ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Saturday, January 19, 2013

လက်ပံတောင်းတောင်က ကြယ်တပွင့် - မအေးနက်



လက်ပံတောင်းတောင်က ကြယ်တပွင့် - မအေးနက်
 ဒီလထုတ် Hot News Weekly မှာ မောင်ကိုကို (အမရပူရ) ရဲ့ “ အသဲနာတယ်” ခေါင်းစဉ်နဲ့ လက်ပံတောင်းတောင် ၀က်မှေးရွာသူ မအေးနက် ပြောကြားချက်အသံဖိုင်ကို ဖတ်ရလို့ စိတ်လှုပ်ရှားပြီး ဂရုဏာ စိတ်ပွါးမိလိုက်တယ်။ တကယ်တော့လက်ပံတောင်းတောင်ကဖြစ်ရပ်တွေဟာ မြန်မာပြည်ရဲ့ နိမိတ်ပုံလိုဖြစ်နေ တယ်။
ဆင်းရဲသားကျောမွဲတွေက သူ့တို့ဝမ်းစာကိုအစဉ်အလာအတိုင်း ခက်ခက်ခဲခဲဖြေရှင်းနေရတာကို မအေးနက်တို့ရှာဖွေစားသောက်ပုံမှာပေါ်လွင်လှတယ်။သူတို့ဘ၀တွေရှင်သန်ရာ၊သူတို့ဝမ်းစာရှာဖွေရာ တော တောင်တွေကို အုပ်ချုပ်သူစစ်အာဏာရှင်တွေက ပိုမိုကောင်းမွန်အောင် စည်ပင်အောင်လုပ်ပေးရမည့်အစား နိုင်ငံခြား တရုတ်စီးပွါးရေးသမား တွေနဲ့ ပေါင်းပြီးလုယက်ဖျက်ဆီးနေတာကလည်း ပေါ်လွင်နေပြန်တယ်။ ပြည်သူ့အစိုးရ မဟုတ်တဲ့ အာဏာ ရှင်တွေဟာ ပြည်သူလူထုမျက်နှာကို ငဲ့ကွက်ရကောင်း မှန်းမ သိတာကိုက အာဏာရှင် ဆိုသူတွေရဲ့အကျင့်ဆိုးတာအထင်းသားဘဲ။ ပြည်သူတွေအပေါ်စစ်အာဏာရှင်တွေမတရားဖိနှိပ် သွေးစုတ်နေတဲ့ လက်ပံတောင်းတောင်လိုကိစ္စတွေ မြန်မာပြည်အနှံ့ယနေ့ဒုနဲ့ဒေးဖြစ်နေပါတော့တယ်။ဒါဟာဒီနေ့ မြန်မာပြည်ရဲ့ သရုပ်ပါဘဲ။
ဒီဖြစ်ရပ်တွေထဲက မအေးနက်ရဲ့ ဖြစ်ရပ်က အဖိနှိပ်ခံ နင်းပြား မြန်မာပြည်သူတွေရဲ့ ဘ၀ကိုကိုယ် စားပြုတယ်။သုံးတန်းသာတတ်တဲ့မအေးနက်ဟာသူ့ဘ၀သူချို့ချို့ငဲ့ငဲ့နဲ့ကာကွယ်ရရှာတာပါ။“အမေးက မွေးတောင် က ကျွေး။” ဆိုတဲ့ သူ့စကားဟာ နားထဲမှာ တွင်ကျန်နေရစ်ရပါတယ်။
လွတ်လပ်တဲ့ တောသူတောင်သားဘ၀ကို သန့်ရှင်းရေးသမအလုပ်နဲ့ မလဲနိုင်တာကိုလည်း “ သန့်ရှင် ရေးမလုပ်ပေါင်၊မန်ကျည်းရွက်တက်ခူးမယ်။ ဒါဆို ထမင်းစားလို့ဖြစ်တယ်။” မအေးနက်ရဲ့ယုံကြည်မှု အပြည့်ရင်ထဲကအသံပါ။စီမံကိန်းအတွက်ရွာတွေရွှေ့ခိုင်းတော့ခိုင်းမရတဲ့ရွာဥက္ကဌကို နေ့ချင်းညချင်းအဖြုတ်ခံရတာ ကိုလည်း မအေးနက်ကပြောပြပါသေးတယ်။အာဏာရှင်ပီသလိုက်ပုံပါဘဲ။ ရွာဘုန်ကြီး ဆိုတာကလည်း သိန်း ၅၀၊ ဆိုင် ကယ်တစီး၊ ဖုန်းတလုံးရလို့ ရွာကျောင်းရွှေ့ပေးဖို့ သဘောတူလိုက်ပုံကလည်း ဒီနေ့ သံဃာထုအတွင်း ဖြစ်ပျက်နေပုံနဲ့  အတိုင်းသားတူ နေပြန်တော့တယ်။
ဒီနေရာမှာအုပ်ချုပ်သူတွေက“မြေမသိမ်းပါဘူးကားလမ်းဖြတ်ရုံလာက်ပါ”ဆိုပြီးလှည့်စားပြောဆိုတာ၊ ရဲတွေ၊ ဌာနဆိုင်ရာတွေနဲ့ အတင်းအကြပ်အကွက်ချဖိနှိပ်တာတွေကိုလည်း သိနိုင်တယ်။ရဲ တွေကိုယ်တိုင်က တရုတ်ကုမ္ပဏီဘက်ပါတာကိုတော့ မအေးနက်က “ ရဲတွေက ကျမတို့ မြန်မာရွာသူရွာသားတွေဘက်က မရပ်တည်ဘူး။ဝမ်ပေါင်ဘက်ကရပ်တည်တယ်။”တဲ့။ ဆွေးနွေးမယ်လုပ်ပြန်တော့လည်းဝမ်းပေါင်ဘက်က နှိမ်ပုံကို “ ကျမတို့က မြေကြီးပေါ်မှာထိုင်ရမယ်။ ၀မ်ပေါင်က ကုလားထိုင်တွေပေါ်မှာ ထိုင်ပြီး ဆွေးနွေးမယ်တဲ့၊ ကျွန်မနဲ့ သွဲ့သွဲ့ဝင်းက ဒါကိုလက်မခံဘူး။”
မအေးနက်တို့ မုံရွာဆုတောင်းပြည့်ဘုရား သွားဖူးရာမှာလည်း ရဲတွေက ဘုရားပရ၀ုန်ကို ပိတ်လှောင် ထား တာခံ ကြရပြန်တယ်။ ဒေသခံတွေက ၀ိုင်းဝန်းလာမှ ရဲကထွက်ခွင့်ပေးလိုက်ပြီး ရဲကားပေါ် အတင်းဆွဲ တင်လို မအေးနက်ခမျှာ ထမီတောင်ကျွတ်ရတဲ့ အထိဖြစ်ခဲ့ရတယ်တဲ့။ မြန်မာအမျိုးသမီးတဦး ရှိအပ်တဲ့ အိနြေ္ဒသိက္ခါကိုပါ ရဲဆိုတဲ့ ဖိနှိပ်သူတွေက စော်ကားခဲ့ကြတယ်။ အဖိနှိပ်ခံလူသားမှာ သိက္ခါဆိုတာ မရှိရ ဘူးတဲ့လား။
ဝမ်ပေါင်စီမံကိန်းကတရုတ်တွေ တောင်ပေါ်ကနေ မြေဖြိုချရင်း တောင်အောက်မှာကန့်ကွက်ဆန္ဒပြ နေတဲ့ မအေးနက်တို့ကို ကော့ပြတဲ့ အကြောင်းနဲ့၊ တောင်ပေါ်က မြေဇာခဲတွေကို တရုတ်တွေက လူလစ်ရင် လစ်သလို တောင်အောက်လယ်ကွင်းတွေထဲပုံချတာတွေလည်းစိတ်မကောင်းစရာဖြစ်ရတယ်။အကွယ်အကာမဲ့၊ အားကိုးရာမဲ့နေတဲ့ ပြည်သူတွေကို အာဏာပိုင်အရာရှိဆိုးတွေက ကြွက်ကို ကြောင် ကစားနေသလို လုပ်နေ တာပါ။  ဒီမြေတူး စက်ကြီး တွေ ရှေ့ အသေခံ တားဆီးရတဲ့ အလုပ်တွေကိုလည်း မအေးနက်တို့ လုပ်ခဲ့ကြ ပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့ ရဲတွေက မီးလောင်ဗုံးနဲ့ ပေါက်တဲ့ အချိန်မှလည်းမအေးနက်တို့ သပိတ်စခန်းမှာ ရှိနေကြပါတယ်၊ ကံကောင်းလို့ ပေါ့။မအေးနက်က “ အစိုးရကရက်စက်လိုက်တာ - အသဲနာတယ်။” တဲ့
လက်ပံတောင်းကြေးနီစီမံကိန်းဟာ မူလအစကပင်စစ်အာဏာတည်မြဲရေးအတွက်တရုတ်နဲ့လက်ဝါး ရိုက်လုပ်ထားတဲ့စီမံကိန်းဖြစ်လို့ရည်ရွယ်ချက်ကလူထုဆန့်ကျင်ရေးဖြစ်နေပါတယ်။လူထုအသက်မွေးဝမ်း ကျောင်း မှုကို တိုက်ရိုက် ဖျက်ဆီးနေတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာလည်း သောက်သုံးရေများ ပျက်စီး၊ ရွာသားများ ကျန်းမာရေးထိခိုက်ခံကြရတယ်။  လက်ရှိ အုပ်ချုပ်နေတဲ့ မြန်မာအစိုးရဟာတရုတ်တို့ရဲ သြဇာ အောက်လွှမ်းမိုး ခံနေရတာကို ပြောဆိုလုပ်ကိုင်ပုံတွေက ပေါ်လွင်နေလို့ အမျိုးသားသိက္ခါ ကျဆင်းရ တယ်။သံဃာများကိုမီးလောင်ဗုံးနဲ့ပစ်ပေါက်ခဲ့တဲ့အတွက် တောင်းပံလိုက်ရတာကြောင့် ပြည်တွင်ရောပြည်ပ မှာပါ အစိုးရသိက္ခါ ကျခဲ့ရပြီ၊ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံမှာ သံဃာတွေကို မီးလောင်တိုက်သွင်းလို့ သမိုင်းမှာဖျက်မရတဲ့ အမည်စက်တင်သွားခဲ့ပြီ။ဒါကြောင့်ဒီစီမံကိန်းကစက်သံတွေကြားနေရသ၍ မြန်မာပြည် သူတွေအတွက် ဒေါသကို ဆွသလိုသာဖြစ်နေတော့မှာမို့ ဒီလက်ပံတောင်းစီမ့ကိန်းကို ရပ်ယုံမှ တပါး အခြားမရှိ။
မအေးနက်တို့လို တောသူတောင်သားတွေရဲ့ လိုလားတောင့်တဲ့ ဆန္ဒတွေကို ပြည့်ဝစေရေးအတွက် မတရားဖိနှိပ်တဲ့ အာဏာရှင်တွေကို လူထုအားနဲ့ ဖြိုချနိုင်ဖို့ မအေးနက်တို့လို ရဲရဲတောက်စိတ်ဓါတ် နဲ့ တိုက်ပွဲ ၀င်ကြရမှာပါဘဲ။ မအေးနက်ဟာ အမှောင်ညတွေမှာလင်းလက်တဲ့ လက်ပံတောင်းတောင်က ကြယ်တပွင့်ပါဘဲ။
အောင်ပွဲကိုတိုက်ယူကြ။
စစ်အာဏာရှင် စံနစ် တိုက်ဖျက်ပစ်။

ဦးအေးဆောင်
ဇန်န၀ါရီ ၁၇ ။ ၂၀၁၃။





