ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Sunday, January 20, 2013

“လယ်ပိုင်ခွင့်နဲ့ လယ်ပေါင်ခွင့်”



“လယ်ပိုင်ခွင့်နဲ့ လယ်ပေါင်ခွင့်”
ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးအဖွဲ့က မြန်မာပြည်ရှိလယ်သမားများအပါအ၀င် ပြည် သူလူထုအားလုံး “လယ်ယာမြေပိုင်ရေး၊”ဦးတည်ချက်နဲ့ လှုပ်ရှားနေပါတယ်။ ကြံ့ဖွတ်သိန်းစိန်အစိုးရက လယ် ပေါင်ခွင့်နဲ့ ပုံမှားရိုက် လှည့်စားဖို့ ကြိုး စားနေပါတယ်။ ဒီနေ့ ကြံ့ဖွတ်စစ်တပ်က၊ ကြံ့ဖွတ်ဒေါက်တိုင် ကုမ္ပဏီ တွေက၊ကြံ့ဖွတ်လက်ပါး စေတွေက ပြည်သူလူထုရဲ့အိမ်ယာ မြေယာတွေ၊ တောင်သူလယ်သမားတွေရဲ့ လယ်ယာတွေကိုအကြောင်းပြချက်အမျိုးမျိုးနဲ့ဆက်လက်သိမ်းယူနေပါတယ်။စစ်အာဏာရှင်အဆက်ဆက်က မတရားသိမ်းယူခဲ့တဲ့ မြေယာမှုခင်း တွေဟာအစုလိုက်အပုံလိုက်ပေါင်းမြုပ်နှံထားတဲ့ မြေပုံကို ဖေါ်လိုက်သလို မြေယာသိမ်းမှုတွေ ဟာထောင် ချီရှိနေတာပေါ်လာတော့တယ်။ ကြံ့ဖွတ်မြေယာစုံစမ်းရေး ကော်မီတီဆိုတာ ကပင် ၀န်ခံထားရ တယ်။
မြေယာကိုချုပ်ကိုင်ကြီးစိုးပြီး၊စစ်တပ်အရှိန်နဲ့ ပြည်သူကိုဖိနှိပ်ထားတဲ့စစ်အာဏာရှင်တွေဟာယူနီ ဖေါင်းဝတ်၊ မောင်းပြန်သေနတ်ကိုင်ထားပေမဲ့ စစ်ပဒေသရာဇ်မြေရှင်တွေဖြစ်တာကိုထင်းထင်းမြင်နိုင်တယ်။အခုလည်း မြေယာကိုချုပ်ကိုင်ထားတဲ့ဥပဒေနဲ့ စစ်တပ်အားကိုးပြီး ပြည်သူလူထုကိုဆက်လက်ဖိနှိပ် နေတုန်း ပါဘဲ။ အခုအခါမှာ ယခင်စစ်ဗိုလ်ချုပ်ဝတ်စုံနဲ့ မစားသာမှန်းသိလို့ ဘောငးဘ်ီချွတ်ပြီး၊ ဖေါက်ပြန်တဲ့ပညာတတ်ဓနရှင် ပေါက်စတွေ မွေးခါစစ်ပေးရာဇ်စံနစ်ကို ပြန်လည်ကာကွယ်နေတာပါ။ ဒါကြောင့် ပြည်သူတွေက နင်းပြား က နင်းပြားသာဖြစ်နေပြီး စစ်အာဏာရှင့် ဒေါက်တိုင်၊ကရိုနီဆိုသူတွေက  အသံကျယ် အရောင်လက် နေ တာ သာဖြစ်တယ်။
မြေရှင်ပဒေသရာဇ် စံနစ်ကို စစ်တပ်နဲ့ကြားကန်ထားလို့ ပြည်သူတွေ အလူးအလှိမ့်ခံနေရတာပါဘဲ။ ကြံ့ဖွတ်စစ်ပဒေသရာဇ်တွေက သူတို့ကိုယ်ကို “နိုင်ငံတော်” လို့ ခေါ်ပါတယ်။ တကယ်က မြန်မာနိုင်ငံဟာ ၆၂ ခုကတည်းက စစ်တပ်ရဲ့ ပဒေသရာဇ်စံနစ်နဲ့  ပြန်ပေးအဆွဲခံနေရတဲ့ နယ်မြေတခုသာဖြစ်ပါတယ်။ လူထုဆို တဲ့မြန်မာပြည်သူတွေဟာ လူပီပီသသ အခွင်အရေး မရှိတာကြာပါပြီ၊ အခုလည်းမရှိသေးပါဘူး။ သံကြိုးနဲ့ တမ်း လန်းပါ။ သံကြိုးကနည်းနည်းပိုရှည်တော့ သက်သာတယ်ထင်တာပါဘဲ။ ဒါတွေက ဒီနေ့ အပြိုင်ငြင်းခုံနေရတဲ့ အ ကြောင်းအရာတွေဖြစ်နေသေးတယ်။
