ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Monday, August 29, 2011

တော်လှန်ရေးလား၊ ငြိမ်းချမ်းရေးလား

တော်လှန်ရေးလား၊ ငြိမ်းချမ်းရေးလား

တိုင်းပြည်တခုလုံးစုတ်ပြတ်နေပြီး၊ အကျင့်ပျက်ချစားမှုတွေကခြေဆုံးခေါင်းဆုံးပြည့် နှက် နေ တဲ့ မြန် မြာ ည် လို နေရာမှာ တော်လှန်ရေးကလွဲလို့ တခြားဘာမှ မတတ် နိုင် တော့ ဘူး၊ ပြုပြင်ရေး သမားတွေ၊ အချောင် သမားတွေ က လက်ပါးစေလက်ဝေခံ တွေက သူတို့ အကျိုးစီးပွါးအတွက်စစ်အာ ဏာရှင်စံနစ်ကို ကာကွယ်နေ ကြပေမဲ့စစ်အာဏာရှင် စံနစ် ကား ပျက် ကြီး ကို နှိုးမရမှန်းနောက်တော့ သိလာကြမှာ ပါ၊နောက်တော့ဆို တဲ့စ ကားဟာအ နှီပ် စက်ခံ နေရတဲ့သူတွေ၊ဒဏ်ရာရနေသူတွေ၊၊နေ့ဖို့ညစာမရှိတဲ့သူတွေအတွက် အင်မတန်ရှည် လျားလှတယ်။ စစ်အာဏာရှင်စံနစ်ဟာ ရာစုနှစ် တ၀က်ကျော် ကြီးစိုးခဲ့တဲ့ ခါးသည်းတဲ့ အတွေ့အကြုံ အရ “နောက်မှ” ဆိုတဲ့အကြောင်းပြချက်ဟာ လုံးဝ မရှိအပ် တော့ တဲ့ အရာ ပါ။ နောက်ထပ် အချိန်မ ဆွဲသင့်တော့ ဘူး၊

စစ်အာဏာနဲ့ ကြီးစိုးတဲ့ကာလမှာ သမတတွေ၊ ၀န်ကြီးချုပ်တွေ၊ လွှတ်တော် တွေနံ မယ်အမျိုးမျိုးပြောင်း ပြီးပေါ်လာပေမဲ့ပြည်သူတွေက ဆင်းရဲသထက်ဆင်းရဲပြီး ဖိနှိပ်အုပ်ချုပ် တဲ့ စစ်အာဏာရှင်တွေ၊ သူ့လက်ပါးစေ၊ လက်ဝေခံတွေဘဲ ထားစရာမရှိ အောင် ချမ်းသာ လာကြတယ်၊ပြည်သူတွေကစားစရာတောင် မရှိကြတော့ ဘူး ၊ဒီကြားထဲအမျိုးမျိုးနံမည်နဲ့ကောက် ခံတဲ့ ငွေကြေး၊ ပေါ်တာကြေးလမ်းကြေးတွေက လူထုကို ရေနစ်ရာဝါးကူထိုး သလို လုပ်နေ တယ်။ ဒီတော့ ကျွန်တော်တို့ ဒီနေ့လိုအပ်တာက စစ်အာဏာရှင် စံနစ်တခုလုံး ကို ပြောင်းပြန်ပစ်မှ ဖြစ်မှာ၊ ဒီလိုပြောင်းလဲဖို့  တော်လှန်ရေးကို ဖြစ်တဲ့နည်းနဲ့ လုပ်ရမယ်။

စစ်အာဏာရှင်တွေဟာ သူတို့အတွက် အခြေအနေမကောင်းတော့ဘူးဆိုရင် “ငြိမ်း ချမ်း ရေး“ဆိုတဲ့ စကားလုံးနဲ့ ပြည်သူတွေရဲ့ တိုက်ပွဲအရှိန်ကို တွေသွားအောင် တန့်သွား အောင်၊ ကွဲသွားအောင်လုပ်လေ့ ရှိတာက သတိထားမိသူတိုင်းသိကြတာပါဘဲ။

အခုဟာက “ငြိမ်းချမ်းရေး” ဆိုတဲ့ အဆင့် မပြောနဲ့ “ စေ့စပ်တဲ့ အဆင့်” “ အပစ်ရပ် တဲ့ အဆင့်” ယုံကြည်မှုတည်ဆောက်တဲ့ အဆင့် ” ဆိုတာတွေတင် နောက်ထပ် အနှစ်နှစ် ဆယ်လောက် ယူလိမ့်ဦးမယ်။ ကျွန်တော်တို့ ပြည်သူတွေ နားမယောင်သင့် တော့ဘူး။

တိုင်းပြည်ကို ဂျောက်ထဲဆွဲချ၊ ပြည်သူတွေဆင်းရဲတွင်းနက်၊ နိုင်ငံတကာမှာ ကျွန် ခံနေရတာရဲ့ တရားခံက စစ်အာဏာရှင်စံနစ်ကြောင့်ဘဲ။ သူတို့အနေနဲ့ ဘာလောက်အ၀တ် လဲလဲ၊ ဘာနံမည်ဘဲခေါ်ခေါ် သူတို့ဟာ ကျွန်တော်တို့ကို ဒုက္ခ အပေးဆုံး အဓိက ရန်သူဘဲ ။ သူတို့ ရဲ့ လှည့်စားတတ်တဲ့ နည်းထက် အချောင်သမားနဲ့ ဖေါက်ပြန်ရေး သမားတွေက ၀ိုင်းတောချောက်ပေးလေ့ရှိတတ်တယ်။

“ငြိမ်းချမ်းရေး” ဆိုတဲ့ စကားက နှစ်လိုဘွယ်ရှိတယ်။ ဒါကြောင့်ဘဲ လိမ်လည်တဲ့ သူတွေက ဒီစကားလုံးကို သုံပြီး လှည့်စားကြတယ်။ “ငြိမ်းရေး အရူး” တွေများတာကို လူ လိမ်တွေက သုတေသနလုပ်ပြီး သိပြီးသား၊ အင်္ဂလန်မှာတောင် မနေ့တနေ့ကဘဲ လူငယ် တွေ ဆန္ဒပြကြတယ်။ လောကမှာ ငြိမ်းချမ်းရေး မရှိပါ။ နှိုင်း ယှဉ် ချက် အရ အေးချမ်း မှုသာ ရနိုင်တယ်။ ဒီအေးချမ်းမှုကိုလဲ အမြဲတစေ စောင့်ရှောက် ကာကွယ်ကြရ တယ်။ ပြည် သူတွေ စိတ်ကူး မယဉ်စေချင်ပါ။

အထူးသဖြင့် ပြစ်မှုတွေအမျိုးမျိုး ကျူးလွန်ခဲ့တဲ့ သူတွေဟာ သူတို့ အပြစ်အတွက် အင်မတန်ပူပန်သော ကကြီးနေသလို၊ ပြည်သူလူထုတွေကိုစိတ်ကောင်းစေတနာ ထားဖို့ အင်မတန်ခက်ခဲပါ တယ်။ အကျိုးစီးပွါးတွေပါ ပတ် သက် လာတဲ့ အခါမှာ တော့ သူတို့ဟာ အရက် စက်ဆုံးလူ တွေအဖြစ် ပေါ်လာကြမှာဘဲ၊ ဒါကြောင့် ဘဲ တော်လှန် ရေးတွေ အောင်မြင်ဖို့ ပြင်းပြင်း ထန်ထန်အနစ်နာခံ လုပ်ကြရတော့တယ်။

ဒီနေ့ မြန်မာပြည်မှာ လုပ်ရမှာ “ စစ်အာဏာရှင်စံနစ် တိုက်ဖျက်ရေး” ပါ။ ဒီအ ဓိက ကျတဲ့ လုပ်ငန်းကို မလုပ်ဘဲ ၊ ငြိမ်းချမ်းရေးတို့၊ စေ့စပ်ရေးးတို့ ၊ ဖွံဖြိုးရေးတို့၊ စီးပွါးရေးတို့၊ လူ့အခွင့်အရေးတို့ ဆိုတာတွေ ဟာ မြွေကို ခေါင်းက မဖမ်းဘဲ အမြီးကိုသာကိုင်သလို ဖြစ် နေမယ်။ အဆိပ်ပြင်း တဲ့ ခေါင်း က ပြန်ပြန် ကိုက်တာ ခံနေရမှာဘဲ။ဖြစ်နိုင်ရင် ခေါင်းကို အရင် ဖမ်းကိုင် နိုင်အောင် ကြိုးပမ်းရမယ်။

ကျားက အသက်သတ်လွတ်မစားသလို စစ်အာဏာရှင်တွေဟာ လူထုကို မဖိနှိပ် မသွေးစုတ်ဘဲ မနေနိုင်ဘူး၊ ပါလီမန်ထဲမှာ စစ်ဗိုလ်တွေနေရာယူထားတာ သူတို့ သွေးစုတ် လုပ်ငန်းကို စောင့်ရှောက်ဖို့ဘဲ။ ဒီတော့ စစ်အာဏာတွေရဲ့ ဒေါက်တိုင် တွေကို ရိုက်ချိုးပြီး ပြည်သူ့ ဘ၀တွေကို အာမခံနိုင်တဲ့ ဖွဲ့စည်းမှုတွေလိုအပ်နေတယ်၊ဒါကလူထု တော်လှန် ရေး အောင်ပြီးမှ လုပ်နိုင်မှာ ။

“ ရန်သူ့တပ်က သူပုန်ကို မနိုင်၊ သူပုန်ကလဲ ရန်သူကို မနိုင်” လို့ မြင်တဲ့ အမြင် တွေ ၉၄ ခု ပတ်ဝန်း ကျင် က စကြီးစိုးးခဲ့တယ်။ ဒါဟာပြည်သူ့အားက ရန်သူစစ် အာဏာရှင် တပ်ကို မနိုင်တော့ဘူးလို့ အထင်သေး ရာ က ပေါ်လာတာ၊ တော်လှန်ရေးတပ်အင်အားကို စစ်တပ် အင်အားနဲ့ ချိန်ပြိးကြည့်တဲ့ အမြင်ကပေါ်လာတာ၊ ဒါက တက္ကဗေဒ နည်းဘဲ၊ ၀ိဇ္ဖာနည်းကျ တော်လှန်ရေးအမြင်မဟုတ်ဘူး၊

ပြီးခဲ့တာတွေကို ပြန်ကောက်ရင် စာရှည်မျာစိုးလို့ ဒီနေ့ အခြေအနေကိုဘဲ ထောက် ပြရရင် ၊ စစ်အာဏာရှင်ဗိုလ်ချုပ်တွေ လူဝတ်လဲရတယ်၊ ဒါက ပြည်ွှတွင်းပြည်ပကလူတွေ ၀ိုင်းသမကြလွန်းလို့ ပုံပြောင်း ရတာ၊ ပြောင်းချင်လို့ မဟုတ်ဘူး၊ ရုဒ်မက် အတိုင်းလုပ်တာလို့ ပြောချင်တဲ့ လူကရှိဦးမယ်၊ ဘာရုဒ်မက်ဖြစ်ဖြစ် သူတို့ ကြာချင်သလောက် ဆွဲထားရင် ရတယ်၊ မဆွဲထားနိုင်တော့ဘူး စစ်တပ်တွင်း ပဋိပက္ခတွေ ကြီးလာတယ်။ အပစ်ရပ် အဖွဲ့တွေ ပြန်ပစ်လာတယ်။ လူထုတွေရဲ့ သတင်းအချက်အလက် ဆက်သွယ်ရေးတွေ ကောင်းလာသ လို၊အာရပ်ကမ္ဘာကလှုပ်ရှားမှုတွေက နိုင်ငံရေးနိုးကြားမှုကိုတိုးမြှင့်လာ စေတယ်၊ဒါတွေကစစ်အာဏာရှင်တွေ အောက်မှာ အရင်လို စစ်တပ် မရှိတော့ဘူးဆို တာ၊ လူထုတွေ အုံကြွဖို့ တာဆူနေပြီးဆိုတာကို သိနိုင်တယ်၊ စစ်သားအ ရည်အတွက်၊ သူပုန် ရည်အတွက်လောက်နဲ့ ခလေးတွက်တွက်မရဘူး၊

အတိုက်အခံတွေ၊ သူပုန်တွေကို အားမရတာလဲ ရှိတယ်၊ ဒါက ခေါင်း ဆော င် တွေ၊ပြည်သူတွေ ရဲ့အ ရည် အချင်းဖြစ်တယ်။ ဒီရည်အချင်းက ကျွန်တော်တို့ ကိုယ်တိုင် လုပ်ရမည့်ကိစ္စ။ မမှန်ဘူးထင်ရင်ပြော၊ အများသဘောမတူရင် ရပ်၊ ခေါင်း ဆောင်ရဲရင် ဆောင်၊ မဆောင်ရဲရင် နောက်ကလိုက်။တတ်နိုင်သလောက် ၀ိုင်းကူ၊အများသ ဘောအတိုင်း ခေါင်းဆောင်မှုကိုနာခံတတ်ရမယ်။ဗဟိုဦိးစီးစံနစ်ကိုဆိုလိုတာ၊ဒီလိုမှ ခေါင်းဆောင် မှုခိုင်မာလာမယ်၊ လူထုရဲ့ ထောက်ခံမှုရမယ်၊ ဒါလဲမလုပ် “မစွံပါဘူးကွာ” ဘဲပြောလို့ကတော့ မောယုံဘဲ။

လစ်ဗျားက ကာဒက်ဖီး မြို့တော် ထရီပိုလီက ပြေးရပြီ၊ကာဒက်ဖီးတပ်ကသန်း ရွှေတပ်ထက်အပုံကြီးသာ တယ်၊ အခုတော့ ပြေးပြီ၊ စစ်အေးခေတ်နောက်ပိုင်းမှာ လက် နက် ကိုင်တိုက်ပွဲတွေကို အားမပေးတော့ ဘူးလို့ ပြောတဲ့ သူတွေရဲ့ အသံ မကြား ရတော့ ဘူး၊ ပြည်သူတွေဟာ တိုက်ရဲရင် နိုင်တယ်ဆိုတာကိုသက်သေပြ လိုက်တယ်။ နိုင်ငံခြား ဆိုတာ သာတဲ့ ဘက်ကို ပြောင်းထောက်ခံမှာဘဲ။ နိုင်ဖို့ရာတော့ လစ်ဗျားမှာ အကူ မရခင် သုံးလ လောက်ကြံ့ကြံ့ခံလုပ်ခဲ့ရတာကို လဲ မမေ့နဲ့ဦး၊ သူတို့က ပြတ် သားတယ်၊ရန်သူနဲ့ စေ့စပ်လိုက်၊မစေ့စပ် လိုက်မလုပ်ဘူး၊ ကာဒက်ဖီးထွက်သွားဘဲ ပြောတယ်။ ဒါမှလဲ ကူညီ မည့်သူက ယုံကြည်မှာ၊ ကျွန်တော်တို့မှာက အဲဒါတွေက စ မရှင်းတော့ “ နိုင်မှာ မဟုတ်ပါ ဘူးကွာ” ဆိုတဲ့ အတွေးအခေါ်က ၀င်ဝင်လာတယ်၊ ဒါကြောင့် လူထုက လဲ စိတ်ပျက် တယ်။ ကျွန်တော်တို့ဆီမှာက ဘာမှပြည်သူအတွက် မလုပ်ရသေးဘူး ပြည်သူ့ အတွက် ရန်သူနဲ့ စေ့စပ်ဖို့ ဆိုတဲ့ လေသံက အရင်ရောက်နေတယ်။ သူတို့စေ့စပ်မှာက ပြည်သူကို နှိပ်စက်မည့်လူ စစ် အာဏာရှင်။

ပြည်သူတွေဟာ သူတို့ တတ်နိုင်သလောက်၊ မြင်သလောက်လုပ်ကြရမှာဘဲ၊ တွံ တေး က ကျူရှင်ဆရာ ဦးအောင်ဖေဆန္ဒပြတာကိုအားပေးရမှာဘဲ၊ရန်သူကိုအနှောက်အယှက်ဖြစ်အောင်စိတ်ပိုင်းရုပ်ပိုင်းထိခိုက်အောင် လုပ်တာ အားပေးရမှာဘဲ၊ တချိန် ထည်း မှာ ဘဲ ရန်သူ့အားပေး သတင်းပေး၊ ဒလျှိုဒလံတွေ ကိုလဲ ဖေါ်ထုတ် ရှုတ်ချ၊ တိုက် ခိုက်ကြ ရမှာဘဲ၊ တိုက်ပွဲဝင်တဲ့ အဖွဲ့ တွေ လဲ လိုအပ်တဲ့ အဆင့်ကို မရောက်မချင်း တိုက်ပွဲဝင်နေ ရ မယ်၊ တိုက်ပွဲတွေရဲ့အဆက်အစပ်နဲ့စုစည်းမှုသိပ်သည်းအောင်လဲစကြိုးပမ်းရမယ်၊ရန်သူ ရဲ့ ပရိယာယ် ရန်သူ ရဲ့ လှည့်စားမှုက ကိုယ့်လှုပ်ရှားမှုကို မထိခိုက် စေရဘူး။ ဒီအချိန်မှာ စောင့်ကြည့်နေ ပါဦးလို့ မပြောသင့်ဘူး၊

သိန်းစိန်ကြံ့ဖွတ် အစိုးရက အကြပ်အတည်း ပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်။ အထူး သဖြင့် စစ်တပ်ထဲမှာ အမိန့် မနာခံ ပုန်ကန်ချင်နေကြပြီ၊ သူတို့တတွေ ပြည်သူ့ဘက်ကိုကူး ပြောင်းဖို့လိုတယ်၊ ဖေါက်ပြန်တပ်နဲ့ ပြည်သူ့ တပ် ခွဲဖြားဖို့လိုတယ်၊ ပြည်သူမှာ တပ်မ ရှိရင် ဘာမှ မရှိဘူးလို့ ဆိုစကားရှိတယ်။ ဒီတော့ ပြည် သူတွေ ဟာ ပြည်သူ့ဘက်ရပ်ပြီး ပြည်သူ ကိုကာကွယ်ပေးမည့်တပ် လိုကိုလိုအပ်တယ်။ ဒီကိစ္စကို မစဉ်းစား ဘဲ လေထဲ က စ ကားလုံး တွေအပေါ်မှာ ရန်သူရဲ့ မြှူလုံးတွေအပေါ်ယစ်မူးနေရင် အိမ်မက်တွေအကုန်လုံး ဘိန်း ပြောင်း ထဲ ပြန်ဝင် သွား လိမ့် မယ်။

ဒီနေ့ဟာ စစ်အာအာဏာရှင် စံနစ်ကို တော်လှန်နေတဲ့ကာလ ၊ ပြည်တွင်း စစ်ဖြစ် နေတဲ့ ကာလ၊တိုက်ပွဲ ၀င်ရမည့်ကာလ၊ စိတ်ကူးယဉ်ငြိမ်းချမ်းရေးကာလမဟုတ်ဘူး။အဖိနှိပ် ခံ ပြည်သူတိုင်းဟာစစ်အာဏာရှင်ကိုတိုက် ဖျက်ရေး လုပ်ငန်းတွေမှာ ကျရာနေရာက ပါရ မယ်။ အဖိနှိပ်ခံ ညီညွတ်ရေး၊ ဘုံရန်သူဝိုင်းတိုက်ရေး စိတ်ဓါတ်ကို အမြင့်မားဆုံး စိုက်ထူပြီး ။ ပြည်သူ့စစ်ပွဲဗျူဟာနဲ့ စစ်အာဏာရှင် စံနစ် ဒေါက်တိုင်တွေကို တိုက်ခိုက်သင့် တယ်။ဒါမှ ကျွန်တော်တို့ပြည်သူတွေ အတွက် ထွန်းပြောင်တဲ့ အနာဂါတ်ကို တွေ့နိုင်မယ်၊။

ရန်သူရဲ့ လှည့်စားမှုသဏ္ဍာန်ကို ဖေါက်ထွင်းမြင်ပြီး ပြည်သူအားလုံးအတွက် စစ်အာ ဏာရှင်စံနစ် ကို ၀ိုင်းဝန်း တိုက်ဖျက်ချေမှုန်းကြမှာသာ ပြည်သူတွေဘ၀လူလုံးလှလာ မယ်။ လွတ်လပ်မှုရဲ့ အရသာကို တင်းပြည့် ခံစားနိုင်လိမ့်မယ်။

စစ်ထက်ကြောက်စရာကောင်းတဲ့ အရာဟာ စစ်ကို ကြောက်ခြင်းဘဲ၊

မတွေဝေနဲ့ တော်လှန်ရေးဟာတရားတယ်။

အောင်ပွဲကို တိုက်ယူကြ။

ဦးအေးဆောင်

သြဂုတ် ၂၇ ၊ ၂၀၁၁။

Sunday, August 7, 2011

ဒေါ်စု၏ အိပ်ဖွင့်ပေးစာနှင့် ပတ်သက်၍ ကျွန်တော့် အမြင်

ဇူလိုင်လ ၂၈ ရက် နေ့စွဲဖြင့် ဒေါ်စုက ဦးသိန်းစိန်အပါအ၀င် KIO, KNU, NMSP, SSA သို့ ပေးသည့် အိတ်ဖွင့်ပေးစာ သည် “တိုင်းရင်းသား အားလုံး အကျိုးစီးပွါးကို ရှးရှု၍ ” ဟုဆိုထားသော်လည်း တိုင်းရင်းသားများ စုဖွဲ့ထားသည့် NDF,UNFC တို့ကို မျက်ကွယ် ပြုလိုက်သလို၊ လက်နက်ကိုင် အဖွဲ့နှင့် လက်နက်မကိုင်သည့် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် တပ်ပေါင်းစုကြီးများဖြစ်သော NCUB, DAB နှင့် လက်တွေ့တိုက်ပွဲဝင်နေသော KNPP,DKBA အဖွဲ့တို့ကိုပါ အသိအမှတ်မပြုရာ ကျနေသည်။ တပ်ပေါင်းစုကို ခွဲဖျက်ခြင်း သည် စစ်အာဏာရှင်တို့ တလျှောက်လုံး ကျင်းသုံးခဲ့သည့် ပရိယာယ်ပင်ဖြစ်ရာ ဒေါ်စုအနေဖြင့် ထိုထောင်ချောက်ကို သတိမူမိစေချင်ပါသည်။

ယနေ့ ဖြစ်ပေါ်နေသော ပဋိပက္ခသည် စစ်အာဏာရှင်ဗိုလ်ချုပ်တစုနှင့် သူ့လက်ပါး စေ လက်ဝေခံများက တဖက်၊ စစ်သားများ၊ တိုင်ရင်သားများ လယ်သမားအလုပ်သမားများ၊ အမှုထမ်းအရာထမ်း၊ လက်လုပ်လက်စားများအပါအ၀င် ဧရာမ ပြည်သူလူထုကြီး တဖက် ဖြစ်နေသော ပဋိပက္ခ ဖြစ်သည်။ စစ်အာဏာရှင်တို့က ဖိနှိပ်သူဖြစ်ပြီး ဧရာမ လူထုကြီးက အဖိနှိပ်ခံဖြစ်နေရသည်။ စစ်အာဏာရှင်တို့ ရှိနေသမျှ ငြိမ်းချမ်းရေးသည်၎င်း၊ ဒီမိုကရေစီသော်၎င်း ရှင်သန်နိုင်မည် မဟုတ်သလို ပြည်သူတွေဘ၀ မည်သို့မျှ လုံခြုံမှုနှင့် သာယာ ၀ပျောမှု မရှိနိုင်ပါ။ပြည်သူလူထုနှင့် စစ်အာဏာရှင်တို့သည် အကျိုးစီးပွါးချင်း ဆန့်ကျင် ဘက်ဖြစ်ပါသည်။ ဤသည်မှာ စိတ်စေတနာအရမဟုတ် အကျိုးစီးပွါး ကြောင့်ဖြစ်နေရပါသည်။ ခြင်သည်လူကို ကိုက်မှသာ အသက်ရှင်နိုင်သည့် ပုံမျိုးဖြစ်သည်။ ခြင်ကို ရိုက်သတ်မလား အကိုက်ခံမလားသာရှိသည်။ သွေးတ၀က်ဘဲ စုတ်ပါလို့ ခြင်ကိုပြော မရပါ၊ သူတို့က လူ့သွေးနဲ့ အသက်ရှင်တဲ့ သတ္တ၀ါ ဖြစ်နေလို့ပါ။ ဒီတော့ ကျွန်တော်တို့က ဘက်ရွေးရမှာသာဖြစ်ပါတယ်။ မတရားဖိနှိပ်သူနှင့် တရာသဖြင့်တော်လှန်သူ အဖိနှိပ်ခံ တို့ကို တန်းတူထားသတ်မှတ်ခြင်းသည် တရားမျှတသည်ဟု မဆိုနိုင်ပါ။

တိုင်းပြည်အေးချမ်းသာယာရေးအတွက် တကယ်ဖြေရှင်းလိုသော စေတနာအမှန် ရှိပါက တပြည် လုံး အတိုင်းအတာဆောင်သော အပစ်ရပ်ခြင်း၊ နိုင်ငံရေးအကျဉ်းးသား အား လုံး လွှတ် ပေးခြင်း ပါတီပေါင်းစုံပါဝင်သောကွန်ဖရင့်ခေါ်ယူနိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်း၊ သတင်းနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ပေးခြင်း၊လွတ်လပ်စွာဆွေးနွေး ညှိနှိုင်းခြင်း၊ ပါတီပေါင်းစုံ ပါဝင်သာ လွတ်လပ်ပွင့်လင်းသည့် ကွန်ဖရင့်မှ တိုင်းပြည်၏အနာ ဂါတ်ကို အများ သဘောနှင့် ပုံဖေါ်ခြင်း တို့ကိုလုပ်ရ ပါလိမ့် မည်။ သို့မှသာတကယ့်ဆွေနွေး အဖြေရှာခြင်းဖြစ်ပါလိမ့်မည်။

ဤသို့သော အချက်အလက်များမရှိဘဲ အာမခံချက်မရှိသည့်အခြေအနေအောက် တွင် စစ်မှန်သော အေးချမ်းသာယာသည့် ဒီမိုကရေစီနိုင်ငံဖြစ်ရန်မှာစိတ်ကူးယဉ်ရာကျပြီး စစ် အာ ဏာရှင်တို့ ၏ လှည့်စားမှုသံသရာတွင် မျိုးဆက်တဆက်ပြီးတဆက် ခံကြရပါလိမ့် မည်။ ပြည်တွင်း စစ်မီးတောက်သည် အကြီးနှင့် အငယ်သာကွာမည် စစ်အာဏာရှင်တို့ ကြီးစိုးနေသ၍ တော်လှန်စစ်ကား ရှိမြဲရှိနေမည်သာ ဖြစ်တော့သည်။

မတရားမှုကိုတွန်းလှန်ခြင်းသည် လူသားတွေရဲ့ သဘာဝဖြစ်ပါသည်။

တော်လှန်စစ်ကို ဆင်နွဲခြင်းဖြင့် မတရားမှုကို တွန်းလှန်ကြ။

လယ်ယာနဲ့ သင့်မြတ်သည့်လုပ်ခလစာသည် ပြည်သူအတွက်ဖြစ်ရမည်။

ဦးအေးဆောင်

၅၊ ၈၊ ၂၀၁၁။

( မှတ်ချက် ဒီစာကို အချိန်မှီ ရေးခဲ့ပေမဲ့ အောကာင်းအမျိုးမျိုးကြောင့် အခုမှ ထုတ်လိုက်ရပါတယ်။)

ကချင်လူထုကို ချီးကျူးရမယ်

ဇူလိုင် ၁၂နှင့် ၁၃ ရက်နေ့ ကချင်ပြည်နယ် ကေအိုင်အိုမြို့တော် လိုင်ဇာမှာ ကျင်းပတဲ့လူထု အစည်းအဝေးမှာ “လူကြီးတွေက အပစ်အခတ်ရပ်စဲဖို့ ဘယ်သူမှ မပြောတော့ဘူး။ ဘယ်လိုဆက်တိုက်မယ် ဆို တာပဲ ပြောကြတယ်။” လို့ ကေအိုင်အေဥက္ကဌနဲ့ နီးစပ်သူ တစ်ဦးကပြောတယ်လို့ ကချင်သတင်းဌာနက သတင်းထဲမှာ တွေ့လိုက်ရတယ်။

ဇူလိုင် ၁၅ ရက်နေ့ ကေအိုင်အေ ဗဟိုကော်မီတီညောချက်မှာ က

ခိုင်လုံသော သက်သေ၊ ခိုင်မာသော ကတိက၀တ်များဖြင့် အပစ်ရပ်ဆိုင်းရန် လိုလားပါသည်။ လို့ဆို ထားတော့ သဘောထားမတူတာကိုတွေ့နိုင်တယ်။ ကတိက၀တ်နဲ့ စာချုပ်စာတမ်းတွေအပေါ် လူတွေယုံကြည်တာကို ဂုဏ်သရေရှိတဲ့ သိက္ခာရှိတဲ့ လူတွေလုပ်ပါက ဘာမှ ပြောစရာမလိုပေမဲ့ ဖွဲ့စည်းပုံ ဥပဒေကို ဖျက် အာဏာသိမ်း၊ လာခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ တရားဥပဒေမဲ့ ထင်ရာစိုင်း၊အခုစာ ကလေးကြော်၊ ခုဆီထမင်း ပြောင်း၊သူ တို့အာဏာနဲ့ ဥစ္စာအတွက်ကိုသာ မျက်စိစုံမှိတ် မိုက်မိုက်ရိုင်းရိုင်း လုပ်နေတဲ့ အချိန်မှာ သူတို့ရဲ့ကတိက ၀တ်ကို အတည်ယူရင်တော့ ထိုင်းက တက်ဆင် သန်း ၄၀၀ အလိမ်ခံရတာထက် ပိုဆိုးစရာရှိတော့တယ်။ ခိုင်မာတဲ့ ကတိကို သူတပါးထံမှာ ရှာတာထက် ကိုယ်တိုင် ထိန်းသိမ်း ကာကွယ်နိုင်တဲ့ အခြေအနေက ပိုမိုစိတ်ချရတာကို သမိုင်းဖြစ်စဉ်တွေကို သတိထားမိရင် သိလာနိုင်ပါတယ်။

အဲဒီကျေညာချက်မှာဘဲ - “တစ်နိုင်ငံလုံး အပစ်ရပ်ဆိုင်းကာ နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရန် လိုလားပါ သည်။” လို့ဆိုထားတာက တစ်ပြည်လုံးအတိုင်းအတာအမြင်ကို ကေအိုင်အိုမှာရှိနေတာကို သိရတော့ ကျွန်တော်တို့ ကချင်မဟုတ်တဲ့ ပြည်သူတွေက ကေအိုင်အိုဗဟိုကို လေးစားဂုဏ်ပြုရမှာဘဲ။ ဒီအမြင်ကို ဘယ်လောက်အထိ အခိုင်အမာ ရပ်တည်ဖေါ်ဆောင်တယ်ဆိုတာကိုတော့ ရုပ်ရှင်ကြော်ငြာ မှာလို ငွေရောင်ပိတ်ကားပေါ် မှာ ဆက်လက်ရှုစားကြရမှာပါ။

ကြေငြာချက်ထဲက နောက်တချက်က “နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်များရရှိနိုင်ရန်အတွက် နိုင်ငံသားများ အားလုံး ပါဝင်ရမည်ဖြစ်သောကြောင့် KIO ၏ နှိုးဆော်တိုက်တွန်းမှုတွင် ပါဝင်ဆောင်ရွက်ကြရန်လို အပ်ပါသည်။” ဆိုထားလို့ ကျွန်တော်တို့ အားလုံး ပါဝင်ဆောင်ရွက် ကြဖို့ တိုက်တွန်းထားတာကို အလေးအနက် ထားသင့်ပါတယ်။ ယနေ့ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီ ရေး၊ လူ့အခွင့် အရေးတွေ အတွက်ဖြစ်တာကြောင့် လူမျိုးနဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး စစ်အာဏာရှင် စံနစ်ဆိုးအောက် က တတိုင်းပြည်လုံး လွတ်မြောက်အောင်ရည်ရွယ်တဲ့ မြင့်မားပြီးမွန်မြတ်တဲ့ ရည်မှန်းချက် ဖြစ်တာကြောင့် အဖိနှိပ်ခံကျွန်တော်တို့ အားလုံး ကျရာခွင်က ပါဝင်လှုပ်ရှားသင့်ပါတယ်။

ကေအိုင်အိုရဲ့ သဘောထားနဲ့ ပတ်သက်လို့ “နိုင်ငံရေး ပြဿနာများအားနိုင်ငံရေးနည်း လမ်းဖြစ်သော တွေ့ဆုံဆွေနွေးခြင်းဖြင့် ဖြေရှင်းလိုသော ဆန္ဒရှိပါသည်။” လို့ ဖေါ်ပြထားလို့ တွေ့ဆုံဆွေးနွေး လိုတာ ထင်ရှားပါတယ်။ “ဆွေနွေး” နဲ့ ပတ်သက်လို့ သန်းရွှေအုပ်စုရဲ့ သဘောထားက အနှစ်နှစ်ဆယ်လောက် ဒေါ်စုနဲ့ တွေ့ပုံတွေ၊ နောက်ဆုံး ဒီပယင်းအဖြစ်တွေ။ ၁၆ နှစ်ကြာ အပစ်ရပ်ကာလနဲ့ နောက်ဆုံး နယ်ခြားစောင့်တပ် လုပ်ခိုင်းတာတွေကို ပြန်ကြည့်ရင် သိသာပါတယ်။ ခိုင်မာ တဲ့ ဆွေးနွေးပွဲဟာ ကြံ့ဖွတ် တပ်တွေ ပြန်ဆုတ်ရေးကဘဲ စနိုင်မှာပါ။ ဒါမှမဟုတ်ရင်တော့ နိုင်ငံရေးအရ အဖြေရှာရေးဆိုတဲ့ စကားလုံးနဲ့ ကစားနေကြယုံပါဘဲ။

တကယ်တော့ စစ်အာဏာရှင်တွေက နိုင်ငံရေးနည်း၊ စေ့စပ်နည်းနဲ့ မဖြေရှင်းချင်လို့ ဆွေးနွေးရေး ကို နှစ်ပေါင်းများစွာ ပတ်ရှောင်နေပြီး အကြိမ်ပေါင်းများစွာ သတ်ပြခဲ့ပြီးပါပြီ။ အပစ်ရပ်တဲ့ လုပ်ရပ်ကလည်း သူတို့ နည်းပရိယာယ် ကျင့်သုံးတာပါ။ သူတို့ အမိန့်ကို အာခံသူ အားလုံးကို ချေမှုန်းရေးဟာ သူတို့ရည် မှန်းချက်ပါ၊ ငြိမ်းချမ်းရေး တို့ ၊ဒီမိုကရေစီတို့တို့ဆိုတာ သူတို့ သိတဲ့စကားလုံး မဟုတ်ပါဘူး။ ဒီအကြောင်း တွေပြောနေရင် နွားချိုမှာ နို့ညှစ်သလိုသာရှိတော့မယ်။ စစ်အာဏာရှင်တွေဟာ သူတို့အလုပ် ဖြစ်တဲ့ ဖိနှိပ်သွေးစုတ်တဲ့အလုပ်ကို ဆက်လုပ်နေမှာပါ။ ကျွန်တော်တို့ ကလည်း ကျွန်တော်တို့အလုပ်ဖြစ်တဲ့ စစ်အာ ဏာရှင် စံနစ်အမြစ်ဖြုတ်တိုက်ဖျက် ရေးအလုပ်ကို မမှိတ်မသုန် မြဲမြဲမြန်မြန် ပီပီပြင်ပြင် လုပ်ဖို့လိုပါ တယ်။ ပြည်သူတွေဟာအနန္ဒတန်ခိုးရှင်တွေပါ။ ကြံ့ဖွတ် စစ်အာဏာရှင်တွေဟာ အရူးမီးဝိုင်းဖြစ်နေပါတယ်။

ယနေ့လို ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်၊ ကရင်နီပြည်နယ်တွေမှာ တိုက်ပွဲသံတွေ ညံနေပြီး ဒုက္ခ သုက္ခတွေ၊ သွေးသံရဲရဲတွေကြားထဲက ရန်သူစစ်အာဏာရှင်ကို မစေ့စပ်စတမ်း တိုက်ခိုက်ဖို့ စိတ်ထက် သန်လှတဲ့ ကချင်ပြည်သူတွေရဲ့ အသံဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီတော်လှန်ရေး ခရီးကြမ်းမှာ အမြဲတမ်း မြည်ဟီးနေပါလိမ့်မယ်။

ကချင်ပြည်သူများကိုလေးစားလျှက်

ဦးအေးဆောင်

ဇူလိုင် ၂၁၊၂၀၀၁။

Monday, July 11, 2011

သတင်းနှစ်ပုဒ်နဲ့ ကျွန်တော့် အမြင်

သတင်းတပုဒ်က ကြပ်ပြေး( နေပြည်တော်) မြို့မဈေးမှာ ဗုံးပေါက်တာနဲ့ ကချင်ပြည်နယ် မှာ ဂျွန်လ ၁၁ ရက်နေ့က ဖြစ်တဲ့ တိုက်ပွဲသတင်းပါ။

ကြပ်ပြေးဈေးမှာ ဗုံးပေါက်တဲ့ကိစ္စကို အထူးပြောစရာ မရှိပေမဲ့ ကချင်ပြည်နယ်တိုက်ပွဲနဲ့ ပတ်သက်ပြီး KIO က ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်ပြောတာနဲ့ ပတ်သက်ပြီး ဘ၀င်မကျ ဖြစ်မိ ပါတယ်။

“အစိုးရဘက်က ထိန်းထိန်းသိမ်းသိမ်း လုပ်သွားမယ်ဆိုရင် အခုသူတို့ တိုက်ခိုက်နေတာကို ရပ်ပြီးတော့ နဂိုအတိုင်း ပြန်နေသွားမယ်ဆိုရင် အဲဒီ စစ်မက်ဟာ ပြည်နယ်တခုလုံး အတိုင်း အတာအထိ ပျံ့ဖို့တော့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ သူတို့ လုပ်ဆောင်ချက်ကို မူတည်ပြီး တော့ အဲဒီစစ်မီးပွါးဟာ ကျနော်တို့ ပြည်နယ်တခုလုံး ပျံ့နှံ့နိုင်တဲ့ အခြေအနေမျိုး တော့ရှိ တယ်။”လို့ ဦးလနန်က ဆိုရာမှာ ပျံ့နှံ့ရေး မပျံ့နှံ့ရေးဟာ ကြံ့ဖွတ်စစ်တပ်ပေါ်မှာတည်နေ တာကို တွေ့နိုင်တယ်။ ဆိုလိုတာက ကြံ့ဖွတ်တပ်ရဲ့ အဆုံးအဖြတ်မှာတည်ပြီး KIO က လုပ်နေရတာကို ဖေါ်ပြနေတယ်။ KIO ဟာဒီပွဲမှာ “ကံပုဒ်” သာ ဖြစ်နေတာကို သနား စဖွယ်တွေ့ နေရပါတယ်။

ဒီလို သနားစဖွယ် ဖြစ်နေရအောင် တမင် ဖန်တီးနေတာကိုက KIO ရဲ့ ပေါ်လစီဆိုရင်တော့

ကချင်လူထုတွေအတွက် အားကိုး မျှော်လင့်စရာ ဘယ်မှာရှာကြမလဲ ကျွန်တော်ဖြင့် လှိုင်ဘွဲ့ ဘက်က လူတွေစကားနဲ့ ပြောရရင် တွေးမထိဘူး ဖြစ်နေတယ်။

KIO ကြိုက်တဲ့ နိုင်ငံရေး စစ်ရေးကို ကြံ့ဖွတ်တပ်က ဘယ်တော့မှ မလုပ်ပေးခဲ့ ဘူးဆို တာကို လူထုက သိနေပေမဲ့ KIO လူကြီးတွေ မသိတာကို ထူးဆန်းအံ့သြစရာ အဖြစ် တခုပါဘဲ။ အခုလဲ KIO ကို ဖြုတ်ဖို့ လာတိုက်နေတာကို မှားပစ်တာလား၊ အကြီး အကျယ်ဖြစ် ကုန်မယ်နော် ဆိုပြီး တိုက်ပွဲ မဖြစ်အောင် အကြောင်းအမျိုးမျိုးနဲ့ လှီးလွှဲနေရ တာကို မြင်ရတဲ့ ဘေးကလူက စာနာရမှာလား အပြစ် တင်ရမလား စဉ်းစားစရာ ဖြစ်လာရ တော့တယ်။ စာနာတယ်ဆိုတာလဲ အကြောင်းအကျိုး ဆီလျှော်မှ စာနာမှာပါ။ တမင် စနာ အောင် ငိုပြနေလို့တော့ လူထုတွေရဲ့ ယုံကြည်မှု လျှော့ပါး လာနိုင်ပါတယ်။ ကျားဆိုးကို ဘယ်လိုရင် ဆိုင်ရတယ်ဆိုတာ ကချင်လူမျိုးတွေက ပိုသိမှာပါ။

ဒီနေ့လုပ်ရမှာ ကြံ့ဖွတ်တပ်ကို “ လူထု တိုက်ပွဲ မီးပင်လယ်” နဲ့ ၀ိုင်းပတ် ချေမှုန်းရမှာပါ။ ပျံ့နှံ့နိုင်သမျှ ပျံ့နှံ့ ကျယ်ပြန့်သထက် ကျယ်ပြန့်တဲ့ တိုက်ပွဲတွေနဲ့ တိုက်ရမှာပါ။ ကြံ့ဖွတ် တပ်က လုပ်လုပ် မလုပ်လုပ် ကျွန်တော်တို့ပြည်သူတွေက လုပ်ရမှာပါဘဲ။ လူထုရဲ့အားဟာ ကျယ်ပြန့်ခြင်း။ ပြင်းထန်ခြင်း ပါဘဲ။ ဒီစွမ်းအားကို အသုံးမချဘဲ ဒီတိုင်း ထားရင် လူထုဆိုတာ “ဒို့အရေး” အော်ယုံလောက်ဘဲ တတ်တယ်လို့ ဖိနှိပ်သူတွေက ထင်နေဦးမှာ။

ကြပ်ပြေးဈေးမှာ ဗုံးပေါက်တယ်။ ကချင်ပြည်နယ်ရဲ့ အပြင်ဘက်မှာ။ ဒီတော့ လှုပ်ရှားမှုက ကျယ်ပြန့် ပျံ့နှံ့နေတာဘဲ။ ကရင်ပြည်နယ်ဘက်မှာ ရှမ်းပြည်နယ်ဘက်မှာလဲ တိုက်ပွဲတွေ ပျံ့နှံ့နေတာဘဲ။ လှိုင်သာယာမှာလဲ ဆန္ဒပြပွဲတွေ ဖြစ်နေတာဘဲ။ ဒီတော့ ပျံ့နှံ့ ဒါဟာ အပြစ်တင်စရာ မဟုတ်ဘူး လူထုလှုပ်ရှားမှုဟာ ဒီလိုဘဲ ပြန့်နှံ့ နေမယ်။ ဦးလနန် ပြောသလို ကန့်လတ်ထားဖို့ လူထုတွေက နားထောင်နေမှာ မဟုတ်ဘူး။ မတရားမှုကို သူတို့တတ်တဲ့ နည်းနာနဲ့ ဆန့်ကျင်ကြမှာပါဘဲ။ ပျံ့နှံ့လာမှာကို ကြောက်တဲ့ သူဟာ ဖိနှိပ်သူ စစ်အာဏာရှင် လက်တဆုတ်စာဘဲ ဖြစ်ပါတယ်။

လူထုဆီမှာ အားကိုးစရာ လူထုတိုက်ပွဲဘဲ ရှိပါတယ်။ ဒီတိုက်ပွဲဟာ ကျယ်ပြန့် ပျံ့နှံ့ပြီး အင်အားလဲ ကြီးပါတယ်။ ဒီလိုဖြစ်မှဘဲ ရန်သူ စစ်တပ်ဟာ သီးခြား ၀ကွက် ချေမှုန်းတာ မလုပ်နိုင်တော့ဘဲ အရူး မီးဝိုင်းသလို လူထုရဲ့ ၀ိုင်းဝန်း တိုက်ခိုက်တာကို ခံရပြီး အရှုံးပေး လာမှာဖြစ်ပါတယ်။

နောက်တခုက “ကာကွယ်စစ်” ဆိုတဲ့ သဘောထားပါ။ ဒါကလဲ သက်ညှာထောက်ခံမှုကို မျှော်လင့်တဲ့ အမြင်က လာတာပါဘဲ။ ကျွန်တော်တို့ကို ဖိနှိပ်တိုက်ခိုက်မည့် ရန်သူဟာ ရှိနေသမျှ ကျွန်တော်တို့ ကာကွယ်လို့ ဆုံးမှာ မဟုတ်ပါဘူး။ ဖိနှိပ်သွေးစုတ်တဲ့ လူတွေ ကျွန်တော်တို့ တိုက်ဖျက် ပြစ်ရမှာ။ ရန်သူနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ထားရမည့် သဘောထားက “ထိုးစစ်” သဘောထားဘဲ။ “ခံစစ်” သဘောထား မထားရဘူး။ “ခံစစ်” ဟာ နိုင်ဖို့ အလားအလာ နည်းသလို ရှုံးဖို့ များနေတတ်လို့ပါ။

ရန်သူကို မြန်မြန် အောင်မြင်ဖို့ ဆိုရင်တော့ စနစ်တကျ စုစည်းမှုနဲ့ ရှင်းလင်းတဲ့ လမ်းညွှန် မှုပေးနိုင်တဲ့ ဦးဆောင်ပါတီအဖွဲ့အစည်း လိုတာပေါ့။ နည်းနာတွေက မြန်မာပြည်လို အဖွဲ့အစည်းတွေ၊ လူမျိုးရေးတွေ များနေတော့ သဘာဝအတိုင်းဘဲ နည်းနာပေါင်းစုံ ရှိမယ်။

ဒါပေမဲ့ ဖိနှိပ်သွေးစုတ်တဲ့ စစ်အာဏာရှင်ကို တိုက်တဲ့ နည်းဘဲဖြစ်ရမယ်။ တခြား နည်းတွေက အလုပ်မဖြစ်တော့ဘူးဆိုတာ ခါးသည်းတဲ့ လက်တွေ့ သင်ခန်းစာတွေက ပြသခဲ့ပြီ။

အတွေ့အကြုံတွေက ကျွန်တော်တို့ စုစည်းဖို့ လိုအပ်တာ၊ ရန်သူဆီက သနားငဲ့ညှာမှုကို မမျှော်လင့်နိုင်တာ သင်ပေးနေပါတယ်။ ယူ မယူက ကျွန်တော်တို့ အရည်အသွေးပေါ့။

ဒီတော့ လီနင်ရဲ့ ဆောင်းပါးထဲက မှာကြားထားသလို အပျော်တမ်း မဆန်ကြဘဲ စံနစ်လဲ ကျ။ စည်းကမ်းလဲရှိ။ ဦးဆောင်မှု ထက်မြက်တဲ့ အဖွဲ့အစည်းအောက်မှာ လုပ်နိုင်ကြဖို့ လိုပါတယ်။ လီနင်မှ မဟုတ်ဘဲ တခြားလူတွေက မှာကြားတာရှိရင်လဲ ဖတ်ချင်ပါတယ်။ မတွေ့ရသေးလို့ပါ။

ဒီတော့ သတင်းနှစ်ပုဒ်ဟာ ဒေသတွေ ဝေးလံပေမဲ့ တကယ်တော့ လူထုလှုပ်ရှာမှုရဲ့ ပျံ့နှံ့နေတဲ့ ပုံသဏ္ဍာန်တွေသာဖြစ်လို ပိုပိုပြန့်နှံ့အောင် ကျယ်ပြန့်အောင် တတ်တဲ့နည်းနဲ့ လုပ်ဆောင်ရမှာ ဖြစ်တယ်ဆိုတာ လေးနက်စေချင်လို့ပါ။

လူထုအားကို ယုံကြည်ပါ။

ဘုံရန်သူစစ်အာဏာရှင်ကို ၀ိုင်းတိုက်။

ဒီမိုကရေစီနဲ့ လွတ်လပ်မှုရကို ရရမယ်။

ဦးအေးဆောင်

ဂျွန် ၁၄၊ ၂၀၁၁

Wednesday, June 8, 2011

ရန်သူနံပါတ် -၂ - သွေးစုတ်တရုတ်အစိုးရ

နံပါတ် ၂ ရန်သူ - သွေးစုတ် တရုတ် အစိုးရ

နိုင်ငံပေါင်း ၃၅ နိုင်ငံမှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်သော စင်ကာပူနိုင်ငံတွင် ကျင်းပသည့် လန်ဒန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအဖွဲ့ အစည်း အဝေးကို ဇွန် ၃ မှ ၇ ရက်နေ့ တွင်ပြုလုပ်ရာ တရုတ်ကာကွယ်ရေးဝန်ကြီး လျန်းကွမ်းလီ တက်ရောက် ခဲ့သည်။ သူ၏ပြောဆိုရှင်းလင်းချက်များသည် ဒေသအတွင်း တည်ငြိမ်မှုကို ထိပါးစေကြောင်း သိရှိလာရသည်။ဗီယက်နမ်ကဲ့သို့သော နိုင်ငံသည်ပင် တရုတ်အန္တရာယ် ကြောင့် အမေရိကန်ဘက် ယိမ်းနေရတော့သည်။

တရုတ်တို့၏ ခြေလှမ်းတို့မှာ ဒေသတွင်း သြဇာချဲ့ထွင်ရာတွင် စီးပွါးရေးကို နောက်ခံ ပြုပြီး စစ်ရေးနဲ့ ထိန်းချုပ်ရန် ရေနက်ဆိပ်ကမ်းများကို မြန်မာပြည်၊ သီရိလင်္ကာ၊ ပါကစ္စတန် တို့တွင် တည်ဆောက်လာမှုကပေါ်လွင် လာသည်။

တရုတ်၏ဗျူဟာအောက်တွင် မြန်မာပြည်သည် အသုံးချခံအဖြစ် လုံးလုံးကျရောက်သွား တော့မည်။မြန်မာပြည်စစ်အာဏာရှင်ဗိုလ်ချုပ်တို့သည် ပြည်တွင်းရှိ ပြည်သူများ၏ထောက်ခံမှုကို မရရှိသဖြင့် နိုင်ငံခြားကရသည့် ငွေနှင့် လက်နက်တို့ကို အားကိုကာ ဖိနှိပ်အုပ်စိုး နေကြရရာ သွေးစုတ် အမြတ်ထုတ်လိုသော တရုတ်တို့ အကြိုက် ဖြစ်စေခဲ့ရသည်။ နအဖ စစ်အာဏာ ရှင်နဲ့ တရုတ်အစိုးရ တို့ ပူပေါင်းလျှက် မြန်မာပြည်သူများကို ထင်သလို သွေးစုတ် ချယ်လှယ်နေကြတော့သည်။တရုတ်အစိုးရသည် မြန်မာ စစ်အာဏာရှင် စစ်ဗိုလ် တို့ကို မွေးစားလာခဲ့ကြသည်။

မြန်မာပြည်၏အခြေအနေသည် တရုတ်၏သြဇာမည်မျှ သက်ရောက်သေသည်ကို “ မန္တလေးဟာ တရုတ်မြို့ ဖြစ်ပြီ” “ တရုတ်တွေ မှတ်ပုံတင်ရလွယ်တယ်” “စစ်လက်နက်တွေ တရုတ်နယ်စပ်က ၀င်လာတယ်” “ တရုတ်ရေတပ်သင်္ဘော သီလ၀ ဆိပ်မှာ လာဆိုက် တယ်” “သိန်းစိန်နဲ့တရုတ်တို့ သဘောတူဘီချက်တွေ လက်မှတ်ထိုးတယ်။ ငွေတွေရ တယ်” စတာတွေသည် သိသာသော အချက်များ ဖြစ်ပါတည်။

၁၉၈၉ ဗကပ ပြိုကွဲပြီးနောက် တရုတ်ရဲ့ မူဝါဒဟာ မြန်မာပြည်ပေါ်မှာ လုံးဝသွေးစုတ်ရေး သက်သက်သာဖြစ်ခဲ့တော့သည်။ ဤသည်မှာ တင်ရှောက်ပင်၏ “အမျိုးသားအကျိုးစီးပွါး” ခေါ် ကိုယ်ကျိုးကြည့်ဝါဒရဲ့ အကျိုးဆက်တွေသာဖြစ်ပါသည်။ ကွန်မြူနစ်တို့၏ နိုင်ငံတ ကာစိတ်ဓါတ်၊ နိုင်ငံတကာ အလုပ်သမားများ ညီညွတ်ရေ စိတ်ဓါတ်၊အဖိနှိပ်ခံညီညွတ်ရေး စိတ်ဓါတ် မထားတော့ဘဲ သွေးစုတ်အမြတ်ထုတ်ရေး သက်သက် ဖြစ်သောအရင်းရှင် အယူဝါဒ လုပ်နည်းလုပ်ဟန်များသာဖြစ်ပါသည်။ အလံနီ ကို ဝှေ့ယမ်းနေတိုင်းလည်း ကွန် မြူနစ် မဖြစ်နိုင်ပါ။

ဖိနှိပ်ရက်စက်မှုကြောင့် နိုင်ငံတကာ၌ နံမည်ဆိုးနှင့်အပုတ် နံ့ တထောင်းထောင်း ထွက် နေသော သန်းရွှေ သိန်းစိန် စစ်အာဏာရှင်တို့ကို ယနေ့တရုတ်ပြည်အစိုးရသည် ဖိနှိပ်ခံ ပြည်သူများမျက်နှာကိုမကြည့် ကိုယ်ကျိုးစီပွါး တခုတည်းဖြင့် ပူးပေါင်း သွေးစုတ်ခြင်းသည် ကွန်မြူ နစ် ကျင့်ဝတ်သိက္ခါနှင့် လုံးဝ လွဲချော်နေပါသည်။

စစ်အာဏာရှင် နအဖကို စီးပွါးရေးပိတ်ဆို့ထားရန် ပြည်သူများကကြိုးပမ်းနေခဲ့သော်လည်း တရုတ် အစိုးရသည် “ဆွေမျိုးဖေါက်ဖေါ်” ဆိုပြီး စစ်အာဏာရှင်တို့ကို မျက်စေ့စုံမှိတ် အားပေး နေခဲ့သည်သာ ဖြစ်ပါသည်။

လူထုအစိုးရလည်းမဟုတ်။ ဒီမိုကရေစီ အရရွေးကောက်သော အစိုးရလည်း မဟုတ် ၊ တိုင်းရင်း သား စည်းလုံးရေးလည်း မလုပ်နိုင်သော မြန်မာစစ်အာဏာရှင်ဗိုလ် ချုပ်တို့ ကြောင့် မြန်မာ ပြည် သည် တရုတ်ကိုလိုနီဘ၀သို့ ကျရောက်တော့မည်ကို တားဆီးကြရ တော့မည်။ ထိုသို့ တား ဆီးရာတွင် စစ်အာဧာရှင်စံနစ် တိုက်ဖျက်ရေး။ ဒီမိုကရေစီ လူထု အစိုးရ ထူထောင်ရေးကို မဖြစ်မနေ အမြန်ဆုံးဖေါ်ဆောင်ရန်လိုအပ်လှသည်။

မတရား သေးစုတ်ဖိနှိပ်မှုကို တွန်းလှန်သည်မှာ လူသားတို့၏ သမိုင်းပင်ဖြစ်ပေရာ မြန်မာ ပြည်ရှိ ပြည်သူများသည်လည်း ငုံ့ခံတတ်သူများမဟုတ်ကြသောကြောင့် ဖိနှိပ်မှုချုပ်ချယ်မှု တို့ကို တတ်နိုင်သမျှ နည်းပေါင်းစုံဖြင့် တိုက်ဖျက်ကြရမည်မှာ ယုံမှားသံသယဖြစ်စရာ မရှိပေ။

သင်္ကန်းအရည်ခြုံထားသော သောနုတ္ထိုရ် တရုတ်အစိုးရကို၎င်း၊ အမျိုးသားရေးလည်းမရှိ၊ လူထုအကျိုး လည်း မကြည့်သည့်နိုင့်ငံ့ ဦးရှောင်အမည်ခံ စစ်အာဏာရှင် တို့ကို ၎င်း၊ တရုတ် ဖိနှိပ်ခံ ပြည် သူများအပါအ၀င် နိုင်ငံတကာ ပြည်သူများနှင့် လက်တွဲ၍ ဆန့်ကျင် တိုက်ပွဲ ၀င်သင့် ပါ ကြောင်း တိုက်တွန်းနိုးဆော်အပ်ပါသည်။

အဖိနှိပ်ခံတို့ ညီညွတ်ကြ။

စစ်အာဏာရှင်နဲ့ အပေါင်းပါတို့ကို ဆန့်ကျင်ကြ။

ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို မုချရရမည်။

ဦးအေးဆောင်

ဇွန် ၉ ။ ၂၀၁၀။

Tuesday, April 26, 2011

လုပ်ရမှာက မြို့မှာ “သပိတ်”၊ တောမှာ “တိုက်ပွဲ”ဘဲ ။

ဒီအလုပ်ကို လုပ်သင့်မသင့် အချိန်ယူစဉ်းစားချင်တဲ့သူတွေ သူ့ဟာသူ လိုသလောက် အချိန် ထပ်ယူနိုင်တယ်။ ဒါပေမဲ့ မြန်မာပြည်မှာ စစ်အာဏာရှင်စံနစ်ကကြီးစိုးနေခဲ့တာ ၆၂ ခုနှစ် က စရေတွက်ရင် အနှစ် ၅၀ လောက်ရှိပြီ ဆိုတာကိုတော့ ထည့်တွက်ဖို့ဘဲ၊

အရင်ဆုံးသိထားဖို့က လက်တဆုတ်စာ စစ်ဗိုလ်ချုပ်တစုက တိုင်းရင်းသားပေါင်းစုံ အပါအ၀င် လူမျိုးစုံပြည်သူတွေ၊ ဆင်းရဲသား၊ အလုပ်သမားလယ်သမား စာရေးစာချီ၊ကုန် သည် ပွဲစား၊ ကျောင်းသား။ဘုန်းကြီး၊ စစ်သားပါမကျန် ဖိနှိပ်သွေးစုတ်ရင်း စစ်အာဏာရှင် စံနစ်ကို ထူထောင်နေခဲ့တာဖြစ်တယ်။ပုံသဏ္ဍာန်တွေ အမျိုးမျိုးပြောင်းခဲ့ပေမဲ့ စစ်အာဏာနဲ့ ဖိနှိပ် မှုက လျှော့လာတာမရှိ၊ ပိုပိုဆိုးလာတာဘဲ ရှိတယ်။

စစ်အာဏာကို ဖယ်ရှားဖို့အတွက် တိုက်ဖျက်နည်းကလွှဲလို့ ဘယ်နည်းတွေကျန်ပါသေးသ လဲ။ ဆန္ဒပြမလား၊ ဆွေးနွေးမလား၊ ဆုတောင်းမလား၊ ကုလသမဂ္ဂကို စာတင်မလား၊ေ ရွးကောက်ပွဲလုပ်မလား၊ ဖဲကြိုးတွေ လည်ပင်းမှာချည်မလား၊ ကြာပန်းတွေကို အိမ်ရှေ့ ပြတင်းမှာ စိုက်မလား။ဒါတွေဟာ စစ် အာဏာရှင်လို ရက်စက်ကြမ်းကြုတ်သူတွေအတွက် အယားတောင်မပြေဘူးလို့ ပြောလို့ ရပါတယ်။ ခေတ်စကားနဲ့ပြောရရင် “ ပျင်းတောင် ပျင်းသေး” လို့ဆိုရမယ်။

လူထုအပေါ်ကျူးလွန်ထားတဲ့ ပြစ်မှုတွေက များလွန်းလို့ စစ်အာဏာရှင်တွေဟာ သူတို့ အရိပ်တောင် သူတို့ သွေးလန့်နေကြတာ။ သူတို့ကိုစေ့စေ့ကြည့်ရင်တောင် ပစ်သတ်ချင်တဲ့ သူ တွေ၊ ဒီတော့ သူတို့ကို ချေမှုန်းတဲ့နည်းဘဲကျန်တော့တယ်။

ဒီတော့ “မြို့မှာ သပိတ်၊ တောမှာ တိုက်ပွဲ” တွေနဲ့ ပြည်သူတွေက စစ်အာဏာရှင်ကို စစိန်ခေါ် ရတော့မယ်။ တခြားအီးယောင်ဝါး ဖြန်းသန်းလို့တော့မရတော့ဘူး ဆိုတာက ရှင်းနေ ပါ တယ်။

“လုပ်ဖို့ကျတော့” ဆိုပြီးခေါင်းကုတ်တွေးလိုက်တာ နောက်ဆုံး “ဘယ်သူမှ လုပ်မှာမဟုတ် ပါဘူးလေ” ဆိုပြီး ဖြေသိမ့်ရင်း ပေါ်တာအဆွဲ မခံရအောင်၊ လုပ်အားပေးမထိအောင် ရှိသ မျှလေးပေး မျက်နှာချိုသွေးရတာ အကြိမ်ဘယ်နှစ်ဆယ်လောက်ရှိပြီလဲ။ ဒီတော့ စစ်အာ ဏာရှင် စံနစ် ဆိုးကို ရိုက်ချိုးဖို့ မဖြစ်မနေလုပ်ကိုလုပ်ရတော့မယ် ဆိုတာသိကိုသိသင့်ပြီ။ ဒါမှမလုပ်ရင် ကျွန်တော်တို့ ပြည်သူတွေ မြုပ်ပြီးရင်းမြုပ် ကြရတော့မှာ။ ဒီတော့ ခေတ်ရဲ့ သမိုင်းပေးတာဝန်ကို စာရေးဆရာကြီးဗန်းမော်တင်အောင် ပြောသလို တာဝန်ကျေအောင် မနွဲ့တမ်း ထမ်း ဆောင် ကြရမှာဘဲ။

ထမ်းဆောင်တော့မယ် ဆိုပြန်တော့ ဘယ်က စလုပ်မှာလဲ။ တရားဝင်နဲ့ တရားမ၀င် နည်း ရှိတယ်။ မြို့က သပိတ်တွေအတွက် ကုန်ဈေးနှုန်းကျဆင်းရေး၊ အလုပ်ချိန် ရှစ်နာရီသတ် မှတ်ရေး သီးနှံလွတ်လပ်စွာစိုက်ပျိုးရေး၊ မြေသြဇာရရျိရေး၊ လစာအပြည့်ရရေး၊ မတ ရား အခွန်ဆန့်ကျင်ရေး၊ လာဒ်စားအကျင့်ပျက်မှုဆန့်ကျင်ရေး၊လူ့အခွင်းအရေး စတာတွေအ များကြီး၊ တောမှာတော့ တရားဝင်စရာမရှိတော့ လက်နက်ကိုင်တိုက်ပွဲကို အရှိန်မြှင့်ဆောင် ရွက်ရမှာပါဘဲ။

မြို့မှာ သပိတ်တိုက်ပွဲဘဲလုပ်လုပ်၊ တောမှာ လက်နက်ကိုင် တိုက်ပွဲဘဲ ဆင်ဆင် တ ယောက်ထည်းလုပ်မရတော့ အစုအဖွဲ့နဲ့လုပ်ရမှာဘဲ။ဒီနေရာမှာ ကျွန်တော်တို့ အဖွဲ့က “ လွတ်မြောက်ရေးကော်မီတီ” ပုံစံနဲ့လုပ်ပါတယ်။ ဒါကသင့်တော်သလို ဖွဲ့ကြပေါ့။ အရေး ကြီးတာက “စစ်အာဏာရှင်စံနစ်ကို ဆန့်ကျင် တိုက်ဖျက်ရေး” ဦးတည်ချက်ကို မျက်ခြေ မပြတ်ဖို့ပါဘဲ။

ဒီအလုပ်တွေဟာ ကျွန်တော်တို့ပြည်သူတွေ လုပ်တတ်ရမယ်။ လုပ်နိုင်အောင်လဲ လေ့ လာဆည်းဖူးရမယ်။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်က အတွေ့အကြုံတွေ ရှိပြီးသား။

ဒါပေမဲ့ အခုဟာက အခွင့်ထူးခံဖိနှိပိသူလူတန်းစားကို အဖိနှိပ်ခံ မြန်မာပြည်သူတွေက တော်လှန် ရတာ။ အမျိုးသားလွတ်မြောက်ရေးမဟုတ်ဘူ။ လူတန်းစာတိုက်ပွဲဖြစ်တယ်။ ဒီတော့ အရင် ကထက် သိမ်မွေ့သလို ပြတ်သားပြင်းထန်ရလိမ့်မယ်။ မြန်မာပြည်က ပြည် သူ လူထု တွေဟာ ကမ္ဘာ့အလယ်မှာ စစ်အာဏာရှင် စနစ်ဆိုးတော့ မျက်နှာငယ်သိက္ခာ ကျ နေတာကြာခဲ့ပြီ။

တိုက်ပွဲကနှစ်မျိုးရှိနေပြန်တယ်။ အတွေးအခေါ်တိုက်ပွဲနဲ့၊ လက်တွေ့တိုက်ပွဲ။ လက်တွေ့ တိုက်ပွဲကရှင်းပေမဲ့ လက်တွေ့တိုက်ပွဲကို အနှောက်အယှက်ပေးတဲ့ အတွေးအခေါ်တွေက ၀င်နှောက်ယှက်တတ်တယ်။ တကိုယ်ကောင်းဝါဒ၊ အမျိုးသားအမြင်ကျဉ်းဝါဒ၊ အချောင် သမားဝါဒ၊ လူမျိုးကြီးဝါဒ၊ ရွှေပြည်အေးဝါဒ၊ တရားသေ၀ါဒတွေ ဆိုတာရှိတတ်တယ်။ ဒါတွေကိုတော့ တွေ့ကြုံလာရတဲ့ အခြေအနေအရ ရင်ဆိုင်ဖြေရှင်း သွားရ လိမ့်မယ်။

ရန်သူသူလျှိုဆိုတာတွေကလဲ တော်လှန်ရေးကို သွေးပျက်အောင်လုပ်တတ်တယ်။ ဒါတွေ က စစ်ပွဲတခုမှာ နှစ်ဘက်အပြန်အလှန် ယှဉ်ရတဲ့ အလုပ်တွေပါ။ အခုဒါတွေရှင်းပြနေရင် မူလရည်ရွယ်ရာ “ မြို့မှာသပိတ် ၊တောမှာတိုက်ပွဲ” လမ်းစဉ်ကို စူးစိုက်မှုလျှော့ပါသွားမှာ စိုးပါတယ်။

လက်တွေ့လုပ်ရာမှာ တွေ့ရတဲ့ အခက်အခဲတွေရှိရင် စာရေးသူကို ဆက်သွယ် ဆွေးနွေး နိုင်ပါတယ်။

လူထုတိုက်ပွဲလက်နက်ကိုင်တိုက်ပွဲ ဖေါ်ဆောင်ကြ။

စစ်အာဏာရှင်စနစ် မုချ ပြုတ်ကျရမယ်။

ဒီမိုကရေစီမုချရရမယ်။

ဦးအေးဆောင်

plfburma@gmail.com

၂၂ ၊ ၄ ။ ၁၁ ။

Wednesday, April 20, 2011

ဒီနေ့ စုရပ် DAB

သိန်းစိန် အစိုးရတု ပေါ် လာလို့ တွေနေတဲ့ မိတ်ဆွေတွေကို ရှင်းပြချင်တယ်။

ဘာကြောင့် DAB လဲ ? ဆိုတော့ DAB မှာ သမိုင်းရှိတယ်။ NDF က DAB ကို ဖြစ်လာ စေတယ်။ လူမျိုးစုတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ပေါင်းစည်းရမယ်ဆိုတာကို သဘော ပေါက်ခဲ့ကြတယ်။ ဒါပေမဲ့ “သံသယနဲ့ ”ဒီတော့ NDF ကရှိတုန်း။ အပြိုင်လိုဖြစ်ခဲ့ တယ်။ အပြိုင်လိုလိုဖြစ်တာတွေ နောက်ပိုင်းမှာ အများကြီး။ ဒါပေမဲ့ အနှစ်သာရမတူပါ။ ဒီမို ကရေစီအင်အားစုနဲ့ လူမျိုးစုတွေ ပေါင်းစည်းမှု ရတာဟာ ရှစ်လေးလုံးရဲ့ တွန်းအားပါ။ သွေးသံတွေနဲ့ရင်းခဲ့ရတာပါ။ ရှစ် လေးလုံး မရှိရင် DAB ရှိမှာ မဟုတ်ပါ။ ပေါင်းစည်းမှုအမြင် ရဖို့ ဟာ တန်ဖိုးကြီးလှပါတယ်။ ဒီတန်ဖိုးကို အခု သိပ်မသိကြသလိုပါဘဲ။ ၀မ်းနည်းစရာပါ။

လူမျိုးစုကလဲ လူမျိုးစုမှ လူမျိုးစု၊ ဒီမိုကရေစီ အင်အားစု တွေက လဲ ဒီမိုကရေစီအင်အားစုမှ အင်အားစုဆိုတဲ့ သဘောထားတွေ ပေါ်ပေါက်နေကြတယ်။ ဒီတော့ ရှစ်လေးလုံးက နေ ရ လိုက် တဲ့ အမွေပေါင်းစည်းမှု DAB ရှိနေပေမဲ့ မမြင်ကြတော့ဘူး။ ပျောက်အောင် ဖျောက် ချင်သူတွေကလဲ ကိုယ်အကျိုးစီးပွါးတခုတည်း အမြင်နဲ့လုပ်နေကြတယ်။

ဖြစ်ရတဲ့ အကြောင်းအရာတွေကို ရှင်းရရင် ရှည်လျားနေဦးမှာမို့ DAB ပေါ် မဏ္ဍိုင်ထား ပြီးဘဲ ပြောပါရစေ။
DAB ရဲ့ အခြေခံမူလေးချက်

၁ ။ စစ်အာဏာရှင်စံနစ်တိုက်ဖျက်ရေး။
၂ ။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရေး။
၃ ။ ပြည်တွင်းငြိမ်းချမ်းရေး။
၎ ။ စစ်မှန်သော ဖက်ဒရာယ် ပြည်ထောင်စု ထူထောင်ရေး -တို့ပါ။

ဒီမူဟာ ဒီနေ့အထိ NDF, DAB, NCUB ကိုင်စွဲထားတဲ့ မူပါဘဲ။ ဒီတော့ဘာကြောင့် မစုစည်းမိသလို ဖြစ်နေလဲ လို့ မေးစရာရှိတယ်။

ရှစ်လေးလုံးက ပေါ်ထွန်းခဲ့တဲ့ စိတ်ဓါတ်တွေဘာကြောင့် မေးမှိန်လာရသလဲ။ ပေါင်းစည်းမှု တွေဟာ အဖွဲ့ အရ ပေါင်းတာ နိုင်ငံရေးအရ မပေါင်းဘူး။ လုပ်ငန်းအရ ပေါင်းစည်းတယ်။ သဘော ထားက မပြောင်းဘူး။ ဒီတော့ ပိုပို ဝေးလာကြတယ်။ ဒီကြားထဲ သပ်လျှို ဖြိုခွဲသူ တွေက လဲရှိ၊ နေရာလုပ်ဖျာခင်းသူတွေကလဲရှိတော့ တပ်ပေါင်းစုတွေမူလ လျှော့ရဲရဲက ပြိုကွဲ သ လိုရှိနေတော့တယ်။ ဒါပေမဲ့ သဏ္ဍာန်အရ ရှိနေတုန်းဘဲ။

ဒီသဏ္ဍာန်ကနေ အကောင် အထည် စစ်စစ်ပီသအောင်လုပ်ဖို့ က ကျွန်တော်တို့ အလုပ်ဖြစ်နေတယ်။
များစွာသောပုဂ္ဂိုလ်တွေက တပ်ပေါင်းစု တွေအပေါ် မကြေမချမ်းဖြစ်တာတွေ ကိုကျွန်တော် စာနာနားလည်နိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘယ်က စလုပ်မှာလဲ။ ထိုင်ဆဲနေယုံတော့ မရဘူး။
DAB အကြောင်းကို သိစေချင်ပါတယ်။ DAB က

၁။ ရှစ်လေးလုံးရဲ့ အမွေဖြစ်တယ်။
၂။ လူမျိုးစုနဲ့ တိုင်းရင်းသားတွေရဲ့ ပေါင်းစည်းခြင်းဖြစ်တယ်။
၃။ NCGUB ကို ဖွဲ့ပေးခဲ့တယ်။
၎။ ထီးဖါးဝီးကျိုးတိုက်ပွဲမှာ တိုက်ပွဲဝင်ရင်း မာနပလောကို ကာကွယ်ခဲ့တယ်။
၅။ရန်သူနဲ့ စေ့စပ်တဲ့ အဖွဲ့တွေကို ထုတ်ပယ်ခဲ့တယ်။
၆။ ၂၀၀၈ နအဖဖွဲစည်းပုံ နဲ့နအဖရွေးကောက်ပွဲကိုဆန့်ကျင်ခဲ့တယ်။
၇။ တော်လှန်ရေးအစိုးရ ပေါ်ပေါက်ရေးအတွက် တော်လှန်ပါလီမန်ကို ထောက်ခံတယ်။
၈။ စစ်ရေးလှုပ်ရှားမှုတွေပြန့်နှံ့ရေးအတွက် ကြိုးပမ်းနေတယ်။
၉။ တပ်ပေါင်းစုတွေနဲ့ ဆက်စပ်မှုကို သိပ်သည်းကျယ်ပြန့်အောင် ပြုလုပ်နေတယ်။
ဒါတွေက အတိတ်နဲ့လက်ရှိ လုပ်ပြီးခဲ့တာတွေ လုပ်နေတာတွေပါ။

စေ့စပ်ရေးနဲ့ပတ်သက်တဲ့ DAB ရဲ့သဘောထားဟာ မှန်ကန်တဲ့ လမ်းစဉ်သဘော ထား ဖြစ်တယ်ဆိုတာကို အခုလို ၁၇ နှစ်လောက်ကြာမှာ သက်သေပြနိုင်ခဲ့ပါတယ်။ DAB ဟာ နိုင်ငံ ရေးအရ အတွေ့အကြုံအရ ရင့်ကျက်ခဲ့ပါပြီ။ DAB ဟာအဖွဲ့ဝင်အဖွဲ့အစည်း များ နှင့်ဖွဲ့စည်းထားတာဖြစ်သလို NCUB ရဲ့ အဓိက ဒေါက်တိုင် တတိုင်ဖြစ်ပါတယ်။

လက်ရှိရင်ဆိုင်နေရတာက အတွေးအခေါ်တိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ၊ လက်နက်ကိုင် တိုက်ပွဲက အရှိန်ရလာပေမဲ့၊ ရန်သူက အပြော့နှိုက်တဲ့ ပရိယာယ်ကို ကျင့်သုံးနေသေးတဲ့ အတွက် တွေဝေယိမ်းယိုင်တဲ့ သူတွေကို အမြတ်ထုတ်သွားနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒီအတွက် “ အဖိနှိပ်ခံညီညွတ်ရေး၊ ဘုံရန်သူဝိုင်းတိုက်ရေး” စိတ်ဓါတ်ကို မြှင့်တင်ရပါ လိမ့်မယ်။

သိန်းစိန်ရုပ်သေးအစိုးရဟာ စစ်အာဏာရှင် သန်းရွှေ ကြိုးဆွဲရာ ကမှာဖြစ်တော့ ပြည်သူ တွေအနေနဲ့ မျှော်လင့်စရာမရှိပါ။ ဖိနှိပ်မှုတွေနဲ့ လိမ်လည်မှုတွေကိုသာ ဆက်တွေ့ကြရဦး မှာ ပါ။ စစ်အာအာဏာရှင်စံနစ်ဆိုး ရှိနေသရွေ့ ပြည်သူတွေရဲဘ၀ လုံခြုံအေးချမ်းစရာမရှိ၊ ပိုဆိုးလာတာက အရင် စစ်အာအာဏာရှင်များအပြင် အခု သူ့ လက်ပါစေ လက်ဝေ ခံတို့ ကိုပါထမ်းပိုးထားရပြီး သူတို့ရဲ့ဖိနှိပ်သွေးစုတ်မှုကိုပါ ပြည်သူများ အလူးအလဲ ပိုမိုခံကြ ရတော့မှာပါ။ ဒါကြောင့် တိုင်းရင်းသားအပါအ၀င် အဖိနှိပ်ခံတွေ ညီညွတ်ရေး၊ စစ်အာ ဏာ ရှင် တိုက်ဖျက်ရေးနဲ့ အတွက် DAB ရဲ့ မှန်ကန်တဲ့ လမ်းစဉ်နဲ့လုပ်ငန်းစဉ် အောက်မှာ စု စည်းပြီး တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အောင်ပွဲကိုတိုက်ယူကြ။
ဒီမိုကရေစီမုချရရမယ်။

ဦိးအေးဆောင်။
၁၉၊ ၄ ၊ ၂၀၁၁