Saturday, December 29, 2012

လက်ရှိအခြေအနေနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်။



            
      လက်ရှိအခြေအနေနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်။
ဒီဇင်ဘာ ၂၉၊ ၂၀၁၂။
နိုင်ငံကို တင်းကြပ်သော စစ်အာဏာရှင် စံနစ်ဖြင့် ကြီးစိုးနေရာမှ  စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစု များ ၊ လက်နက်ကိုင်အင်အားစုများနှင့် နိုင်ငံတကာဖိအားများကြောင့် သန်းရွှေဦးဆောင်သည့် စစ်အာဏာ ရှင်တို့သည်မတရားသည့်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုဇွတ်ပြဌါန်းခါကလိန်ကျထားသည့် ရွေး ကောက် ပွဲဖြင့် လွှတ်တော်ဆိုသော တံတိုင်းကို တည်ဆောက်ပြီး  ဟန်ပြ ဒီမိုက ရေစီ ကျင့်သုံး၍ သူတို့ ကိုယ် သူတို့ကာ ကွယ်လျှက် ပြည်သူလူထုကိုလှည့်စားပြီး ဆက်လက် ဖိနှိပ်ရမ်းကား ဗိုလ်ကျမြဲ ဗိုလ်ကျ ကြီးစိုး လျှက် ရှိသည်။
 ဖြစ်ပေါ်ခဲ့သော လျှပ်စစ်မီးရရေးလှုပ်ရှားမှု၊ ရခိုင်ပြည်တွင် ဖြစ်ပွါးနေသော အဓိကရုဏ်းများ၊ လက် ပံ တောင်း စီမံကိန်းပြဿနာ၊ လယ်ယာမြေများကို မတရားသိမ်းယူခြင်းကိစ္စများ၊ကချင်ပြည်နယ်စစ်ပွဲများ၊ မီဒီယာလွတ် လပ်ခွင့်အရေးလှုပ်ရှားမှု၊ စစ်တပ်ထဲမှလည်းမကျေနပ်မှုများတပ်ပြေးများလည်းများပြားနေခြင်း စသည်တို့မှာ စစ်အာဏာရှင် လက္ခဏာကို တနည်းတဖုံအားဖြင့် ဖေါ်ပြနေချက်များ သာဖြစ်သည်။
 လွှတ်တော်နှင့် အဆင့်ဆင့်သော ရာထူးရာခံ တို့ဖြင့်၎င်း၊ စီးပွါးရေး အခွင့်အလမ်းး များဖြင့် ၎င်း၊ဖိနှိပ်မှု များဖြင့်၎င်း၊  လက်ဝေခံ လက်ပါးစေတို့ကို မွေးခါ ပြည်သူလူထုအပေါ် စစ်အာဏာရှင်စံနစ်ကို ပုံစံပြောင်း၍ ဆက်လက်လှည့်စားတည်ဆောက်နေခြင်းသာဖြစ်ပေသည်။အခွင့်အရေးနှင့်မက်လုံးများကြောင့်လည်း ဖေါက်ပြန်သော အချောင် သမားများကို မြူဆွယ်သိမ်းသွင်းနိုင်ခဲ့ပြီး ဖိနှိပ်ရေး ယန္ဒယားကို ပိုမိုမောင်းနှင်လာနေပါသည်။
ဤအခြေအနေအောက်တွင်“ ငြိမ်းချမ်းရေး” အရည်ခြုံလျှက် လက်ဝေခံ လက်ပါးစေများ၊ ကရိုနီ များ ဖြန့် ကျက်ခါ လယ်သမား၏ မြေယာသိမ်းခြင်း၊ အလုပ်သမားများ လုပ်ခလစာအပြည့်အ၀မပေးခြင်း၊ လူ့အခွင့် အရေး ချိုး ဖေါက် ခံရ ခြင်းတို့အတွက် ကြံ့ဖွတ်စစ်အာဏာရှင်တို့ကို ကျွန်ုပ်တို့က အယုံ အကြည်မရှိ၊ ဆန့် ကျင် တိုက်ပွဲဝင် သွားမည်။
စစ်အာဏာရှင်ကြံ့ဖွတ်တို့၏လုပ်ရပ်များနှင့်၊သူတို့၏လက်ဝေခံလက်ပါးစေ၊လူထုဆန့်ကျင်ရေး ဖေါက်ပြန်သူ အချောင်သမားများတို့၏လုပ်ရပ်ကိုလည်း ဖေါ်ထုတ်ဖွင့်ချခါ ဆန့်ကျင် ရှုတ်ချသွားမည်။
လူထုတိုက်ပွဲ လက်နက်ကိုင်တိုက်ပွဲ လမ်းစဉ်ကို အဆက်အစပ်ရှိစွာကျင်သုံးပြီး စစ်အာဏာရှင် စံနစ် တိုက် ဖျက် ရေး လှုပ်ရှားမှုကို ဆက်လက်အကောင်အထည်ဖေါ် ကျင့်သုံးသွားမည်။
ကြံ့ဖွတ်စစ်အာဏာရှင် ဖိနှပ်မှုသည် လျှော့မသွားဘဲ ပုံစံပြောင်းဖိနှိပ်မှုသာဖြစ်နေသဖြင့် ကြံ့ဖွတ်စစ်အာ ဏာရှင်တို့နှင့်စေ့စပ်နားလည်မှုယူခြင်းသည်စစ်အာဏာရှင်စံနစ်ကိုသက်ဆိုးရှည်စေရန်အားပေးရာကျသော  ကြောင့် မပြုလုပ်ကြရန် တိုက်တွန်းလိုက်သည်။
ပြည်သူလူထုတို့၏အားသည် စုစည်းမှုအားဖြစ်သောကြောင့် မည်သည့်လှုပ်ရှားမှုကို မဆို ဖြစ်နိုင်သမျှ တပ် ပေါင်းစုအသွင်ဖြင့် လှုပ်ရှားနိုင်ရန် ကြိုးပမ်းကြရမည်၊ သီးခြားအခွင့်အရေးနှင့် တကိုယ်ကေင်းဆန်မှုကို ရန်သူ သည် အကြီးအကျယ် အမြတ်ထုတ်နေကြောင်း အလေးအနက်သိထားသင့်ပေသည်။
ပြည်တွင်းရှိလယ်သမားများအလုပ်သမားများ၊သံဃာများ၊ဆင်းရဲသားများ၊ ပြည်သူ့ဘက်သားတပ်မ တော်သားများသည် သူတို့၏ ဘ၀ရပ်တည်ရေး၊ တရားသော အခွင့်အရေး၊ စစ်မှန်ပြည့်ဝသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အတွက်လှုပ်ရှားတိုက်ပွဲဝင်နေခြင်းကို၎င်း၊စစ်အာဏာရှင်စံနစ်အားလက်နက်ကိုင်ဆန်ကျင်တိုက်ပွဲဝင် နေကြသော KIO, SSPP, PSLF စသည့် တိုင်းရင်း သားညီအကို များကို ၎င်း၊ ကျွန်ုပ်တို့သည် နည်းမျိုး စုံဖြင့်အပြန်အလှန် အားပေး ထောက်ခံကြရမည်။
စစ်အာဏာရှင်ကြံ့ဖွတ်တို့သည် သူတို့၏ ကြမ်းကြုပ်သော စစ်အာဏာ ရေရှည်တည်တန့်ရေးအတွက် အ ကွက် ချ လုပ် ဆောင်နေခဲ့သဖြင့် ပြည်သူများအနေဖြင့် ပြည့်ဝသော ဒီမိုကရေစီနှင့် လူခွင့်အရေးကို ပီပီပြင်ပြင် ခံစား နိုင်ရေးအတွက် စစ်အာဏာရှင်တို့၏ အကျင့်နှင့် လုပ်ရပ်တို့ကို လူမှုရေးနယ်ပယ်၊ စီး ပွါးရေးနယ်ပယ်၊အနုပညာနယ်ပယ်မှအစဆန့်ကျင်တိုက်ပွဲဝင်မှသာရရှိခံစားနိုင်မှာဖြစ်ကြောင်းတိုက်တွန်းနိုးဆော်လိုက်ပါသည်။
စစ်အာဏာရှင် စံနစ်ကို ဆန့်ကျင်တိုက်ဖျက်ကြ။
လူထုအစိုးရ မုချပေါ် ထွန်းရမည်။

ပြည်သူ့လွတ်မြောက်ရေးတပ်ဦး
မြိတ်ထားးဝယ်ညီညွတ်ရေးတပ်ဦး

Monday, December 3, 2012

လက်ပံတောင်း စီမံကိန်းကို ကာကွယ်သူတို့သည် အမျိုးသားသစ္စာ ဖေါက်များအဖြစ် တွင်ရစ်လိမ့်မည်။



လက်ပံတောင်း စီမံကိန်းကို ကာကွယ်သူတို့သည် အမျိုးသားသစ္စာ ဖေါက်များအဖြစ် တွင်ရစ်လိမ့်မည်။
လက်ပံတောင်းကြေးနီစီမံကိန်းသည် မသမာသော စီမံကိန်းတခုဖြစ်ကြောင်း အချိန်ကြာလေ အပုတ် နံ့ ပေါ်လေ ဖြစ်နေတော့သည်။ ဒီမိုကရေစီအင်အားစုတို့က စစ်အာဏာရှင်စံနစ်ကို ဆန့်ကျင်ရေးအတွက် ချမှတ်လိုက်သော စီးပွါးရေးပိတ်ဆိုမှုကို ဖေါက်ထွက်နိုင်ရေးအတွက် စစ်အာဏာရှင်စစ်ဗိုလ်တို့သည် ရ ရာဈေးဖြင့် တရုတ်တို့ထံ လက်ပံတောင်း တောင်တန်းကို ရောင်စားတော့သည်။ ဤသည်ကို အပေါင် ဆိုင်ဖွင့်စားတတ်သော တရုတ်တို့ ဥာဏ်ဖြင့် တရုတ်ဘက်က အမြတ်ထုတ်တော့သည်။ မူးယစ်ဆေး စွဲနေသူကဲ့သို့ဖြစ်နေ သော စစ်အာဏာရှင် စစ်ဗိုလ်တို့သည်လည်း ဆေးအပြတ် မခံနိုင်သည့်အားလျှော်စွာ အမျိုးသား ယဉ်ကျေးမှု၊အမျိုးသားလက္ခဏာ အမျိုးသား အကျိုးစီးပွါး တို့ကို မမြင်တော့ဘဲ သူတို့ရှင် သန်ရေးအတွက် တိုင်းပြည်ပိုင်၊ လူထုပိုင် ရတနာ သိုက်တို့ကို ရရာဈေးနှင့် ရောင်း စားအမြတ် ထုတ်တော့သည်။ ဤသည်မှာ လက်ပံတောင်းပြဿနာ၏ အရင်း အမြစ်ဖြစ်စဉ်ဖြစ်တော့သည်။