လက်ငင်းစားသောက်နိုင်ဖို့လောက် အရေးထားခဲ့တဲ့ ဆင်သေကောင်ပေါ်က ကျီးမိုက်လိုမျိုးသင်ခန်း စာကို ကျွန်တော်တတွေ ရယူနိုင်ဖို့ခက်နေကြတယ်။ ဒါပေမဲ့ ရေရှည်မှာတော့ အမှန်တရားကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။
ဒီနေ့ မြန်မာပြည်ဟာ မြေရှင် ပဒေရာဇ်ခေတ်ထဲမှာဘဲ ရှိနေတယ်။ နောက်တဆင့်တက်ရမှာက အရင်းရှင်ခေတ်ပါ။အရင်းရှင်ရဲ့လက္ခဏာက၊အရင်းရှင်ရဲ့ဘုရားက ငွေကြေးပါ။ပုဂ္ဂလိကပိုင်ဆိုင်မှုပါ။ ငွေကြေးနဲ့ ချုပ်ထိန်းပါတယ်။ မြေယာနဲ့မဟုတ်ပါဘူး။ဒါကြောင့် မြေရှင် ပဒေသရာဇ်ထက် ညင်သာတယ်။ ရှုပ်ထွေး တယ်။ အခု ကြံ့ဖွတ် စစ်ပဒေသရာဇ်လို မကြမ်းတမ်းဘူး။ ဖိနှိပ်မှုကတော့ အတန်းအစားတွေရှိနေသ၍ ရှိနေဦးမှာဘဲ။
ဒီနေရာမှာ လူတန်းစားတိုက်ပွဲတွေကို လေ့လာထားတဲ့ ရဲဘော်တချို့က အရင်းရှင်စံနစ်ဆီကို ဦးတည် တာ၊ မြေယာပိုင်ဆိုင်မှုကို ပေးတာ ကို မနှစ်သက်ကြပါဘူး။ ကျွန်တော်တို့ ဖြစ်ချင်တာထက် ဒီနေ့ ရင်ဆိုင်ရတဲ့ စစ်ပဒေသရာဇ် ခေတ်ကို တိုက်ဖျက်ဖို့က ပထမ အရေးကြီးတာကို မေ့လျှော့နေတယ်လို့ ကျွန်တော်ထင်ပါ တယ်။ ပီသတဲ့ အရင်းရှင်စံနစ်အောက်မှာ ပုဂ္ဂိကပိုင်ဆိုင်မှုတွေကို အသိအမှတ်ပြုလို့ လယ်သမားတွေ မြေယာကိုသူတို့ကိုယ်တိုင်ပိုင်မယ်။သူတို့ကြိုက်တာသူတို့စိုက်နိုင်မယ်။သူတို့ကြိုက်ဈေးနဲ့သူတို့သီးနှံကိုရောင်း နိုင် တယ်။ သူတိုမြေယာကို သူတို့ စိတ်ချလက်ချ ဖွံ့ဖြိုးအောင်လုပ်ကြလိမ့်မယ်။ ရောင်းတာပေါင်တာတွေလည်း ရှိမယ်။ (ပေါင်နိုင်ယုံသက်သက်မဟုတ်ဘူး) ဒါပေမဲ့ သူတို့ကြမ္မာ သူတို့ ဖန်တီးတယ်လို့ သူတို့ ယုံကြည် လိမ့် မယ်။
ဒါက ပီသတဲ့အရင်းရှင်စီးပွါးရေးစံနစ်အကြောင်းကို မျှော်မှန်းပြတာ။ဒါကိုလက်ရှိမြန်မာပြည်မှာ ဖြစ်ဖို့ ခက်ပါတယ်။ ပြင်းထန်တဲ့တိုက်ပွဲတွေလိုနေသေးတယ်။ မြေသိမ်းထားတဲ့ကရိုနီတွေ၊စစ်တပ်ကထိန်းချုပ်ထား တဲ့ မြေတွေ၊ လုပ်ငန်းတွေကို ဘယ်သူက ထိရဲမှာလဲ။ ဥပဒေစာရွက်မှာကိုယ်ကြိုက်တဲ့စကားလုံးတွေထည့်ဦး ၊ဘယ်သူက