ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Saturday, March 8, 2014

လက်နက်ကိုင်တိုက်ပွဲတွေ လိုအပ်မြဲ လိုအပ်နေတယ်။



လက်နက်ကိုင်တိုက်ပွဲတွေ လိုအပ်မြဲ လိုအပ်နေတယ်။
စစ်အာဏာနဲ့ ကြီးစိုးနေတဲ့ခဲ့ မဆလ၊ န၀တ၊ နအဖ၊ ကြံ့ဖွတ် အစိုးရတွေဟာ သူတို့ရဲ့ အာဏာကို ဘယ်တော့မှ အလွယ်တကူနဲ့ လက်လွှတ်မှာ မဟုတ်ကြောင်း ၆၂ ခုနှစ်ကစ အဓိကသတ်ဖြတ်မှုတွေဖြစ်တဲ့ ရှစ်လေးလုံး အစုလိုက်အပြုံ လိုက် သတ်မှု၊ ၂၀၀၇ ခုငြိမ်းချမ်းစွာ စီတန်းလှည့်လည်တဲ့ သံဃာ တွေကို သတ်မှုတွေကနေ ယနေ့နောက်ဆုံး ကချင်ပြည်နယ်တိုက်ပွဲ၊ရှမ်းပြည်နယ်တိုက်ပွဲ၊ လက်ပံတောင်း လူထုတိုက်ပွဲနဲ့ လယ်သမား အလုပ်သမား ဆန္ဒပြ မှုတွေကို ချိုးနှိမ်ပုံတွေက ပြနေတယ်။
လက်ဝါးကြီးအုပ် စစ်ပဒေသရာဇ်စံနစ်နဲ့ တင်းတင်းကြပ်ကြပ် အုပ်ချုပ်လာခဲ့ရာ ဖိနှိပ်မှုတွေက ဖုံးလို့ဖိလို့ရ၊ စစ်တပ်အပါအ၀င် လူထုလူတန်းစားတွေကိုထိမ်းသိမ်းလို့ မရနိုင်တဲ့ အဆုံးတမျိုးတဖုံ လှည့်စားဖို့ အရပ်ဝတ် လဲပြီး၊ စိတ်ကြိုက်ဆွဲထားတဲ့ ၂၀၀၈ ဥပဒေ၊ မသမာတဲ့ ရွေးကောက်ပွဲနဲ့ ဟန်ပြလွှတ်တော်တို့ကို ဖန်တီး လိုက်တယ်။ အခွံပြောင်း ကြံ့ဖွတ်စစ်အာဏာရှင်တွေက သူတော် ကောင်းလိုလိုအရည် ခြုံလာတော့ တယ်။စီပွါး ရေးအ ချွတ်ခြုံကျနေတဲ့ အရင်းရှင်တိုင်းပြည် တွေရဲ့ အထောက် အပံ့နဲ့ စစ်အာဏာရှင် ကြံ့ဖွတ်အစိုးရဟာ လူတော သူတော တိုးလာ နိုင်တဲ့ အပြင် ဖေါက်ပြန်တဲ့ အချောင်သ မားတွေ ရဲ့ ကောက်ကျစ်မှုကို အသုံးချပြီး လူမျိုးစု တိုင်းရင်း သားများ အပါအ၀င် ပြည်သူလူထု တရပ်လုံး ကို နိုင်ငံရေးအရ မှိုင်းတိုက်၊ စီးပွါးရေးအရ မက် လုံးပေးပြီး စစ်အာဏာရှင် စံနစ်ကို အောက်တန်းစား နည်း တွေနဲ့ ကျားကန်ကာကွယ်နေတယ်။
၁၉၄၈ ခုနှစ်နောက်ပိုင်း မြန်မာပြည်တော်လှန်ရေးတွေဟာ လူတန်းစားတိုက်ပွဲတွေဖြစ်နေပေမဲ့ လူတန်း စားတိုက် ပွဲ အမြင်ရှင်းရှင်း မရှိခဲ့ သလို၊ အုပ်ချုပ်သူများကလည်း နည်းပရိယာယ် တို့ကိုသာ သုံြး ပီး ပြဿနာတွေကို ဖြေရှင်းခဲ့ကြတယ်။ တော်လှန်ရေးအင်အားစုများဆိုသည်မှာလည်း တော်လှန်ရေးသဘောတရားထက် မိမိတို့ လူမျိုးနဲ့ ပါတီ အကျိုး စီးပွါးပေါ် အခြေပြုရင်း ရန်သူနဲ့ အပေးအယူလုပ် အချောင်လိုက်ခဲ့ကြ တယ်။ တော်လှန် ရေး ဆိုတာ အဖိနှိပ်ခံလူတန်းစားတွေက ဖိနှိပ်သူလူတန်းစားကို အင်အားသုံး ဖြိုချကြတာဖြစ် ကြောင်း သိကြ ပေမဲ့ အမျိုးသားရေး အမြင်ကျဉ်းမှုမစင်တာရယ်၊ အချောင်သမားဝါဒ သြဇာကို မတွန်းလှန်နိုင်တာကြောင့် လက် တွေ့ အကောင် အထည် မဖေါ်နိုင်ခဲ့ကြဘူး။
ဒီနေ့ စစ်အာဏာရှင် ကြံ့ဖွတ်က အနုနဲ့ အကြမ်း၊ စေ့စပ်ရေးနဲ့ စစ်ရေး၊ ရွေးကောက်ပွဲနဲ့ ဖိနှိပ်ချုပ် ချယ်ရေးဆိုတဲ့ မီးစ တဖက်ရေမှုတ် တဖက်ပေါ်လစီကို ကျင့်သုံးရင်း အောက်လမ်းနည်းနဲ့ တော်လှန်ရေး အင်အားစုတွေကိုဖြိုခွဲ နေတယ်။ တော်လှန်ရေးရည်မှန်းချက်မဲ့၊တကိုယ်တော်အကျိုးစီးပွါး မျှော်သူတွေ၊ တော်လှန်ရေးနဲ့ လူထုကို အထင်သေးသူတွေဟာ ရန်သူ့မြူဆွယ်မှုအောက်မှာ အရည်ပျော်သွားကြတယ်။ဒါပေမဲ့ လူထုက ဒုံရင်းက ဒုံရင်း သာ ဖြစ်မြဲ ဖြစ်နေတယ်။ရုန်းကန်တိုက်ပွဲဝင်မှုတွေက လျှော့ကျမသွားခဲ့ဘူး။ မြို့ထဲ စက်ရုံတွေက အလုပ် သမားတွေ၊မတရား မြေသိမ်းခံရတဲ့ လယ်သမားတွေ၊ အခွင့်အရေးမဲ့ ပြည်သူတွေ၊ ခိုကိုးရာမဲ့ တိုင်းရင်းသားတွေ၊ အနာဂါတ်မဲ့ ပညာတတ်တွေ၊ ဘ၀ပျက်ရတဲ့ ပြည်ပ ရောက် ရွှေ့ပြောင်း အလုပ်သမားတွေဟာ နေ့စဉ် စားဝတ်နေရေးဒုက္ခ အပြင် စစ်အာဏာရဲ့ အမြတ် ထုတ်သွေး စုတ်မှုကိုပါ လူးအလဲခံနေကြရင်း တိုက်ပွဲဝင် နေရစဲဖြစ်တယ်။
လူထုအကျိုးကို လုံးဝ ဂရုမထားဘဲ လက်တဆုတ်စာ စစ်ဗိုလ်ချုပ်တွေနဲ့ သူ့လက်ပါးစေလက်ဝေခံတွေ အတွက် သာ ရှေ့ရှုလုပ်ဆောင်နေတဲ့ ကြံ့ဖွတ်စစ်အာဏာရှင်တွေ အောက်မှာ အခြေခံဥပဒေကလည်း မမှန် မတရား၊ ရွေးကောက်ပွဲ ကလည်း မသမာ၊ အကျင့်ပျက်ချစားမှုတွေကလည်း ကမ်းကုန်နေချိန် မှာ ပြည်သူတွေအတွက် မျှော်လင့်ချက်ဆိုတာကိုစစ်အာဏာရှင်စံနစ်ကို မြေလှန်နိုင်မည့် ခြေဆုံးခေါင်းဆုံး တော်လှန်ရေး တရပ်ကသာ ပေးနိုင်တော့မယ်။
ကြံ့ဖွတ်အစိုးရဟာ ဟန်သာရှိပြီး အစွမ်းအစမရှိပါ၊ မြစ်ဆုံ၊ လက်ပံတောင်း၊ မြေယာ၊ လစာ၊ ကိစ္စများကို ပြတ်ပြတ်သားသား မရှင်းနိုင်သလို ငြိမ်းချမ်းရေး အမည်ခံ စေ့စပ်ရေး လုပ်ငန်းမှာလည်း တိုးတက်မှုထက် သွေးကွဲမှုတွေ၊သံသယတွေသာပိုပိုများလာနေတယ်။ကိုးကန့်နဲ့ ပြဿနာတွေကလည်း မြန်မာပြည် နိုင်ငံ့ရှေ့ ရေးအတွက် စဉ်း စား စရာ၊ ပူပင်စရာတွေ တိုးပွါးစေခဲ့တော့တယ်။
မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ နာလံထစနိုင်ငံလို့ပြောနေကြပေမဲ့ အချိန်မရွေးပေါက်ကွဲ နိုင်တဲ့ မိုင်းဗုံး တလုံးလိုဖြစ်နေတယ်။ အခြခံပြဿနာက ပြည်သူတွေအားကိုးတဲ့ ၊ယုံကြည်မှုရှိတဲ့ အစိုးရမရှိလို့ဘဲ။ စစ်အာ ဏာရှင် စစ်တပ်ကဗိုလ်ချုပ်ကြီး အဟောင်းအသစ်တွေရဲ့ အကျိုးစီးပွါးအတွက်သာ အစိုးရဆို တာတွေက ပြောင် ပြောင်တင်းတင်း လုပ်ဆောင်နေကြ တာကြောင့် ပြည်သူတွေရဲ့ ယုံကြည်မှုဟာ သုံညအောက်ရောက်နေ တော့တယ်။ ပြည်သူ့ လူထုတရပ်တရပ်လုံးက အစစ်အမှန် လွတ်လွတ် လပ်လပ် ရွေးကောက်တင် မြှောက် လိုက်တဲ့ လူထုအစိုးရ တရပ်ကသာ တိုင်းပြည်နဲ့လူထု အကျိုးကို အမှန် သယ်ပိုးမည့်အစိုးရဖြစ်လာ နိုင်ပါတယ်။လူထုယုံကြည်မှုကိုလည်းရလာနိုင်ပါတယ်။စစ်အာဏာရှင်တွေသြဇာအောက်က ရေးဆွဲထားတဲ့ ဥပဒေနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲတွေက လူထုယုံကြည်မည့် အစိုးရအဖြစ် ပေါ်လာစရာ မရှိပါ။
  လက်နက်အားကိုး၊စစ်တပ်အားကိုးတဲ့ စစ်အာဏာရှင်စံနစ်ကို ပြည်သူတွေရဲ့ပိုမိုကြီးမားကျယ်ပြန့်တဲ့ လူထု လှုပ်ရှားမှု၊အင်အားသုံး တိုက်ခိုကမှုတို့လုပ်မှာသာ ဖယ်ရှားဖြုတ်ချနိုင်မှာဖြစ်တယ်။ လူထုတိုက်ပွဲ လက်နက် ကိုင် တိုက်ပွဲ ပေါင်းစပ် လှုပ်ရှားမှုနဲ့သာ အောင်မြင်လာနိုင်လိမ့်မယ်။ အနုနည်း ဆန္ဒပြ သက်သက်တွေက စစ်တပ်ရဲ့ ပစ်မှတ် အဖြစ်နဲ့ သာ အဆုံးသတ်သွားတတ်တာကို ရာစုနှစ် တ၀က်ကျော် အတွေ့အကြုံ ကရလာခဲ့ပြီ။ အလုပ် သအားတွေ၊လယ် သမား တွေ ဆန္ဒပြတာကို လက်နက်ကိုင်သူတွေက ရပ်ကြည့်နေ၊ လက်နက်ကိုင်တိုက် ပွဲဖြစ်နေတာကို မြို့ထဲကလူထုကရပ်ကြည့်နေလို့တော့စစ်အာဏာရှင်တွေကို ဖြုတ်ချဖို့ မဖြစ်နိုင်။
 ဒီလိုရပ်ကြည့်နေအောင်၊ မစုစည်းနိုင်အောင်၊ မဆက်စပ်နိုင်အောင် ခွဲထားရေးက ရန်သူ့အလုပ်ဖြစ်ပြီး၊ ဆက် စပ်ပေါင်းစည်းလုပ်ဆောင်ရေးက တော်လှန်ရေး သမားများရဲ့ အလုပ်တာဝန်ဖြစ်နေပါတယ်။