အနှစ်သာရမှာ စစ်အာဏာရှင်စံနစ်ဆိုးဖြစ်ပြီး၊ ဒုတိယ ပြစ်မှုကျူးလွန်သူသူမှာ အမြတ်ရရေး တခုကို သာကြည့်လျှက်ကမ္ဘာက၀ိုင်းပယ်ထားသည့်ရက်စက်သောစစ်အာဏာရှင်ကိုအားပေးသည့်တရုတ်ပေါ်လစီဖြစ်သည်။ ထိုအချက်နှစ်ခုလုံးကိုကျွန်ုပ်တို့ ပြည်သူများဆန့်ကျင်ကြရမည်။အာဏာရမက်ပြင်းထန်ပြီး၊ကြီးမား သော ပြစ်မှုတို့ကို ကျူးလွန်ခဲ့သည့် စစ်အာဏာရှင်တို့သည် သူတို့အာဏာတည်မြဲရေး အလို့ငှါ ဘိုးဘွားပိုင် လူထုပိုင် တိုင်းပြည်ရတနာတို့ကို ခိုးဝှက်ရောင်းစားခြင်း အမှု၊သူခိုးပစ္စည်းလက်ခံမှုဆိုသည့်အမှုမျိုးသာဖြစ်တော့သည်။
ကျွန်ုပ်တို့က ထိုအခြေအနေကို ရှင်းရှင်းသိမြင်ခါ ဖြေရှင်းဖို့အရေးကြီးလှသည်။ကျွန်ုပ်တို့ပြည်သူကို ဖိနှိပ်လျှက် မိမနိုင် ၊ ဖမနိုင် စစ်အာဏာရှင် တို့လုပ်ရပ်ကိုကား အားပေးထောက်ခံရန်လုံးဝမရှိပါ၊ အကယ် သာ  ယနေ့ အပြောင်းအလဲသည် စစ်မှန်သည့် တော်လှန်တခုဖြစ်ခဲ့လျှင် ပြီးခဲ့သော စစ်အာဏာရှင်တို့ လုပ်ခဲ့ သမျှကို ဘာမှ အာမခံစရာမရှိပါ၊ အခုတော့တော်လှန်ရေးမဟုတ်တဲ့ အပြောင်းအလဲကြောင့် ယခင် စစ်အာဏာရှင်တို့ လုပ်ခဲ့ သမျှ မကောင်းမှုတို့ကို အကျွေးဆပ် ကျွန်ခံရတော့မည့်ပုံ ဖြစ်နေတော့သည်။ ကျွန်ုပ်တို့ကားတရုတ်တို့၏အဖမ်းအဆီးအချုပ်အနှောင်ကိုခံနေရသူများမဟုတ်သလိုဤမျှသော ငွေကြေးသည် နိုင်ငံ့အတိုင်းအတာအရ တရုတ်လိုစီးပွါးရေး တောင့်တင်းသည့် တိုင်းပြည်ဆိုလျှင် ပို၍ပင်မှုလိမ့်မည်မဟုတ်ပေ။ ထိုကြောင့် ငွေကြေး ကိစ္စသည် အရေးပါလှသည်မဟုတ်။
တရုတ်၏ပေါ်လစီမှာ “ကြောင်ဖြူ ကြောင်မဲ အရေးမကြီး ကြွက် ခုတ်ဖို့သာ လိုတယ်။” ဆိုတဲ့ သူတို့ အမျိုးသား အကျိုးစီးပွါး အပေါ်မူတည်တဲ့ ပေါ်လစီဖြစ်ရာ ကျွန်ုပ်တို့ကလည်း ကျွန်ုပ်တို့အမျိုးသားအကျိုးစီးပွါး ကို သာ အာရုံစိုက်ဖို့သာလိုတော့သည်။ ထိုကြောင့် အမျိုးသားပြည်သူလူထုများ ဘယ်လိုသဘောထား ရှိကြသည်။ ဘယ် လို အကျိုးစီပွါး ပိုမိုရရှိခံစား ရမည်ဆိုတာကိုသာ အလေးထားစဉ်းစားဖို့လိုပါသည်။
လက်ပံတောင်းစီမံကိန်းကား မသမာတဲ့ စီးပွါးလုပ်ငန်းမှုတခုဖြစ်ဆသာကြောင့် ရပ်ကိုရပ်မှ ဖြစ်တော့မည်။ မတရားလုပ်ရပ် ဖြစ်သောကြောင့် ဒေသခံ ရပ်သူရွာသားများ၏ စီးပွါးရေး၊ လူမှုရေးနှင့်ဘ၀များစွာ ပျက် သုဉ်း နေခဲ့ရကာ လူထုများ၏ ရေရှည်ဆန့်ကျင်ကန့်ကွက် မှုများကို အပြင်းအထန်ရင်ဆိုင်ခဲ့ရသည်က သက် သေဖြစ် တော့ သည်။
သံဃာများဦးဆောင်သည့် သပိတ်စခန်းများကို မီးရှို့တိုက်ခိုက်သိမ်းပိုက်သည့် ကြံ့ဖွတ်အစိုးရလုပ်ရပ်က လည်း တိုင်းပြည်တ၀ှမ်းရှိ လူထု များရှေ့တွင် မမြင်ရက် မကြားရက်စရာများ အဖြစ် သမိုင်းမှာ ထင်ကျန်နေသလို ပြေပျောက် တော့မည်မဟုတ်သောကြောင့် ယခင့်ယခင် ဖြစ်ရပ်များကဲ့သို့ အမျိုးသား ဒဏ်ရာဒဏ်ချက်တခု ဖြစ်သွားရပြန်ပါသည်။
ကြံ့ဖွတ်သမတရုံးဝန်ကြီး ဦးအောင်မင်းကပြောသော “ တရုတ်ကိုကြောက်နေရတယ်။” ဆိုတဲ့ စကားက လည်း မြန်မာအမျိုးသား ဂုဏ်သိက္ခာကို တစမကျန်ထိခိုက်စေခဲ့တာကြောင့် လက်ပံတောင်းစီမံကိန်ြး ပဿနာသည် မြန်မာအမျိုးသားရေးအတွက် ကြီးမားစွာ ထိခိုက်မှုကြီး ဖြစ်နေသည်မှာ ထင်ရှားလှသည်။
ထို့ကြောင့် ပြည်သူလူထုဆန္ဒနှင့် အကျိုးစီးပွါး ၊ အမျိုးသား ဂုဏ်သိက္ခါ နဲ့ ဇာတိမာန်တို့ကို  ထိန်းသိမ်း ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် ဤလက်ပံတောင်း စီမံကိန်းကို ရပ်တန့်ရန်လိုအပ်လှပါသည်။ ဆက် လက် လုပ် ဆောင်လိုသူများ၊ အကောင်အထည်ဖေါ်လိုသူများသည် အမျိုးသားသစ္စါဖေါက်များ၊ စစ်အာဏာရှင် စံနစ်ကို ကာကွယ်သူများအဖြစ်သာ တွင်ကျန်ရစ်ပေတော့မည်။
အမျိုးသားဂုဏ်၊အမျိုးသားအကျိုး၊ လူထုအကျိုးကို ကာကွယ်ကြ။
လူထုအစိုးရ ပေါ်ထွန်းရမည်။
ဦးအေးဆောင်
ဒီဇင်ဘာ ၄၊ ၂၀၁၂။








Saturday, November 10, 2012

ကျွန်တော်တို့ ဘယ်ကို ချီတက်ကြရမလဲ။



ကျွန်တော်တို့ ဘယ်ကို ချီတက်ကြရမလဲ။
ဒီမေးခွန်းကို တိတိကျကျသိထားဖို့လိုပါတယ်။ အဖြေကိုလည်း ထိုးထွင်းပြီးသိအောင်လုပ်ဖို့လိုတယ်။ သိပြီး ဆုံး ဖြတ်ခံယူပြီးရင် စွဲစွဲမြဲမြဲ လုပ်ဆောင်ရပါတယ်၊ တွေဝေယိမ်းယိုင်အောင် လုပ်တဲ့ အနှောက် အယှက် တွေကို တိုက် ဖျက်ကျော်လွှားရပါလိမ့်မယ်။ ဒါမှသာ ကျွန်တော်တိုတဦးချင်းဟာ ထက်မြက်တဲ့၊ တန်ဖိုးရှိတဲ့ အောင်မြင်တဲ့ လူတွေ ဖြစ်လာကြလိမ့်မယ်။
ချီတက်ရမည့်ခရီးက ဒီနေ့မှာ ရှုပ်ထွေးနေသလိုဖြစ်နေတယ်။ ဖြစ်ရတဲ့ ကိစ္စက ရန်သူစစ်အာဏာ ရှင်က ပုံပြောင်းပြီး ဟန်ဆောင်နေလို့ပါ၊ သူရဲ့ ပရိယာယ်အောက်မှာ ကျသွားကြတဲ့ ကိုယ့်လူတွေကလည်း ရှိနေတော့ ပြည်သူတွေ တွေဝေနေတာကမဆန်းလှဘူး။ဒီနေ့ မြန်မာမှာရှိနေတဲ့ အုပ်ချုပ်သူတွေဟာ စစ်ပဒေသရာဇ်လူတန်း စား ဖြစ်မြဲ ဖြစ်နေတယ်။ သူတို့ဟာ မြေယာနဲ့ သေနတ်အပေါ်မှာ ချုပ်ကိုင်မြဲ ချုပ်ကိုင်ပြီး ကြီးစိုး နေကြသေး လို့ဘဲ။ဒီတော့ အရင်က မြေယာတွေ မတရားသိမ်းထားတာတွေ ၊ ပေါ်လာသလို ဆက်လက်သိမ်းနေ တာလည်း ရှိနေတယ်။ ဒါတွေက ယနေ့ မမြင်၊ အကြားချင် တဆုံး ဖြစ်နေတာတွေပါ။ ဒီဖြစ်ရပ်တွေက အရင်က မပြော ၀င့်ခဲ့ကြရာက အခုမှပေါ်ပေမဲ့ အရင်က တည်းက စစ်အာဏာသိမ်း ခဲ့တဲ့ အခါထည်းက စခဲ့တဲ့ ပဒေသရာဇ် စရိုက်ပါဘဲ။
အခုတော့ ဗြောင်စစ်ပဒေသရာဇ်ပုံက လူတောတိုးဖို့ခက်လာတာရယ်၊ အာရပ်လှိုင်းတွေရယ်၊ နိုင်ငံ တကာဖိအား ၊ ကမ္ဘာပတ်စီးပွါးရေးစံနစ်( Globalization )၊ သတင်းနည်းပညာ (IT)တွေကြောင့် လူထုကို ဆက် လက်ဖိထားဖို့ မလွယ်တော့တာကြောင့် ဖွဲ့စည်းပုံတို့ ၊ လွှတ်တော်တို့၊အတိုက်အခံတို့ ပုံဖေါ်ပြီး ပဒေသရာဇ် စစ်အာဏာရှင် ကို အရင်းရှင်ပုံဖမ်း ပြည်သူကိုလှည့်စားနေတော့ အမြင်ကရှုပ်ထွေးသ လိုဖြစ်နေရတာပါဘဲ။ တကယ်က ဘောင်းဘီချွတ်ထားတဲ့ စစ်ပဒေသရာဇ်အာဏာရှင်ပါဘဲ။ ဘာဖြစ်လို့လဲ ဆိုတော့ မြေနဲ့ လက် နက်ပေါ်မှာ ဆက်လက်အခြေခံနေလို့ဘဲ။လွတ်လပ်တဲ့ဥပဒေတွေ၊ ရွေးကောက်ပွဲတွေ၊ သတင်းလွတ်လပ်ခွင့်၊ နိုင်ငံရေးလွတ်လပ်ခွင့်တွေကိုလည်း သွယ်ဝိုက်တဲ့နည်းနဲ့ ချုပ်ချယ် ဖိနှိပ်ထား တုန်းပါ ဘဲ။
