ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Saturday, February 1, 2014

ဟန်ပြလွှတ်တော်၊တဖက်သတ် ခြေဥ ၊ သရုပ်ဆောင် ခေါင်းဆောင်များ၊နိုင်ငံရေးပွဲစားများ



ဟန်ပြလွှတ်တော်၊တဖက်သတ် ခြေဥ သရုပ်ဆောင် ခေါင်းဆောင်များ၊နိုင်ငံရေးပွဲစားများ

ကြံ့ဖွတ်လွှတ်တော်မှာ မြေယာကိစ္စတွေကို ဖြေရှင်းဖို့မပြောနဲ့ မြေယာမှုခင်းအရေအတွက်တောင်တိကျအောင် မပြောနိုင်ပါဘူး။ဒါကြောင့်မြေယာကိစ္စအကြောင်းကြံ့ဖွတ်လွှတ်တော်မှာတယောက်ပြီးတယောက်ဆွေးနွေးနေတာ ကို ဥက္ကဌလုပ်တဲ့သူက အတင်းရပ်လိုက်ရတယ်။ ကြံ့ဖွတ်လွှတ်တော်က လယ်သမားထုတွေ ရဲ့ သေရေးရှင် ရေးကို ဖြေရှင်းပေးဖို့မဟုတ်ဘဲ ဂရုစိုက်ကြောင်း ပြသယုံသက်သက်သာ လုပ်နေတာ ပါ။ ဖြေရှင်းရင်လည်း စစ်တပ်နဲ့ ကုမ္ပဏီဘက်က ပင်းမှာပါဘဲ။ စစ်တပ်ကလည်း မြေတွေပြန်ပေးမှာ မဟုတ်ဘူးလို့ ဗြောင်ပြော ထားပါတယ်။ စစ်တပ်က ဗိုလ်ချုပ်ကြီးဆိုသူတွေက ၁၆% ပြန်ပေးမယ် လို့ပြောတာ ကလည်း နည်းပါးယုံ သာမက လက်တွေ့ပြန် ပေးတာကို မလုပ်ဘူးလို့ လယ်သမားတွေ ကပြောတာကြားနေရတာဘဲ။
ကြံ့ဖွတ်လွှတ်တော်ရဲ့ အလုပ်က ပြည်သူလူထုကြီးတရပ်လုံးကို ချွေးသိပ်ဖို့၊ မယောင်ရာဆီလူးဖို့၊ လူထု အတွင်း ပြဿနာ တွေပိုပိုပေါ်အောင်လုပ်ဖို့၊ စစ်အာဏာကို ကာကွယ်ဖို့ လောက်သာဖြစ်နေတော့ လယ်ယာမြေပြန်ရဖို့၊ ကုန်ဈေးနှုန်းကျဖို့၊ လက်နကကိုင်ပဋိပက္ခတွေ ရပ်ဖို့အတွက် လူထုတွေအနေနဲ့ ဒီကြံ့ ဖွတ် အစိုးရ ဆီက မျှောလင့်နိုင် စရာမရှိပါဘူး။ လူထုတွေအနေနဲ့  ၂၀၀၈ ဖွဲစည်းပုံအောက်ကမဟုတ်ဘဲ ပါတီပေါင်းစုံ ပါဝင်တဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲက အမှန်တကယ်ရွေးကောက်ခံ ရတဲ့ လူထုကိုယ် စား လှယ်တွေက ရေးဆွဲပြဌာန်းတဲ့ ဥပဒေရှိလာ မှသာ စစ်အာဏာရဲ့အရိပ်မဲကြီးဟာ တစုံတရာ အတိုင်းအတာ အထိ လျှော့ပါးနိုင်ပါတယ်။ အကုန်အစင်ကင်းဖို့က တော်လှန်ရေး ဖြစ်မှသာ ကုန်စှုနိုင်ပါလိမ့်မယ်။
စစ်အာဏာရှင်ဂိုဏ်းသားတွေ၊ ဖေါ်လံဖါးတွေ၊အချောင်သမားတွေ၊စီးပွါးရေးသမားတွေကလွှတ်တော်ဆိုတဲ့ နေရာမှာ ကြီးစိုးမင်းမူနေသ၍တော့ ပြည်သူလူထုကြီးအနေနဲ့ မြေယာပျောက် အိမ်တိုင်ကျွတ်၊ ပုဒ်မအမျိုးမျိုး တပ်ပြီး ဖမ်းဆီးနှိပ်စက်ခံရတဲ့ သံသရာက လွှတ်စရာ မရှိဖြစ်နေတော့မယ်။