သေနတ်ကိုင်ထားတဲ့လူအုပ်ကိုရင်ဆိုင်မှာလဲ။ဒါကြောင့်လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာ နိုင်ငံမှာ လယ်သမားတွေဖွံ့ဖြိုးဖို့ဆိုတာသူတို့ကို မြေရှင်ပဒေသရာဇ်တံပိုးအောက်ကလွတ်စေရမယ်။လယ် ပေါင်ခွင့်က ရောင်းခွင့်မဟုတ်ဘူးဆိုတာရှင်းပြရမယ်။ ပေါင်တာက ရောင်သလောက်ဘယ်ပိုက်ဆံရမှာလဲ။ရောင်း မရတော့ အစိုးရဆိုတဲ့ လူတွေက သိမ်းလို့လွယ်တာပေါ့။ လက်မလွှဲနိုင်အောင်ချုပ်ထားတာဘဲ။
စစ်အစိုးရတွေတက်ကထည်းကလယ်သမားတွေကို“လယ်လုပ်သူလယ်လုပ်ပိုင်ခွင့်”ဆိုတာဘဲ ပေးထားတာ။ “လယ်လုပ်သူလယ်ပိုင်ရေး”မဟုတ်ပါဘူး။အခုလည်းလယ်လုပ်ပိုင်ခွင့်ကို“ပေါင်ခွင့်”နဲ့နားလှည့်လိုက်တာပါဘဲ။ “လယ်လုပ်သူလယ်ပိုင်ရေး” အတွက် သာကျွန်တော်တို့ ဦးတည်တိုက်ပွဲဝင်ရမယ်။ လယ်သမားတွေ ကို စစ်ပဒေရာဇ် ဖိနှိပ်မှုတံဖိုးအောက်ကလွတ်စေရမယ်။
ဒီလိုဖြစ်ဖို့  ကြံ့ဖွတ် စစ်ပဒေသရာဇ်တွေ၊ ဒေါက်တိုင် ကရိုနီတွေ ကြီးစိုးတဲ့ ဥပဒေတွင်း၊လွှတ်တော် အတွင်း မှာ ရနိုင်မှာမဟုတ်သလို၊ တိုက်ပွဲသဏ္ဍာန်မျိုးစုံဟာလိုအပ်နေတယ်။ လယ်ယာမြေပိုင်ဆိုင်ရေးနဲ့ အတူ၊ပုဂ္ဂလိကပိုင်ဆိုင်ခွင့်၊လွတ်လပ်တဲ့စီးပွါးရေးစံနစ်၊လွတ်လပ်တဲ့ပါတီစုံစံနစ်၊လွတ်လပ်တဲ့သတင်းမီဒီယာ တွေဟာ ရှိဖို့လိုအပ်နေတယ်။ဒါတွေကအရင်းရှင်ဒီမိုကရေင်္စရဲ့ကြန်အင်္ဂါလက္ခဏာတွေဘဲ။ဒီအထိကျွန် တော်တို့ ပြည်သူတွေ ခံစားရအောင်စစ်ပဒေသရာဇ်လက္ခဏာတွေကိုတိုက်ဖျက်ပြီးအရင်းရှင်ဒီမိုကရေစီစံနစ်တည်ဆောက်ရမှာပါ။
ဒါပေမဲ့ အရင်းရှင်ဒီမိုကရေစီ အတွက် ကိုယ်ကျိုးသာကြည့်တတ်တဲ့ အရင်းရှင်တွေကတိုက်ပွဲမ၀င်ဘဲ စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းပြီး နားလည်မှုယူတတ်ကြတယ်။ သူတို့က ပြည်သူကို အာဏာရှင်တွေနဲ့ပေါင်း ဖိနှိပ်သွေးစုတ်တတ်လို့ ဖေါက်ပြန်တဲ့ အရင်းရှင်တွေက ပီပြင်တဲ့အရင်းရှင်ဒီမိုကရေစီကို မလိုလားကြဘူး၊ ဒီ တော့ ပီပြင်တဲ့ အရင်းရှင် ဒီမိုကရေစီစံနစ်ကို အဖိနှိပ်ခံရတဲ့ လယ်သမား အလုပ်သမားတွေကဘဲ လက်တွေ့မှာ ဦးဆောင်တိုက်ပွဲဝင်ရပါလိမ့်မယ်။ ရန်သူနဲ့ ရန်သူ့ဒေါက်တိုင်တွေကို တိုက်ဖျက်ကြရမယ်။
အောင်ပွဲကို တိုက်ယူကြ။
ပြည်သူ့ အစိုးရပေါ်ထွန်းရမယ်။
ဦးအေးဆောင်။
ဇန်န၀ါရီ ၂၁၊ ၂၀၁၃။


0 comments: