ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Tuesday, April 30, 2013

လက်ပံတောင်းလှုပ်ရှားမှုကို ဖြန့်ကျက်ကြ။



လက်ပံတောင်းလှုပ်ရှားမှုကို ဖြန့်ကျက်ကြ။
လက်ပံတောင်း ကြေးနီစီမံကိန်းကို ကြံ့ဖွတ်အစိုးရက မသမာတဲ့နည်းနဲ့ ဆက်လက်လုပ်ဆောင်နေ တယ်။ သူ တို့ကို အားပေးနေသူက စုံစမ်းရေး ကော်မီရှင်ဘဲ။ စစ်အာဏာရှင်တွေဟာ စစ်မြေရှင် ပဒေသ ရာဇ် စံနစ်ကို ဗြောင်ကျင့်သုံးနေတာကိုလည်း လက်ပံတောင်းမှာ ကွက်ကွက်ကွင်းကွင်း မြင်နိုင်တယ်။ အခုတော့ သေနတ်နဲ့ ပစ်ပြတဲ့ အဆင့်ကို ရောက်လာတယ်။ လယ်သမား ပြည်သူတွေ အတွက် ပိုမိုကြီးမားတဲ့ ခြိမ်း ခြောက် ဖိနှိပ် မှုတွေကို ရင်ဆိုင်လာရတော့မယ်။
လက်ပံတောင်းကြေးနီစီမံကိန်းကတရုတ်စီမံကိန်းအများအပြားတွေထဲကတခုသာဖြစ်တယ်။ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းနဲ့ စာရင် မဖြစ်စလောက်ဘဲ။ လက်ပံတောင်းစီမံကိန်းဟာ တရုတ်တို့ရဲ့ သဘော ထား ကို ထင်ဟပ်သရုပ်ဖေါ်တဲ့ နေရာ ဖြစ်လာတယ်။ မြန်မာ ပြည်သူလူထုအတွက် အမျိုးသား လက္ခဏာ ဘော ဆောင်လာနေတယ်။တရုတ်ကုပ္မဏီဟာလက်ပံတောင်းကဆုတ်ခွါခြင်းဖြင့် မြန်မာလူထုအပေါ် စိတ်ကောင်းစေတနာပြသင့်ပါတယ်။တခြားအကျိုးစီးပွါးတွေအတွက် ကောင်းမွန်တဲ့အကျိုးတွေသက်ရောက်နိုင်တယ်။
လက်ပံတောင်း ပြဿနာက စီပွါးရေးနဲ့ အမျိုးသားရေး၊ ငွေနဲ့ သိက္ခါ တို့ရဲ့ တိုက်ပွဲဖြစ်တယ်။ ကြံ့ ဖွတ်အစိုးရက သူတို့ စစ်အာ ဏာရှင်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီပွါးဦးပိုင်လုပ်ငန်းကာကွယ်နေ တာကို နိုင်ငံ့ သိက္ခါ လိုလို ဖြစ်အောင် ပြောနေ တယ်။ သူတို့ဟာ နိုင်ငံတော် ဆိုတာ သူတို့ ပိုင် ပစ္စည်းအဖြစ် သဘောထားခဲ့တာ ကြာပါပြီ။ လူထုဟာ လက်ပံတောင်းမှာ အလျှော့ပေးလို့ ရနိုင်တဲ့ အခြေအနေမ ရှိတော့ဘူး။ ဘယ်လိုတန်ခိုး ရှင်ဘဲ ဖြစ်ဖြစ် လက်ပံ တောင်းမှာ မှတ်ကျောက်တင်ခံရတော့မယ်။
ဘယ်လိုစာချုပ်တွေဘဲဖြစ်ဖြစ် အထူးသဖြင့် စစ်အာအာရှင်တွေချုပ်တဲ့ စာချုပ်တွေဟာ ပြည်သူက အာမခံဖို့ မလိုအပ်ဘူး။ စီပွါးရေး အမြင်ရှိသလိုလို၊ ပညာရှင်လိုလို၊ ဘဏ်လုပ်ငန်းကျွမ်းကျင်သူလိုလို ဟာတွေက နံမည်တို့၊ ကတိတို့အကြောင်းပြောလာနေကြတယ်။ စီးပွါးရေးမှာ အမြတ်ရမယ်ဆိုရင် ဘာကိုမှ ဂရုစိုက်လေ့ မရှိတာဘူး အကြောင်းတခုခုပြပြီး တခြားကုပ္မဏီက စီးပွါးရေးလာပြန်လုပ်မှာဘဲ။ အခုလို စီပွါးရေးကာဒ် ဆိုက်နေတဲ့ ကာလမှာဆို စီပွါးရေး အခွင့် အလမ်းအတွက် အပြိုင်အဆိုင် အလုအယက်ကို သိက္ခါမဲ့ ရှာကြံ နေကြတာပါ။ ဒီတော့ ကုမ္ပဏီ အသစ်တွေ့ဖို့ ဘာမှ ပူစရာမလိုပါဘူး။ ဒါက မ္ဘာ့ စီပွါးရေး အကြောင်းပြောတာပါ။
ကျွန်တော်တို့ မြန်မာပြည်က စီပွါးရေး အရ သေရေးရှင်ရေး အကြပ်ဆိုက်နေလို့လား။ အောက် ခြေလူ ထုတွေက စားရမဲ့၊ သောက်ရမဲ့ နေရမဲ့ သေရမဲ့ ဖြစ်နေတာ။ သူတို့ဘ၀တွေပျက်စီးနေရတာ သူတို့ ဘ၀တွေကို အဖျက်ဆီးခံရလို့ပါ။ သူတို့ဘ၀တွေကို ပို မကောင်းလာရင်တောင် အနှောက်အယှက်မပေးမိဖို့ လိုအပ်ပါတယ်။ ဒါဟာ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံတို့ အကျင့်လက္ခဏာကို ခွဲခြားတဲ့ စည်းမျဉ်းပါဘဲ။ ဖိနှိပ်သူတွေဟာ မဖိနှိပ်ရရင် နေလို့ မရပါဘူး။ ခြင်တွေ လူမကိုက်ရင် မနေနိုင်သလိုပေါ့။ ဒီတော့ ဖိနှိပ်သူတွေရှိသမျှ ဖိနှိပ်ခံတွေ က တိုက်ပွဲ ၀င်နေရမှာဘဲ။
လက်ပံတောင်းဟာဦးပိုင်နဲ့ဝမ်ပေါင်အကျိုးသာဖြစ်ကြောင်းလက်ပံတောင်းကလူထုတွေ ကောင်း ကောင်း သိပါတယ်။ ကျွန်တော်တို့က ဘယ် သူ့ အကျိုးကို ဦးစားပေးရမလဲ၊ လူထုအကျိုးကို ဘဲ ဦးစားပေး ရမယ်ဆိုတာ ပယောဂ မဖက်တဲ့ သူတွေတိုင်းနားလည်နိုင်တယ်။ ဒီတော့ အဖိနှိပ်ခံတို့ရဲ့ တိုက်ပွဲကို အောင် ပွဲခံနိုင်အောင် ဘဲ ကျွန်တော်တို့ ကျိုးပမ်းရတော့မယ်။
လက်ပံတောင်းလူထုတိုက်ပွဲဟာ တရားတဲ့ တိုက်ပွဲ ဖြစ်တယ်။ ဒီတိုက်ပွဲကို ခုခံဆန့်ကျင်သူတွေဟာ လူထုဆန့်ကျင်ရေးသမားတွေဘဲ။ လူထုဆန့်ကျင်ရေး သမားတွေကို လူထုက ဆန့်ကျင်တာဟာ တရား တယ်။ သမိုင်းမှာ အကြမ်းဖက်မှုကိုဖိနှိပ်သူတွေကစတင်ကျင့်သုံးတာချည့်ဘဲ။ဝါဒဖြန့်စက်နဲ့လက်နက်တွေကို ချုပ်ကိုင်ထားတဲ့ အုပ်စိုးသူဖိနှိပ်တွေဟာ လူထုအပေါ် သမာသမတ် ပြုကျင့်လေ့ မရှိပါဘူး၊။ ကိုယ့်လယ်ကို မထွန်နိုင်အောင် တားမြစ်တာဟာ လူထုဘ၀ရှင်ငန်ရေးကို တားဆီးပိတ်ပင် တာပါဘဲ။ ဒီတော့ ကြန့်ဖွတ်ဟာ  လူထုကို ဖိနှိပ် ချိုးနှိပ်နေတာသာဖြစ်တယ်။ လူထုဘက်ကလည်း အကြမ်းဖက် တုန့်ပြန်မှု အပါအ၀င် အရာ အားလုံးဟာ ဘ၀ရှင်သန်ရေးအတွက် တရားဝင်လာတော့မယ်။
ဒီနေ့ ကြံ့ဖွတ်အစိုးရ ကျင့်သုံးနေတာ ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အသိအမှတ်ပြုတဲ့ အရင်းရှင်စံနစ်ကို သွားနေတာ မဟုတ်ဘူး။စစ်တပ်နဲ့ ချုပ်ကိုင်ထားတဲ့၊ လယ်သမားတွေရဲ့  မြေယာတွေကို မတရားသိမ်းပြီး သီးစားချထားတဲ့ ပုံစံနဲ့ နိုင်ငံ့ စီးပွါးရေးကို ချယ်လှယ်နေတာသာဖြစ်တယ်။ သူတိုဟာ အရင်းရှင် မဟုတ်ဘဲ စစ်ပဒေသရာဇ်တွေ သာဖြစ်တယ်၊ သူတို့မှာ စစ်တပ်နဲ့ မြေယာကို အဓိက အခြေပြုတဲ့ စစ်ပဒေ သရာဇ်ဖြစ်တော့အရင်းရှင်စံနစ်ရဲ့လွတ်လပ်တိုးတက်မှုဆိုတာတွေဟာဒီကြံ့ဖွတ်စစ်ပဒေသရာဇ်တွေကြောင့် များစွားအနှောက် အယှက်ဖြစ် နေရတယ်။ တကယ်နိုင်ငံကို အရင်းရှင်စံနစ်အရှိန်အဟုန်နဲ့ တိုးတက်ချင်ရင် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်၊ လူအခွင့်အရေး၊ လယ်လုပ်သူလယ်ပိုင်ရေး၊ လွတ်လပ်တဲ့ နိုင်ငံရေး အခင်းအ ကျင်း ဖြစ်တဲ့ လွတ်လပ်စွာ အစည်း အရုံး အသင်းအပင်းထူထောင်ခွင့်တွေရှိကိုရှိရမယ်။ ဒါမှမဟုတ်ရင် စစ်ပဒေရာဇ်အောက်မှာ အရင်းရှင်စံနစ်ထူ ထောင်နေသလိစစ်ပဒေသရာဇ်လောင်းရိပ်အောက်ကထိပ်တုန်း ခတ် ဒီမိုကရေစီဘဲ ဖြစ်နေမယ်။
တရုတ်အစိုးရ အနေနဲ့ နိုင်ငံရေးပါတီကခေါင်းဆောင်တချို့ကို ရုတ်ပြည်ဖိတ်ပြီး စည်းရုံးနေတာဟာ တရုတ်အစိုးရအနေနဲ့ ကြံ့ဖွတ်အစိုးရအပေါ် ယုံကြည်မှုလျှော့နည်းလာတာကို ပြသသလို သူတို့အကျိုးစီးပွါး ဟာ အန္တရာယ်ကျရောက်နိုင်တယ်ဆိုတာကို တွက်ဆမိလို့ ဖြစ်နိုင်ပါတယ်။