မြေယာကိစ္စဟာ စစ်ပဒေသရာဇ်မြေရှင် ဖြစ်တဲ့ ကြံ့ဖွတ်အစိုးရ ဆီမှာသွားတောင်းလို့ရကောင်းတဲ့ အရာမ ဟုတ်ဘူး။ ကျောက်ခဲကို ဆီကြိတ်သလိုသာဖြစ်နေမယ်။ ဒါပေမဲ့ စစ်အာဏာရှင်တွေက ကျောက်ခဲ မဟုတ်တော့ ပရိယာယ်တွေ၊ မာယာတွေ၊ အခွင့်အရေးပြစည်းရုံးတာတွေ၊ ခြိမ်းခြောက်တာတွေ၊ ဖိနှိပ် ညှင်းပမ်းတာတွေ နဲ့ ပြည်သူတွေကို တုန့်ပြန်တိုက်ခိုက်နေတာပါ။ ဒီအထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ လွှတ်တော်တို့နဲ့ သူတိုရဲ့  ယုတ်မာကောက်ကျစ်မှုကို ဖုံးအုပ် ကာကွယ်ထားတဲ့ အရာတွေပါဘဲ။ လူထုမပါ ၀င်မပတ်သက်တဲ့ ဥပဒေဟာ ဖိနှိပ်သူတွေရဲ့ ဥပဒေသာဖြစ်လို့ လိုက်နာအပ်တဲ့ အရာမဟုတ်ဘူး။ ဒီဥပဒေကြောင့်ပေါ်လာတဲ့ လွှတ် တော်ဟာလည်း လူထုဘက်ကရပ်တဲ့ လွှတ်တော်မဟုတ်ပြန်တော့ လူထုအကျိုးသယ်ပိုးမည့်လွှတ်တော်မ ဖြစ် တော့ဘူး။ဒီတော့လယ်သမားထုကြီးအတွက် မြေယာရရှိရေးဟာ ကြံ့ဖွတ်လွှတ်တော်ကို မျှော်နေလို့တော့ လည်ပင်း ကိုးတောင်ရှည် ဘဲ ဖြစ်မှာ ဆိုတော့ ကိုယ်အရေးအတွက် လယ်သမားတွေ တော်လှန်တိုက် ပွဲဝင်ကြ ရတော့မယ်။
ဒီလိုတိုက်ပွဲဝင်ကြရမယ် ဆိုတာကို သိမြင်ပြီး လိုက်နာကျင့်သုံးတဲ့ ပါတီ၊ အဖွဲ့အစည်း၊ ခေါင်းဆောင်၊ လူပုဂ္ဂိုလ်တွေကို သာ ပြည်သူလူထုက အားကိုးနိုင်ပါလိမ့်မယ်။ သရုပ်ဆောင်ဆန်ဆန် ဟန်ပန်လောက် လုပ်ပြီးပုဂ္ဂိုလ်ရေးအကျိုးဆန်ဆန် ပြောဆိုလုပ်ကိုင်နေတဲ့လူတွေကြားမှာ ပြည်သူလူထုတွေဟာ တွေဝေငေးမောရင်း ဘယ်မှ မရောက်၊ ဘာမှမရနိုင်တဲ့ မြူဆွယ်မှုတွေ အောက်မှာ မျှောပါရင်း တော်လှန်ရေး အမြင်တွေ ပွန်းယိ တိုက် စားခံရမှာကို သတိထားကြရပါလိမ့်မယ်။ ဒီလိုလူထုအကျိုးလိုလိုသရုပ်ဆောင်နေကြတဲ့ ခေါင်းဆောင် ကြီးတချို့ကလည်း မြေယာ ပြဿနာထက် သမတဖြစ်ရေးပြဿနာကို ပို စိတ်ဝင်စားနေတာအံ့သြဖွယ် တွေ့  မြင်နေရတယ်။ အမှန် ဆိုရင် ပုဂ္ဂလိက မြေယာပိုင်ဆိုင်ခွင့် ဥပဒေဟာ ပြဌာန်းဖို့ လုံးဝလိုအပ်နေတာပါ။ လယ်လုပ်သူလယ်ပိုင်ရေးလုပ်ရ မယ်။ မြေငှါးသီးစားချထားတာ လောက်မဟုတ်ရဘူး။
ဒီနေ့ တော်လှန်ရေးရဲ့ လုပ်ငန်းကရှင်းပါတယ်။ စစ်အာဏာရှင်တွေကို ဖြုတ်ချရးဘဲ။ အဲဒီအလုပ်ကို မလုပ်ဖြစ် အောင် စစ်တပ်က ဗိုလ်ချုပ်တွေက ဖေါက်ပြန်တဲ့၊ ရက်စက်တဲ့ စစ်အရာရှိတွေ၊ အကြံပေးတွေ ကုမ္ပဏီတွေနဲ့ ကျားကန်နေတာကို ရှင်းရှင်းတွေ့နေရတာပါဘဲ။ဖေါက်ပြန်တဲ့လူ၊ အကျင့်ပျက်တဲ့ လူတွေ အကြောင်း မီဒီယာ တချို့မှာ ဖေါ်ပြလာတာကောင်းပေမဲ့ ဖေါ်ပြရေး အဆင့်လောက်နဲ့ ရပ်နေကြပြီး တိုက် ဖျက်ပြုပြင်ဖို့ အရေးကိုမပြောလိုကြသေးတာကကြံ့ဖွတ်ဒီမိုကရေစီဆိုတာရဲ့အကန့်အသတ်ကိုသိနေကြတာ ဘဲလို့ ယူဆရပါတယ်။ ထောင် ထဲ ထည့်ပစ်လိုက်မယ် ကျိန်းတဲ့ ကြံ့ဖွတ် အရာရှိဆိုးတွေကလည်း သူတို့ အာဏာပါဝါတွေပြနေကြ တုန်း  ဆိုတော့ မီဒီယာလည်း စိုးရိမ်တာ အပစ် မဆိုသာပါဘူး။
မြန်မာပြည်ဟာစစ်အာဏာရှင်တွေကြီးစိုးပြီးထင်ရာစိုင်းခဲ့ကြလို့ချို့တဲ့မှုတွေ၊လိုအပ်ချက်တွေ၊ ပြည့်နှက်နေတဲ့ လူနာနိုင်ငံ ဖြစ်နေတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသလို နိုင်ငံတကာ အရင်းအနှီးမြုပ်သူတွေ မျက်စေ့ကျရာ ဖြစ်လာနေတယ်။ဒါကိုစစ်အာဏာပိုင်တွေဆီအရင်းအနှီးလုပ်မည့်ကုမ္ပဏီတွေရဲ့ နိုင်ငံတွေက  နိုင်ငံရေးအရည်ခြုံပြီးကုမ္ပဏီပွဲစားတွေလွှတ်လာကြတယ်။ရမယ်ဆိုရင်ဘနဖူးသိုက်တူးဖို့ဝန်မလေး၊ ပြည်သူတွေ ဆင်းရဲ ဒုက္ခ ဘယ်လောက်ရောက်ရောက်  သူတို့ အသိုင်းအ၀ိုင်းနဲ့ လက်ဝေခံတွေလောက် ကောင်းစာမယ် ဆို လူထုကို စတေးဖို့ လက်မနှေးတဲ့ စစ်အာဏာပိုင်နဲ့ လက်ပါေးလက်ဝေခံတွေက ဒီလူတွေနဲ့ပေါင်းပြီး လူထုကို နှိပ်စက်ပြီးရင်း ပိုနှိပ်စက်နှိပ်စက်နေကြတာ နေစဉ်နဲ့ အမျှ ထုနဲ့ဒေး။
လူထုတွေရဲ့ မြေယာရရှိရေးတိုက်ပွဲ၊ လုပ်ခလစာ ပြည့်စုံရေးတိုက်ပွဲ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲ၊ ဖက်ဒရယ်ပြည်ထောင်ထူထောင်ရေးတိုက်ပွဲတွေကအရှိန်တက်သထက်တက်လာနေတာကို မြင်နေရပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စံနစ်ဆန့်ကျင်ရေးလူတန်းစား တိုက်ပွဲလှုပ်ရှားမှုမှာ - ရန်သူရဲ့ မှိုင်းလုံးတွေဖြစ်တဲ့ လူမျိုး ရေး၊ ဘာသာရေး၊ စေ့စပ်ရေး၊ အလျှော့ပေးရေး၊ နောက်ပြန်မလှည့်ရေး၊ ရွေးကောက်ပွဲ၊ လွှတ်တော် ဆိုတဲ့ လှည့် လုံး ပတ်လုံးတွေကို သိမြင်နိုင်ဖို့ အထူးသဖြင့် အဖိနှိပ်ခံဘက်သား တိုးတက်တဲ့ ပညာတတ်တွေ က  ပြည်သူတွေ ကို ရှင်းပြရင်း လူတန်းစားတိုက်ပွဲ လှုပ်ရှားမှုကို ဖေါ်ဆောင်ကြရပါလိမ့်မယ်။
