ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Saturday, May 9, 2009

ဘန်ယဉ်တိုက်ပွဲမျိုးကို နေရာအနှံ ဖေါ်ဆောင်ကြ




ဘန်ယဉ်တိုက်ပွဲမျိုးကို နေရာအနှံ ဖေါ်ဆောင်ကြ


မေလ ၃ ရက်နေ့ မနက်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တို့ ပူးပေါင်းပြီး နအဖရဲ့ ခြေမြန်တပ်ရင်း ၄၂၆ ကို ဆီဆိုင်မြို့ နယ် ဘန်ယဉ်ကျေးရွာနားမှာ တိုက်ခိုက်ချေမှုန်း လိုက် ပါတယ်။ လက်နက်ခဲယမ်းများနဲ့ ဆက်သွယ်ရေး စက်ပါ သိမ်းယူနိုင်ခဲ့တယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ဟာ နအဖနဲ့စေ့စပ်ထားတဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) က ၂ဝဝ၇ ဇန်နဝါရီလ မှာ ခွဲထွက်လာတဲ့ အဖွဲ့ဖြစ်တယ်။

ဘန်ယဉ်တိုက်ပွဲဟာ နအဖနဲ့စေ့စပ်ထားတဲ့ အဖွဲ့တွေ၊ စေ့စပ်ဦးမည့်အဖွဲ့တွေ၊ နအဖရဲ့ ဟန်ပြ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အကြံအဖန်လုပ်ချင် သူတွေ၊ ဘာလုပ်ရမလဲ မသိသူတွေကို မရေရာတဲ့ အိမ်မက်ထဲက လှန့်နိုးစေလိုက်ပါတယ်။ အထူးသဖြင့် ဖိနှိပ်ရက်စက်လွန်းတဲ့ နအဖကို ပအိုဝ်းအမျိုးသားတွေ ရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှု စိတ်ဓါတ်ကို ပြသရာရောက်သလို၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ဟာ ရှုပ်ထွေပွေလီနေတဲ့ ရန်သူရဲ့ ပရိယာယ်ကို လက်နက်ကိုင် တိုက်ပွဲနည်းနဲ့ တိုက်ရင်နိုင်ကြောင်း ပြသလိုက်တာ ဖြစ်ပါတယ်။

ဘန်ယဉ်တိုက်ပွဲကြောင့် နအဖစစ်အာဏာရှင်တွေက သူတိုလုပ်နေကျအတိုင်းသားတွေကို အနိုင်ကျင့် ရက်စက် ပြပါလိမ့်မယ်။ ကြွက်မနိုင် ကျည်မီးရှို့ လုပ်ကြပါလိမ့်မယ်။ ဒီလိုရက်စက်မှုတွေဟာ တိုက်ပွဲမဆင်လဲ နအဖအာဏာရှင်တွေက လုပ်နေမြဲလုပ်နေတာဖြစ်တော့ ပြည်သူတွေ အတွက် ဘာမှမထူးတော့သလို ဖြစ်နေပြီ။ တိုက်ပွဲဝင်မှသာ ပြည်သူတွေဘဝဟာ စစ်အာဏာရှင် စံနစ်အောက်က လွတ်မြောက်ရေး မျှော်လင့်ချက်ကို ရ စရာရှိပါတယ်။

ဘန်ယဉ်တိုက်ပွဲမျိုးတွေကို နေရာအနှံဖေါ်နိုင်အောင် ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဘက်က စူးစိုက်လုပ်ဆောင်သင့် ပါတယ်။ ဒါမှသာ ရန်သူဟာ ကျည်မီးရှို့ တဲ့ အလုပ်ကို မလုပ်နိုင်ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့ တတွေ သူများလုပ်တာ ထိုင်ကြည့်၊ ထိုင်စောင့်ဆိုရင်တော့ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်သွေးစုတ်တာကို တိုက်ဖျက်ဖြိုချရာမရောက်သလို ဖြစ်နေပါလိမ့်မယ်။ ကရင်နယ်မြေတွေ၊ ရှမ်းနယ်မြေတွေ၊ ပအိုဝ်းနယ်မြေတွေ၊ ရခိုင်နယ်မြေတွေ မှာ ဗိုလ်ကျမင်းမူနေတဲ့ နအဖစစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် တိုက်ပွဲတွေ အစပျိုးနေကြပါတယ်။ ပြည်သူ့တိုက်ပွဲ မီးပင်လယ်ကို ဝိုင်းဝန်းဖန်တီးပြီး နအဖ စစ်အာဏာရှင်တွေကို ချေမှုန်းနိုင်အောင် ကြိုးပမ်းကြရမှာပါ။ စစ်အာဏာရှင်တွေကို ပြည်သူတွေက အနိုင်တိုက်နိုင်ကြောင်း ပြသတဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖေါ်ထုတ်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

နအဖစစ်အာဏာရှင်တို့အပေါ် ရန်ငါ စည်းပြတ်တဲ့ ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးတပ်နဲ့ ရန်သူကိုတိုက်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်တို့ကို ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ ဂုဏ်ပြုပြီး လှိုက်လှိုက်လှဲလှဲ အားပေးထောက်ခံကြောင်း ဖေါ်ပြလိုက်ပါတယ်။

အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူစစ်အာဏာရှင်ကို ဝိုင်းတိုက်ကြ။
ဒီမိုကရေစီမုချ ရရမယ်။

ဦးစီးကော်မီတီ
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
မေလ၊ ၉၊ ၂ဝဝ၉။

Tuesday, March 3, 2009

ဘာကြောင့် လက်နက်ကိုင်အုံကြွမှုကို မပြောကြသလဲ။

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တဲ့ သံဃာတွေ ရိုက်နှက်သတ်ဖြတ်ထောင်ချ ခံကြရပြီးတာတောင် စစ်အာဏာရှင်တို့ကို လက်နက်ကိုင်အုံကြွတိုက်ခိုက်ဖို့ မစဉ်းစားကြ၊ မပြောကြတာဟာ တော်တော်ရင့်ကျက်တဲ့ ခန္ဒီပါရမီရှင်တွေဖြစ်နေကြလို့ဘဲလား၊ ဒါမှမဟုတ် အကြမ်းဖက်သမားလို့ အခေါ်ခံရမှာစိုးလို့လား၊ ဒါမှမဟုတ် NGO တွေက ထောက်ပံကြေးဖြတ်မှာ စိုးလို့လား၊ ကိုယ့်အမျိုးအချင်းချင်းမို့ သွေးထွက်သံယို မဖြစ်ချင်တဲ့ မျိုးချစ်စိတ်ကြောင့်လား၊ သေနတ်ကိုမကိုင်တတ်ကြလို့လား၊ တယောက်ယောက်က လုပ်မပြလို့လား၊ ခေါင်းဆောင်သူ မရှိလို့လား။ ဒီလို“လား”တွေ အများအပြားထဲမှာ ကျွန်တော်တို့ ဘယ်လိုစဉ်စား အဖြေရှာရမလဲ။

ကျွန်တော့်အနေနဲ့တော့ ဒီနေ့သန်းရွှေဦးဆောင်တဲ့ စစ်အာဏာရှင် စစ်ဗိုလ်တွေဟာ အမျိုးချစ်စိတ်ဆိုတာ မရှိကြတော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားရပါတယ်၊ ဒါအတွက် အထောက်အထားတွေက ၁၉၆၂ ခု ဇူလိုင်၇ရက်နေ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို သတ်တာကစပြီး ငွေသိမ်းမှုတွေ၊ ဦးသန့်အရေးအခင်း၊ အလုပ်သမားအရေးအခင်း၊ ဂဂ ခုကျောင်းသားတွေကို အစုအပြုံလိုက်သတ်တာ၊ ၉ဝခု ရွေးကောက်ပွဲရလာဒ် အတိုင်း အာဏာမလွှဲပေးတာ၊ ဒီပဲယင်းလို နိုင်ငံတော်ဆိုသူတွေက ဦးစီးတဲ့အကြမ်းဘက် သတ်ဖြတ်မှုတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်တဲ့အတွက် ဆန္ဒပြသူတွေကို အကြမ်းဖက် ဖိနှိပ်တာ၊ နောက်ဆုံး သံဃာတွေကို မြင်မကောင်းလောက်အောင် သတ်ဖြတ်ညှင်းပမ်းတာတွေ၊ နာဂစ်မုန်တိုင်းခံရသူတွေကို အမြန်မကူဘဲ လက်ပိုက်ကြည့် နေရက်တာတွေဟာ စစ်အာဏာရှင်တွေအနေနဲ့ မျိုးချစ်စိတ်လုံးဝ မရှိတာကိုအထပ်ထပ်အခါခါပြနေတာပါဘဲ။ ဒီတော့မျိုးချစ်စိတ်ဟာ စစ်အာဏာရှင်တွေနဲ့ ရင်ဆိုင်ရာမှာ အသုံးဝင်တဲ့ ဆေးမဟုတ်တော့ပါဘူး။ ဒီတော့ မေ့လိုက်ရပါတော့မယ်။ ဖိနှိပ်သူလူတန်းစားကို ဆန့်ကျင်ရတဲ့ အတန်းအစားတိုက်ပွဲအမြင်နဲ့သာ တော်လှန်တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။