စစ်အာဏာရှင်စံနစ်အောက်က ရုန်းထွက်တဲ့ လှုပ်ရှားမှုတွေရဲ့ အဓိကကျတဲ့ ရှစ်လေးလုံးလှုပ်ရှားမှု ဟာ လက်နက်ကိုင် လမ်းစဉ်အဆင့်အထိ ပေါက်ရောက်ခဲ့တယ်။ ဒါပေမဲ့ လက်နက်ကိုင်လမ်းစဉ်ရဲ့ အနှစ်သာရကို မဆုတ်ကိုင်မိဘူး။ အခုလည်းလက်ပံတောင်း အရေးဟာ လူထုကို လက်နက်လမ်းစဉ် ဘက်ကို တွန်းပို့နေသလို ဖြစ်လာနေတယ်။ ဒါဟာ ကြံ့ဖွတ်ရဲ့ ဗျူဟာဆိုရင် လက်ပံတောင်းလူထုက ကိုယ့်ကိုယ်ကို ပြင်ဆင်ကြရတော့မယ်။ သေနတ်နဲ့ပစ်ရင်ဝပ်မှောက်တတ်ဖို့။ပုန်းခိုတတ်ဖို့ လေ့ကျင့်ရတော့မယ်။ ပြန်လည်ခုခံနိုင်အောင် ဘာလုပ်ကြရမလဲ စဉ်းစားထားသင့်တော့တယ်။
နိုင်ငံရေးအရ တရုတ်ဆန့်ကျင်ရေး မဟုတ်ပေမဲ့ တရုတ်ကုန်ကို စတိ သပိတ်မှောက်တဲ့ အလုပ်တွေကို စဉ်းစားရမယ်။ လက်ပံတောင်းမှာ ဖိနှိပ်တဲ့ ရဲတပ်တွေ ကို လူထုသိအောင်ဖေါ်ထုတ်ပြီး အပြစ်တင်ရှုတ်ချရ မယ်။ မြို့ကြီးပြကြီးတွေက လူထုတွေအနေနဲ့ လက်ပံတောင်းက လူထု မတရား ဖိနှိပ်ခံနေရတာကို စာနာ ထောက် ခံကြောင်း ပြသတဲ့ လှုပ်ရှားမှုတွေ ကို စည်းရုံးလုပ်ဆောင်သင့် ပါတယ်။လက်ပံတောင်းမှာ ရက်စက်မှု တွေ ဆက် ဖြစ်လာရင် တရုတ်ကုန် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှု အသွင်နဲ့ တုန့်ပြန်ရတော့မယ်။
ကြံ့ဖွတ်စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းပြီး လူထုကို ဖိနှိပ် ၊လိမ်ညာလှည့်ဖြားနေတဲ့ ဖေါက်ပြန် သူအခွင့် အရေးသမား တွေကိုလည်း မလွဲမသွေ ဖွင့်ချ ဆန့်ကျင်ကြရတော့မယ်။ လူထုဟာ ကိုယ် ခံစားရတာကိုမှ ကိုယ် တိုင်ပြောပိုင်ခွင့် မရှိရင် ကျွန်တော်တို့ဟာ လူပီပီသသ မှ ဟုတ်ပါဦးမလား ဆန်းစစ်ရတော့မယ့် အချိန် ပါ ဘဲ။
စစ်ပဒေသရာဇ်စံနစ်ဟာ အင်မတန် ဖိနှိပ်ချုပ်ချယ်ပါတယ်၊ကုန်ထုတ်လုပ်ရေး ဖြစ်စဉ်အားလုံး မှာ အတားအဆီး အပိတ်အဆို့တွေလုပ်နေသလို လယ်ယာစိုက်ပျိုးရေးကိစ္စ၊ လူထုဆက်သွယ်ရေးကိစ္စ၊ လျှပ်စစ် မီးကိစ္စ၊သတင်းမီဒီယာကိစ္စ ကအစ များစွာသော အခက်အခဲ အပိတ်အဆို့တွေကို လုပ်နေတုန်းပါဘဲ။ ဒီစံနစ် ဟာ ခေတ်ကိုဆန့်ကျင်နေသလို လူထုတွေရဲ့ တိုက်ဖျက်မှုကို မလွှဲမသွေ ခံရမှာပါ။
လူထုအကျိုးကိုသယ်ပိုးကြ။
လက်ပံတောင်းကို ၀ိုင်းရံကြ။
ဖေါက်ပြန်သူကို ဖွင့်ချတိုက်ခိုက်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။

ဦးအေးဆောင်
ဧပြီ ၂၈၊ ၂၀၁၃။




Wednesday, March 13, 2013

လက်ပံတောင်း စီမံကိန်းဟာ လူထုဆန့်ကျင်ရေး လုပ်ရပ်ဖြစ်တယ်။



လက်ပံတောင်း စီမံကိန်းဟာ လူထုဆန့်ကျင်ရေး လုပ်ရပ်ဖြစ်တယ်။
လက်ပံတောင်းစီမံကိန်းဟာ လူထုဆန့်ကျင်ရေးလုပ်ရပ်ဖြစ်တယ်။မြေရှင်စစ်ပဒေသရာဇ်တွေကလယ်သ မား တွေ အပေါ် ထားတဲ့ သဘောထားအတိုင်း ကြံ့ဖွတ်စစ်အာဏာရှင်တွေက ကျင့်သုံးပြတာဖြစ်တယ်။ ဒီစီမံ ကိန်းဟာ စစ်ပဒေသရာဇ် မြေရှင်တွေက လယ်သမားတွေရဲ့ ဘ၀ရှင်သန်ရေးကို လုံးဝ မျက်ကွယ်ပြုပြီး မြေရှင် က မြေကျွန်ကို ဆက်ဆံသလို ဆက်ဆံကျင့်သုံးတာဖြစ်တယ်။ ၀မ်ပေါင်ကုမ္ပဏီ အနေနဲ့ အမြတ်ရ ရေးသက် သက်နဲ့ ဒီစီမံကိန်းကိုလုပ်တာမှန်ပေမဲ့ အဓိက က စီးပွါးရေး ပိတ်ဆို့မှုကို ရင်ဆိုင်ပြီးစစ်အအာဏာရှင်တွေက သူတို့အာဏာတည်မြဲရေးတခုထည်းအတွက် နိုင်ငံရဲ့အဖိုးတန်အမွေအနှစ်တွေ၊သယံဇာတတွေကို ဈေးပေါ ပေါနဲ့ ရောင်းစားခဲ့တာဖြစ်တယ်။ လူထုအစိုးရ၊ လူထုသဘောထားအတိုင်း လုပ်ခဲ့တဲ့ အလုပ်မဟုတ်လို့ လူထုက တာဝန်ယူစရာမလိုဘူး။
လက်ပံတောင်းအရေးဟာ တောင်သူလယ်သမားအရေးဖြစ်တယ်။ နေ၀င်းက အစပြုခဲ့တဲ့  စစ်ပဒေ သရာဇ်အာဏာရှင်တွေကအစိုးရအယောင်ဆောင်၊ နိုင်ငံတော်အယောင်ဆောင်ပြီး မြေရှင်အဖြစ် တောင်သူ လယ်သမားပိုင် လယ်ယာမြေတွေ၊ပုဂ္ဂလိကပိုင်မြေတွေကို သူတို့ထင်သလို၊ သူတို့ စိတ်တိုင်းကျ သိမ်းပိုက် ခွဲဝေရောင်းစား၊ အပိုင်စီး ခဲ့တာတွေဟာ မြေယာစုံစမ်းရေး ကော်မီရှင် ကလူသိရှင်ကြားတင်တဲ့  သတင်း အချက်အလက်တွေမှာ တွေ့ နိုင်တယ်။ စစ်တပ်တခုထည်းက သိမ်းတဲ့ မြေဟာ ဧက၂သိန်းခွဲကျော်ရှိတယ်။ လယ်ယာမြေပေါ် အခြေခံပြီး အသက်မွေးရတဲ့ တောင်သူလယ်သမား နိုင်ငံ ဗမာပြည်သူတွေဟာ ဒီစစ်အာဏာ ကြောင့် မွဲတေစုတ်ပြတ်ဆင်းရဲ နေတာကို အခုလို မရေမရာ ပွင့်လင်းနေတဲ့ အချိန်မှာတောင် ဒီလောက် ဖြစ်နေရင် တကယ့် ပွင့်လင်းတဲ့ ကာလမှာ ပိုမိုတွေ့ရှိရဦးမှာပါ။ တိုင်းပြည်ဆင်းရဲတယ် ဆိုတာ လယ်သမား တွေဆင်းရဲလို့ပါ၊ လယ်သမားတွေဆင်းရဲရတာက ၊ လယ်ယာမြေမပိုင်တာ၊ စိုက်ကြိုက်သီးနှံ မစိုက်ရတာ၊လွတ်လွတ်လပ်လပ်မရောင်းရတာ တွေ ကြောင့်ဘဲ။လယ်သမားတွေမြေယာမပိုင်ဆိုင်လို့ဘဲ။မလွတ် လပ်လို့ ဘဲ။ လက်ပံတောင်းအရေးဟာ အဖိနှိပ်ခံမြန်မာပြည်တ၀ှမ်းကလယ်သမားထုကြီးနဲ့ ဖိနှိပ်သူကြံ့ ဖွတ် စစ်ပဒေသရာဇ်မြေရှင်ဗိုလ်ချုပ်တွေနဲ့သူ့လက်ပါစေ နောက်တော်ပါတွေရဲ့ပဋိပက္ခဖြစ်တယ်။ မြန်မာပြည်မှာ ၆၂ ခုကစ ဖြစ်တည်လာတဲ့ ပဋိပက္ခပါ။ အဓိက ပဋိပက္ခလည်းဖြစ်တယ်။
ဒီတိုက်ပွဲမှာ ပြည်သူ့ဘက်ကရပ်မလား၊ စစ်ပဒေသရာဇ် အာဏာရှင်တွေဘက် ရပ်လားဆိုတာကို ကျွန်တော်တိုင်းပြည်က နိုင်ငံရေးပါတီတွေ၊ ခေါင်းဆောင်တွေ၊ ပညာတတ်တွေ လူလတ်တန်းစားတွေ  အရပ် သား ဓနရှင်တွေကဆုံးဖြတ်ရပါတော့မယ်။ တောင်သူလယ်သမားတွေက“လယ်လုပ်သူလယ်ပိုင်ရေး” ရဲ့ သရုပ် ဖြစ်တဲ့ “လက်ပံတောင်းတောင် စီမံကိန်းရပ်ရေး” အတွက် တိုက်ပွဲဝင်ကြ မှာဘဲ။ မြန်မာပြည် အနှံ့မှာလည်း လယ်သမားတွေဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့တိုက်ပွဲဝင်နေကြတာဘဲ။ နောက်ဆုံး ဖြစ်ရပ်တော့ မအူပင် ဖြစ်ရပ်ပေါ့၊ လက်ပံတောင်း စီမံကိန်းဆန့်ကျင်ရေးတိုက်ပွဲဟာ ပြည်သူဘက်နဲ့ ဖေါက်ပြန်သူဘက် လမ်းခွဲလည်းဖြစ်တယ်။
လက်ပံတောင်းစီမံကိန်းဟာ မြန်မာပြည်သူတွေ အပေါ် ကိုယ့်အမျိုးသား စစ်အာဏာရှင်က ဘယ်မျှ အထိမထီလေးစားလျှိုဝှက် ကောက်ကျစ်စွာနဲ့အမြတ်ထုတ်သွေးစုတ်နေသလဲဆိုတာပေါ်လွင်ယုံသာမက နိုင်ငံတကာအလည်မှာပါ တရုတ်သြဇာညောင်းပုံ ထင်ရှားသွားတယ်။ မြန်မာစစ်အာဏာရှင်တွေဟာ တရုတ် အိတ် ထောင်ထဲမှာ ရှိနေတာကိုလည်း ပိုမိုသိမြင်သွားကြတယ်။ နိုင်ငံသိက္ခါ လူမျိုးသိက္ခါ ထိခိုက်ခဲ့ယုံသာမကမီးလောင်ဗုံးကိစ္စက သံဃာနဲ့ ပြည်သူတွေ အပေါ် ရက်စက်စွာ ဖိနှိပ်အုပ်စိုးနေတာလည်း ပေါ်လွင်ခဲ့ လေတော့  ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေး၊ ဒီမိုကရေစီး တိုက်ပွဲတွေမှာ ဦးလည်မသုန် ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူတွေဟာဒီ“လက်ပံတောင်းစီမံကိန်း” လောက်နဲ့ နောက်ဆုတ်ရရင်တော့ ပြည်သူတွေ က ရာဇ၀င်ရိုင်း ခံမှာ မဟုတ်တာသေချာပါတယ်။