၇၄ ဖွဲ့စည်းပုံက မြေယာကို ချုပ်ကိုထားတာဟာ ဒီ ၂၀၀၈ မှာလည်းတူတူပါဘဲ။ စိတ်ကောင်း စေတ နာတွေနဲ့ လုပ်ကြတယ်ဆိုတာက စိတ္တဇဆန်သလို ဘာမှ အာမခံချက်မရှိပါဘူ။ ဥပဒေမှာ ပြဌာန်း လိုက် တော့ကော ပြောင်းလိုက်တော့ကော ပြီးသွားမလား ဆိုတော့ မပြီးနိုင်ဘူး၊ စစ်ပဒေသရာဇ် စရိုက်ဆိုးက ရာစုနှစ်ဝက်မက တည်ဆောက်ထားတာတွေကို ရိုက်ချိုးဖို့က ပြင်းထန်တဲ့ ဒိုင်းနမိုက်နဲ့ စက်ကြီးတွေက သာ အမြန် ချေဖျက်နိုင်မယ်။ ဒါကိုတော်လှန်ရေးလို့ ရှင်းရှင်းဘဲ ပြောရလိမ့်မယ်။ လုပ်နိုင် တာသူက လူထုဘဲ။ တခြားလူမဟုတ်ဘူး။
ဒီနေ့ ဖြစ်နေတဲ့ ပြဿနာတွေ၊ အကျင့်ပျက်မှုတွေ၊ အောက်ခြေကမတရားအနိုင်ကျင့်မှုတွေက အရိုးစွဲနေတဲ့ စစ်ပဒေသရာဇ် လက္ခဏာတွေဘဲ ဖြစ်နေတယ်။ လက်ရှိအစိုးရဆိုတာကလည်း လူထုတွေ ရဲ့မျက်စေ့ထဲမှာ အားကိုးလို့ရ နိုင်ပါ့မလား ၊ ဟုတ်ရဲ့လား ဆိုတဲ့ သံသယကြားမှာ နေနေရတော့ ကြီးပွါး ချမ်း သာပြီး၊ အသပြာ ရောအာဏာပါ အခြေခိုင်နေတဲ့ လက်ပါးစေလက်ဝေခံ၊အမြတ်ထုတ် မည့် ခေတ်ဟောင်း သွေး စုတ် သူတွေကတရားနည်း၊မတရားနည်း နည်းပေါင်းစုံနဲ့ အစွမ်းပြ ခြိမ်းခြောက်ေ နတဲ့ ကာလပါဘဲ။
အနှစ်သာရက စစ်ပဒေသရာဇ် စရိုက်လကဏ္ခာတွေကို ပြောင်းရမှာပါ၊ ပြောင်းတာတော့ဟုတ်ပြီ ဘယ်ကို ပြောင်းမှာလဲ ဆိုတာက ရှိသေးတယ်၊ ပြောင်းခိုင်ပြီး နေရာမရှိတဲ့ ပြောင်းနည်းကားလည်း မဟုတ်ပြန် ဘူး။ပဒေသရာဇ် စံနစ်ထက် တဆင့်မြင့်တာက အရင်းရှင်စံနစ်ပေါ့၊ အရင်းရှင် လို့ဆိုတာနဲ့ ဒီမိုက်ရေစီလို့ ကျွန်တော်တို့က တမ်းမြင်တတ်ကြတယ်၊ ဒါကလည်း အရင်းရှင်တွေက ကျွန်တော်တို့ကို သွင်းထားတဲ့ အပင်း ဘဲ။ဒီကိစ္စကိုနောက်ထားပြီး မြေရှင်ပဒေသရာဇ်ခေတ်ကနေ အရင်းရှင်စံ နစ် ကို ပြောင်းနိုင်ဖို့ကလူထုတွေ အနေနဲ့ မြေယာ ပိုင်ဆိုင်မှု ရှိမှ ဖြစ်မယ်။ မြေယာတွေကို နိုင်ငံတော်ဆိုတဲ့ နံမယ်နဲ့ လက်ဝါးကြီး အုပ် ချယ်လှယ်နေလို့ တော့ စစ်ပဒေသရာဇ်စံနစ်က ပျောက်မှာ မဟုတ်ဘူး၊ ဒါဟာ လူးတဦး အစိုးရတခုနဲ့ မတူဘူး စံနစ်ကို ပြောင်းစေချင်ရင် လုပ်ရမှာ ကို ပြောတာ၊ ဘာအာဂါတတွေ အမုန်းတွေနဲ့ ပြောတာမဟုတ်ပါဘူး။စစ် တပ် ဟာလည်း လူထုက အချုပ်အချယ်ကင်းကင်း လွတ်လွတ် လပ်လပ် ရွေးချယ်ထားတဲ့ အစိုးရကို သစ္စာခံခြင်းမှ တပါး တခြားမလုပ်ရပါဘူး၊ ဒီနေရာ မှာ ပြည်ေ ထာင် စုပုံစံတွေက ရှိသေးတယ်၊ ဒါကိုလည်း နောက်ထား လိုက်ရဦးမယ်။ နောက်မှ ထပ်ရှင်းရမယ်။ရှည်မယ်။
အခုက ဘယ်ကိုချီတက်ရမလဲ ဆိုတာက လက်ငင်းမှာ မြေယာပိုင်ဆိုင်ခွင့်၊ လယ်လုပ်သူလယ် ပိုင်ရေး၊ ပုဂ္ဂလိကပိုင်ဆိုင်မှု အသိအမှတ်ပြုရေး၊ လူထုအုပ်ချုပ်ရေးဖြစ်ဖို့၊ခေတ်သစ်နည်း ပညာတွေ ကို ဖေါ်ထုတ် ထုတ် အသုံးပြုနိုင်ဖို့ဖြစ်တယ်၊ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ရှိဖို့က အရင်းရှင် စံနစ်ရဲ့ ဒေါက်တိုင်ဖြစ် ပါတယ်၊ ဒီတော့ လယ်လုပ် သူလယ်ပိုင်ရေး၊ မြေယာ ပိုင်ဆိုင်ရေးက ဒီနေ့ ချီတက်ရမည့် အနီးဆုံး ပန်းတိုင်ဖြစ်တယ်၊ ဒီပုဂ္ဂလိက ပိုင်ဆိုင် မှုတွေကို အထောက်အကူပြုစေတဲ့ အာဏာသုံးရပ်ဖြစ်လာဖို့ လိုတယ်။ စစ်ပဒေသရာဇ်ကို အကာအကွယ်ပေး၊ ပြည်သူကိုဖိနှိပ်တဲ့ သုံးရပ်မဟုတ်ရဘူး။ စစ်ပဒေသရာဇ် ဥပဒေမဟုတ် သလို ပုဂ္ဂလိက လူတဦးချင်း အပေါ် အသိအမှတ်ပြု လေးစားတဲ့ ဥပဒေနဲ့ လုပ်ရမှာ ဖြစ်တော့ ၂၀၀၈ ဥပဒေ ဆန့်ကျင်ရေးက လိုအပ်မြဲလို အပ်နေတယ်။
ဒီတော့ ကျွန်တော်တို့က ပုဂ္ဂလိက ပိုင်ဆိုင်မှုရှိတဲ့ အရင်းရှင်ဒီမိုကရေစီ စံနစ်ဆီချီတက်ရမှာပါ၊ ဒီနေရာ မှာ အရင်းရှင်နဲ့ ဒီမိုကရေစီကို တွဲသုံးတာကို သတိထားစေချင်ပါတယ်။ The marriage of capitalism and democracy  is over .( အရင်းရှင်နဲ့ ဒီမိုက်ရေစီတို့ လက်မယားကွဲပြီ) ဆိုတဲ့ စကားကို ပါးလိုပါတယ်။ အရင်း ရှင်ဒီမိုကရေစီ ဆိုတာ ဒီမိုကရေစီထဲက ဒီမိုကရေစီတမျိုးသာဖြစ်တာကို အလေး ထားစေချင်ပါတယ်။ အရင်း ရှင်ဒီမိုကရေစီဟာ အားလုံးအတွက် ဒီမိုကရေစီမဟုတ်သေးပါဘူး။ ကျွန်တော် တို့ မြန်မာပြည်သူတွေ အနေနဲ့က အဲဒီ အရင်းရှင်ဒီမိုကရေစီလောက်ကို မခံစားရတာ ရာစုနှစ်ဝက်ကျော်ပြီ။
အခုတော့ ကျွန်တော်က ပုဂ္ဂလိက ပိုင်ဆိုင်မှုကိုပေးမည့် အရင်းရှင် ဒီမိုကရေစီကို ချီတက်ဖို့ ဆိုတော့ ဘယ်သူတွေနဲ့ ဘယ်လိုချီတက်မလဲ ဆိုတာ ထပ်ပေါ်လာတော့မယ်။ စစ်ပေးသရာဇစံနစ်ကို ဆန့်ကျင်ဖို့ စစ်ပ ဒေသရာဇ်ကြံ့ဖွတ်တွေနဲ့အမြီးစားဘက်၊ ခေါင်းစားဘက်တွေက လုပ်မှာ မဟုတ်သလို အရင်း ရှင်တွေကလည်း လုထုတွေ အားတက်လာမှာကို မလုပ်ပါဘူး။ သူတို့က မြန်မာပြည်သူလူထုအပေါ် များများအမြတ်ထုတ်၊ များများသွေးစုတ်နိုင်အောင် လူထုကိုဖိနှိပ်ဖို့စစ်ပဒေသရာဇ်ဘက်သားတွေ ကို မွေး ထား ဖို့လိုနေလို့ဘဲ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့   စစ်အာဏာရှင်နဲ့ သူလက်ပါးစေလက်ဝေခံတွေကို ဦးတည်တိုက်နိုင်ဖို့ကအခြေခံအလုပ်သမားလယ်သမားတွေ၊ဖိနှိပ်ခံဆင်းရဲသားပြည်သူတွေဖြစ်မြဲ ဖြစ်နေပါတယ်။ စစ်ပဒေသရာဇ်စံနစ် ကို ဆန့်ကျင် တဲ့ ဓနရှင်တွေ၊ တိုးတက်တဲ့ ဓနရှင်တွေ ၊ ဓနရှင်ပေါက်စတွေ၊ အလုပ်သ မား လယ်သမားတွေ၊ လက်လုပ် လက်စားတွေနဲ့ ပေါင်းပြီး စစ်ပဒေသရာဇ်အာဏာကို တိုက်ဖျက်ရမှာပါ။
ချီတက်ရမည့် အနှီးဆုံးပန်းတိုင်က အရင်းရှင်စံနစ်ဖြစ်ပြီး၊အဖိနှိပ်ခံ တိုင်းရင်းသားပေါင်းစုံ အလုပ်သ မား လယ်သမား ဆင်းရဲသားတွေကို အခြေခံ၊ တိုးတက်တဲ့ အမျိုးသား ဓနရှင်တွေ၊ ဓနရှင်ပေါက်စတွေပေါင်း ပြီး စစ်ပဒေသရာဇ် လက်ဝါးကြီးအုပ်မြေရှင်စံနစ်ကို တိုက်ဖျက်ရေးပန်းတိုင်ဖြစ်တယ်။ဒါကို ကျွန်တော်က “တော်လှန် တဲ့ ဒီမိုကရေစီ” လှုပ်ရှားမှုလို့ခေါ်ပါတယ်။
“မြေယာပိုင်ဆိုင်ရေး၊ လယ်လုပ်သူလယ်ပိုင်ရေး၊ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် ” ဆိုတဲ့ ကြွေးကြော်သံဟာ ဒီနေ့ ကျွန်တော်တို့ ကြွေးကြော်သံ ဖြစ်သင့်ပါတယ်။ကျွန်တော်တို့ ချီတက်ရမည့် ဒီနေ့ပန်းတိုင်ပါ။
လေးစားစွာဖြင့်
ဦးအေးဆောင်
နိုဝင်ဘာ ၁၀၊ ၂၀၁၂။