သွေးထွက်သံယိုတာကို မလိုလားလို့ သွေးထွက်သံယိုမှုနည်းသွားပါသလား။ ဗုံးဆံတခုဟာ သင့်ပေါင်မှာ စိုက်ဝင်နေတယ်ဆိုပါစို့ ဒီအဆံကို သွေးထွက်ခံ ခွဲမထုတ်ဘဲ အနာမခံဘဲ သက်သာလာမယ်ထင်ပါသလား။ ဒီအ တိုင်းပါဘဲ ဒီနေ့စစ်အာဏာရှင် စနစ်ဟာ ကျွန်တော်တို့အသားထဲမှာ စူးဝင်နေတဲ့ ဗုံးစလိုပါဘဲ အနာမခံမထုတ်ပယ်ရင် ကျွန်တော်တို့ အသက်ကိုတောင်ရန်ရှာစရာရှိပါတယ်။ဒီအတွက် ကျွန်တော်တို့ အနာခံအပင်ပန်းခံ တိုက်ဖျက်ကြရ ပါလိမ့်မယ်။ စူးနေတဲ့ ဗုံးဆံဟာ အလိုလိုဘယ်တော့မှ မထွက်လာပါ။ လေ့လာရတဲ့စကားတခုက “စစ်ထက်ကြောက်စရာကောင်းတဲ့အရာဟာ စစ်ကိုကြောက်ခြင်း” တဲ့။

မျိုးချစ်စိတ်လဲမရှိ၊ လူထုတွေအတွက်လဲ ဘာမှမလုပ်ပေး စစ်ဗိုလ်ချုပ်တွေအတွက် မျက်စ်စုံမှိတ် မိုက်မိုက်ကန်းကန်း ရက်စက်ပြနေတဲ့ လက်ပါးစေ စစ်ဗိုလ်စစ်သားတွေဟာ စစ်ဗိုလ်ချုပ်တွေ အာဏာ တည်မြဲရေးနဲ့ ပိုမိုသွေးစုတ်နိုင်အောင်လုပ်ပေးနေတဲ့ ပြည်သူကိုဆန့်ကျင်ရေး ကြေးစားများသာဖြစ်ကြတယ်။ ဒီလိုဖြစ်နေတာကို နီးစပ်ရာ နအဖတပ်မှူးတပ်သားတွေကို ရှင်းပြပြီး အမြန်ဆုံး လက်နက်ကိုင်အုံကြွနိုင်အောင် တိုက်တွန်းအားပေး ကြရမယ်။ သူတို့စစ်တပ်တွေ၊ ဘားတိုက်တွေ၊ ကင်းတဲတွေထဲက ထွက်ပြေးအောင် အားပေးကြရမယ်။

သီးခံတယ်ဆိုတာဟာ အတိုင်းအရှည်ရှိပါတယ်။ အတိုင်းအရှည်အကန့်အသတ်မရှိရင် ကျွန်တော်တို့အစဉ် အဆက်ဒီလိုဘဲ စစ်အာဏာရှင် စနစ်အောက်မှာ ပြားပြားမှောက်ရင်း အရိုးတွေဆွေးကုန်ကြမယ်၊ အခု စစ် အာဏာရှင် မြန်မာပြည်မှာ ကြီးစိုးနေခဲ့တာ ၆၂ ခုနှစ်က စတွက်ရင် ရာစုနှစ်တဝက်ရှိ ရော့မယ်။ ကျွန်တော်တို့ ကိုယ်ကိုပြန်ကြည့်ပါ၊ ဖိနှိပ်ခံဘဝက ကျွတ်လွတ်ပါရဲ့လား၊ ကြီးပွါးလာဖို့မဆိုထားနဲ့ ယခင်မိဘဖိုးဖွါးတို့ အဆင့် အတန်းမျိုးရှိသေးရဲ့လား။

လူ့ဂုဏ်သိက္ခာဆိုတာက ဘယ်မှာလဲ။ ဒီတော့ နိုင်ငံခြားသားတဦးကမေးတယ် “ခင်ဗျားတို့က စစ် အာဏာရှင်ကိုနိုင်ဦးမှာလား”တဲ့ ။ ကျွန်တော်တို့ငုံ့ခံချည့် နေနေလို့ သူတပါးရဲ့ အထင်သေးအမြင်သေးတာကို ခံကြရပါလိမ့်မယ်။ သီးခံသင့်တဲ့ ကာလတွေ ကုန်လွန်သင့်တာကြာပြီ တိုက်ပွဲကိုသာဝင်ရပါတော့မယ်။

စစ်အာဏာရှင်တွေက ရာစုနှစ်ဝက်လောက် အကြမ်းဘက်လာတာကို ဘယ်သူတွေက အခိုင်အမာ အပြစ်တင် ခဲ့ကြလို့လဲ အခုဆိုနိုငံတကာက ၂ဝ၁ဝရွေးကောက်ပွဲကို အကွယ်အကာယူပြီး နအဖနဲ့ အပေးအယူ လုပ်ဖို့၊ နအဖကို အလှချယ်ပေးချင်သူတွေ ပေါ်လာနေတယ်။ ကျွန်တော်တို့မှာ ကိုယ်အခွင့်အရေးအတွက် ကိုယ်တိုက်ပွဲဝင်ရမှာကိုတောင် အကြမ်းဖက်သမားလို့ နံမည်တပ်ခံရမှာကြောက်နေရတာက အပြင်က လူတွေသိရင် ရီကြမယ် ထင်ပါတယ်။ အီရန်နိုင်ငံနဲ့ ရဝမ်ဒါနိုင်ငံတွေရဲ့ ဖြစ်စဉ်ကို ဘယ်သူက ကြမ်းတယ် နုတယ် အခုပြောကြပါသလဲ။ အောင်ပွဲရတဲ့ သူတွေကို ဘယ်သူက အပြစ်တင်ကြမှာလဲ၊ အပြစ်တင်ရင်တောင် ဘယ် လောက် ကြာကြာတင်နိုင်မှာလဲ။ အောင်ပွဲကဘဲ နောက်ဆုံး လက်တွေ့ အမှန်တရားဖြစ်လာမှာပါ။

NGOs တွေဆီက အကူအညီဖြတ်မှာကြောက်ရင်တော့ တော်လှန်ရေးမလုပ်ဘဲ လူမှုရေးသက်သက် လုပ်ရင်ကောင်းမယ်။ အခုဟာက တော်လှန်ရေးနဲ့ လူမှုရေးဟာ မတူတာကို သိကြပေမဲ့ ငွေမျက်နှာကို ထောက် နေကြတာကို တွေ့ရတယ်။ NGOs တွေကငွေတွေကို အသနားခံပြီး သူတို့တိုင်းပြည်ကပြည်သူတွေဆီက တောင်းလာတာပါ။ ဒီတော့ တိုက်မယ်ခိုက်မယ်ဆိုရင် သူတို့ကမပေးချင်ဘူး။ “တော်လှန်ရေး” ဆိုတဲ့စကားလုံးဆို
ပိုတောင်ကြောက်သေးတယ်။ ကျွန်တော်တို့ အနေနဲ့ တောင်းရမ်းရတဲ့ ငွေမှီပြီးမှ တော်လှန်ရေးလုပ်ရမယ်ဆိုရင် သူများရဲ့ မယားငယ်အလုပ်ခံရ သလိုဖြစ်နေမယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ကိုယ့်အား ကိုယ်ကိုးတဲ့ စိတ်ဓါတ်နဲ့ တိုက်ခိုက်ရေးစိတ်ဓါတ်ကို မြှင့်တင်ရင်း တော်လှန်ရေးလမ်းကို လျှောက်ကြရမှာပါဘဲ။

တော်လှန်ရေးကို အောင်မြင်အောင် မဆင်နွဲနိုင်သေးတဲ့အတွက် ခေါင်းဆောင်မှုပြဿနာကို ဆန်းစစ်ဖို့ရာ လိုလာပါတယ်။ ခေါင်းဆောင်ကို စီစစ်တာထက်သူတို့ချတဲ့ လမ်းစဉ်တွေကို စီစစ်ရမှာပါ။ ခေါင်းဆောင် လုပ်သူတွေ ကိုပြောင်းလဲပါ။ ဆင်းပေးပါပြောရမှာက သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင် တွေဖြစ်တယ်။ ကျွန်တော်တို့မှာ တိုက်ရိုက်တာဝန်မရှိပါ။ လမ်းစဉ်အရ ဝေဖန်ပြောဆိုတာတော့ရှိရမှာဘဲ။ ဒီနေ့ကျွန်တော်တွေ့ရှိနေတဲ့ ပြဿနာက ဒေါ်စုရဲ့ အကြမ်းမဖက်တဲ့ နည်းနာတွေက တော်တော်များများကို ရိုက်ခတ်နေတယ်။ ပြည်တွင်းမှာ ကျင့်သုံးရင်ရကောင်းရနိုင်ပေမဲ့ ပြည်ပနဲ့ တောထဲမှာ ကျင့်သုံးလိုမရဘူး။ နေရာဒေသ မတူဖြစ်နေတယ်။ အထူးသဖြင့်တောထဲမှာ နေရတဲ့ တော်လှန်ရေးသမားတွေအတွက် ပိုအခက် အခဲရှိတယ်။ စေ့စပ်ဆွေးနွေးရေးအမြင်နဲ့ လုပ်ရပ်တွေက ဘယ်လောက်အထိ စစ်အာဏာရှင် စနစ်ဖြုတ်ချရေး ကို ထိခိုက်စေသလဲဆိုတာတော့ စေ့စပ်ထားတဲ့အဖွဲ့တွေ ဖြစ်နေပုံ သာကြည့်ပေတော့။

ဒီတော့ ကျွန်တော်တို့ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး အနေနဲ့၊ နအဖစစ်အာဏာရှင်ကို တိုက်ဖျက်ဖြုတ် ချရေးလမ်းစဉ်ကို အခိုင်အမာဆုတ်ကိုင် အကောင်အထည်ဖေါ်သွားမှာ ဖြစ်တယ်။ အဖိနှိပ်ခံညီညွတ်ရေး၊ ဘုံ ရန်သူ ဝိုင်းတိုက်ရေး အချောင်သမားဝါဒ ဆန့်ကျင်ရေးဆိုတဲ့ အခြေခံမူပေါ်မှာ ရပ်တည်တိုက်ပွဲဝင်သွားမယ်။ လမ်းစဉ်မှန်ဖို့ခေါင်းဆောင်မှု မှန်ကန်ဖို့ တော်လှန်ရေးအဖွဲ့အစည်းတိုင်း သက်ဆိုင်ရာ အဖွဲအစည်း အလိုက် လုပ်ကြရမှာပါ။

ရှင်းလင်းနေတဲ့ မြင်ကွင်းက စစ်အာဏာရှင် ဖိနှိပ်သူတွေက အလိုလို မဆင်းသွားသလို၊ ခေါင်းဆောင်ဆိုသူတွေဟာလဲ သူ့ဟာသူဆင်းမဲ့သူ အင်မတန် နည်းမှာဘဲ။ တော်လှန်ရေးဆိုတာ အောက်ခြေ အဆင့်ဆင့်က လုပ်သွားရပါလိမ့်မယ်။ ဖိနှိပ်သူ နအဖ စစ်အာဏာရှင်တွေက အဖိနှိပ်ခံပြည်သူတွေကို တန်ဖိုးထားလေးစားဖို့ ဆိုတာမပြောနဲ့ လူလိုသူလိုတောင် အသိအမှတ်မပြုတော့ ကျွန်တော်တို့ လုပ်ရမှာက စကားပြောပွဲမဟုတ်၊ စေ့စပ်ပွဲမဟုတ်စစ်အာဏာရှင်ဖိနှိပ်သူတွေကို အကြမ်း နည်းနဲ့ဖယ်ရှားဖို့အတွက် အဖိနှိပ်ခံ ပြည်သူအားလုံးက ဝိုင်းဝန်းတိုက်ဖျက်ကြဖို့ဘဲ ဖြစ်တယ်။ ပြည်သူ့ စွမ်းပကားကို ယုံရင်ပေါ့။ မယုံတဲ့လူတွေက တခြားနည်းလမ်းလုပ်ပေါ့။ ဒါက သူ့လမ်းကိုယ့်လမ်းဘဲ။
ကျွန်တော်တို့ဘက်မှာ ပြတ်သားတဲ့ အမြင်နဲ့ တိုက်ပွဲဝင်မှ ပြည်သူတွေရဲ့ပြတ်ပြတ်သားသား အင်နဲ့အားနဲ့ ထောက်ခံတိုက်ပွဲ ဝင်လာ ကြမှာ ဖြစ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်က ဘာမှတိုက်ပွဲမဝင်ဘဲ ရန်သူထံက
တောင်းဆိုမှုသက်သက်၊ နိုင်ငံတကာကို အပူကပ်သက်သက်ဆိုရင်တော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ အားကိုးမှု၊ နိုင်ငံတကာရဲ့ ယုံကြည်မှုတွေ ကျဆင်းသွားယုံသာမက စစ်အာဏာရှင်ရဲ့ လှဲ့ကွက်ထဲမှာ NGOs တွေရဲ့ ကြိုးဆွဲရာထဲမှာ တဝဲဝဲလည်နေနေရမှာပါဘဲ။
ဦးရွှေအုန်းလို “ရတဲ့နေရာကနေ လုပ်ရမယ်” ဆိုရင်တော့ သူရတဲ့နေရာက သူလုပ်ပါစေ။ ဝိဓူရဦးချစ်မောင်လဲ ဒီလိုလုပ်ခဲ့တာပါဘဲ။ ကျွန်တော်တို့က ရန်သူပေးတဲ့ နေရာမဟုတ်ဘဲ ကိုယ်ဘာသာ တည်ဆောက်ယူတဲ့နေရာက ထိမိပြတ်သားတဲ့တော်လှန်ရေး၊ အမြင့်ဆုံးဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေး။ စစ်အာဏာရှင် စနစ်ဖြုတ်ချရေးကို မြင့်မြင့်မားမား ရည်မှန်းချက်နဲ့လုပ်ရမှာပါ။

ကျွန်တော်တို့ဟာ တော်လှန်ရေးသမားတွေဖြစ်တယ်။ တရွေ့ရွေ့ဖြစ်စဉ်သမားတွေမဟုတ်ဘူး။ ဒီနေ့ လုပ်ရမည့်အလုပ်က စစ်အာဏာရှင်စနစ်ကို အမြစ်ကနေတော်လှန်မှ ပြည်သူတွေရဲ့ဘဝဟာ သာယာဝ ပြောနိုင်မယ်။ စစ်အာဏာရှင်တွေရဲ့တီးလုံးအတိုင်း လိုက်ကပြီး မရေရာမသေချာတဲ့ မျှော်လင့်ချက် အိမ်မက်တွေ ပေါ်မှာ မှီခိုနေလို့မရဘူး။ စစ်ဗိုလ်ချုပ် တစုလောက်ကို ဝိုင်းညှပ်ထားဖို့ စိတ်ကူးတဲ့ အေးလွင်ဆိုတဲ့လူက သူ ကိုယ်တိုင်က သိုးဖြစ်နေပြီး စစ်ဗိုလ်ချုပ်က မြေခွေးဖြစ်နေတယ်ဆိုတာသူမသိရှာတော့၊ ကြောင်ကို ချူဆွဲမည့် ကြွက် အိမ်မက်သာ ဖြစ်နေတော့တယ်။ ဗိုလ်နေဝင်းတယောက်ကို အားကောင်းတဲ့ ဦးနုအစိုးရက နိုင်အောင် ထိန်းချုပ်နိုင်ခဲ့သလား ပြန်စဉ်းစားကြည့်သင့်တယ်။ အာဏာဟာ ဘယ်ကလာသလဲဆိုတာကို မမေ့သင့်ဘူး။

သူတို့တတွေ စိတ်ကူးယဉ်မှုကို သူတို့မသိပေမဲ့ ပြည်သူတွေက သိပါတယ်။ သူတို့က ရန်သူရဲ့လိုင်စင်ရ နိုင်ငံရေးသမားဆိုတော့ လိုင်စင်မရတဲ့သူ တွေကြားမှာ တမူးသာသလိုလို၊ သူတို့ဟာ ပြည်သူတွေရဲ့ ဆန့် ကျင်တာကို တနည်းမဟုတ်တနည်းခံရမှာပါဘဲ။ ဒီနေ့ကျွန်တော်တို့ လုပ်ရမည့်အလုပ်ဖြစ်တဲ့ စစ်အာဏာ စနစ်တိုက်ဖျက်ရေးဟာ ယနေ့သမိုင်းပေးတာဝန်ဘဲ။ လူထုတိုက်ပွဲနဲ့ လက်နက် ကိုင်တိုက်ပွဲပေါင်း စပ်ဖို့ဘဲ။ တခြား လမ်းလွှဲ လမ်းခွဲတွေက လက်နက်ကိုင် အုံကြွရေးအလုပ်ကို မထိခိုက်ဖို့ ကျွန်တော်တို့ အမြဲတမ်းထိမ်းသိမ်း တည့်မတ်သွားရပါမယ်။ တော်လှန်ရေးရဲ့ အမြင့်ဆုံးလက္ခဏာဖြစ်တဲ့ လက်နက်ကိုင် အုံကြွပုန်ကန်မှုကို ဦးတည် လုပ်ဆောင်ကြရမှာဘဲ။ ရည်ရွယ်ချက်က နအဖစစ်အာဏာရှင်ကို တိုက်ဖျက်ဖို့၊ အမြစ်မကျန်လှန်ပစ်ဖို့ဖြစ်တယ်။ စေ့စပ်ဖို့၊ ဆွေးနွေးဖို့၊ အတုအယောင်ရွေးကောက်ပွဲအတွက် အလုပ်ရှုပ်ခံ၊ အချိန်ကုန်ခံဖို့မဟုတ်ဘူး။

အဖိနှိပ်ခံတို့ညီညွတ်ကြ။
အချောင်သမားဝါဒဆန့်ကျင်ကြ။
စစ်အာဏာရှင်ကို ဝိုင်းတိုက်ကြ။
ဒီမိုကရေစီ မုချရရမယ်။

ဦးအေးဆောင်
မတ်လ၊ ၃ ၊ ၂ဝဝ၉။

Monday, February 2, 2009

ကရင့်တော်လှန်ရေး အနှစ် ၆ဝ မြောက် နေ့အတွက် သဝဏ်လွှာ


ကရင့်တော်လှန်ရေး အနှစ် ၆ဝ မြောက် နေ့အတွက် သဝဏ်လွှာ

မိုက်ရိုင်းရက်စက်မှု ကမ်းကုန်နေသည့် ဗိုလ်သန်းရွှေဦးဆောင်သော နအဖ စစ်အာဏာရှင်တို့ကို သိက္ခါရှိသော မည့်သည့် နိုင်ငံရေးပါတီကမျှအဖက်လုပ် ဆွေနွေးပြောဆိုရန်မသင့်တော့ပေ။ ဤသို့သော အခြေအနေတွင် ကရင့် တော်လှန်တော်လှန်ရေး အနှစ် (၆ဝ) မြောက်နေ့နှင့် လာရောက်ကြုံကြိုက်နေခြင်းက ကရင့်တော်လှန်ရေး ကို ပြင်းထန်သောစမ်းသပ်မှု အဖြစ်သဘောထား ရမည်သာဖြစ်တော့သည်။

ဥက္ကဌစောဘဦးကြီး၏ လမ်းညွှန်ချက်အောက်တွင် ခိုင်ခိုင်မာမာရပ်တည်လာခဲ့သော ကေအန်င်ယူ ခေါင်းဆောင် သည့် ကရင့်တော်လှန်ရေးသည် အနှစ် (၆ဝ) တိုင်တိုင်ရပ်တည်လာနိုင်ခဲ့ခြင်းက လမ်းစဉ် မှန်ကန် မှုကို သက်သေပြသခဲ့ခြင်းပင်ဖြစ်ပါသည်။

အနှစ် (၆ဝ) ကာလအတွင်း ရရှိခဲ့သော အတွေ့အကြံနှင့် အခက်အခဲတို့သည် ကေအန်င်ယူ အဖွဲ့ အစည်းကြီး အတွက် တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာတို့ကို ရရှိပြီးစေခဲ့ပြီးဖြစ်သည်မှာ ယုံမှားစရာမရှိ။ ၈၈ ခုနှစ် တပြည် လုံးအုံကြွခါ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုတွင် ကေအန်င်ယူမှ နိုင်ငံရေးအမျှော်အမြင် ရှိရှိဖြင့် တိုင်းရင်သားပေါင်းစုံ ညီညွတ်ရေးသဘောထားနှင့် လက်နက်ကိုင်တိုက် ပွဲဦးတည်ချက်တို့သည် ကေအန်င်ယူ၏ နိုင်ငံရေး အခန်းကဏ္ဍ ကို မြင့်တင်ပေး ခဲ့ပါသည်။

၁၉၉၄ ခုနှစ်မှစ၍ ရန်သူ၏ ဘာသာရေးသွေးခွဲအမြတ်ထုတ်ခံရခြင်း၊ စေ့စပ်ရေးပရိယာယ်ဖြင့် တိုက်ခိုက်ရေး စိတ်ဓါတ်ကို ထိခိုက်စေခဲ့ခြင်း ကြောင့် တစုံတရာ နစ်နာခဲ့သည့်တိုင် လက်နက်ကိုင် တိုက်ပွဲသည်သာ ဖိနှိပ်ခံ ပြည်သူအပေါင်းတို့၏ လွတ်မြောက်ရေး တိုက်ပွဲကို အောင်မြင် နိုင်စရာရှိကြောင်း မကြာသေးမီက ကျင်းပ သည့်ကေအင်န်ယူကွန်ဂရက်က ပြတ်သားသည့် သဘောထားကြောင့် ညီညွတ် ရေးနှင့် တိုက်ပွဲဝင်ရေး စိတ်ဓါတ်တို့ ရှင်သန်ကြီး ထွားလာစရာရှိပေသည်။ ထို့အတူ ဒုက္ခအဖုံဖုံကြုံနေ ရသော ပြည်သူတို့၏ မျှော်လင့် အားထားရာလည်း ဖြစ်လာပါလိမ့်မည်။

ကျွန်ုပ်တို့ မဟာမိတ်အဖွဲ့အနေဖြင့် ကေအန်င်ယူ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌါန်းခွင့်မှုကို အခိုင်အမာထောက်ခံ အားပေးသည့်အပြင် စစ်အာဏာရှင်နအဖ သန်းရွှေအုပ်စုကို တိုက်ခိုက်ချေ ဖျက်ရေး အတွက် ဆထက်ထမ်းပိုး ပူပေါင်းတိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း ဤသို့သောထူးမြတ်သည့် အနှစ် (၆ဝ) ပြည့် နေ့တွင် ထုတ်ဖေါ်တင်ပြ လိုက်ပါသည်။

ဘုံရန်သူ စစ်အာဏာရှင်ကို ဝိုင်းတိုက်ကြ။

တော်လှန်ရေးမုချအောင်ရမည်။

ဒီမိုကရေစီ မုချရရမည်။

ဦးစီးကော်မီတီ

ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။

ရက်စွဲ။ ။ ဇန်န၀ါရီ ၃၁၊ ၂၀၀၉ ခုနှစ်

Thursday, December 18, 2008

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) အနှစ် ၂ဝ မြောက်မွေးနေ့အတွက် သဝဏ်လွှာ


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)
အနှစ် ၂ဝ မြောက်မွေးနေ့အတွက် သဝဏ်လွှာ

မကဒတ ရဲဘော်အပေါင်းတို့ -
ရဲဘော်တို့ဟာ ကြမ်းတမ်းခက်ထန်တဲ့ အနှစ်နှစ်ဆယ်ဆိုတဲ့ ခရီးရှည်တခုကို ဖြတ်သန်းလာခဲ့ပြီးပီ ဆိုတဲ့အသိနဲ့ ဂုဏ်ယူကြစေချင်ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင် စံနစ်တိုက်ဖျက်ရေးလုပ်ငန်းက မအောင်မြင်သေးဘူး။ အခုဆို ရဲဘော်တို့ဟာ တော်လှန်ရေးဆိုတာကို တစုံတရာ မြည်းစမ်းပြီးပီလို့လဲ ပြောနိုင်တယ်။ ရဲဘော်တို့ သိလာ ကြတဲ့အတိုင်း တော်လှန်ရေးဟာ လွယ်ကူတဲ့ အလုပ်မဟုတ်ဖူးဆိုတာကို အလေးအနက် ထားစေချင်တယ်။ သမရိုးကျအသိလောက်၊ ခံယူချက်လောက်နဲ့ မရတာကို သိလာကြခဲ့ပြီ၊ ဒီတော့ တော်လှန်ရေးအောင်ချင်တဲ့၊ အများအကျိုးလုပ်ချင်တဲ့၊ စစ်အာဏာရှင်ကို ဖယ်ရှားချင်တဲ့ တို့တတွေဟာ တော်လှန်ရေးအောင်ပွဲရရေးအတွက် တော်လှန်ရေးခံယူချက်၊ တော်လှန်ရေးသမားတွေရဲ့ အကျင့်တွေကို လေးလေးနက်နက်လေ့လာပြီး ပိုမိုပီသ ထက်မြက်အောင် ပြင်းပြင်းထန်ထန် ကျင့်ကြံကြဖို့ လိုသေးတယ်။ အရင်အတိုင်း ပေါ့ပေါ့ပါးပါးနဲ့တော့ မရနိုင်ဘူး
ဆိုတာအခြေအနေကတို့ကို သင်ပေးနေတယ်။

ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ မကဒတ ရဲဘော်တို့ဟာ လူမျိုးရေး အခြေခံတွေကို ကျော်လွန်တယ် ဆိုတာကို တို့အလေးအနက်သိရမယ်။ ဒါကြောင့်ဘဲ တို့နိုင်ငံရဲ့ ဘယ်ဒေသ ဘယ်နေရာမှာရောက်ရောက် တို့တ တွေဟာ သဘောထားကြီးပြီး အမြင်ကျယ်ဖို့ လိုအပ်တယ်။ ဒီနေ့ခေတ်စကားနဲ့ပြောရရင် လုပ်ငန်းကို ဒေသ အလိုက်လုပ် - ရည်မှန်းချက်က လူမျိုးစုံအတွက်၊ ဒီမိုကရေစီရေးအတွက် ဆိုတာ မျက်ခြေမပြတ် အမြဲရှိရမယ်။

ဒီနေ့ မကဒတရဲ့ ချမှတ်ထားတဲ့ လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲလမ်းစဉ် ဟာ ဒီနေ့ပြည်သူတွေရဲ့ လိုလား ချက်နဲ့ တထပ်ထည်းဖြစ်တယ်။ ပြည်သူတွေရဲ့ ထွက်ရာလမ်းဟာ ဒီလမ်းစဉ်ဘဲ။ တခြားလမ်းစဉ်တွေဟာ အခု အခါမှာ ချွတ်ခြုံကျကုန်ပြီ။ အလုပ်မဖြစ်တော့ဘူး။ ရှေးရှေးက တော်လှန်ရေးလုပ်ခဲ့သူတွေဟာ ရန်သူနဲ့ မစေ့စပ် မဆွေးနွေးတတ်လို့ မဟုတ်ဘူး။ ဖိနှိပ်အုပ်ချုပ်သူတွေဆိုတာ စကားနဲ့ပြောတာလောက်နဲ့ မဖယ်ရှားနိုင်မှန်း သိခဲ့လို့ လက်နက်ကိုင်တော်လှန်ခဲ့ကြရတာပါ။ ဒီနေ့ နအဖလို အမျိုးသားစိတ်မပြောနဲ့ လူစိတ်တောင် ကင်းတဲ့ စစ်အာဏာရှင် သန်းရွှေတို့ အုပ်စုကိုဆို ပိုဆိုးသေးတယ်။

စကားပြောလို့ အရာထင်စရာ အကြောင်းမရှိတော့ဘူး။ ဒီတော့ ပြည်သူ့အားနဲ့၊ တော်လှန်တဲ့နည်းနဲ့ တိုက်ဖျက် ဖြုတ်ချဖို့သာရှိတယ်။ အဲဒီ ခက်ခဲတဲ့တာဝန်က တို့တတွေ မဖြစ်မနေထမ်းဆောင်ရမှာဘဲ။ ဒါဟာ ဒီနေ့တော် လှန်ရေး တာဝန်ဘဲ။

မကဒတ ရဲဘော်အပေါင်းတို့ နအဖတပ်ဟာ လူထုရဲ့ချဉ်ပတ်ဖြစ်နေတယ်။ နအဖစစ်သားတွေလဲ စစ်တပ်ထဲမှာ မနေချင်ကြတော့ဘူး။ တလတလ ရာချီ ထွက်ပြေးနေတယ်။ နအဖစစ်တပ်ဟာ ပြည်သူလူထုကို ဖိနှိပ် တာက လွှဲလို့ ဘာမှ လူထုအတွ က် အကျိုးမရှိဘူး။ ဒီတပ်ဟာ တို့တတွေ စည်းရုံးရေးနည်း စစ်ရေးနည်းတွေနဲ့ တိုက်ပွဲ ဝင်ရင် သူတို့တတွေ ကျေပြုန်းသွားနိုင်ပါတယ်။ တို့တတွေသာ အားစိုက်ခွန်စိုက် လှုပ်ရှားနိုင်ရင် ပြည်သူ တွေရဲ့ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေးနဲ့ ဒီမိုကရေစီထွန်းကားရေး မျှော်လင့်ချက်တွေကို ရှင်သန်ခိုင်မာ လာစေ ပါလိမ့်မယ်။ ပြည်သူတွေရဲ့ အားကိုးမှုနဲ့ ထောက်ခံမှုကို ပိုမိုရရှိလာပါလိမ့်မယ်။

စစ်အာဏာရှင်စံနစ်ကို တိုက်ဖျက်ကြ။
ဒီမိုကရေစီမုချရ ရမယ်။
ဦးဆောင်ကော်မီတီ။
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
နိုဝင်ဘာ ၃၁ ။ ၂ဝဝ၈။