မြို့ထဲစက်ရုံက အလုပ်သမားတွေက နေရာတကာမှာ ဆန္ဒပြကြ၊လယ်သမားတွေက လယ်မြေပြန်ရရေး ထွန်တုံး တိုက်ပွဲ ဆင်ကြသလို တော်လှန်တဲ့ လက်နက်ကိုင်အင်အားစုတွေကလည်း အလုပ်သမား၊ လယ်သမား အရေးတွေကို ကြည့်မျှော်ပြီး ဟန်ချက်ညီညီတိုက်ပွဲဝင်သင့်ပါတယ်။  တပြည်လုံးအနှံ့ အလုပ် သမားတွေ၊ လယ် သမားတွေ က သူတို့ ဘ၀ရပ်တည်ရေးအတွက် အခက်အခဲအမျိုးမျိုးကြားကတိုက်ပွဲကို ၀င်နေချိန်မှာ ဖိနှိပ်သွေးစုတ်တဲ့ ကြံ့ဖွတ်စစ်အာဏာရှင်တို့နဲ့ နားလည်မှုယူ သဘောတူချက်တွေလုပ်နေ တာဟာ ယနေ့ အနစ်နာခံတိုက်ပွဲဝင်နေကြတဲ့ လယ်သမားအလုပ်  အခက်အခဲကြားကတွေ အပေါ် မျက်ကွယ်ပြုရာကျနေနေ တော့တယ်။ ဖိနှိပ်သူရန်သူကို အားပေးရာ ကျနေတယ်။ ဒါဟာ ဘယ်လိုမှ မျက်ကွယ်ပြုလို့ မရတဲ့ အမှန်တရား ဘဲ။ ဖိနှိပ်ခံလူတန်းစားတွေဟာ ဒီလိုဖြစ်ရပ်တွေအတွက်မေ့ပျောက် ပစ်မယ်လို့ ထင်ရင် အမှားကြီးမှား ပါလိမ့်မယ်။ ဖိနှိပ်ခံတို့ရဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ မည်သို့သော ဖိနှိပ်သူတွေကိုမဆို၊မည်သို့သော ဖေါက် ပြန်ရေးသမားတွေကိုမဆိုထိုးဖေါက် တော်လှန်နိုင်ကြမှာသာဖြစ်တယ်။
မြေတွေ စိတ်ရှိတိုင်း သိမ်းနေတာက မြန်မာပြည်ရှိ အခုကြီးစိုးနေတဲ့ ကြံ့ဖွတ်စစ်အာဏာရှင်တွေ ဟာ မြေရှင် စစ်ပဒေသရာဇ်တွေဖြစ်ကြောင်း ဖုံးမရတဲ့သက်သေသက်ကာယတွေဖြစ်နေပြီ။ မြေရှင် ပဒေ သရာဇ်ခေတ်ဟာ လွန်ခဲ့တဲ့ ရာစုလောက်ကပင် ကုန်ဆုံးခဲ့တဲ့ စံနစ် ဖြစ်တဲ့ အပြင် လူထုအပေါ် ရက်ရက်စက်စက်ဖိနှိပ် သွေးစုတ် ချယ်လှယ်တဲ့ စံနစ် ဖြစ်တယ်။ မြန်မာပြည်သူတွေအနေနဲ့ အဲဒီခေတ် ဆီကိုနောက်ပြန်ဆွဲနေတဲ့၊ အမျိုးသား ချင်း ဖိနှိပ် သွေးစုတ်လွန်းတဲ့ ကြံ့ဖွတ်စစ်ပဒေသရာဇ် စံနစ် ကို ပြည့်ဝတဲ့ ဓနရှင် ဒီမိုကရေစီတိုက်ပွဲနဲ့ တိုက်ခရ မှာဖြစ်တယ်။ ဒီတိုက်ပွဲ ဟာ လူသမိုင်းရဲ့ တိုးတက် မှု ဖြစ်စဉ်ဖြစ်သလို မြန်မာပြည်မှာမြေရှင် ပဒေသရာဇ်စံနစ် အဆုံး သတ်ရေး  သမိုင်း ၀င်လှုပ် ရှားမှုဖြစ် တယ်။ဒီတိုက်ပွဲဟာ တရားမျှတသလို အောင်ပွဲဆင်ဖို့သာရှိတယ်။ ဒါပေမဲ့ တိုက်ပွဲမပါဘဲ ဘယ်အာဏာရှင်မှ စိတ်ကောင်းနုလုံး ကောင်းနဲ့ ဆင်းပေးမှာ မဟုတ်တာတော့ စိတ်ထဲမှာ သံမှိုစွဲသလို စွဲမှတ်ထားရပါလိမ့်မယ်။
အောင်ပွဲကိုတိုက်ယူကြ။
စစ်ပဒေသရာဇ်ခေတ်လုံးဝ ချုပ်ငြိမ်းရမယ်။
တော်လှန်ရေး မုချ အောင်ရမယ်။
ဦးအေးဆောင်
ဖေဖ၀ါရီ ၂၀၁၄။





0 comments: