိနှိပ်ရက် စက်တဲ့ စစ်အာ ဏာရှင်အောက်မှာ တိုင်းပြည်ရော ပြည်သူပါချွတ်ခြုံကျ မွဲတေ စုတ်ပြတ် သွားပြီ။ကမ္ဘာမှာက အရင်း ရှင် အရင့်စားအဆင့် ရောက်နေပြီ။
ဓနရှင် ခေတ်ကို စစ်အာဏာရှင် လှည်းနဲ့ လိုက်မမှီနိုင်ပါ။ ဒီလိုပါဘဲ လက်နက်ကိုင် တော် လှန်ရေး အဆင့်ရောက်ပြီးမှ စည်းမျဉ်းခံ မဲ စနစ်နဲ့ သွားလို့ တော်လှန်ရေးကိုလူထုကယုံကြည်စရာ မရှိပါ။ စစ်အာဏာရှင် စနစ်ရှိနေသရွေ့ ဘာမှ ဖြစ်လာမှာ မဟုတ် ကြောင်း လူထုက သိပါ တယ်။ မဖယ်နိုင်လို့ ကပ်ပေါင်းနေမှန်းလဲ သိတယ်။ စစ်အာဏာ ရှင်ကလဲ သူ့ ကို မဖယ် နိုင်ဘူး လို့မှတ် ပြီး သူ့အာဏာကို ပြပြီးပြလုပ်နေမှာ ပါ။
ဒီတော့ ၈၈ လက်နက်ကိုင်တော်လှန်ရေး အဆင့်ကနေ လျှော့ကျလာတာနဲ့ အမျှ နိုင်ငံ ရေးသိက္ခာက ကျပြီးရင်းကျ ဖြစ်နေရတော့တယ်။ ဘီအေအောင်ပြီးမှ သူငယ်တန်း ပြန်တက် နေရတဲ့ လူလို တော်တော် အမြင်ဆိုးတယ်။ ဒီတော့ ရောက်ခဲ့တဲ့ လက်နက် ကိုင် တော်လှန်ရေး အဆင့် နေရာကို ပြန်မတက်မချင်း ပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို စစ် အာဏာရှင်တွေရော၊ ကမ္ဘာ က ရော လေးစားမယ်မထင်ပါ။
ပြည်သူတွေဟာ ဓနရှင် ဒီမိုကရေစီအရသာကို ခံစားဘူးပြီ။ လက်နက်ကိုင် တော် လှန်ရေး အဆင့်ကိုလဲ ရောက်ဘူးပြီ။ နိုင်ငံရေးမှာ ပီပြင်တဲ့ ဓနရှင် ဒီမိုကရေစီ အဆင့်။ တော်လှန်ရေးမှာ ပီပြင်တဲ့ လက်နက် ကိုင်တော်လှန်ရေးအဆင့် ထက်နိမ့်တဲ့ အဆင့်နေရာဟာ အောက်တန်း ကျ တာကလွဲ လို့ ဘာမှ မဖြစ်နိုင်ဘူးဆိုတာ မသိရင်လဲ သမိုင်းက အခြေအနေက ပြောပြ သွားမှာ ပါ။
ဦးအေးဆောင် ( ပြည်သူ့လွတ်မြောက်ရေးတပ်ဦး) ၆ ၊ ၄ ၊ ၁၀။

Thursday, April 1, 2010

ရပ်နီး ရပ်ဝေးမှ ရဲဘော်များနဲ့ မိတ်ဆွေများ သို့ တင်ပြချက်

စစ်အာဏာရှင်တွေနဲ့ သူ့လက်ပါးစေ၊ လက်ဝေခံတွေက အာဏာကိုခုတုံးလုပ်ပြီး မတရားချမ်းသာနေတဲ့ အခုလိုကာလမှာ ပြည်သူတွေဟာ ထမင်းနပ်မှန်ဖို့ တနေကုန် တနေခန်း ပင်ပင်ပန်းပန်း ရုန်းကန်နေရတော့ လူနေမှုတွေကွာ ၊ အဆင့်အတန်းတွေကွာ ၊လူတန်စားတွေကွာခြားမှု ကြီးမား နေတာဟာ ဒီနေ့ မြန်မာပြည်ရဲ့ ရှုခင်းပါဘဲ။
ဒီလိုဆင်းရဲ၊ ချမ်သာကွာခြားလွန်းမှု၊ အခွင့်ထူးခံနဲ့ အခွင့်ရေးမဲ့တွေ၊ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံတွေ အကြား ပဋိပက္ခတွေဟာ ပြင်းထန်သဲသန်နေပြီ၊“ထူး” နဲ့ တခြား ကုမ္ပဏီတွေရဲ့ ကြမ်းတမ်း ရက်စက်တဲ့ သွေးစုတ်မှုတွေကို အလုပ်သမားတွေက ဆန့် ကျင်ဆန္ဒပြလာ ကြပြီ၊ သူတို့လယ်ကို မတရားအသိမ်းခံရတဲ့ လယ်သမားတွေက ကြိုကြား ဆန့်ကျင်မှု တွေလုပ်လာနေတယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ အနှိမ်ခံတပ် သားတွေ က နည်းမျိုး စုံနဲ့ စစ်အာဏာရှင်တွေ အမိန့်ကို အာခံလာကြတယ်။ စစ်အာဏာရှင် ဘက်က ဘယ်လို ဘဲဖုံးဖုံးတစခြင်းပေါ်ထွက်နေခဲ့တယ်။တိုင်းရင်းသားတွေနဲ့နအဖပဋိပက္ခ၊လက်နက်ကိုင်အ ဖွဲ့ ချင်းချင်း ပဋိပက္ခတွေဟာလဲ ပြွန်းတီးနေတယ်။
ဒီပဋိပက္ခတွေထဲမှာ အကြီးမားဆုံးနဲ့ အပြင်းထန်ဆုံးက လူတန်းစားပဋိပက္ခပါ။ ဖိ နှိပ်သူနဲ့ဖိနှိပ်ခံပဋိပက္ခပါဘဲ။တခြားပဋိပက္ခတွေကအရံသာဖြစ်ပါတယ်။ဖိနှိပ်သူစစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ဖျက်ရေးအတွက် အဖိနှိပ်ခံ ညီညွတ်ရေး ဘုံရန်သူဝိုင်းတိုက်ရေး ဟာ ကျွန်တော်တို့ ယနေ့လုပ်ဆောင်ရမည့် မဟာတာဝန်ပါ။ လူမျိုးနဲ့ ဂိုဏ်းဂဏ တွေဟာ ဒီနေ့မှာ အဓိကမကျပါဘူး။ ဗမာတွေရော၊ လူမျိုးစုတွေရော၊ ဆင်းရဲသား ရော၊ အလယ် အလတ်ရော အားလုံးဟာ လက်ဝါးကြီအုပ် စစ်အာဏာရှင် အောက်မှာ အတူတူ ကြမ်းကြမ်း ရမ်းရမ်း အဖိနှိပ်သွေးစုတ်ခံနေရလို့ပါဘဲ။
သီခြားထူးခြားချက်တွေအပေါ် အာရုံပြုပြီး အဓိကထားကြရင်တော့ ညီညွတ်ရေး မပြောနဲ့ အစည်းအဝေးတောင်လုပ်ဖို့ခက်မယ်။ ကိုယ်ရတဲ့ ဒဏ်ရာက ပိုကြီး ပိုနာတယ် ဆိုပြီး ပြိုင်နေကြရင်း ညီညွတ်ရေး ဆီမရောက်ဘဲ ဂိုဏ်းဂဏနဲ့ လူမျိုးရေးမှာ ပြန်အဆုံး သပ်သွားလိမ့်မယ်။
စစ်အာဏာရှင်နအဖဟာ ရန်သူတွေဝိုင်းဝိုင်းလည်နေပေမဲ့ ကျွန်တော်တို့ဘက်က မနိုင်နိုင်တာ ဒီအချက်ကြောင့်ဘဲ။ ဂျပန်ခေတ်တုန်းက ဂျပန်ဟာ ဘုံရန်သူဆိုတာ ရှင်းရှင်း သတ်မှတ်နိုင်ခဲ့ သလို။ အခုလဲ နအဖဟာဘုံရန်သူလို့ ရှင်းရှင်းသတ်မှတ် ကျင့် သုံးရမှာ။ နအဖက သူအထည်းမကျန်အောင် သူ့အာဏာကို မထိတဲ့ အခွင့်အရေးအမျိုးမျိုး ပြစ် ကျွေးပြီး လက်ပါးစေတွေ လက်ဝေခံတွေ မွေး သွားမှာဘဲ။ ဒီရွေးကောက်ပွဲကလဲ ပြစ်ကျွေး တဲ့ အခွင့်အ ရေးတခုပါဘဲ။အဆိပ်တွေတော့ ထည့်ထားတာပေါ့။
ဒီတော့ အဖိနှိပ်ခံ လူတန်းစားအမြင်ကို ခိုင်ခိုင်စိုက်ပြီး ညီညွတ်ရေးတည်ဆောက် ဘုံရန်သူစစ်အာဏာကိုဆန့်ကျင် တိုက်ဖျက်ရေးကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ကြ ရ မှာပါ၊ ရန်သူဟာ လက်ဝါးကြီးအုပ် စစ်အာဏာရှင်လက်တဆုပ်စာနဲ့ သူ့လက်ပါးစေ လက် ဝေ ခံတွေလောက်ပါဘဲ။
ဒီနေ့ကာလက တိုက်ပွဲဝင်ကာလ - စေ့စပ်ရေး၊ ဆွေးနွေးရေး၊ ငြိမ်းချမ်းရေး လုပ်ရ မှာမဟုတ်ဘူး၊ တိုက်ပွဲတွေမရှိဘဲ ဆွေးနွေးရေးတို့ နားလည်မှုတို့ ငြိမ်းချမ်းရေးတို့ကို စစ်အာဏာရှင်တွေ ဆီက မမျှော်လင့်နိုင်ဘူး ဆိုတာ ရာစုနှစ်တ၀က်လောက် စစ်အာ ဏာရှင်အောက် ရောက်နေခဲ့တာ သိလောက်နေပြီ။ တိုက်ပွဲမပါဘဲ ဘယ်လိုအခွင့် အရေးကိုမှ မမျှော်လင့်သင့်တော့ဘူး။ တိုက်ပွဲဝင်မှသာ လူပီသသ နေနိုင်မှာ ဖြစ်တယ်ဆို တာကို ရှင်းပြတ်ပြတ် သိထားရတော့မယ်။
ရန်သူကို ချော့မြူဖို့ မက်လုံးပေးဖို့ သည်းခံခွင့်လွှတ်ဖို့ တဖြေးဖြေးချင်းပြောင်းဖို့ ဆို တဲ့ သဘောထား တွေဟာ ရန်သူရဲ့ ရက်စက်မှုကို အားပေးရာကျနေခဲ့တယ်။ ဒီတော့ ရပ်တမ်းက ရပ်သင့်ပြီ။
ပြတ်သားတဲ့ လမ်းစဉ်အနေနဲ့ နည်းလမ်းနှစ်ခု ရှိတယ်။ လူထုတိုက်ပွဲနဲ့ လက်နက် ကိုင်တိုက်ပွဲဘဲ ။ လူထုတိုက်ပွဲဟာလဲ လက်နက်ကိုင်တိုက်ပွဲကို အထောက်အကူ ပေးတာ ဦးတည်သွားတာဘဲ ဖြစ်ရမယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့က သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ လိုက်ပါနိုင်မည့် အနေအထားရ ပါဝင်ပတ်သက်ကြရမယ်။ အနုစိပ်နည်းနာတွေ ကိုလဲ လက်လှမ်းမှီသလောက် လေ့လာကြရမယ်။
ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးကာလ နည်းနာနဲ့ တူကောင်းတူပေမဲ့ ရပ်တည်ချက်က လူတန်းစား ပဋိပက္ခ အမြင်ရှိဖို့နဲ့ မျက်ကမ်းမျိုးချစ် အမြင်ကို ဆန့်ကျင်တဲ့ အမြင်ရှိရ လိမ့် မယ်။ လူတန်းစားတိုက်ပွဲဖြစ်လို့ ကြီးမားကျယ်ပြန့် မယ်။ ပြတ်သားပြင်းထန်လိမ့်မယ်။ ရန် သူက ကျွန်တော်တို့ ကို သိသလို ရန်သူကိုလဲ ကျွန်တော်တို့ သ်ကြတာဘဲ။ သူ့မှာ လက် တဆုပ်စာ အခွင့်ထုခံတွေနဲ့သေနတ်သာရှိပြီး ကျွန်တော်တို့မှာ မကုန်ကမ်းနိုင်တဲ့ စွမ်းအင် ရှိတဲ့ လူမျိုးစုံပြည်သူတွေ၊ ဖိနှိပ်ခံ လူတန်းစား အလွှာတွေရှိလို့ ကျွန်တော်တို့က နိုင်မှာ သေချာတယ်။ အပြတ်တိုက်ဖို့တော့လိုတယ်။ တွဲလောင်းတွဲလောင်းလုပ်ရင်တော့ အရင့် အရင်က လူတွေနဲ့ တူတူပါဘဲကွာ လို့ ပြည်သူက ယူဆပြီး တွေဝေယိမ်းယိုင်တဲ့ အမြင် တွေ ပေါ်လာလို့ ရန်သူက အမြတ်လာထုတ်နေဦးမယ်။
ဒီတော့ အမြင်ရှင်းပြီး လုပ်ရင်ပြတ် ဆိုတဲ့ ဆောင်ပုဒ်ကို ဒီနေ့ ကျွန်တော်တို့ ကျင်သုံးသင့်ပါတယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လုပ်ငန်းဟာ အင်မတန်ကြီးမားပြီး ခက်ခက်ခဲခဲ နဲ့ကာလ အတန်ကြာလုပ်ရမည့်အလုပ်ပါ။ ဒီအလုပ်ကို ဒေးဝမ်း လို့ခေါ်တယ်။ စစ်အာဏာ ရှင်စနစ် ပြုတ်သွားပြီးရင် ဘာလုပ်ကြမလဲ ဆိုတဲ့ ဒေးတူး လုပ်ငန်းက လွန်ခဲ့တဲ့ ငါးနှစ် လောက်က အာရုံထားပြီး အချိန်ဖြုန်းခဲ့တဲ့လုပ်ငန်းတခုဖြစ်ခဲ့တယ်။ ဒေးဝမ်းအ ကြောင်း ထက် ဒေတူးကိစ္စတွေကိုဘဲ အားစိုက်ခွန်စိုက်လုပ်နေတဲ့ သူတွေကို အံ့လဲအံ့သြ ရယ်လဲ ရယ်ချင်လွန်းလို့ မနည်းအောင့်ထားခဲ့ရတယ်။
ဒေ၀မ်းမရှိဘဲ ဒေးတူးမရှိနိုင်ဘူး။ ဒေးဝမ်းကို ဘယ်သူမှ မလုပ်ဘဲ ဒေးတူးအတွက် ပြင်နေတာဟာ ယုန်မရခင် သံပူရာရှာသလိုဘဲ။ဖျာခင်းဖို့ စောင့်နေတာနဲ့အတူတူဘဲ။
ဒေးဝမ်းအလုပ်ဖြစ်တဲ့ စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေး ကာလအတွင်းမှာ ကျွန် တော်တို့မှာ မိတ်ဆွေကောင်းတွေရလာမယ်။ သဘာဝအတိုင်းဘဲ ဖေါက်ပြန်တဲ့ သူတွေ ကိုလဲ ပယ်ထုတ်ရပါလိမ့်မယ်။ သူရဲကောင်းတွေပေါ်လာမယ်။ သစ္စာဖေါက်တွေလဲ ပေါ်လာ မယ်။ ဒီဒေးဝမ်းဖြစ်စဉ် ကြီးထဲ မှာ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ဆေးသား တင်သလို မစမ်းအသပ်တွေခံရမယ်။ ပြည်သူတွေဘက်ရပ်ပြီး၊တော်လှန်ရေးအပေါ် သစ္စာရှိ သူတွေသာ ရှေ့ဆောင်နေရာ ကို ရလာမယ်လို့ ကျွန်တော် ယုံကြည်တယ်။အောင်ပွဲကိုလဲ ထိုက်ထိုက် တန်တန်လူတွေကဘဲ ယူပေးနိုင်လိမ့်မယ်။
ဒီတော့ ရှေ့ရေးကို အင်မတန်မြင်ချင်တဲ့ အမျှော်အမြင် ကြီးတယ်လို့ ထင်ရတဲ့ လူတွေအတွက် လက်ငင်းကျွန်တော်တို့ ရှင်းပြ နိုင်တာက ပထမ မဟာလုပ်ငန်း တာ ၀န်ကြီး ဖြစ်တဲ့ စစ်အာဏာရှင် စနစ်ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းကြီးအောင်မြင်ပြီး ဆုံးရင် (လက်တွေ့ ဖြစ်ပြီးမှ) ။ ဒေးဝမ်းလုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေ ။တိုင်း ရင်းသား အဖွဲ့တွေလူပုဂ္ဂိုလ်တွေ အားလုံးပါဝင်တဲ့ ပါတီပေါင်းစုံ ကွန်ဖရင့် ခေါ် ရမယ်။ အဲဒီက ကြားဖြတ် အစိုးရဖွဲ့ပြီိး ပါတီစုံရွေးကောက်ပွဲအတွက် ပြင်ဆင်ရမယ်။တရားမျှတတဲ့ ရွေးကောက် ပွဲပြီး ရင် လူထုတွေကရွေးတဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်နဲ့ အစိုးရ ဖွဲ့တိုင်းပြည်ကို ပြည်သူ့ အစိုးရ က အုပ်ချုပ်ဖို့ ။
ဒါတွေက ဖြစ်ချင်တာတွေ ကိုတင်ပြတာ။ ဖြစ်အောင်က ကျွန်တော်တို့ အချောင် မခိုဖို့၊ ခြေပုန်းမခုတ်ဖို့၊ ရန်သူနဲ့ ပေါင်းမကြံဖို့၊ ခေါင်းဆောင်ရူး မရူးဖို့၊ တော်လှန်ရေး အတွက် အနစ်နာခံသူကို ထိုက်ထိုက်တန်တန် တန်ဖိုးထားတတ်ဖို့လိုမယ်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်တဲ့ တော်လှန်ရေး အောင်ရင် ကျွန်တော်တို့ဘ၀တွေ အားလုံး အဆင်ပြေချောမွေ့ပြီး တိုင်းပြည်ဟာ အေးချမ်းသာယာတဲ့ နေချင်စရာ နေရာဖြစ် လာမှာပါ။
လင်ငင်းတော့ ပြင်းထန်ပင်ပန်းမည့် တိုက်ပွဲဆီကို ချီတက်ရကြရပါလိမ့်မယ်။

အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူ စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။
လူထုအစိုးရ မုချပေါ်ပေါက်ရမယ်။

လေးစားစွာဖြင့်
ဦးအေးဆောင်
ပြည်သူ့လွတ်မြောက်ရေးတပ်ဥိး။
ဧပြီလ ၂ ၊ ၂၀၁၀။
plfburma@gmail.com
plfburma.blogspot.com

နအဖ၏ ယုတ်ညံ့သော ရွေးကောက်ပွဲကို ပြတ်သားစွာ ဆန့်ကျင်ခြင်းအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဂုဏ်ပြုပါသည်။

ချုပ်ချယ်မှုများဖြင့် ပြွမ်းတီးနေသော နအဖ၏ရွေးကောက်ပွဲတွင် ၀င်ရောက်ရန် မှတ်ပုံတင်ခြင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တညီတညွတ်ထည်း ဆန့်ကျင်ကန့် ကွက်လိုက် သောကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူတို့၏ အားကိုး ယုံကြည်မှုကို ပြန်လည်ရရှိ လိုက်သည်ဟု ကျွန်ုပ်တို့ ပြည်သူ့လွတ်မြောက်ရေး တပ် ဦးမှ ခံယူသည်၊

ဤသို့ ပြတ်သားသော ဆုံးဖြတ်ချက်ကို စုစုစည်းစည်းချမှတ်နိုင်ခြင်းအတွက် များ စွာ လေးစား ဂုဏ်ပြုပါသည်။

စစ်ပဒေသရာဇ် အာဏာရှင်တို့ကို ဆန့်ကျင်ရာတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ အခန်းကဏ္ဍသည် ကြီးမားလှပေရာ ဤပြတ်သားသော ဆုံးဖြတ်ချက်မှ အစပြု၍ ပြည်သူလူထုတို့ ပြင်းပြစွာလိုလားတောင်းတသည့် စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရာယ်ပြည်ထောင်စု တည်ဆောက်ရေး တို့ကို အဆင့်ဆင့်ရရှိနိုင်ရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ခါ အောင်ပွဲများ ရရှိ နိုင်ပါ စေကြောင်း လှိုက်လှဲစွာ ဆန္ဒပြုလိုက်ပါသည်။

ဘုံရန်သူ စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။

ဒီမိုကရေစီ မုချရရည်။



ဦးစီးကော်မီတီ

ပြည်သူ့လွတ်မြောက်ရေး တပ်ဦး။

မတ်လ ၃၀ ။ ၂၀၁၀ ။

Friday, March 26, 2010

မတွေဝေနဲ့ တော်လှန်ရေးလုပ်ပါ

နိုင်ငံရေးမိုးသက်မှန်တိုင်းတွေကျနေတယ်။ မြို့ပြတွေထဲမှာ၊ တောတောင်ထဲမှာ မဟုတ်ဘူး။ တောတောင်ထဲမှာတော့ သေနတ်သံတွေကြိုးကြားထွက်လာနေပြီ။ သေနတ်တွေကို မောင်းတင်တဲ့ အဖွဲ့တွလဲ တင်နေကြရဲ့။


ရွေးကောက်ပွဲမှတပါး ကိုးကွယ်ရာမရှိဆိုသူတွေက စစ်အာဏာရှင်တွေ ချကျွေးမည့် အရိုးအရင်းလေး ရဖို့ ရှေ့ဂျွန်းတွေ၊ နောက်ဂျွန်းတွေ ပစ်ပြချင်နေကြပြီ။ ပြည်သူတွေကို အယုံသွင်းနေချင်ကြပြီ။ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလေသံတွေ မိုးလုံးညံနေခဲ့ပေမဲ့ သူတို့မှာ ကြားနိုင်တဲ့နားတွေ မရှိကြတော့ဘူး။ သူတို့တွေဟာ ရန်သူစစ်အာဏာရှင်တွေကို ရရာနေရာက အလုပ်အကျွေးပြုကြတာ့မှာပါဘဲ။ ရန်သူနဲ့ ပေါင်းပြီး ပြည်သူတွေကို ခွစီးအမြတ်ထုတ်ကြတော့မယ်။ ရန်သူကို အလှချယ်ပေးကြတော့မယ်။ သူတို့မှာ ဒါကလွဲလို့လဲ ဘာမှ လုပ်တတမှာ မဟုတ်တော့ပါဘူး။ ရန်သူကို ဘုရားထူးမည့် သူတွေဆီက ကျွန်တော်တို့ ဘာ များမျှော်လင့်နိုင် ပါ့မလဲ။ သူတို့ဟာ သူခိုး ဓါးရိုးကမ်းမည့်သူတွေဘဲ။


တွေဝေမှုတွေ၊ မရေရာတဲ့ မျှော်လင့်ချက်တွေ၊ သူတပါးကိုးအာကိုးချင်တာတွေ၊ သူများ လက်နဲ့ မြွေဖမ်းချင်တာတွေ၊ ဆွေးနွေးလိုက်ရင်ရမယ်ထင်တာတွေဟာ တင်းမာတဲ့ စစ်အာဏာရှင်တွေရဲ့ ထုံးတားတဲ့အောက်မှာ အရည်ပျော်ကုန်ပြီ။


အာဏာဆိုတာလွယ်လွယ်နဲ့ ရနိုင်တာမဟုတ်ကြောင်း စစ်ဗိုလ်ချုပ်တွေကမကြာခဏ ဆောင့် ကန်ပညာပေးပေမဲ့ ကျွန်တော်တို့ တတွေ အမှတ်မရှိတာဟာ ကျွန်တော်တို့ အပစ်ဘဲဖြစ် တော့တယ်။မှန်မကန် လှုပ်ဆော် မြူဆွယ်သူတွေကလဲ တော်ကြတာကိုး။ အခုတော့ ကျွန်တော်တို့ကျောမှာ ဒဏ်ရာ၊ ခေါင်းမှာပတ်တီး၊ အသက်တွေကြီးပြီး ခိုကိုးရာမဲ့ နေပြီလား။


တော်လှန်ရေးဆိုတာ ဖိနှိပ်မှုရှိတဲ့ နေရာတိုင်းမှာ ရှိတယ်ဆိုတာကို သတိရသင့် ပါတယ်။ တော်လှန်ရေးဆိုတာ အပေးအယူလုပ်စေ့စပ်တာ မဟုတ်ဘူးဆိုတာကို တော်လှန်သူတွေက မသိပေမဲ့ အုပ်စိုးသူ စစ်အာဏာရှင်တွေက သိနေတယ်။ ဒီတော့ သူတို့က အနိုင်ဘက်က ရောက်နေသလို ဖြစ်နေတာပေါ့။


တကယ်နိုင်ရမှာက ပြည်သူတွေ။ စစ်တပ်ဆိုတာ ပြည်သူက ကျွေးမွေးထားတာ ဖြစ်တော့ မကျွေးမွေးရင်ဘဲ သူတို့ဟာ ရှင်သန်စရာမရှိဘူး။ ပြန်တိုက်မယ်ဆိုရင်တော့ စစ်တပ်ဟာ လုံးဝကျေပျက်သွားလိမ့်မယ်။ ဒီလိုချေဖျက်ဖို့က ပြည်သူ့တပ်မတော် ဆိုတာ ရှိရမယ်။


မတရားတဲ့ ၊ ဖိနှိပ်တဲ့ စစ်အာဏာရှင် နအဖတပ်ကို တော်လှန်ဆန့်ကျင်တဲ့ ပြည်သူ့ကိုယ်စားပြု ပြည်သူ့တပ်မတော်ဟာ ရန်သူ့ စစ်တပ်ထဲက ပေါ်လာမှာ။


ဒီလိုပေါ်လာဖို့က ထိုင်ကြည့်နေ၊ အစည်းဝေးလုပ်။ ကြေညာချက်ထုတ်နေယုံနဲ့ တော့ မရဘူး။ ကျွန်တော်တို့ ပည်သူတွေအနေနဲ့ နအဖ စစ်အာဏာရှင်တွေကို မစေ့စပ်တမ်း ချေမှုန်းမယ်ဆိုတဲ့ သံဓိဌါန်ရှိဖို့ လိုအပ်တယ်။

လက်နက်တိုင်တိုက်ပွဲဝင်မှ ရမယ်လို့ အပြတ်အသတ် ယုံကြည်ရမယ်။ လက်တွေ့တိုက်ပွဲဝင်ရမယ်။ ဒီလိုမှ ပြတ်သားတဲ့ အမြင်နဲ့ ယုံကြည်မှုမရှိရင်တော့ စစ်အာဏာရဲ့ ဖိနှိပ်အောက်က လွတ်စရာလမ်း မရှိနိုင်ဘူးဆိုတာ လွန်ခဲ့တဲ့ ကာလတွေက အဖြစ်အပျက်တွေကိုပြန် ကြည့်ရင် သိနိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ပြည်သူတွေဘက်က ဦးဆောင်တိုက်ပွဲဝင်ရမယ။ အနိုင်ယူပြရမယ်။ ပြည်သူဆိုတာ စစ်တပ်ထက် တန်ခိုးသြဇာ ကြီးမားကြောင်း ပြသရမယ်။ ပ်ြသူတွေဟာ စစ်တပ်ကို တိုက်ရင် နိုငတယ်ဆိုတဲ့ သက်သေပြနိုင်မှ နောက်နောင် စစ်တပ်အာဏာ သိမ်းမှုတွေကို တားဆီးနိုင်လိမ့်မယ်။


များစွာ အလေးအနက်ထား သင့်တဲ့ ကိစ္စက အတိတ်၁၉၉၀ခု နောက်ပိုင်း လက်နက် ကိုင်တော်လှန်ရေးကို ဦးစိုက်မလုပ်ဆောင်မိခဲ့တာကို တွေ့ရမယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းက ရွေးကောက်ပွဲရလာဒ်ကို မျှော်ကိုးတာရယ်၊ အကြမ်းမဖက်ရေးရယ်။ စေ့စပ်ရေးရယ်၊ နိုင်ငံခြား ရဲ့ သနားသဖြင့် ပေးပမ်းမှုတွေကို မက်မောခဲ့တာတွေကြောင့်နဲ့ လက်နက်ကိုင်လှုပ်ရှားမှုအပေါ် စည်းစည်းလုံးလုံး ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင် နိုင်ခဲ့တဲ့ အာနည်းချက်တွေရှိခဲ့တယ်။ လက်နက်ကိုင်တိုက်ပွဲလုပ်ခဲ့ ပြီးပြီဘဲ လို့ ပြောလို့ မရနိုင်ဘူး ဘာမှ တကယ်မလုပ်ခဲ့နိုင်ဘူး။ မယ်နပလောကာကွယ်ရေးလုပ်တယ်။ ရ တယ်။ နောက်တော့ရန်သူက ဘာသာရေး ကိစ္စနဲ့ ကေအင်န်ယူကို အမြတ်ထုတ်လိုက်လို့။ ဒီကိစ္စတွေက ကျွန်တော်တို့ ဆက်လက်ဖြေရှင်းရင်း လက်နက်ကိုင်လမ်းစဉ်ကို ပီပြင်အောင် ဆက်လက်လုပ်ဆောင်သွားရမှာပါ။


ဒီနေ့ ရွေးကောက်ပွဲနဲ့ မှိုင်းလုံးတိုက်နေချိန်မှာအမျိုးသားရင်ကြားစေ့ရေးတို့၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့၊ နှစ်ပွင့် သုံးပွင့် ဆိုတာတွေ တွေ့ဆုံွေးနွေးအဖြေရှာရေးတွေ၊ ယုံကြည်မှုတည်ဆောက်ရေးတွေ ဘယ်ဆီရောက်လို့ ဘယ်မှာပျောက်သွားကြပြီလဲ။

ဒီတော့ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ မလိမ်နဲ့၊ သူများလိမ်တာလဲ မခံနဲ့တော့၊ ကိုယ့်ကျောပိုးအိတ် ကိုယ်လွယ်၊ ကိုယ်သေနတ်ကိုထမ်းပြီး မပြီးသေးတဲ့ စစ်အာရှင် စံနစ်တိုက်ဖျက်ရေး လုပ်ငန်းကို ခေါင်းရှင်းရှင်းနဲ့ လုပ်ဖို့ဘဲ။ အူကြောင်ကြားတွေရဲ့ စကားနဲ့ လှည့်စာချက်တွေ။ နအဖရဲ့ မြှူလုံး ခြောက်လုံးတွေကို တော်လှန် ရေးလှုပ်ရှာမှုနဲ့သာ တုန့်ပြန်ဖြေပေးကြရတော့မယ်။



မတွေဝေနှင့် တော်လှန်ရေးသည် တရားသည်။

အောင်ပွဲကိုတိုက်ယူကြ။

တော်လှန်ရေးမုချအောင်ရမယ်။

ဦးအေးဆောင်

ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။

မတ်လ ၂၂ ၊ ၂၀၁၀။

Saturday, January 30, 2010

နှစ်သစ်ကူး သ၀ဏ်လွှာ


နှစ်သစ်ကူး သ၀ဏ်လွှာ

ပြည်သူလူထုအပေါင်းတို့ ခင်ဗျား -

နှစ်သစ်၂၀၁၀ ခုနှစ်မှာ ပြည်သူလူထုအပေါင်း အားသစ်အင်သစ် အမြင်သစ်တွေနဲ့ ဘ၀ရုန်းကန်မှုတွေကို ရင်ဆိုင်နိုင်စေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

၂၀၁၀ ခုနှစ်မှာ ကျွန်တော်တို့ အဓိကရင်ဆိုင်ရမှာက နိုင်ငံရေး ပြဿနာဖြစ်တဲ့ ဗိုလ်သန်းရွှေတို့ ကျေညာထားတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာ ဆိုလို့ ငါတို့ နဲ့ မသက်ဆိုင်ဘူးလို့ လဲ မထင်လိုက်ပါနဲ့ဦး။ နိုင်ငံရေး ပြဿနာက အာဏာကိစ္စ ကို ရောက် သွားမယ်။ ဒီအာဏာကို ကျွန်တော်တို့ အလေးဂရုမပြုရင် ကျွန်တော်တို့ ပြည်သူ့ လက်ထဲမှာ မရှိဘဲ စစ်ဗိုလ်ချုပ် တွေလက်ထဲမှာ ဆက်ရောက်နေလိမ့်မယ်။ ဒီလိုသာဆိုရင် ဒီနေ့ ကျွန်တော်တို့ ဒုက္ခတွေရောက်နေကြရတာတွေဟာ ဘယ်တော့မှ ဆုံးမှာမဟုတ်တော့ဘူး။ စစ်ဗိုလ်ချုပ်ဆိုတာ စစ်သားတွေမဟုတ်ဘူး လက်တဆုပ်စာ လူစုနည်းနည်းလေး သူတို့က ဖိနှိပ်ရက်စက်မှုတွေနဲ့ ကျွန်တော်တို့ ပြည်သူ ၅၄ သန်းကို နေ့စဉ်ဓူဝ နည်းမျိုး စုံနဲ့ ဒုက္ခပေး နေတာ။ ဒီတော့ အာဏာကိစ္စဖြစ်တဲ့ နိုင်ငံရေးကို ဘေးဖယ်ထားလို့ မရဘူး။ ကျွန်တော်တို့ အသက်ရှင်နေထိုင်ရေးကို ချုပ်ချယ်ဟန့်တားနေတာဟာ ဒီစစ်အာဏာရှင် စနစ်ဘဲ။ ဒီကိစ္စ အတွက် အလေးအနက်ထား ပါဝင်တိုက်ပွဲဝင်ဖြေရှင်းကြရမယ်။

လာမည့်ဒီရွေးကောက်ပွဲကလဲအစချီကထည်းက ကောင်းခဲ့တာမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ အချိန်ဆွဲရေးဆွဲပြီး သန်းရွှေနောက်လိုက်တစုက လွဲလို့မည်သူကမှ မ ထောက်ခံခဲ့တဲ့ ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအောက်မှာ လုပ်မှာပါ။ ဥပဒေကို အတည်ပြုပုံဟာ သူတို့ဘယ်လောက် ပြည်သူကို စော်ကားတော့မယ်ဆိုတာကို နိမိတ်ပြနေခဲ့ပါပြီ။ အခုလဲ ၂၀၀၉ သာကုန်သွားတယ် ရွေးကောက်ပွဲက ဘယ်မှာနေမှန်း မသိသေးဘူး။ လူထု ကို အမှောင်တိုက်ထဲ သွင်းထားတာပါ။ သူတို့ရဲ့လက်ပါးစေ တွေကတော့ ကြိတ်ကြံနေကြ တယ်။ ကြိုတင်ပြင်ဆင်နေကြတော့တယ်။ လွတ်လပ်တယ်။ တရားမျှတယ်ဆိုတာကို ဘေးချိတ် ပွင်းလင်းမှုတောင်မရှိတဲ့ လိမ်စင်ရွေးကောက်ပွဲဟာ ဘယ်လိုမှ ပြည်သူ့အတွက် ဖြစ်မှာ မဟုတ်တာသေချာပါတယ်။ ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးက ဒီရွေးကောက်ပွဲကို အပြတ်ဆန့်ကျင် သွားမှာပါ။

စစ်အာဏာရှင်တွေ ဆီက အခွင့်အလမ်းတွေ မျှော်လင့်ရင်း စစ်အာဏာရှင်တွေနဲ့ ပလူးးပြီး ပြည်သူကိုဂုတ်ခွစီး အမြတ်ထုတ်ချင်သူ တွေက ဗိုလ်သန်းရွှေရဲ့ရွေးကောက် ပွဲထဲဝင်ပြီး သူတို့လမ်းသူတို့လျှောက်ကြ ပါလိမ့်မယ်။
ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်အခြေအနေက ပြိုကွဲနေပါပြီ။ သံဃာတွေကအစ ဆုတောင်းဆန္ဒပြ ချီတက်ပွဲ တွေကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့လို့ အမျိုးသားရေး စိတ်ဓါတ် လဲ ပျောက်ပျက်သွား ပါပြီ။ အရပ်ထဲမှာ ရော စစ်တပ်ထဲမှာ ပါဆင်းရဲချမ်းသာကွာဟမှုကြီး မားနေလို့ လူမှုဆက်ဆံ ရေး တွေလဲကျိုးပျက်နေသလို ချစားမှု၊ အကျင့်ပျက်၊ ဘ၀ပျက်မှု တွေဟာ ကြောက်ခမန်း လိလိ ပါဘဲ။“စေ့စပ်” အဖွဲ့တွေရဲ့ နအဖအပေါ်အာခံမှုတွေကတိုင်း ပြည် ပြိုကွဲနေတာကို ဘွားဘွားပေါ်လာနေပါတယ်။

ဒီလိုအခြေအနေမှာ “ စစ်တပ်သာပြိုကွဲရင် ပိုဆိုးမယ်။” ဆိုတဲ့ အမြင်ကလဲပေါ်လာ သေးတယ်။ ဒါက “စစ်အာဏာရှင်နအဖမှ တပါးတခြား ကိုးကွယ်ရာ မရှိ” ဆိုတဲ့ သူတွေ ပါဘဲ။ သူတို့ဟာ စစ်အာဏာရှင်တွေရဲ့ အမြီးစားဘက်၊ ခေါင်းစားဘက် လက်ပါစေ လက် ဝေခံ တွေပါ။ စစ်အာဏာရှင်တွေအတွက် ပြည်သူကို မှိုင်းတိုက်လိုက်တာ ပါ။နအ ဖ စစ်အာဏာရှင် ကို ပြုတ်အောင် ဖြုတ်နိုင်သူဟာ တိုင်းပြည်ကိုလဲ အုပ်ချုပ်နိုင် ထိန်းသိမ်း နိုင်ပါလိမ့်မယ်။ အခက်အခဲဆုံး စစ်အာဏာရှင်ကိုတောင် ဖြိုချနိုင်မှတော့ တခြားပြဿနာ တွေက အသေးအမွှားပေါ့။

ဒီနေ့သန်းရွှေတို့ကျင်သုံးနေတဲ့ စံနစ်ဟာ စစ်ဘုရင်စံနစ်ပါ။ ဒီနေ့ကမ္ဘာပတ် အရင်းရှင် ခေတ်ရဲ့နောက်က မိုင် ၁၀၀၀၀ လောက်အဝေးမှာ ကျန်နေပါပြီ။ ဒါပေမဲ့အမြတ်ထုတ် သွေးစုတ်လိုတဲ့ အရင်းရှင်တွေက ကြမ်းကြမ်းရမ်းရမ်း အမြတ်များများ ထုတ်ပေး နိုင်တဲ့ စစ်ဘုရင် စံနစ် ကိုတနည်းတဖုံနဲ့ အားပေးနေပါလိမ့်ဦးမယ်။ ဒီတော့သန်းရွှေစစ်ဘုရင် အောက် ကကျွန် တော် တို့ ပြည်သူတွေဟာ တိုင်းပြည်ရဲ့ သဃံဇာတတွေအမြတ်ထုတ်ဖို့ လောက်မြင်တဲ့ အရင်း ရှင် တွေ ဆီက အကူအညီနဲ့ ကျွန်တော်တို့ တောင့်တတဲ့ ဒီမိုက ရေစီဆိုတာကို ရနိုင် မှာမ ဟုတ်ဘူး။ သူတို့ကိုမျှော်လင့်အားကိုးနေလို့က မိုးကြီး စုတ်စုတ် ချုပ်ယုံသာ ရှိမှာပါ။ ကျွန် တော်တို့ မှာ ကိုယ့်တော်လှန်ရေး ကိုယ်ဘဲလုပ်ရမှာပါ။

တော်လှန်ရေးကိုဘာမှန်းမသိတဲ့သူကပြောသေးတယ်။“တော်လှန်ရေးလုပ်တာကြာ ပြီ ဘာမှ မဖြစ်လာဘူး။” တဲ့။ အင်္ဂလိပ်တွေ၊ ဂျပန်တွေကို တော်လှန်ခဲ့တာကို သတိမရ သလို၊ဒီနေ့ စစ်အာဏာရှင်စံနစ်တော်လှန်ရေးကို မြန်မာပြည်မှာ ဘယ်တုန်းက ပီပီပြင်ပြင် လုပ် ဘူးလဲ ဆိုတာကော သူစဉ်းစားမိရဲ့လား မပြောတတ်။ အခုဆိုရင် “တော်လှန်ရေး” ဆို တဲ့ စကားတောင် မပြောဝံ့သူတွေက အသပြာထုပ်ြေဲကာင့်ရှေ့တန်းနေရာတွေမှာ ယူနေပြီး တော်လှန်ရေး ဆန့်ကျင်ရေးတွေ လုပ်နေတာကို မမြင်ချင်တဆုံး။ တော်လှန်ရေး မပြောနဲ့ နိုင်ငံရေးတောင် မရှိဘူး။

တော်လှန်ရေးဆိုတာ ပေးဆပ်ရတဲ့ အခြေအနေအချိန်အခါမျိုးမှာ ဘယ်လို ဖြီးပြီး ဘယ်လိုဝါး မယ်။ ဘယ်လိုအကွက်နဲ့ ဘယ်လို အမြတ်မျက်မျက် ရမယ်။ ငါ့လူမျိုး ၊ငါ့ဂိုဏ်း ၊ ငါ့အုပ်စု လောက်အတွက်တွေးပြီး လုပ်ခဲ့ကြ။ လုပ်နေကြတာကို နက်နက်နဲနဲစီစစ် ကြည့် ရင် သိနိုင် ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဖိနှိပ်ခံ ပြည်သူအားလုံးက ဖိနှိပ်ခံလူ တန်း စားအားလုံး အတွက် ပီသတဲ့တော်လှန်ရေး၊ စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး ဦးတည် ချက် ကို ပြတ် ပြတ် သားသားလုပ်ဆောင်ရပါမယ်။ တပါတည်းမှာ ဘဲ အချောင်သမား ၀ါဒတိုက်ဖျက်ရေး ဟာ လဲ ဒီနေ့လို အခြေအနေမှာ မရှိမဖြစ်လိုအပ်နေပါတယ်။

စစ်အာဏာရှင်စံနစ်ဟာ ရွေးကောက်ပွဲပြီးရင် ၀တ်ရုံပြောင်းပြီး ပြည်သူတွေကိုလှည့် စားပါတော့မယ်။ ရွေးကောက်ပွဲနဲ့ အပြကောင်းမည့်အစိုးရအရည်ခြုံ ရင်း စစ်အာဏာရှင် စံနစ်သက်ဆိုးရှည် အောင် လုပ်နေမှာပါ။ ဒီအချိန်မှာ “စုန်တိုက်” “ဆန်တိုက်” သမားတွေ၊ “ပူးတိုက်၊ခွါတိုက် ” သမား တွေပေါ်မယ်။ ဘယ်လိုဘဲတိုက်တိုက် စစ်အာဏာရှင်ကို ထိ ရောက်တဲ့ တိုက်ခိုက် မှုတွေကိုသာ ပြည်သူက အားကိုးပါလိမ့်မယ်။ ပြတ်သားတဲ့ တိုက် ပွဲကဘဲ ထိ ရောက်နိုင်ပါတယ်။

ပြည်သူတွေဟာ ဘက်ပေါင်းစုံက စစ်အာဏာရှင် အဖိအနှိပ် ၊အကွပ်အညှပ်ကို ခံနေရပါတယ်။ ဆင်းရဲတွင်း နက်သထက်နက်ပြီး သူများနိုင်ငံတွေမှာအောက်တန်းကျ လွန်းစွာနဲ့ ကျွန်ခံ၊ အသတ်ခံ ရှာဖွေ စားသောက် နေရပါတယ်။ စစ်အာဏာရှင်စံနစ်ကြောင့်ပါဘဲ။ စစ်အာဏာရှင်စံနစ် ရှိနေသ၍ ပြည်သူတွေ အသက်ရှုဝ စရာလမ်းမရှိပါ။ ဒီစနစ်ကို တော် လှန်ရေးကဘဲ အမြစ်က နုတ်နိုင်ပါတယ်။ ကျွန်တော်တို့လုပ်ရမှာ တော်လှန်ရေး ပါဘဲ။ စေ့စပ်ရေးတွေ၊ အပေးအယူတွေနဲ့ မရနိုင်ဘူး။ နှစ်တွေကြာပြီး အချိန်ကုန်ယုံဘဲရှိခဲ့တယ်မဟုတ် လား။

ဒီနေ့ကျွန်တော်တို့ ဆင်နွဲနေရတဲ့ တော်လှန်ရေးဟာ အမျိုးသားလွတ်မြောက်ရေး မဟုတ်ဘူး။ အဖိနှိပ်ခံ လူတန်းစားလွတ်မြောက်ရေးဖြစ်ပါတယ်။သဘာဝအတိုင်းဘဲလူတန်း စားတိုက်ပွဲအကြောင်းကို မရင်းနှီးသေးတာ၊ အမျိုးသားရေး ဦးခွံထဲက မထွက်နိုင်သေးတဲ့ အမြင်တွေကို ကျော်ပြီး အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူလူထုကြီးက စစ်အာဏာရှင်လက် တဆုပ်စာကို ၀ိုင်းဝန်းပြီး “ ပြည်သူ့စစ်ပွဲ မီးပင်လယ် ” နည်းနဲ့ တိုက်ခိုက် ချေမှုန်း ရမှာဖြစ် ပါတယ်။ စစ်အာဏာရှင်သာမက မည်သို့သော ဖိနှိပ်သူပင်ဖြစ်စေ ပြည်သူတွေရဲ့ ဒီတိုက် ပွဲက အောင်ပွဲ သရဖူကို ရနိုင်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေသာ စွဲမြဲခိုင်မာစွာလုပ် တတ် ဖို့လိုပါတယ်။ ကျွန်တော် တို့ပြည်သူ့လွတ်မြောက်ရေးတပ်ဦးအနေနှင့် ဒေသအလိုက် လွတ်မြောက်ရေး ကော်မီတီ (လမက) များဖွဲ့ခါ ပြည်သူ့ စစ်ပွဲကို စတင်ဖေါ်ဆောင် နေပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘာမှ တွေဝေစရာမရှိ ။ ကိုယ့်အလုပ် ကိုယ်လုပ်။ သူ့အလုပ်သူလုပ်ဘဲ။ နတ်ကရာကျီးမော့စရာမလိုပါ။ ကြားဘူးတဲ့ စကား အရ ဆိုရင် “ဒုက္ခသည်ဆိုသည်မှာ ခြေထောက်နှင့် မဲပေးသူများဖြစ်သည်”တဲ့။ ဒီလိုဆိုရင် ကျွန် တော်တို့မှာ စစ်အာဏာရှင် နအဖကို ဆန့်ကျင်မဲပေးသူ ဘယ်လောက်ရ နေပြီလဲဆို တာ တွက်ပြရမလိုဖြစ်သွားပြီ။
ကျွန်တော်တို့ ဘ၀တွေ ဆင်းရဲပြီးအင်မတန်အောက်တန်းနောက်တန်းကျနေတာ ဟာစစ်အာဏာရှင် စနစ်ကြောင့်ဘဲ။ အရင့်အရင်က မိဘဖိုးဖွါးတွေ သူ့ခေတ်နဲ့ သူကိုလိုနီစံနစ်ဆန့်ကျင်ရေး၊ ဖက်စစ် ဆန့်ကျင်ရေးတွေ တာဝန်ကျေကျေလုပ်ခဲ့သလို ကျွန်တော်တို့ ခေတ်ရဲ့ တာဝန်က “စစ်အာဏာရှင် စံနစ် တိုက်ဖျက်ရေး”ဖြစ်တယ်။ဒီတာဝန်ကို ဦးလည်မ သုန် လုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ပြည်သူတွေဟာ နေမ၀င် အင်္ဂလိပ် အင်ပါယာကို တိုက်ခဲ့အောင်မြင်ခဲ့တယ်။

နေမျိုးနွယ်ဂျပန်ဖက်ဆစ်ကိုလဲအနိုင်တိုက်ခဲ့တယ်။ဒီနေ့နဖစစ်အာဏာ ရှင်တွေဟာ နိုင်ငံခြားကလာတဲ့ အားကြီးတဲ့ သူတွေမဟုတ်သလို ကျွန်တော် ပြည်သူ တွေ ကျွေးမွေးလို့သာကြီးပြင်းလာခဲ့တာဖြစ်တော့ ဒဏ်ခတ်ရမည့်နည်းဟာ ပြည်သူ့လက်ထဲမှာဘဲ ရှိပါတယ်။ စစ်အာဏာရှင်တွေဟာ သူ့အပြစ်နဲ့သူပြဿနာနဲ့ ရှုတ်နေတယ်။ ဟိန်ဟန် သာရှိ ပေမဲ့ အတွင်းမှာ ပြိုကျနေတယ်။ ပြည်သူတွေက အင်အားစိုက်ပြီးတကယ်ဖြုတ် ချရင် ပြုတ်မှာဘဲ။ဒါမှသာ ကျွန်တော်တို့ ပြည်သူတွေ လူသား ပီပီသသ ဂုဏ်ရှိရှိ အေး အေးချမ်း ချမ်း ကမ္ဘာမှာ နေနိုင် ပါလိမ့်မယ်။

ပြည်သူလူထုကို ဒီစာအဆုံးသတ်မှီ ဝေမျှချင်တဲ့ စကားတခုက “စစ်ထက် ကြောက်စရာကောင်းတဲ့အရာဟာ စစ်ကိုကြောက်ခြင်းဖြစ်သည်။”တဲ့ဒီတော့ ဒုက္ခသုက္ခတွေ ကြားထဲက သေမထူးနေမထူးဖြစ်နေတဲ့ကျွန်တော်တို့တတွေ ဘာမှတွေဝေစရာမလိုပါဘူး။ စစ်အာဏာရှင် စနစ်ကို မစေ့စပ်စတမ်း ပြတ်ပြတ်သားသား တော်လှန်တိုက်ခိုက် ဖြုတ်ချ ဖို့သာ အရေးကြီးကြောင်း နှစ်သစ်မှာ အကြံပြုအားပေးလိုက်ပါတယ်။

အဖိနှိပ်ခံတို့ ညီညွတ်ကြ။
နေရာအနှံ့ လွတ်မြောက်ရေး ကော်မီတီ ထူထောင်ကြ။
ဘုံရန်သူ စစ်အာဏာရှင် နအဖကို ၀ိုင်းတိုက်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။



ဦးအေးဆောင်
အတွင်းရေးမှူးချုပ်
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
ဇန်န၀ါရီ ၁ ၊ ၂၀၁၀။

ဆက်သွယ်ရန်- ၀၈၉ ၈၃၅၅၃၄၁
email-plfburma@gmail.com





ဆောင်ပုဒ်များ-

စစ်အာဏာကို ပြိုစေလို ၀ိုင်းဝန်းဖြိုဖျက် တယောက်တလက်။
တောရောမြို့ပါ ၀ိုင်းတော်လှန် ဧကန်ပြုတ်ကျ နအဖ။
နေရာတိုင်းမှာ စုစည်းခါ ညီညာဖွဲ့ကြ လမက။
ထချမှ နအဖပြုတ်မည်။