Tuesday, August 19, 2008

စူးနေသော မျှားနှစ်ချောင်း

ဆုတောင်း မေတ္တာပို့သခြင်း သက်သက်မျှသာလုပ် တတ်တဲ့ ရဟန်းသံဃာများကို ရိုက်နှက် ခုတ်ထစ် သတ်ဖြတ်လိုက်တဲ့ သန်းရွှေရဲ့စစ်တပ်တွေကို ဘယ်လိုအနုနည်းနဲ့ ထပ်ရင်ဆိုင်ဦးမလဲ ကျွန်တော်တို့ လူသာမာန်တွေ စဉ်းစားနိုင်ပါသေး သလား။ နောက်ကျန်မည့်အနုနည်းတွေဟာ လိုက်လျှော အလျှော့ပေးခြင်း၊ အညံ့ခံခြင်း၊ ကျိုးနွံနာခံခြင်းမှ လွဲ၍ ဘာမှမဖြစ်နိုင်တော့ တာကို အထင်းသား တွေ့နိုင်ပါတယ်။ ဒီလမ်းအတွက်လည်း ရေလာမြောင်းပေး လုပ်သူကလုပ်၊ ဘေးတီးပေးသူကတီးနဲ့ မြန်မာပြည် နိုင်ငံရေးဟာ မျှော်လင့်ချက်မဲ့သလို ဖြစ်နေတယ်။
နိုင်ငံခြားကို အားကိုးမျှော်လင့်သူက လည်းမျှော်နေတယ်။ နိုင်ငံခြားကလဲ ဆွေးနွေးပွဲတွေ ထုတ်ပြန်ချက်တွေလုပ်ရုံ၊ ဂရုဏာကြေးလေးပေးရုံက လွှဲလို့ စစ်အာဏာ ဖယ်ရှားပစ်ရေးကို လေသံတောင် မဟ ကြတော့ ပြောင်ရက်စက်မှု အလီလီလုပ်ပြတဲ့ စစ်တပ်အခန်းကို အသိအမှတ်ပြုလက်ခံဖို့ တောင်ပြောနေ ကြပြီအနှိပ်စက်ခံ မြန်မာပြည် သူများအတွက် အားကိုးရာ မရှိသလိုပါဘဲ။
ကျွန်တော်တို့ ဘာကြောင့်ဒီလိုအားကိုးရာမဲ့ ၊မျှော်လင့်ချက်မဲ့ ဖြစ်နေရမှာလဲ။ ကျွန်တော်တို့ဟာ ထွန်းပြောင်တဲ့ သမိုင်းရှိတဲ့ ပြည်သူတွေဖြစ်ခဲ့ကြတာကို သတိမရကြတော့ဘူးလား။
သူများကို ဘာကြောင့် အားကိုးချင်ကြတာလဲ။ ကျွန်တော်တို့ ကိုယ်ကျွန်တော်တို့ မယုံကြည်ကြတော့ ဘူးလား။
ကျွန်တော်တို့ ဘက်ကဘာတွေများ ချို့ယွင်းနေလို့လဲ။ သေချာပါတယ် ကျွန်တော်တို့ဘက်က ချိုးယွင်းချက်တွေကြောင့်သာ ဒီလောက် ရက်စက် ယုတ်မာတဲ့ အုပ်စိုးသူ စစ်အာဏာရှင်တွေ ကြာရှည်ကြီးစိုးနိုင်ခဲ့ကြတာပါ။ကျွန်တော်တို့သက်ကမချို့ ယွင်းခဲ့ရင် ဒီတိုင်းပြည်က စစ်အာဏာရှင်တွေ သူ့ကိစ္စနဲ့သူတောင် ပြီးသွားလောက်ပါပြီ။
ဒီတော့ ကျွန်တော်တို့ဘက်ကချို့ယွင်းချက်တချို့ကို လေ့လာကြည့်ချင် ပါတယ်။ အတိတ်က အကြောင်းတွေပြန်ပြောင်း ပြောပြနေရင်လဲ အငြင်းအခုံဖြစ် နေတာတွေနဲ့ လိုရင်းမရောက်တတ်တာနဲ့ မျက်မှောက်ကိစ္စကိုဘဲ စိစစ်လိုက်ပါတယ်။
ဒီနေ့ ကျွန်တော်တို့ လိုအပ်နေတာက ဘာလဲ။ ကျွန်တော်တို့လိုအပ်နေတာ“တော်လှန်ရေး ”ပါ။ ငြိမ်းချမ်းရေးတို့ အမျိုသားသင့်မြတ်ရေး တို့မဟုတ်ဘူး။ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးပါ။တော်လှန်ရေးဆိုတာ ခြေဆုံးခေါင်းဆုံးပြောင်းလဲရေးဖြစ်တယ်။ပြုပြင်ယူတာမဟုတ်ဘူး၊ နအဖ စစ်အာဏာရှင်တွေဟာ ဂိတ်ဆုံးနေပါပြီ။ သူတို့ဟာ အစွယ်ရော အမြီးပါပေါက်နေတဲ့ ဘီလူးတွေပါ။ လူသား မစားရင်နေလိုမရတဲ့ အကောင်တွေ၊ သူတို့ရှိနေသ၍ ကျွန်တော်တို့ ပြည်သူတွေ မရှင်သန်နိုင်ပါဘူး။ လက်ငင်းဖြစ်ပျက်နေတာတွေဟာ ဒီအချက်ကို သက်သေပြနေတာပါဘဲ။
တော်လှန်ရေး ဆိုတာ ဖေါက်ပြန်တဲ့လူတန်းစားတရပ်ကို တခြားတော်လှန်တဲ့ လူတန်းစားက အကြမ်းဘက်ဖယ်ရှား တာဖြစ်ပါတယ်။ အကြမ်းမဖက်ဘဲနဲ့ ဖယ်ရှားလို့မရပါဘူး။ဒါကို ပြတ်ပြတ်သားသားကျွန်တော်တို့လူတွေ ယုံသလား။ မယုံသေးရင် တော်လှန်ရေး မဟုတ်တဲ့ နည်းတွေနဲ့ ထပ်စမ်းဦးပေါ့၊ နောက်ထပ် ဆယ်စုနှစ် နှစ်ခုလောက်။
ကျွန်တော်တို့ချို့ ယွင်းနေတာက တော်လှန်ရေးကို တော်လှန်ရေးလို မလုပ်ခြင်းပါဘဲ။ ရှင်းအောင်ပြောရရင် ရန်သူကို အကြမ်းဖက် မြုဖတ်ချခြင်းဘဲ။ ၈၈ကလဲဒီအမှား၊ အခုလဲဒီအမှားပါဘဲ။
ရန်သူကို အနုနည်းနဲ့ ရင်ဆိုင်လို့ ရန်သူလဲ ပြော့ပြီး ကိုယ့်ကိုမသတ်ဘူးလို့အခုလိုအချိန်မှာ ထင်စရာရှိပါသေးသလား။ ဒီတော့ စစ်အာဏာရှင် ဘီလူးတွေကို ကွယ်ပျောက်စေချင်ရင် အင်အားသုံး အကြမ်းဘက် တိုက်ခိုက်ရမှာ ပါ။ ပြည်သူလူထုရဲ့စွမ်းပကားက အင်အားပါဘဲ။ ပြည်သူဘက်က အင်အားကို ရန်သူတိုက်ဖို့မသုံးရင် ကိုယ့် ကိုယ်ကို ကြိုးချည်းပြီး လည်စင်းပေးရာသာ ကျနေလိမ့်မယ်။ တော်လှန်ရေးကို ဆန့်ကျင်လေ့ရှိတတဲ့နိုင်ငံခြာကမြှောက်ပေးတိုင်း စိတ်ကူးမယဉ်မိဖို့ အရေးကြီးပါတယ်။ ဒီတော့ အကြမ်းဖက်ရေးဟာ စစ်အာဏာရှင်လို ရန်သူနဲ့ ရင်ဆိုင်ရာမှာ မသုံးမဖြစ်လိုအပ်ချက် တခုဖြစ်ပါတယ်။
နိုင်ငံခြားကလူတွေက ရန်သူကို အချိန်တွေကြာ ညောင်းပြီး ကျွန်တော်တို့အောင်ပွဲမဆင်နိုင်ရင် ကျွန်တော်တို့ကိုဘဲ အပြစ်တင် ကြပါလိမ့်မယ်။ ကျွန်တော်တို့ကို စွန့်ခွာသွားပါလိမ့်ဦးမယ်။ ဒီတော့ ကျွန်တော်တို့ ကြမ္မာကျွန်တော်တို့ဘဲ ဖန်တီးရမှာပါ။
နောက်ချို့ ယွင်းချက်က “စေ့စပ်ရေး ရောဂါ” ပါ။ စေ့စပ်ရေးကို လုပ်ဖို့အရေး အချိန်တွေဘယ်ဖလာက်ပေးခဲ့ ပြီလဲ။ နအဖကဒီပဲယင်း လူသတ်မှုလိုဟာမျိုး ကိုကျူးလွန်ကထည်းက ကျွန်တော်တို့ သဘောပေါက်သင့် ပါတယ်၊နအဖရဲ့ ရည်ရွယ်ချက်က ချေမှုန်းရေးဘဲ ဖြစ်တာကို အကြောင်းအချက်များစွာမှာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ကကော သူတို့ကို ဘာကြောင့်ချေမှုန်ရေး စနစ် မသုံးနိုင်တာလဲ ။ဘာတွေက တာဆီးနေပါသလဲ။ စေ့စပ်ရေး မျှော်လင့်ချက် ဟာ ရန်သူချေမှုန်းရေး အဆင့်ကို ဘယ်တော့မှ ရောက်စေမှာ မဟုတ်ပါဘူး။ ဒီတော့ ဘယ်အပြတ် အသတ်နိုင်စရာ ဘယ်ရှိတော့မှာလဲ။ နိုင်စရာ မရှိတော့ အားပေး ထောက်ခံတဲ့ လူတွေ အထူးသဖြင့် စစ်တပ်ထဲက အရာရှိတွေက ဘက်ပြောင်းပါ့မလား။ စေ့စပ်ပြီးရင်လဲ သူတို့က ဒုံရင်းဟာ ဒုံရင်းဘဲ ဖြစ်မယ် ဆိုတာသူတို့သိထားမှာဘဲ။ ဘာကြောင့် အလုပ်ရှုပ်ခံကြမှာလဲ။ ဒီတော့ ရန်သူစစ်အာဏာရှင်ကြိုဖတ်ချချင်ရင် စေ့စပ်ရေးအတွေးအခေါ်ကို အခုအချိန်မှာ လုံးဝ ကင်းစင်နေရမယ်။ ဒါမှ မဟုတ်ရင် ဘယ်လိုလှုပ်ရှားမှုဘဲလုပ်လုပ် ခဲဆွဲထားသလို စေ့စပ်ရေးအတွေးအခေါ်ကြောင့် လေးကန်နေပြီး တဘက်ရဲ့ဖြိုချ တာကိုဘဲ ခံရနေရပါလိမ့်မယ်။ ရန်သူကလည်း သူ့အကြပ်အတည်း အခြေအနေအလိုက် အမြတ်ထုတ်နိုင်အောင် နောက်ဖေးတံခါးဖွင့်ထားပေး သလိုရှိ ပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့စပ်ရေးလုပ် သင့်တဲ့ အချိန်အဟုတ်ပါ။တိုက်ခိုက်ရေ စိတ်ဓါတ်ကိုသာ ပြည်သူတွေကို ပေးသင့်ပါတယ်။
သန်းရွှေက ဒေါ်စုကို အကန့်အသတ်တွေ လုပ်သလိုဘဲ။ ကျွန်တော်တို့ကလဲ “စေ့စပ်ရေး ”ကို သင့်တော်တဲ့အခြေအနေတရပ် မပေါ်မချင်းလုံဝမစဉ်းစား သင့်ပါ။ ယခုလို အချိန်ဆိုလျှင်ပို ၍ပင် ဝေးဝေးရှောင် ရပါလိမ့်မယ်။အလွန်မသင့်တော်သော အချိန်ပါဘဲ။
“တော်လှန်ရေး” ဆိုတာ ခက်ခဲကြမ်းတမ်းပါတယ်။ ဒါပေမဲ့ ဒါဟာ သဘာဝ တရားပါ။ ရေဆူတာတို့ မီတောင်ပေါက်တာတို့၊ မီးဖွါးတာတို့ဟာ အဆင့်တခုအတွက် အားစိုက် ပန်ပမ်းကြရတာပါဘဲ။
ကျွန်တော်တို့ တော်လှန်ရေးလှုပ်ရှားမှုနဲ့တူတဲ့ကိုယ်ခန္ဓာမှာ စူးဝင်နေတာက အဲဒီမျှားနှစ်ချောင်းပါ။ “အကြမ်းမဖက်ရေး”နဲ့ “စေ့စပ်ရေးပါ။ ” အဲဒီမျှားတွေကို နုတ်ပယ်နိုင်တာနဲ့အမျှတော်လှန်ရေးဟာ အားကောာင်းမောင်းသန်ပြီး စစ်အာဏာရှင်စံနစ်ကို အမြစ်ကနေ နုတ်ပယ်နိုင်မှာ ပါ။
လူတင့် ၁၈ ၊၁၀ ၊၂၀၀ရ။

Wednesday, July 30, 2008

စစ်အာဏာရှင်နအဖဒေါက်တိုင်တို့ကို လက်တုန့်ပြန်သည့် စွမ်းအားမြှင့်ကျောင်းသားစစ်သည်တော်တို့ လုပ်ရပ်ကို ထောက်ခံသည်၊

ရန်ကုန်ရွှွှွှေပြည်ယာ ကြံ့ဖွံ့ရုံးးကိုဗုံးခွဲခြင်းအတွက် ကျွန်ုပ်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ အားပေးထောက်ခံသည်၊ကြံ့ဖွံ့နှင့် စွမ်အားရှင် ဆိုသူတို့သည်၊ နအဖစစ်အာဏာရှင်တို့၏ လက်ပါးစေ လက်ကိုင်ဒုတ်များဖြစ်ခါ ကျော်မကောင်း ကြားမကောင်း ဒီပဲယင်းကျည်ရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် လူထုလှုပ်ရှားမှုတို့တွင် ရဟန်းသံဃာနှင့် ပြည်သူတို့ကို ရက်ရက်စက်စက် တိုက်ခိုက်သူများဖြစ်သည်၊ သူတို့သည် ပြည်သူထဲမှ လောက်ကောင်များဖြစ်သည့်အားလျှော်စွာ စစ်အာဏာရှင်တို့ကို မိုက်မိုက်မဲမဲ အကျိုးပြုနေသူများ ဖြစ်သည်၊သူတို့အား တုန့်ပြန်အရေးယူခြင်း။ တိုက်ခိုက်ချေမှုန်းခြင်းသည် တရားမှန်ကန်သော လုပ်ရပ်ဖြစ်သည်၊
“ပြည်သူတို့တွင် စစ်တပ်မရှိလျှင် ဘာမှမရှိနိုင် ” ဆိုသည့် စကားအတိုင်း ဖိနှိပ်ခံပြည်သူတို့သည် ကိုယ့်ကိုယ်ကို ကာကွယ်ရန် စစ်တပ်တခု ရှိရန်မဖြစ် မနေလိုအပ်နေသည်၊ လူမဆန်သည့် စစ်အာဏာရှင်သန်းရွှေ မောင်အေး ဂိုဏ်းသားတို့ လက်အောက်တွင် ပြည်သူကို ကယ်တင်မည့် စစ်တပ်တခု “ပြည်သူ့ တပ်မတော်တရပ် ” သည်ပို၍ပင် လိုအပ်လှပေသည်၊
ပြည်သူ့ဘက်က ရပ်တည်မည့် စစ်တပ်တရပ်ပေါ်ပေါက်လာရေးအတွက် နအဖနှင့် လမ်းခွဲသော။ ပြည်သူကို ဒုက္ခပေးသူတို့အား တိုက်ခိုက်သော ပြည်သူကိုကာကွယ်သော လှုပ်ရှားမှုမှစကာ စုစည်း တည်ဆောက် ရမည်သာဖြစ်သည်၊
ယနေ့ပြည်သူလူထုသည် “ လက်နက်ကိုင်လှုပ်ရှားမှုကို ဗဟိုပြု တခြားတိုက်ပွဲသဏ္ဍာန်နှင့် ပေါင်းစပ်” ဟူသောလမ်းစဉ်အောက်တွင် စုစည်း ညီညွတ်စွာ ပါဝင်သင့်ပေသည်၊ ပြည်သူလူထု၏မျက်နှာကို စိုးစင်းမျှ မထောက်ဘဲ သူတို့အာဏာတည်မြဲရေး တခုတည်းကိုသာ ဇွတ်အတင်းလုပ် ဆောင်လေ့ရှိသည့် စစ်အာဏာရှင် ဘုရင်ရူးသန်းရွှေနှင့် သူ့နောက်လိုက်လက်ပါးစေ လက်ဝေခံတို့ကို တိုက်ခိုက်ရန်မှာ ယနေ့တော်လှန်ရေး၏ အဓိက ကျသော တာဝန်ဖြစ်ပေသည်၊
ထိုကြောင့် စစ်အာဏာရှင် တိုက်ဖျက်ရေး။ ပြည်သူကို ကာကွယ်နိုင်ရေးအတွက် ကျွန်ုပ်တို့ပြည်သူအပေါင်းသည် နအဖစစ်တပ်နှင့် လမ်းခွဲခါ။ ပြည်သူလူထုအကျိုးကို သယ်ပိုးသော ။ ပြည်သူကို ကာကွယ်သော စစ်အာဏာရှင်နှင့်သူ့လက်ပါးစေလက်ဝေခံတို့ကို တိုက်ခိုက်သော လှုပ်ရှားများလုပ်ခါ ပြည်သူဘက်က ရပ်တည်သော ပြည်သူ့တပ်မတော် အဖြစ် ဖေါ်ထုတ်လျှက် ပြည်သူ့တိုက်ပွဲ မီးပင်လယ်ဖြင့်နအဖ စစ်အာဏာတို့ကို တိုက်ခိုက် ကြရပါတော့မည်၊
ကျွန်ုပ်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးသည် စစ်အာဏာရှင်တို့ နှင့်ပတ်သက်၍ပြတ်သားသော သဘောထားရပ်တည်ချက်တို့နှင့် ခိုင်မာစွာ အစဉ် ရပ်ခံခါ လက်နက်ကိုင်လှုပ်ရှားနေခဲ့သည့်အလျှောက် စွမ်းအားမြှင့်ကျောင်းသားစစ်သည်တော် တို့၏ ရန်သူအပေါ် ပြတ်ပြတ်သားသား တိုက်ခိုက်ရေး လုပ်ရပ်များကိုလည်း ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် ဆက်လက်အားပေးထောက်ခံသွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်လိုက်သည်၊

စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။
တော်လှန်ရေးမုချအောင်ရမည်၊
လူထုအစိုးရ ပေါ်ထွန်းရမည်၊

ဦးစီးကော်မီတီ၊
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊
ဇူလိုင် ။ ၆ ။၂၀၀၉

အချောင်သမား ၀ါဒ အန္တရာယ်၊

ကျွန်တော်တို့ကို ဒုက္ခပေးနိုင်သူဟာ အဝေးက ရန်သူမဟုတ်ဘဲ အနီးက မိတ်ဆွေဟန်ဆောင်နေသူတွေဘဲဖြစ်နေတော့တယ်။ ဒီအဖြစ်အပျက် မျိုးတွေ သမိုင်းစာမျက်နှာမှာ အများအပြားရှိနေခဲ့ကြတယ်၊ ဒါပေမဲ့ အချိန်ကာလတွေ အဖြစ်အပျက်တွေ ပြောင်းလာသလို မိတ်ဆွေဟန်ဆောင်တဲ့ ရန် သူတွေဟာလဲ ပုံစံနဲ့နည်းနာတွေပြောင်းလာတယ်၊ သူတို့က အထက်စည်းရသူတွေ။ ဖိနှိပ်နေသူတွေနဲ့အပေးအယူလုပ်ထားကြတော့ ငွေကြေး။အချိန်။ လူအင်အားတွေ။ ဆက်သွယ်ရေးစံနစ်တွေ ကောင်းမွန်ကြတယ်။တတ်နိုင်ကြတယ်၊ဒီတော့ ကျွန်တော်တို့ထက် တပန်း အမြဲသာသလိုဖြစ်နေတော့တယ်၊
ဘယ်လိုဘဲ သာပါစေ ဘယ်လိုဘဲ ဟန်ဆောင်ကောင်းပါစေ။ ရန်သူဖြစ်တယ် ဆိုတာဟာ အနှေးနဲ့အမြန်ပေါ်လာရမှာပါဘဲ၊ လစေ့တော့ မမွေး ဘဲ မနေနိုင်သလိုပါဘဲ၊ ဒီလိုသိဖို့က ကျွန်တော်တို့ သတိထားကြရပါမယ်၊ သတိဟာ ပညာဥာဏ်ရဲ့အစဘဲမဟုတ်လား၊
ဒီကနေ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလို့ပြောကြတဲ့သူတွေ။ လုပ်တော့ စစ်အာဏာရှင် အကြိုက်လိုက်လုပ်နေတဲ့သူတွေ အများကြီး ဘဲ၊မဲ ထည့်ခဲ့ကြသူတွေ နအဖရဲ့မဲစနစ်ကို တစုံတရာ ယုံကြည်ခဲ့ကြသူတွေဖြစ်တယ်၊ သူတို့တတွေ ယနေ့ဘာပြောကြဦးမလဲ၊ လှုပ်ဆော်ခဲ့ကြသူတွေက ဘာကြောင့်လှုပ်ဆော်ခဲ့ကြသလဲ၊ ပြည်သူတွေရဲ့အချိန်တွေ။ လုပ်အားတွေ။ ငွေတွေကုန်ရကျိုးနပ်ပါသလား။ ဒီလိုပြန်စဉ်စားရင် ကျွန်တော်တို့ လော လောလပ်လပ် မှားခဲ့ပုံကို သိနိုင်မယ်ထင်ပါတယ်၊ ဒါဟာသတိထား ကြရပါမယ်ဆိုတဲ့ စကားကိုပြန်ရှင်းပြတာပါ၊ နအဖကို ဆန့်ကျင်မယ်ပြောပြီး သူကို ကူညီခဲ့တာလို့ဆိုနိုင်ပါတယ်၊နအဖအပေါ် ပြတ်ပြတ်သားသားမရှိတာပေါ်လွင်နေခဲ့ပါတယ်၊
အခုတခါ နအဖရဲ့၂၀၁၀ ရွေးကောက်ပွဲကို မျှော်ဖို့ ၀င်နိုင်ဖို့စတင် ခြေလှမ်းပြင်နေကြပါပြီ၊ဒါကလဲ ဆန္ဒခံယူပွဲတုန်းကလို ဖြစ်သွားအောင် တောခြောက်ပေးတာပါဘဲ၊ သူတို့ ဆင်တဲ့ အကွက် အတိုင်း သွားနေမယ်ဆိုရင် ကျွန်တော်တို့ပြည်သူတွေဟာ နအဖရဲ့လှည့်ကွက်နဲ့ သူ့ရဲ့ အလံရှူး တွေ ရဲ့လေသံ အောက်မှာ မျိုးဆက်တခုပြီးတခု ဖိနှိပ်ခံ သွားကြရပါလိမ့်မယ်၊ ကျွန်တော်တို့ ဟာသူတို့ကြောင်းတဲ့ လမ်းသာလိုက်လို့ကတော့ မိုးကြီးသာ ချုပ်သွားမယ် ရွာတော့ တွေ့စရာမရှိတော့ဘူး၊ဒီမိုကရေဒီ။ လူ့အခွင့် အရေးမပြောနဲ့ အသက်ပင်မှန်မှန်ရှူဖို့ ခက်လာပါလိမ့်မယ်၊
ဒီတော့ ကျွန်တော်တို့ဘာလုပ်ကြမလဲ၊ ကျွန်တော်တို့မှာ လုပ်ငန်းနှစ်ခုရှိလာတယ်၊ နအဖကို တိုက်ဖျက်ဖို့ နဲ့ နအဖရဲ့သူလျှို မိတ်ဆွေဟန် ဆောင် နေတဲ့ အချောင်သမားဝါဒီတွေကို ဆန့်ကျင်ဖို့လိုပါတယ်။ နအဖနဲ့ပတ်သက်ပြီး ပြတ်ပြတ်သတ်သတ်ဆန့်ကျင်သလို။ အချောင်သမားဝါဒနဲ့ပတ် သက်ပြီး ပြတ်ပြတ်သတ်သတ် ဆန့်ကျင်ရပါလိမ့်မယ်၊
သူတို့ဟာ နအဖဆန့်ကျင်ရေး မှိုင်းလုံးနဲ့ ပြည်သူတွေကို လမ်းလွဲပို့နေသူတွေဖြစ်တယ်၊ တကယ်က သူတို့ကိုယ်တိုင်နအဖကို အပြတ်အ သတ်မဆန့်ကျင်ဘဲ တခြားလူတွေ အပြတ်အသတ်ဆန့်ကျင်ဖို့ တိုက်တွန်းမယ်ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ နည်းကို သုံးနေကြတာပါဘဲ၊ လေသံက တော့ တကယ့် ၀ါရင့်တော်လှန်ရေး ဒေါင်ဒေါင်မြည် လေသံ၊ နအဖကို ပြတ်ပြတ်သတ်သတ် ဆန့်ကျင်ဖို့ရည်ရွယ်ချက် မရှိဘဲ ဘယ်လိုထက်မျက်တဲ့ ယူဂျီတွေ တည်ဆောက်လို့လဲရ စရာ မရှိပါ၊
ဒီတော့ နအဖကို ဆန့်ကျင်တိုက်ဖျက်ဖို့ရာ နည်းနာကလွယ်ကူလှပါတယ်၊ နအဖကို မစေ့စပ်စတမ်းတိုက်ဖျက်ဖို့ပါဘဲ၊ အချောင်သမား ၀ါဒ ကိုဆန့်ကျင်ရာမှာတော့ ကျွန်တော်တို့ကိုယ့် တိုင်က နအဖကို တကယ်ဆန့်ကျင်တိုက်ဖျက်ဖို့ သံဓိဌါန်ချထားဖို့ လိုပါတယ်၊ရန်သူ့ထံက အချောင်ရ လာ မည့် အခွင့်အရေးကို မမျှော်လင့်သင့်ပါဘူး၊ မိတ်ဆွေလိုလိုနဲ့ နအဖရဲ့လမ်းကြောင်းဘက် မသိမသာ ဆွယ်တတ်တဲ့ အချောင်သမား နအဖအလံရှူး တွေ ကို စီစစ်ဆန့်ကျင်ဖို့ ဖွင့်ချဖို့လဲလိုပါတယ်၊
ဒီနေ့ နအဖကို ဆန့်ကျင်တိုက်ဖျက်ရေးလမ်းကြောင်းက ရန်သူနဲ့ မစေ့စပ်စတမ်း “လူထုတိုက်ပွဲလက်နက်ကိုင်တိုက်ပွဲ ”လမ်းကြောင်းပါ၊ရှင်း သထက်ရှင်းလာနေပေမဲ့ နအဖအလံရှူး အချောင်သမားတွေက ရှင်းနေတဲ့ လမ်း ကြောင်းကို ရှုပ်ထွေးသွားအောင် လူထုကို မှိုင်းတိုက်တတ်လို့ပါဘဲ၊
မကြာမှီက အဖြစ်အပျက်တခုကို သတိရမိတယ် ၊ မိတ်ဆွေ တဦးက သူ့သမီးချော ၁၇ နှစ်ကို သူအိမ်မှာ အလုပ်လုပ်နေတဲ့ လူယုံ အမျိုးသမီးတ ယောက်က မြူဆွယ်ခိုးထုတ်သွားလို့ စိတ်ပူနေရကြောင်းပြောပြပါတယ်၊ တကယ်တော့ ကိုယ်နားမှာနေပြီး ရန်သူ့ကိုအကျိုးပြုနေသူတွေ “ကိုယ့်လူသူ့ ဘက်သား”တွေဟာ အင်မ တန်အန္ဒရာယ်ကြီးလှပါတယ်၊ဒီနေ့ပြည်သူတွေရဲ့ မျက်စေ့ကို သဲနဲ့ပက်သူတွေလဲဖြစ်တယ်၊ကျွန်တော်တို့ နိုငိငံရေးသတိ ကြီး စွာထားပြီး ရန်သူ့အကြိုက် ပြောဆိုမှုတိုင်း လုပ်ကိုင်မှုတိုင်းကို စီစစ်ဖို့လို နေပါတယ်၊

စစ်အာဏာရှင်နအဖကို တိုက်ဖျက်ကြ၊
အချောင်သမားဝါဒ ဆန့်ကျင်ကြ၊
ပြည်သူ့အစိုးရ ပေါ်ထွန်းရမယ်။

လူတင့်
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊
ဇွန် ၆ ။ ၂၀၀၈ ၊