သဘာဝပတ်ဝန်းကျင်တို့၊ယဉ်ကျေးမှုတို့၊လူမှုဘ၀တို့ထက် နိုင်ငံသိက္ခါ၊လူမျိုးသိက္ခါ၊လူထုသိက္ခါ တွေက သမိုင်းမှာ ပြောစမတ်တွင်ရစ်စရာရှိနေတော့မယ်။ လက်ပံတောင်း စီမံကိန်းကို ဆက်လက် လုပ် ဆောင်  လက်ပံတောင်း မြေတူးသံဟာလူထုရဲ့နာကျည်းသံဖြစ်နေတော့မယ်။ဒီစီမံကိန်းဟာအမျိုးသားအမာရွတ်ကြီး အဖြစ် တင်ကျန်နေလိမ့်မယ်။လုပ်ဆောင်သူတွေ၊ ထောက်ခံအားပေးသူတွေဟာသူတို့ဘာသာအကြောင်း ပြ ချက်တွေရှိနေပေမဲ့ ပြည်သူတွေရဲ့ နာကျင်တဲ့ ခံစားချက်၊ မကျေနပ်နပ်ချက်တွေက သူတို့ကို မျိုးဆက်နဲ့ချီ အရိပ်လို တစ္ဆေခြောက်ခံနေရမှာပါ။ 
၂၁ရာစုကမ္ဘာပတ်လက်ဝါးကြီးအုပ်အရင်ရှင် ခေတ်မှာ မြေယာကိုထိန်းချုပ်၊ မြေကျွန်လူတန်းစားတွေ ဖန်တီးသွေးစုတ်တဲ့ ပဒေသရာဇ် စံနစ်ဟာ အင်မတန်ခေတ်နောက်ကျပြီး စက်စုတ်ရွံရှာစရာကောင်ပါတယ်။ တိုးတက်မှုကိုလည်း များစွာ အဟန့်အတားဖြစ်စေပါတယ်။ မြန်မာပြည်ကလယ်သမားတွေ လယ်ကိုစက်နဲ့ မထွန်နိုင်ဘဲ ကျွဲနွားတွေနဲ့ ထွန်နေတာဟာ ရာစုနှစ်ဝက် လုံးလုံး စစ်အာဏာရှင် မြေရှင် ပဒေသရာဇ်တွေရဲ့ ဖိနှိပ်မှုကြောင့်ဘဲ။ ဒီနေ့ လယ်သမားတွေ နိုင်ငံအနှံ့ အုံကြွ ဆန္ဒပြ တောင်းဆိုနေတာရဲ့ အနှစ်သာရလည်း “လက်ပံတောင်း” အရေးမှာ ဆက်စပ် ထင်ဟပ်နေတယ်။ ဒီတော့ လယ်သမားအရေး၊အမျိုးသားရေးအတွက် “ လက်ပံတောင်း ကာကွယ်ရေး တိုက်ပွဲ”ကို တနိုင်ငံလုံးရှိ  လယ်သမားများက၊ တိုးတက်သော လူထုလူ တန်းစားများက တခဲနက်ပါဝင်ဆင်နွဲ သင့်ပါတယ်။
ဆရာစံစိတ်ဓါတ် မြှင့်တင်ကြ။
လယ်လုပ်သူလယ်ပိုင်ရမည်။
လက်ပံတောင်းစီမံကိန်း ချက်ချင်းရပ်။

ဦးအေးဆောင်
မတ်လ ၁၃ ၊ ၂၀၁၃။

Tuesday, March 12, 2013

အမျိုးသားရေးနှင့် အတန်းအစားရေး အဆက်အစပ်

၁၉၈၃ ခုနှစ်က PLF ရဲ့ ထုတ်ြပန်ချက် ဖြစ်ပါတယ်။ သဘောတရားရပ်တည်ချက်ကို ဖေါ်ပြထားတဲ့အတွက် အများသိစေရန်ထပ်ဖြန့်ဝေလိုက်ပါတယ်။



အမျိုးသားရေးနှင့် အတန်းအစားရေး အဆက်အစပ်
         အမျိုးသားရေးကိုထိပ်တန်းကျကျတင်နေကြခြင်းကြောင့်ဒီနေ့တော်လှန်ရေးအတွက်အနှောက်အယှက် တွေ ပေါ်နေခဲ့တယ်။ လက်နက်ကိုင်တော်လှန်သူတို့အချင်းချင်းနယ်မြေကိစ္စတွေ၊ဘာသာရေးအရေခြုံလာတဲ့အစိုးရနည်းပရိယာယ်တွေ၊ ၁၉၈၁ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ မဆလ အစိုးရတို့ ဆွေးနွေးခဲ့ကြတဲ့ အနှစ်သာရတွေ ၊ နိုင်ငံ သားဖြစ်မှုဥပဒေတွေ၊မွတ်စလင်ဗမာပဋိပက္ခများစတာတွေအားလုံးအမျိုးသားရေးစနက်မှ ပေါ်ပေါက်လာခဲ့ခြင်းသာဖြစ်တယ်။ စစ်အစိုးရရဲ့ အမြတ်ထုတ်မှုအောက်မှာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ် တယ်။ တော်လှန်သူဘက်မှလည်း အမြင် ကျဉ်းမှုတို့မှပေါ်ပေါက်လာခဲ့ရခြင်းဖြစ်တယ်။
          ဓနရှင်နိုင်ငံရေးသမားတို့ဟာ အမျိုးသားရေးက အရင်ကျသယောင် ပြောဆိုလာကြတယ်။ အမှန်အ တိုင်းက လူတန်းစား တိုက်ပွဲကသာ အရင်ပေါ်ပြီး အမျိုးသားရေးက နောက်မှ ပေါ်လာခြင်းသာဖြစ်တယ်။ အမျိုး သားရေး တိုက်ပွဲမဆိုထားနဲ့ မိသားစုအတွင်း တိုက်ပွဲဆိုတာတောင် လူတန်းစားရုပ်ဘ၀ရဲ့ အရိပ် ပါစမြဲ ဖြစ်ပါ တယ်။ ဒီအဖြစ်ကို မမြင်ရင် မမြင်တဲ့ သူဟာ တော်လှန်ရေးကို အောင်ပွဲရတဲ့ အထိ ဆင်နွဲနိုင် မှာ မဟုတ် ဘူး။ ဘာကြောင့်လဲဆိုတော့ အမျိုးသားရေးနဲ့ အတန်းအစားအရေး ဆက်စပ်ပြီး မပေါင်းစည်းနိုင် တာကြောင့် ဖြစ် တယ်။
          ဓနရှင်နိုင်ငံရေးသမားတိုင်းဟာ ဘာကြောင့် အမျိုးသားရေးကို ထိပ်တန်းတင်ပြီး ပြောနေရပါသလဲ ။? ပြည်သူလူထုဆင်းရဲသားများက သူတို့ (ဓနရှင်လူတန်းစား) ရဲ့ အခွင့်ထူးခံမှုကို မမြင် စေနိုင်ဖို့၊ သူတို့အုပ်စားတဲ့ နယ်မြေအတွင်း စားကျက်လုဘက်တို့ ၀င်မလာနိုင်စေဖို့ အမျိုးသား အရည်ခြုံပြီး ကာကွယ်ထားတာ ဖြစ်တယ်။ သူတို့ယူတဲ့ အမြတ်ဟာ သူတကာတွေထက်ပိုများတာကို သိမသွားစေ လိုလို့ ဖြစ်တယ်။တနည်းပြောရရင်လူတန်းစားတိုက်ပွဲပေါ်လာမှာကိုမလိုလား၊ ကြောက်ရွံ့တာကြောင့် ဖြစ်တယ်။
          လွန်ခဲ့တဲ့ဓနရှင်ပါလီမံခေတ်ကလည်း လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေပြုလုပ်ခါ ဆင်းရဲသား လယ်သမားများကို မက်လုံးပေးခဲ့တယ်။ ဒါပေမဲ့ ဓနရှင် အစိုးရဟာ လယ်သမားနဲ့ အလုပ်သမားတို့ လူတန်း စားအခွင့်အရေးတိုက်ပွဲ ဆက်မိမှာစိုးလို့ ဥပဒေကို စာရွက်ထဲမှာသာ မသိမသာ ၀ှက်ထားခဲ့ကြတယ်။ အင်္ဂ လိပ်ခေတ်က အကြောင်းတွေ ပြန်ကြည့်ရင်လည်း အမျိုးသားစိတ်နိုးကြားလာပုံကို တွေ့ရမယ်။ ဒါပေမဲ့ အနှစ်သာရကျကျတိုက်ပွဲမ၀င်နိုင်ခဲ့ဘူး။ နောက်ပိုင်းမှအတန်းအစားအမြင်ရှိသူတွေတက်ခေါင်းဆောင်တော့မှ လက်နက်ကိုင်လှုပ်ရှားမှုတွေ အလျှိုအလျှို ပေါ်လာခဲ့ကြရတော့တယ်။
          အမျိုးသားရေးသက်သက်ထဲမှာ အင်္ဂလိပ်က သွေးခွဲနည်းတွေနဲ့ အုပ်ချုပ်ပြီး ၊ ကိုယ့်အမျိုးသားတွေရဲ့ ထူးခြားမှုတွေကိုသာ မြင်တတ်တဲ့ အမျိုးသားရေးသက်သက်သမားတွေဟာ ပြဿနာတွေရဲ့ အရင်းအမြစ် ကို မမြင်ဘဲ အုပ်စိုးခံအချင်းချင်း အဓိကရုဏ်းတွေ၊ ပဋိပက္ခတွေက ပိုများနေတော့တယ်။ ဒါကြောင့်ဘဲ ကုလား- ဗမာအဓိကရုဏ်းတွေ၊ ဆရာစံနဲ့ အမျိုးသား အမြင် သက်သက်လှုပ်ရှားမှု၊ ကရင် - ဗမာအဓိ ကရုဏ်း၊ ဗမာ ပြည်ကွန်မြူနစ်ပါတီနဲ့ ဓနရှင်အစိုးရ ပေါင်းစည်းမှု တွေဟာ သိသာတဲ့ သာဓကတွေဘဲ။
          ဒါတွေကို ကျွန်တော်တို့ မမြင်ခဲ့ရင် ကျွန်တော်တို့ အခုဆင်နွဲနေတဲ့ တော်လှန်ရေးကို အရှိန်ပြင်းပြင်း မှန်မှန်ကန်ကန် အကောင်အထည်ဖေါ်ဖို့ ခက်လိမ့်မယ်။ ဒီတော့ အမျိုးသားရေးကို စွတ်မှိတ်အော်နေပြီး သ မိုင်းလက်တွေ့အခြေအနေမှာ ဘာတွေဖြစ်နေတယ်၊ ဘာတွေဖြစ်ခဲ့တယ် ဆိုတာကိုမသိရင်ရန်သူမိတ်ဆွေ လွဲပြီး ပြဿနာတွေဟာ ရှုပ်သထက်ရှုပ်လာမှာပါဘဲ။         ယနေ့အမျိုးသားရေးကဘယ်လောက်အရာရောက်နေသလဲ။?သိပ်အရာမရောက်တာဘာကြောင့်လဲ။? အမျိုးသားအချင်းချင်း ပေါင်းစည်းလုပ်ကိုင်ရေးမှာ အနှောက်အယှက်က အကျိုးထက်ပိုများ နေလို့ အဖိနှိပ်ခံ လူတန်းစား စိတ်ဓါတ်ချို့ယွင်းနေလို့ဘဲ။
          အမျိုးသားရေးတိုက်ပွဲဟာ လူတန်းစားတိုက်ပွဲရဲ့ အသွင်တရပ်သာဖြစ်တယ်။လူချင်းမတူလို့ တိုက်ကြ တာ မဟုတ်၊အခွင့်အရေး မတူလို့ တိုက်ကြတာဖြစ်တယ်။ အခွင့်အရေးကို ချုပ်ကိုင်ထားသူမှာ အုပ်ချုပ်သူ လူတန်းစားဘဲ ဖြစ်တယ်။ အခွင့်အရေးကို ဒေသနဲ့ သဏ္ဍာန်မတူကွဲတဲ့ အပေါ် အခြေတည်ခြင်းဖြင့် အမျိုးသား ရေး ပေါ်လာခြင်းသာဖြစ်ပါတယ်။ အခွင့်အရေးတူညီစွာ ခံစားနိုင်ပြီး လူတန်းစားအမြင်သာရှိပါက ဤပြဿ နာပေါ်လာစရာ အကြောင်း မရှိပါဘူး။
          အမျိုးသားအခွင့်အရေးတွေကိုဘဲနားလည် သဘောပေါက် သူတွေအတွက် အမျိုးသားရေးလုပ်တာကို ဘာမှ တားဆီးစရာမလိုဘူး။ ဒါပေမဲ့ သူဦးတည်ချက်မလွှဲစေဖို့၊လွန်ခဲ့တဲ့နာကျည်း စရာကောင်းတဲ့လူမျိုးရေးပဋိပက္ခတွေမျိုးထပ်မပေါ်ပေါက်စေဖို့အတွက်လူတန်းစားအမြင်နဲ့ ဘောင်ကွပ်ထားသင့်တယ်။
          ဒီနေရာမှာ အမျိုးသားရေးအလံကို စွန့်ပစ်ရမလားလို့ မေးကြမယ်။မစွန့်ပစ်ရပါဘူး။ အမျိုးသားရေး တိုက်ပွဲစဉ်ထဲမှာဘဲရန်သူအမြတ်ထုတ်မှုကို ရှောင်နိုင်ဖို့လူမျိုးချင်းပေါင်းစပ်လုပ်ကိုင်မှုနားလည်သဘော ပေါက် ဖို့ အတွက် အဖိနှိပ်ခံ လူတန်းစားအမြင်ကို ရောစပ်ဖို့သာလိုပါတယ်။
          အတန်းအစားအရေးဟာ အမျိုးသားရေးကို မထိခိုက်ယုံသာမက အဖိနှိပ်ခံ အမျိုးသား အနည်းစုတို့ အတွက် ပိုပြီးအထောက်အကူပြုပြီး အကျိုးဖြစ်စေတယ်။ လူနည်းစုရဲ့ အမျိုးသားရေးသက်သက်ဟာ လူများစုအ မျိုးသားရေးကို ရင်ဆိုင်ရာမှာ အင်အားချိနဲ့ စရာအကြောင်းတောင်ရှိနေပါသေးတယ်။
          မဆလအစိုးရလို ပြည်ထောင်စုတ၀ှမ်းမှာ အရင်းမြုပ်ထားတဲ့ ဖိနှိပ်သူကို နေရာတခုထည်းက ခုခံ တာထက် နေရာအနှံ့ သူ့အရင်းအဖြစ်တည်ရှိရာ နေရာတိုင်းမှာ ပယ်နုပ် ဖြတ်ထောက်နိုင်အောင် တိုက်ပွဲ ၀င်ရ မှာဘဲ။ဒီတော့ ဒေသသက်သက် လူမျိုးရေးသက်သက်ကို မကျော်လွှားလို့ မဖြစ်တော့ဘူး။
          အမျိုးသားရေးရဲ့ အာသာချက်ကို သိထားသလို အားနည်းချက်ကိုလည်း အလေးအနက်သိထားဖို့လို လိုပါတယ်။ ဒါမှမဟုတ်ရင် လက်ဝါးကြီးအုပ်စစ်အစိုးရကို ပယ်လှန်နိုင်မှာ မဟုတ်ပါဘူး။         
          ဗမာဖြစ်တဲ့ လူကလည်း တိုင်းရင်းသားတွေရဲ့ အမျိုးသားရေးတွေ ထိခိုက်နစ်မာမှုတွေကို သိရှိပြီး လုံးဝအသိအမှတ်ပြုရမယ်။ လူမျိုးတိုင်းလူမျိုးတိုင်းဟာ တခြားလူမျိုးအပေါ်စာနာထောက်ထားတဲ့ အမြင် ၊ အဖိနှိပ်ခံ လူတန်းစား အမြင်နဲ့ကြည့်မှ စည်းလုံးညီညွတ်နိုင်မယ်၊ စုစည်းနိုင်အယ်။
          ဗမာတဦးအနေနဲ့ ဒီဗမာစစ်အစိုးရကို တိုက်ဖျက်ဖို့ဆိုရင် အမျိုးသားအမြင်သက်သက်နဲ့သာကြည့်ပြီး တိုက်လို့ ဘယ်လိုမှ မရနိုင်ပါဘူး။ လူတန်းစားအမြင်နဲ့ ဘဲ တိုက်လို့ရမယ်။ ဒါဟာပကတိအခြေအနေက ထင် ဟတ်တဲ့ အချက်ဘဲ။
          ဗမာပြည်ကွန်မြူနစ်(ပါတီ)ကိုဆန့်ကျင်ရင်းက ကွန်မြူနစ်သွေးလန့်မှုနဲ့ အတန်းအစားအကြောင်းကို မရှင်းဝံ့ရင် ကတောင်းကျိုက်တခြား ဖင်တခြားဖြစ်နေတော့မယ်။ ကျွန်တော်တို့ဟာ လက်ဝါးကြီးအုပ်စစ် အာ ဏာရှင် အစိုးရ ကို တိုက်ဖျက်ရာမှာ ကွန်မြူနစ်ဆန့်ကျင်ရေး အမြင်နဲ့ မရောထွေးသင့်ဘူး။
          ဗမာပြည်ကွန်မြူနစ်(ပါတီ)ကို ဆန့်ကျင်ရင်းနဲ့ လူတန်းစား အတွေးအခေါ်ရှိသူတွေအားလုံးကို သိမ်းကျုံး ဆန့်ကျင်တာလည်း မမှန်ဘူး။ ဖြစ်ပေါ်တိုးတက်မှု တပြေးထည်း မညီတဲ့ ပြည်ထောင်စုထဲမှာ အတန်း အစား အမြင်သက်သက်၊ အမျိုးသားအမြင်သက်သက်နဲ့ တော်လှန်ရေးလုပ်လို့မရဘဲ အမျိုးသားရေး နဲ့ အတန်စားရေး ကို နှီနွှယ်ပြီးလုပ်ကိုင်မှသာဖြစ်နိုင်မယ်။ လုပ်ရမည့်လုပ်ငန်းမှာ အမျိုးသားရေးကတဖက် အဖိ နှိပ် ခံ လူတန်းစား စိတ်ဓါတ်ကတဖက် ရှိရမယ်။ ဒါကိုတဖက်ထည်းလုပ်ရင်မှားတယ်။ ယေဘုယျအခြေ အနေနဲ့သီးခြားအ ခြေအ နေကိုဆက်စပ်မမြင်သူ၊ဗမာပြည်ကွန်မြူနစ်(ပါတီ)နဲ့သီးခြားအခြေအနေကို ယေဘုယျ အခြေအနေနဲ့ဆက်စပ်မမြင်သူ၊လူမျိုးစုတွေကြောင့်ယနေ့ဗမာပြည်တော်လှန်ရေးဟာ နှောင့်နှေးနေမှာဘဲ။          မဆလလုပ်ဝါးကြီးအုပ်စစ်အာဏာရှင်အစိုးရကိုဆန့်ကျင်တဲ့ဗမာတွေအနေနဲ့လူတန်းစားအရေးကို ပြတ်ပြတ်ထင်ထင်သိရမယ်။ အမျိုးသားဟန်နဲ့ ပေါင်းစပ်နိုင်အောင် ထိုးထွင်းသိမြင်ကြရမယ်။အခြေအနေနဲ့ ခွင်ကျမည့် နည်းလမ်းတွေနဲ့ ဆက်စပ်ကျင့်သုံးနိုင်အောင်အားထုတ်ကြရမယ်။တရားသေဆန်ဆန်စာအုပ်ကြီးအတိုင်းလုပ်နေရင်တော့ ရှေးရှေးက လူတွေလို အရှုံးသံသရာထဲက ထွက်နိုင်မှာ မဟုတ်ပါဘူး။ တိုင်းရင်း သားလူမျိုးစုတွေရဲ့ အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌါန်းခွင့်ကို လေးစားပါ။ပေါင်းစည်းရေးခွဲထွက်ရေးကိစ္စဟာတိုင်းရင်းသားတွေရဲ့အဆုံးအဖြတ်ဖြစ်စေဖို့ ကြိုးပမ်းရမယ်။ အတားအဆီးအပိတ်အပင် မရှိစေသင့်ဘူး။
          အဖိနှိပ်ခံ အမျိုးသား၊ အဖိနှိပ်ခံလူတန်းစားတို့ရဲ့ သွေးစည်းခြင်းကို ထိခိုက်စေမည့် အမြင်ကျဉ်း အမျိုး သားဝါဒနဲ့ မဟာလူမျိုးကြီးဝါဒ၊ ၀ါဒမြိုရေးဝါဒ တို့ကို သတိကြီးစွာ ထားပြီး တိုက်ဖျက်ကြရမယ်။ ( ဗမာ တွေရဲ့)လူတန်းစားလွတ်မြောက်ရေးတိုက်ပွဲနဲ့(တိုင်းရင်းသားတွေရဲ့)အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေ ထဲမှာ လူတန်းစားအသိက နေရာတကာမှာ ရှိရမယ်။ လူမျိုးရေးအသိကို ဒေသအခြေအနေအလိုက်သာ ရှိစေရမယ်။
          ပြီးခဲ့တဲ့ ကာလက လူမျိုးရေးပဋိပက္ခတွေကို မမေ့ကြနဲ့။ စစ်အစိုးရရဲ့ လူမျိုးရေး သွေးခွဲ အမြတ်ထုတ် တတ်ပုံကို မျက်ခြေမပြတ်ကြနဲ့။ တော်လှန်ရေးဦးတည်ရာ လက်ဝါးကြီးအုပ်စစ်အာဏာရှင် တိုက်ဖျက်ရေး ၊ ပြည်သူ့လွတ်မြောက်ရေး တိုက်ပွဲစဉ်ကို အခြားအခြားသော အမြင်တို့နဲ့ မရှုပ်ထွေးစေနဲ့။
          တော်လှန်ရေးဟာခက်ခဲတယ်။ ဒီအတွက် ကျွန်တော်တို့ ကြီးမားစွာသောသတိများ၊ ရိုးသားမွန်မြတ် သော သဘောထားများ ၊ လွတ်မြောက်ခြင်းကို မြတ်နိုးတဲ့ စိတ်ဓါတ်များနဲ့ တော်လှန်ရေး တိုက်ပွဲစဉ်အဆင့် ဆင့်ကို အကောင်အထည်ဖေါ်ကြပါက အောင်ပွဲဟာ ကျွန်တော်တို့လက်ထဲကဘယ်မှပြေး လွတ်နိုင်မှာ မဟုတ်။
          အချောင်သမားဝါဒကို တိုက်ဖျက်ကြ။
          တော်လှန်ရေး မုချအောင်ရမယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
စက်တင်ဘာ ၁၅ ၊ ၁၉၈၃။