ဒါကြောင့် ဒီနေ့ စစ်အာဏာရှင်စံနစ် တိုက်ဖျက်ရေးကာလမှာ လူထုတိုက်ပွဲသက်သက်အပြင် လက်နက်ကိုင် တိုက်ပွဲ ကြီးမားကျယ်ပြန့်ရေးကို ဖေါ်ဆောင် နိုင်မှသာစစ်အာဏာရှင်ဗိုလ်ချုပ်တွေကို ပလ္လင်ပေါ်ကအမှန်တ ကယ် ဆွဲချဖယ်ရှား နိုင်ပါလိမ့်မယ်။ လူထုကိုယ်စားပြု အစစ်အမှန် အစိုးရတရပ်ပေါ်လာနိုင်မယ်၊စစ်အာဏာ ရှင်စံနစ်ဆိုးရဲ့ အကျင့်ဆိုးတွေ၊ လက်ကိုင်းတွေ၊ အမြစ်တွေကို အချိန်တိုအတွင်း ဖယ်ရှင်းနိုင်ပြီး ပြည့်ဝတဲ့ ဒီမိုကရေစီ လမ်းမပေါ်  မြန်မာ နိုင်ငံလျှောက်လှမ်းနိုင်မယ်။
ကျူနီးရှား၊အီဂျစ် စတဲ့ နိုင်ငံ တွေက လူထုအုံကြွဆန္ဒပြမှုတွေဟာ ကမ္ဘာကို တုန်ဟီးစေပေမဲ့ နောက်ဆုံးမှာ စစ်တပ်စစ်အာဏာနဲ့အုပ်ချုပ်မှုအောက် ပြန်ပြန်ရောက်နေကြရတာကိုကြည့်ပါကဖိနှိပ်သူဘက်သားစစ်တပ်ကို ပြည်သူ အောက် မသွတ်သွင်းနိုင်ခဲ့ လို့သာဖြစ်တယ်။ ပြည်သူ့စစ်တပ်ဖြစ်ဖို့က ဖေါက်ပြန်တဲ့ စစ်ဗိုလ်ချုပ်တွေကို ဖယ် ရှားနိုင်မှ ဖြစ်မယ်။ ဖေါက်ပြန်တဲ့ ဗိုလ်ချုပ်တွေကို ဖယ်ရှားဖို့က ရွေးကောက်ပွဲတို့၊ဥပဒေတို့နဲ့မရဘူး ပြည်သူ့ ဘက်ကရပ်ပြီးစစ်အာဏာရှင်လက်ပါးစေတပ်ကိုတိုက်ခိုက်မည့်တပ်ဖြစ်ရပါလိမ့်မယ်။ဒီတပ်ဟာ ဖေါက်ပြန်တဲ့ စစ်တပ်ကို တိုက်ခိုက်ရင်း ပြည်သူ့တပ်မတော်အဖြစ် ပေါ်လာပါလိမ့်မယ်။ ဒီလိုတိုက်ပွဲကာလ များမှာ လူထုတွေ ရဲ့လက်နက်ကိုင်တိုက်ပွဲ လှုပ်ရှားမှုဟာ မဖြစ်မနေ လိုအပ်လာပါလိမ့်မယ်။
လူထုတွေတကယ်အုံကြွတော်လှန်ပါက ဂိုဒေါင်ထဲက တင့်ကားအသစ်စက်စက်တွေတောင် တုပ်တုပ်မျှ မလှုပ်လိုက်ရဘဲသမတဂါဒဖီးတယောက် ပြုတ်ကျသွားနိုင်တာကို မြန်မာပြည်က တော်လှန်ရေးသမားတွေသိထား ရင် မြန်မာ ပြည်မှာ လက်နက်ကိုင်လှုပ်ရှားမှုဟာ ဖြစ်နိုင်ကြောင်း သိသာပါတယ်။
လူထုမှာ စစ်တပ်မရှိရင် ၊ လူထုမှာဘာမှမရှိဘူး လို့ မော်စီတုန်းက ပြောဘူးတယ်။ ဒီတော့ ကျွန်တော် တို့ ပြည်သူလူထုတွေလည်း ဘာမှ မရှိသူတွေ မဖြစ်အောင် တော်လှန်ရေးတပ်ဖွဲ့ကြီးတခုကိုတိုက်ပွဲကြားက တည် ထောင်ပြီး စစ်အာဏာရှင် စံနစ်ဆိုးအောက်က လွတ်မြောက်နိုင်အာင်ကြံဆောင်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ကြံ့ဖွတ်စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။
တော်လှန်ရေးမုချအောင်ရမယ်။
ဦးအေးဆောင်
ဇန်န၀ါရီ ၅၊ ၂၀၁၄။






0 comments: