ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com
Showing posts with label စာတမ်း. Show all posts
Showing posts with label စာတမ်း. Show all posts

Tuesday, February 22, 2011

ပြောက်ကြားလှုပ်ရှားမှုရဲ့ အနှစ်သာရ (၁၉၆၀)

ဒီစာတမ်းဟာ ချီဂွေဗားရား ရေးသားတဲ့ “ပြောက်ကြား စစ်” ဆိုတဲ့ စာအုပ်ရဲ့ ပထမ ပိုင်းရဲ့ ပထမ အခန်းပါ။

ကျူးဘားပြည်သူတွေရဲ့အောင်ပွဲဟာ ကမ္ဘာတ၀ှမ်းကသတင်းဌာနတွေကထုတ်လွှင့် သလို မော်ကွန်းဝင်အောင်ပွဲသာ မက လက်တင်အမေရိက က လူထုအုံကြွမှုတွေကို ရှေးရိုး နည်း တွေကနေ ပြောင်းလဲသွားအောင် အင်နဲ့အားနဲ့ လုပ်ခဲ့တယ်။ ဖိနှိပ်တဲ့ အစိုးရတွေ အောက်က လူထုဟာ ပြောက်ကြားစစ်ဆင်နွဲရင် လွတ်မြောက်နိုင်တယ် ဆိုတဲ့အမှန် တရား ကို တကယ် လက် တွေနဲ့ပြသလိုက်တာလဲ ဖြစ်တယ်။

လက်တင်အမေရိကက တော်လှန်ရေးလှုပ်ရှားမှုတွေကို ကျူဘားတော်လှန်ရေးက အခြေခံကျတဲ့ အချက်ကြီး သုံးချက်ကို လမ်းညွှန်ခဲ့တယ်။ အဲဒါတွေက -

၁ ။ လူထုထောက်ခံတဲ့ တပ်ဟာ ရန်သူစစ်တပ်ကို နိုင်နိုင်တယ်။

၂ ။ တော်လှန်ရေးတရပ် ဖြစ်ပေါ်ဖို့ အခြေအနေတွေ အားလုံးစုံအောင်စောင့်ဖို့ မလိုဘူး။ ပုန်ကန်ထကြွမှုက ကျန်တာတွေကို ဖန်တီးပေးလိမ့်မယ်။

၃ ။ မဖွံ့ဖြိုးသေးတဲ့ လက်တင်အမေရိကမှာ လက်နက်ကိုင်လှုပ်ရှားမှုဟာ ကျေးလက်ကဘဲ စရမယ်။

ဒီအချက်သုံးချက်ထဲက ပထမနှစ်ချက်က တော်လှန်ရေးကို မလေးနက်သူတွေ၊ လေ့ကျင့် ထားတဲ့ စစ်တပ်ကို ဘယ်လိုမှ တိုက်လို့ မရနိုင်ပါဘူး ဆိုတဲ့ အကြောင်း အမျိုး မျိုးပြပြီးရှောင်နေတဲ့ အယောင်ဆောင် တော်လှန်ရေးသမားတွေကို ဆန့်ကျင်လိုက်တဲ့အ ချက်တွေဘဲ။ တချို့ ကလဲ လိုအပ်တဲ့ ရည်မှန်းချက်နဲ့ အခြေအနေတွေ၊ နည်းပညာတွေ မပြည် စုံသေးဘူးလို့ ဆိုတယ်။ ပြည့်စုံအောင်လဲ မဖန်တီးဘဲ ထိုင်စောင့်နေ ကြတယ်။ အခု တော့ အထက်က အချက် နှစ်ချက်က အမှန်တရားဖြစ် ကြောင်း ကမ္ဘာကို ရှင်းရှင်းလင်း လင်း ဖေါ်ပြလိုက်ပါပြီ။ အရင်တုန်းက ဒီအချက်တွေကို ကျူဘားမှာ ဆွေးနွေးခဲ့ကြတယ်။ လက်တင် အမေရိက တ၀ှမ်းလုံးမှာလဲ ဆွေးနွေးကြမှာပါဘဲ။

တယောက်ယောက်ဟာ တော်လှန်ရေး ခြေအနေအကြောင်းကို ပြောရင် သဘာဝ အတိုင်းဘဲ ပြောက်ကြား အခြေခံစခန်းတခုကနေ ဖြစ်ပေါ်လာတဲ့ ခံစားမှုမျိုး မဟုတ် တတ် ဘူး။ ပထမဆုံး အခြေစခန်းထူထောင်ဖို့ ၊ ခိုင်မာဖို့ အတွက် အနိမ့်ဆုံး လိုအပ်ချက်တွေကို တော့ ခေါင်းထဲမှာ စွဲထားဖို့လိုတယ်။ အဲဒါတွေက အရပ်ဘက်ဥပဒေအောက်မှာ လိုလား ချက်တွေကို တောင်းဆိုတာဟာ ဘာမှ ဖြစ်လာမှာ ရလာမှာ မဟုတ်ဘူး ဆိုတာကို လူထု တွေသိ အောင် လက်တွေ ပြသရမယ်။ ဥပဒေဆိုတာကိုရော ငြိမ်းချမ်းရေးဆိုတာကို ရော ဖိနှိပ် သူတွေက ဖျက်ဆီး ထားပြီး သူတို့အာဏာတည်ဆောက်ထားတာဘဲ။

ဒီလိုမျိုးအခြေအနေမှာ လူထုရဲ့ မကျေနပ်မှုတွေဟာ ပုံအမျိုးမျိုး၊ အရပ်မျက်နှာ အမျိုးမျိုးက ပေါ်လာသလို အခြေအနေပေးသလောက် ခုခံဆန့်ကျင်တဲ့ တိုက်ပွဲတွေ ပေါ်လာမှာဘဲ ။ အုပ်စိုးသူတွေက ဖိနှိပ်သလောက် တန်ပြန်ပုန်ကန်ကြမှာဘဲ။

လူထုရဲ့မဲနဲ့ တက်လာတဲ့ အစိုးရဘဲဆိုဆို၊ မဲလိမ်လည်ပြီးတက်လာတယ် ဆိုဆို ဥပဒေကြောင်းအရ တရားဝင်တဲ့ ပုံတော့ ဖမ်းကြမှာဘဲ ။ ဒီလိုဥပဒေတွေကို လူတွေက အယုံအကြည်မကင်းအချင်းတော့ ပြောက်ကြားလုပ်ဖို့ မဖြစ်န်ုင်ဘူး။

တတိယအချက်က ဗျူဟာဆန်တယ်။ မဖွံ့ဖြိုးသေးတဲ့ လက်တင်အမေရိကရဲ့ကျေး လက်ထွေမှာရှိတဲ့ ကြီးမားတဲ့လူထုတွေရဲ့ စွမ်းပကားကို လုံးဝမေ့ထားတဲ့ မြို့ပြကို အသေ အခြေခံချင်တဲ့ သူတွေကို ထောက်ပြလိုက်တာပါ။ စုစည်းမှုရှိတဲ့ အလုပ်သမားထုကြီးကို မလေးမစားလုပ်တာတော့မဟုတ်ပါဘူး။ အမှန်တကယ်ဖြစ်နေတဲ့ ပကတိတရားအရဖြစ်နိုင် ခြေကို ခွဲခြမ်းစိပ်ဖြာရတာဘဲ။ လက်နက်ကိုင် လှုပ်ရှားမှုရဲ့ အခက်အခဲတွေကြောင့် ကျွန်ုပ် တို့ရဲ့ စခန်းတွေ ကြီးထွားလာနိုင်မလား၊ ကွယ်ပျောက်သွားမလား ဆိုတာ အာမခံ နိုင်မှု ပေါ်မှာ တည်နေတယ်။ ဒီလိုအခြေအနေမှာတော့ အလုပ်သမားလှုပ်ရှားမှုက မြေ အောက် လျှိုးရမှာဘဲ။ လက်နက်လဲ မရှိ၊ တရားလဲ မ၀င်တော့ အန္ဒရာယ် အကြီး အကျယ် ရှိတယ်။ ကျေးလက်မှာက ဒီလောက် အန္တရာယ် မကြီးဘူး။ ဖိနှိပ်တဲ့ အုပ်ချုပ်ရေး တွေ လက်လှမ်း မမှီတဲ့ နေရာတွေမှာ လက်နက်ကိုင် ပြောက်ကြား တပ်တွေက လူထုကို ကူညီ နိုင်တယ်။

နောက်မှဒါကို အနုစိပ် ခွဲခြမ်းစိပ်ဖြာလေ့လာကြမယ်။ ကျူးဘားတော်လှန်ရေး အ တွေ့ အကြုံက ရခဲ့တဲ့ အထက်က အချက်ကြီးသုံးချက်က စရတာက ဒီပေါ်မှာအခြေခံပြီး စလုပ် ဖို့ဖြစ်ပါတယ်။

ပြောက်ကြားစစ်ဆိုတာ လူထုတွေက သူတို့ဘာသာ လွတ်မြောက်ဖို့ဆင်နွဲတဲ့အခြေ ခံ တိုက်ပွဲဖြစ်တယ်။မတူတဲ့ လက္ခဏာတွေရှိမယ်၊ အသွင်တွေရှိမယ်၊ လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်တာတော့ အတူတူဘဲ ဖြစ်တယ်။ ရှင်းဒါက - စာရေးသူ မကြာခဏပြော ခဲ့ သလို - စစ်ပွဲကို သိပ္ပံနည်းကျ ထူးခြားချက် ဥပဒေသ တရား တွေက ထိန်းချုပ် ထား တယ်။ ဒီတရားကို ဖေါက်ဖျက်ရင် ဖေါက်ဖျက်တဲ့ သူကရှုံးမှာဘဲ။ ပြောက်ကြား စစ်ဟာလဲ ဒီလိုဘဲ သိပ္ပံနည်းကျ ဥပဒေသတရား တွေက ထိန်းချုပ်ထား တာပါဘဲ။ သူရဲ့ ထူခြား ချက် တွေရှိလို့ ရှေ့တက်ဖို့ဆိုရင် ထူးခြားတဲ့ ဥပဒေသတွေလဲ ထပ်ပေါင်းထည့်ရ သေးတယ်။ သဘာဝအတိုင်းဘဲ တိုင်းပြည်တခုစီရဲ့ ပထ၀ီဝင်အနေအ ထား၊ လူမှုရေး အခြေအနေတွေ က ဆင်နွဲမည့် ပြောက်ကြားစစ်ရဲ့ ပုံသဏ္ဍာန်နဲ့ လှုပ်ရှားမှုကို အဆုံးအဖြတ် ပေးပါ လိမ့် မယ်။ ဒီလှုပ်ရှားမှုတွေ အကုန်လုံးကို အနှစ်သာရကျတဲ့ အမှန်တရား ဥပဒေသ တွေရဲ့ အ ပေါ် တည်ပါတယ်။

လက်ငင်းကျွန်တော်တို့လုပ်ရမှာကဒီလှုပ်ရှားမှုရဲ့အခြေခံအကြောင်းတရားကိုရှာ ဖွေ ဖို့ပါ၊ လွတ်မြောက်ချင်တဲ့ လူထုတွေအတွက် စည်းကမ်းတွေ၊ အချက်အလက် တွေက နေ သီဝီရီတွေကို ထုတ်ယူရမယ်၊ ယေဘုယျပြုပြီး အတွေ့အကြုံက သဘောတရားအဖြစ် ထုတ် ဆောင်ခါ တခြား လူတွေအတွက် အသုံးဝင်စေရပါမယ်။

ပထမဦးဆုံး အခိုင်အမာသိဖို့က ပြောက်ကြားစစ်ပွဲမှာ ဘယ်သူက ဆင်နွဲမှာလဲ? ။ တဖက်မှာတော့ ဖိနှိပ်သူတွေနဲ့ သူတို့ရဲ့ သူလျှိုတွေ၊ လေ့ကျင့်ထားတဲ့ စစ်တပ်( လက်နက် အပြည့်နဲ့ စည်းကမ်းနဲ့)၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားက အကူအညီ ရော ၊ ဖိနှီပ် သူတွေရဲ့ လက်ပါးစေ ရုံးဝန်ထမ်းတချို့ရဲ့ အကူအညီရော ရနေတယ်။ တဖက်မှာက တိုင်းပြည်ရဲ့ လူထုတရပ်လုံး ဒါမှမဟုတ် ဒေသတခုလုံးက ပါဝင်ပတ်သက်နေ တယ်။ ပြောက်ကြားစစ်ပွဲဆိုတာ လူထုစစ်ပွဲ ဖြစ်တယ် ဆိုတာကို အလေးအနက်ခံယူထားဖို့ အရေး ကြီးလှတယ်။ ပြောက်ကြားစစ်ပွဲဟာ လူထုလှုပ်ရှားမှုဘဲ၊ ပြောက်ကြားအဖွဲ့လေး တခုဟာ လူထုအတွက် ကာကွယ်ကိုက်ခိုက်ပေးတဲ့ အမြုတေလေးဘဲ။ သူ့ရဲ့ရေသောက်မြစ်က လူထုတရပ်လုံးမှာရှိတယ်။ ရင်ဆိုင်နေရတဲ့ စစ်တပ်ကို ကြည့်ပြီး ကိုယ်ကအရည် အတွက် နည်းလို့ ပစ်နိုင်အားနည်းလို့ အားငယ်ဖို့မလိုဘူး။ ဒါကြောင့်ဘဲ ပြောက်ကြားစစ်နည်းကို အသုံးပြုရတာပေါ့။ ထောက်ခံမှု အကျယ်အပြန့်ရတယ် လက်နက်ကနည်းတော့ အနည်း ဆုံး ကိုယ်အတွက် ဖိနှိပ်မှုကိုတော့ ကာကွယ်နိုင်ပါတယ်။

ပြောက်ကြားတပ်သားတယောက်ဟာ ဒေသခံလူထုကိုလုံးဝမှီခိုအားထားရပါတယ်။ ဒီတော့ နယ်မြေမှာ ဆိုးခိုးတိုက်ခိုက်နေတဲ့ ဓါးပြတွေနဲ့ ထင်ထင်ရှားရှားကွဲပြားတဲ့ အချက် ကို နှိုင်းယှဉ် ကြည့်ရအောင်။ ဓါးပြတွေမှာလဲ ပြောက်ကြားတပ်တို့ရဲ့ လက္ခဏာတွေ ရှိ တယ်။ တသွေးတသားထဲရှိတာ၊ ခေါင်းဆောင်ကို လေးစားတာ၊ သတ္တိရှိတာ၊ နယ်မြေ ကျွမ်းကျင် တာ၊ ကျင့်သုံးတဲ့ တိုက်ပွဲနည်းနာတွေကို အပြည့်အ၀ သဘောပေါက်တာတွေ ရှိတယ်။ ဒါပေမဲ့ သူတို့မှာ မရှိတာက လူထုရဲ့ ထောက်ခံမှု မရှိဘူး။ ဒါကြောင့်ဘဲ ဒီဓါးပြ ဂိုဏ်း တွေဟာ အစိုးရတပ်တွေရဲ့ ဖမ်းဆီးတာ။ ချေမှုန်းတာ ခံကြရတာဘဲ။

ပြောက်ကြားတပ်တွေရဲ့ လှုပ်ရှားပုံ၊လှုပ်ရှားနည်း။ ပုံသဏ္ဍာန်။ လူထုကြားထဲမှာ သူတို့ အခြေခံ စခန်းရှိနေရတာကို သဘောပေါက်ထားဖို့ဆိုဒါတွေကို သိဖို့ ဒီမေးခွန်းကို ဖြေရင် သိလာမယ်။ ပြောက်ကြားတပ်တွေက ဘာအတွက် တိုက်ပွဲဝင်နေကြတာလဲ ?။ ပြောက်ကြားတပ်သားတယောက်ဟာ လူ့ဘောင်ပြောင်းလဲရေး သမားဘဲ။ ဖိနှိပ်သူ တွေကို ဒေါသတကြီး ဆန့်ကျင်နေတဲ့ ပြည်သူလူထုထဲက လက်နက်ကိုင်တိုက်ပွဲဝင်သူတွေ ဘဲ။ သူရဲ့ ညီအကို မောင်နှမ သားချင်းတွေကို ဆင်းရဲ နိမ့်ကျစေတဲ့ စံနစ်ဆိုးတခုလုံးကို ပြောင်း လဲဖို့ တိုက်ပွဲဝင်နေတဲ့ လူထုထဲက လူဘဲဖြစ်တယ်။ အချိန်အခါတခုမှာ အခြေအ နေတခု ကြောင့် အုပ်ချုပ်ရေးစံနစ်ကို ရပ်ခံဆန့်ကျင် တယ်။ စံနစ်တခုလုံးရဲ့ ဥခုံကို ရိုက်ချိုး ဖေါက် ထွက် ဖို့ ရှိသမျှ အစွမ်းအစနဲ့ ကိုယ်ကျိုးမဖက် တိုက်ပွဲဝင်နေသူ ဖြစ်တယ်။

ပြောက်ကြားစစ်ရေးကို နက်နက်နဲနဲ လေ့လာရင် ပြောက်ကြား တပ်သားတဦးဟာ သူလှုပ်ရှားရာ နယ်မြေကို ကျွမ်းကျွမ်းကျင်ကျင်သိရမယ်။ ၀င်ပေါက်ထွက်ပေါက်တွေကို သိရမယ်။ အလျှင်အမြန် ပုံးကွယ်တတ်ရမယ်၊ လူထုထောက်ခံမှုကို တိုးပွါးစေရမယ်၊ ခိုအောင်းဖို့နေရာတွေလဲ ရှိနေရမယ်။ ဒီအချက်တွေက သူ့ကို ခက်ခဲကြမ်းတမ်းပြီး လူနေ နည်း ပါးတဲ့ နေရာတွေမှာ သူကိုလှုပ်ရှားတိုက်ပွဲဝင် နိုင်စေပါလိမ့်မယ်။ ဒီလိုနေရာတွေမှာ လူထုတွေတောင်းဆိုတဲ့ အရာတွေကို အဓိကထား ဥိးတည်လုပ်ရမယ်။ အထူးသဖြင့်မ ဖြစ်မနေ ပါဝင်ရမှာက မြေယာပိုင်ဆိုင်မှု ပေါ်လစီဘဲ။ တခြားနည်းနဲ့ ပြောရရင် ပြောက် ကြားတပ်သားဟာ မြေယာ တော်လှန်ရေး သမားဘဲ။ သူက လယ်သမားထုတရပ်လုံးက ကုန်ထုတ်လုပ်ရေးအတွက် လိုလားတောင့်တနေတဲ့ မြေယာပိုင်ဆိုင်မှု၊ စိုက်ပျိုးနည်းနာ။ ကျွဲနွား၊ စတာတွေကို ရအောင် ဖေါ်ဆောင်ပေးဖို့ ဘဲ။ ဒီလိုလားချက်တွေကို လယ်သမား တွေ တောင့်တနေတာ နှစ်ပေါင်းကြာခဲ့ ပြီ။ ဒီမြေပေါ်မှာဘဲ အသက်ရှင်လာခဲ့ရ။ ခေါင်းချခဲ့ ရတာပါဘဲ။

အခုအခါမှာတော့ ပြောက်ကြားစစ် နှစ်မျိုးနှစ်စားရှိနေတာကို တွေ့ရတယ်။ တခုက အမြဲတမ်းစစ်တပ်တွေကို ထောက်ကူတဲ့ ပြောက်ကြား ဆိုဗီယက်ယူနီယံကယူကရိန်း ပြောက်ကြားပေါ့။ စိတ်ဝင်တစားလေ့လာစရာမကောင်းပါဘူး။ ကျွန်တော်တို့ စိတ်ဝင်စား တာက လက်ရှိ အုပ်စိုးနေသူတွေကို ဆန့်ကျင်ရင်း ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်အုပ်စု တွေကိုဘဲ ဖြစ်တယ်။ ကိုလိုနီနိုင်ငံ ဖြစ်ဖြစ် မဖြစ်ဖြစ်။ အခြေခံစခန်းရှိမယ်။ ကျေး လက် ဒေသမှာ ဖြစ်ရမယ်။ အဲဒီလိုဖြစ်မယ်ဆိုရင် ဘာသဘောတရားနဲ့ဘဲလုပ်လုပ် လှုပ်ရှားမှုဟာ အားတက်စရာရှိတယ်။ လယ်ယာမြေပိုင်ဆိုင်ရမယ် ဆိုတဲ့ မျှော်လင့်ချက်က အခြေခံ စီးပွါး ရေးကို ပေးပါလိမ့်မယ်။

တရုတ်ပြည်က မော်စီတုန်းဟာ တောင်ပိုင်းမှာ အလုပ်သမားတွေနဲ့ အုံကြွဖို့စခဲ့ တယ်။ ရှုံးပြီး အားလုံးနီးနီး အချေမှုန်းခံလိုက်ရတယ်။ ခရီးရှည်ချီတက်ပြိး ယင်အန်း ရောက် ပြီးမှ တည်ငြိမ်ပြီး ရှေ့ကိုလှမ်းနိုင်ခဲ့တယ်။ ကျေးလက်မှာ အခြေခံခဲ့တယ်။ လိုလားချက် တွေရဲ့ အခြေခံကျတဲ့ မြေယာ ပြုပြင်ရေးတွေ လုပ်ခဲ့ကြတယ်။ အင်ဒိုချိုင်းနား က ဟိုချီမင်း လဲ ပြင်သစ်ကိုလိုနီတံပိုးအောက်မှာ ဖိနှိပ်မှုကိုခံနေရတဲ့ စပါးစိုက်ပျိုးတဲ့ လယ်သမား တွေ ကို အခြေခံခဲ့ရတာဘဲ။ သူ့တပ်က ကြီးထွားလာပြီး နောက်ဆုံး ကိုလိုနီလုပ်သူတွေ ကို အောင်နိုင်ခဲ့တယ်။ ဒီဖြစ်ရပ်နှစ်ခုလုံးမှာ နယ်ချဲ့ဂျပန်ကို မျိုးချစ်စစ်ပွဲဆင်နွှဲခဲ့တာရှိပေမဲ့ စီးပွါးရေးအခြေခံ ဖြစ်တဲ့ မြေယာတော်လှန်ရေးက မပျောက်ကွယ်ခဲ့ဘူး။ အယ်ဂျီးရီးယား မှာတော့ ကြီးမြတ်တဲ့ အာရပ်အမျိုးသားရေးဝါဒက မြေယာကို သူတို့ဘဲ ပိုင်ချင်ကြတယ်။ တဖက်မှာက အခြေချနေထိုင်ကြတဲ့ ပြင်သစ်တသန်းလောက်က မြေအားလုံးကို ပိုင်ထား တယ်။ တချို့ တိုင်းပြည်တွေဖြစ်တဲ့ ပေါ်တိုရီကိုလိုနိုင်ငံမှာ ကျွန်းအနေအထားကိုက ပြောက် ကြားစစ်အတွက် အခွင့်မသာဘူး။ အမျိုးသားရေးစိတ်ဓါတ်ကိုလဲ နေ့စဉ်နဲ့အမျှ ချိုးနှိမ် ခံနေရတယ်။ ပစ္စည်းမဲ့လိုဖြစ်နေတဲ့ လယ်သမားတွေအနေနဲ့ ကျူးကျော်သူ ရန်းကီးတွေ သိမ်းထားတဲ့ မြေယာကို ပြန်လိုချင်တဲ့ စိတ်ဓါတ်တွေ ပေါ်စေဖို့ အခြေခံ အကြောင်းတွေတော့ ရှိနေတယ်။ ဒီလို ဗဟိုချက် ဖြစ်တဲ့ စိတ်ကူးတွေကို ကျူးဘားအ ရှေ့ပိုင်းက စိုက်ပျိုးခြံတွေက လယ်ယာစိုက်ပျိုးသူတွေ၊ ကျေးကျွန်တွေက ပုံစံအမျိုးမျိုးနဲ့ ဖေါ် ဆောင်ကြတယ်။ ကျူးဘားရဲ့ စပိန်ဆန့်ကျင်ရေး ၁၉၆၈ က ၁၈၉၈အထိ လူတန်း စား အမျိုးမျိုးက လယ်ယာမြေပိုင်ဆိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်။

ပြောက်ကြားစစ်ကို သီးခြား အခြေအနေတွေအရ ထူးခြားတဲ့ လက္ခဏာတွေ ဆောင်သလို ပြောက်ကြားတပ်ဖွဲ့ရဲ့ ဖြစ်ပေါ်တိုးပွါးမှုအရ နေရာယူ စစ်အဆင့်ကိုပြောင်း သွားနိုင်တယ်။ ဒါကြောင့် နေရာယူစစ်အဖြစ် ပေါ်ထွန်းလာရေးအတွက် အမတေလို့သိ ထားပြီး စီစဉ်ထားရမယ်။ ပြောက်ကြားတပ်ဖွဲ့က ကြီးထွါးလာပြိး ကန့်သတ်နယ်မြေ အ တွင်းမှာ ရန်သူကို တိုက်ပွဲတိုင်းမှာ ချေမှုန်းနိုင်မယ်၊ခြုံခိုတိုက်မယ် ဆိုရင် တဆင့်တက် ပြောင်းလဲ နိုင်မယ်။ လိုက်နာရမည့် အခြေခံစည်းကမ်းက ဘယ်စစ်ပွဲ၊ဘယ်တိုက်ပွဲ၊ ဘယ်ခြုံခိုတိုက်ပွဲကိုမှ မနိုင်ဘူးထင်ရင် မတိုက်ပါနဲ့။ ပြောက်ကြားစစ်ကို ကဲရဲ့တဲ့ အနေနဲ့ “ ပြောက်ကြားတိုက်ခိုက်ရေးဟာ လျှိုဝှက်တိုက်ခိုက်တာဘဲ” လို့ဆိုကြတယ်။ ဒါက လျှိုဝှက်မှု ၊ လှည့်စာမှု၊ ရုတ်တရက် တိုက်ခိုက်မှုတွေက ပြောက်ကြားတိုက်ပွဲမှာ လိုအပ်တဲ့ အချက် တွေဘဲ။ အထူးလျှိုဝှက် ဂိုဏ်း လို့ ဆိုချင်လဲရတယ်။ သမရိုးကျ စစ်သင်တန်း တွေမှာ ကျွန်တော်တို့ကို သင်ယူလာခဲ့သလို ကဗျာဆန်ပြီး ပုံသေစည်းကမ်းစံနစ်တွေထား တာ မဟုတ်ဘဲ အခြေအနေ အချိန်အခါအရ လိုအပ်သလို မြန်မြန်ဆန်ဆန်ရုတ်တရက် လုပ်ရတာလဲ ဖြစ်တယ်။

စစ်ပွဲဆိုတာက တဖက်က တဖက်ကိုချေမှုန်းတာဘဲဖြစ်တယ်။လက်နက်အင်အားလူ အင်အားအပြင် ပရိယာယ်တွေ၊ ဗျူဟာတွေကို အောင်ပွဲရနိုင်ရေးအတွက် သုံးမှာပါဘဲ။ စစ်ရေး ဗျူဟာတွေ၊နည်းပရိယာယ်တွေဟာ ပြောက်ကြား စစ်ရဲ့ ရည်မှန်းချက်ကို တနည်း အားဖြင့် ဖေါ်ပြနေပါတယ်။ အောင်မြင်အောင် လုပ်တဲ့ နည်းနာတွေဘဲ။ ဒီအထဲက နည်းနာတခုက ရန်သူရဲ့ အားနည်းချက်တွေကို အသုံးချ အမြတ်ထုတ်ဖို့ လဲပါတယ်။ အနီးကပ် လေ့လာကြည့်ရင် စစ်မြေပြင်မှာ နေရာယူစစ်ဆင်နေတဲ့ စစ်တပ်ကြီးထဲက တပ်စိတ်တခုရဲ့ လှုပ်ရှားမှုဟာ စစ်တပ်တခုလုံးရဲ့ လက္ခဏာနဲ့ တူတူပါဘဲ။ ပြောက်ကြား တပ် မှာလဲ တဦးချင်းစီက တာဝန်ယူ တိုက်ခိုက်နေရတာပါ။ လျှိုဝှက်မှုတွေ၊ လှည့်စားမှု၊ လျှပ်တပြက် ဆန်မှုတွေကို အသုံးပြုမှာဘဲ။ ဒီလိုမှ မသုံးရင် တဘက်ကကင်းစောင့်နေတော့ ဘယ်လိုမျှ လျှပ်တပြက် လုပ်လို့ မရနိုင်ဘူး။ ပြောက်ကြားတပ်ဖွဲ့တခုဟာလဲ တပ်မတခု လိုပါ။ ရန်သူက ကျယ်ပြောတဲ့ နယ်မြေကို မစောင့်ကြပ်နိုင်ဘူး။ ဒီတော့ လျှပ်တပြက် အလစ်အငိုက် တိုက်လို့ အမြဲတမ်းလွယ်တယ်။ ပြောက်ကြားတပ်သားတွေက ဒီလိုလုပ်ဖို့လဲ တာဝန်ရှိတယ်။

“ ပစ် ပြီးပြေး ” စံနစ်လို့တချို့လူတွေက မထီလေးစားပြောကြတယ်။ မှန်လဲ မှန်ပါတယ်။ ပစ်ခတ်လိုက်၊ ပြေး၊ ခြုံထဲမှာ ပုန်းနေ၊ ပြန်ပစ် ပြန်ပြေး၊ ဒီလို အခါခါလုပ်ရင် ရန်သူက နားချိန် ခဏတောင် မရတော့ဘူး။ ဒီအတိုင်းလုပ်နေတော့ အကျင့်ပျက်လာ တတ်တယ်၊ ဆုတ်ပြေးချင်တဲ့ အကျင့်၊ ရင်ဆိုင်တိုက်တာကို ရှောင်တဲ့ အကျင့်၊ ဒါကတော့ ပြောက်ကြားစစ် ဗျူဟာမှာ ယေဘုယျ လုပ်နေရတဲ့ အမြဲ အလုပ်ပေါ့၊ ဒါပေမဲ့ စစ်ပွဲတို့ရဲ့ အန္တိမရည်မှန်ချက်ဖြစ်တဲ့ အောင်ပွဲရဖို့ဆိုရင် ရန်သူကို ချေမှုန်းရမှာပါဘဲ။

ပြောက်ကြားစစ်ဆိုတာက စစ်ပွဲတခုရဲ့ အဆင့်တခုဘဲ။ စစ်ပွဲလုံးဝ အောင်မြင် အောင် အတွက်တော့ ပြောက်ကြားစစ်က မတတ်နိုင်ပါဘူး၊ ပြောက်ကြားစစ်က တိုက်ပွဲရဲ့ အစဦးလှုပ်ရှားမှုပါ။ တဖြည်ူးဖြည်း ကြီးထွါးလာပြီး ပြောက်ကြားတပ်ဖြစ်လာမယ်။ဒီပြောက် ကြား တပ်ကနေ အခြေခံပြီး အမြဲ တမ်းတပ်ဖွဲ့ ပုံစံလက္ခဏာတွေ ပေါ်လာမယ်။

အခုတော့ ခေတ်သစ် စစ်တပ်ရဲ့ တပ်မတခုရဲ့ ဗိုလ်ချုပ်ဟာ သူ့ရဲဘော်တွေရှေ့မှာ သေပြဖို့မလိုသလို ပြောက်ကြားတပ်သား တယောက်ကလဲ သူကိုယ်တိုင်က ဗိုလ်ချုပ်တ ယောက် လိုပါဘဲ တိုက်ပွဲတိုင်းမှာ သေဖို့မလိုပါဘူး။ ဒါပေမဲ့ ပြောက်ကြားတပ်သား တိုင်း ဟာ ပြောက်ကြားစစ်ရေးအတွက် အသေခံဖို့အသင့်ရှိရမယ်၊ အသက်ပေးဖို့ အသင့်ရှိ တယ်ဆိုတာ ပြောက်ကြားတယောက်ရဲ့ ထူးခြားတဲ့ အရည်အချင်းဘဲ။ စိတ်ကူးသက်သက် မဟုတ်ဘူး။ တကယ်လက်တွေ့လုပ်ရမှာ ။ ဒါဟာ ပြောက်ကြားလှုပ်ရှားမှုရဲ့ အခြေခံအနှစ် သာရဘဲ။ လက်တဆုပ်စာလူတစုရဲ့ အံ့ဘွယ်ရာအစွမ်းဘဲ။ ထောက်ခံအားပေးကြတဲ့ ဧရာမ လူထုကြီးကိုကာကွယ်စောင့်ရှောက်တဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တယ်။ လက်ငင်းရည်မှန်း ချက်ထက်ကျော်ပြိး အရှည်ကိုမြင်ရမယ်။ လူ့အဖွဲအစည်းသစ်ပေါ်လာရေး မျှော်လင့်ချက် အောင်မြင်ရေးအတွက် ပြင်းပြတဲ့ ဆုံးဖြတ်ချက်ရှိရမယ်။ လူ့အဖွဲ့အစည်းဟောင်းကို ရိုက် ချိုး ပစ်ပြီး အမြန်ဆုံးနဲ့ အလုံးစုံ လူမှု တရားမျှတရေးအတွက် တိုက်ပွဲဝင်ရမယ်။

ဒီလိုအမြင်နဲ့ဆိုတော့ ကဲရဲ့တဲ့စကားတွေအားလုံးက မွန်မြတ်တဲ့ အမှန်တရားကို ဆောင် နေပါတယ်။ ပြောက်ကြားတပ်ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်ရဲ့မွန်မြတ် တာ။ ရည် မှန်းချက်ကို ရောက်ဖို့ စကားလုံးတွေကို ကျွန်တော်တို့ လှည့်ပတ်နေတာ မဟုတ်ဘူး ဆိုတာကိုလဲ မှတ်ထားကြပါ။ တိုက်ပွဲဝင် စိတ်ဓါတ် က နုလုံးသားမှာ ဘယ်တော့မှမပျောက် ပျက်၊ အဆုံးသတ်အောင်ပွဲအတွက် ကြီးမားတဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့ ဘယ်တော့မှ မတွန့်ဆုတ်၊ ဒါတွေဟာလဲ ပြောက်ကြားတပ်သားတဦးရဲ့ မြင့်မြတ်မှုတွေပါ ဘဲ။

ချီဂွေဗားရား ။

Saturday, November 27, 2010

အောင်ဝေးစစ်တမ်းနှင့် ပတ်သက်၍

ဝေဖန်တဲ့အလုပ်ကို မလုပ်ဖြစ်တာရဲ့အကြောင်းရင်းကို စီစစ်ကြည့်မိတဲ့အခါ ဥပက္ခာ ပြုတတ်တဲ့အကျင့်ကို ကိုယ့်ကိုယ်မှာ ပြန်တွေ့မိတယ်။ ဒီအကျင့်ကို ကောင်း မကောင်း ဆန်းစစ်တော့လဲ ကောင်းတဲ့နေရာရှိသလို မကောင်းတဲ့ နေရာတွေလဲ ရှိနေတာတွေ့ရပြန်တယ်။ အခုလို နိုင်ငံရေးအရ သေရေးရှင်ရေးတမျှ အရေးကြီးနေတဲ့အချိန်မှာ ဘုန်းကြီးတွေက အစအသေအကျေခံပြီး စစ်အာဏာရှင် နအဖကို ဆန့်ကျင် အံတုနေချိန်မှာ ဥပက္ခာတရားဟာပိုလို့တောင် မထားသင့်ဘူးလို့ယူဆပြီး “အောင်ဝေးစစ်တမ်း” ကို အမြင်ဖလှယ်တဲ့ သဘောအနေနဲ့ ဒီစာတမ်းကိုရေးဖြစ်ပါတယ်။

“အောင်ဝေး စစ်တမ်း” ဟာ နအဖ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ သူတွေကို အားပေးချင်တဲ့ စေတနာက “တစ်နှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်းပိုက်ရေးလမ်းစဉ်” လို့ ခေါင်းစဉ် တပ်ထားတာကဘဲ သိသာနေပါတယ်။ စိတ်ဓါတ်ကို မြှင့်တင်ဖို့ “တစ်နှစ်” ဆိုတာကိုလဲ ဖေါ်ပြပေး ထားပါတယ်။ ဒီအတွက် သူ့စေတနာကို ကျွန်တော်တို့ ကျေးဇူးတင်ရပါလိမ့်မယ်၊

ဒီနေရာမှာ ကြားဘူးထားတဲ့ “စစ်အနိုင်တိုက်ရေး အာဏာသိမ်းရေး ”ဆိုတာနဲ့ နှိုင်းယှဉ်မိတော့ “စစ်” ဆိုတာ မပါတာကို တွေ့နိုင်ပါတယ်၊ ဒီအတွက်သူ့မှာ အကြောင်းတွေ ရှိပါလိမ့်မယ်။ စစ်တပ်မရှိလို့ ဖြစ်ရင်ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ စစ်တပ်မရှိလို့၊ သေနတ်မရှိလို့၊ စစ်သားမရှိလို့ ဆိုရင်တော့ စစ်တပ်ရှိအောင်။ စစ်သားရှိအောင်၊ သေနတ်ရှိ အောင်လုပ်ရပါလိမ့်မယ်။ ကျွန်တော်တို့ ဒီနေ့ ကြုံနေရတာ ဒီပြဿနာပါဘဲ။ ပြဿနာရဲ့ အစက စစ်တပ် တကယ်လို ချင်သလားဆိုတာကို ကိုယ့်ကိုယ်ကို မေးသင့်ပါတယ်။ ကျွန်တော်ကတော့ လိုချင်တယ်။ မရှိရှိအောင် လုပ်ရမယ်။ “ခင်ဗျားမှာ နေရာရှိလို့လား၊ ကြွေးထားနိုင်လို့လား” လို့မေးမှာ သိပြီးသားပါ။ ကျွန်တော်ကလဲ “လီနင်တို့၊ အရာတိုလာ ခိုမီနီတို့ကကော ကြွေးနိုင်လို့ စစ်တပ်နဲ့ အာဏာသိမ်း နိုင်ကြတာလား” လို့ ပြန်မေးကြည့် ချင်ပါတယ်။ ကျွန်တော်တို့ စစ်တပ်လိုပါတယ်။ ပြည်သူ့ဘက်က ရပ်မည့် စစ်တပ်ကိုရှာရမယ်။ မမြင်သာတဲ့ စစ်တပ်ဖြစ်ရင်လဲ ဖြစ်မှာဘဲ။ စစ်တပ်တော့ မရှိရှိအောင် လုပ်ရလိမ့်မယ်။ ဒီနေ့နအဖနဲ့ မြန်မာပြည်က ပြည်သူတွေ စစ်ဖြစ်နေတာပါ။ ဒါကြောင့် “စစ်” အနိုင်တိုက်ရေးဘဲ။ ဒါကြောင့် ပြည်သူ့ ဘက်ကရပ်မည့် စစ်တပ် လိုကို လိုအပ်တယ်။

ဒီနေရာမှာလဲ စစ်ဆိုရင်ရေတောင် စစ်မသောက်ချင်ဘူးဆိုသူတွေ ရှိနေတတ်တယ်။ လူထုက အသင့်မဖြစ်သေးဘူးလို့ ဆိုသူက ဆိုမယ်။ လူမှု အဖွဲ့အစည်းတွေက စရမယ်ဆိုတာတွေလဲ ရှိမယ်။ ဒါကတော့ သူ့ ဒီမိုကရေစီ၊ ကိုယ့် ဒီမိုကရေစီဘဲ။ လက်တွေ့အခြေအနေနဲ့ ပြည်သူတွေက အဆုံးအဖြတ်ပေးသွားမှာပါ။

Revolution – Resistance ဆိုတဲ့ စကားကို ဗမာလို ပြန်ရင် “ခုခံ ကာကွယ်တော်လှန်ရေး” လို့ ပြန်ရမယ် ယူဆတယ်။ ကျွန်တော်က “တော်လှန်ရေးဟာ ထိုးစစ်ဘဲ ကာကွယ်တာ မပြောနဲ့ ခံစစ် သက်သက်တောင် မဟုတ်ရဘူးလို့ ယူဆပါတယ်။ ကျွန်တော်တို့ဘက်က လူတွေ ဘာကြောင့် တော်လှန်ရေးကို ချွေချွေတာ လုပ်ချင်နေကြတာလဲ ဆိုတာလဲ ကျွန်တော် စိတ်မကောင်း ခြင်း တစ်ခုပါဘဲ။ အခုလဲ မူလ ပြည့်စုံပြီးသား Revolution ဆိုတာရှိရက်နဲ့ ဘာကြောင့် Resistance ထည့်ချုပ်ထားရမှာလဲ၊ မလိုအပ်ပါဘူး။

“သားသုံးသား” ဆိုတဲ့ စကား ဒီနေ့ တော်တော် ခေတ်စားနေတာကို သတိပြုမိပါတယ်။ ဒါဟာ တပေါင်လို နမိတ်လိုလို စကားမျိုးပါ၊ စကားလုံးကို ရှေးရိုးစွဲဝါဒီတွေကသုံးပြီး အောက်လမ်းနည်းနဲ့ စည်းရုံး လှုံ့ဆော်တာသာ ဖြစ်ပါတယ်။ ဘာကြောင့် ဆင်းရဲသားတို့ ထောင်သားတို့ဆိုတဲ့ “သား” ကို မထည့်ကြတာလဲ ကျွန်တော် တွေးမိတယ်။ တော်လှန်ရေးရဲ့ အဓိက ကျောရိုးလို့ သတ်မှတ်ခံထားရတဲ့ အလုပ်သမား၊ လယ်သမားတွေကိုရော ကျွန်တော်တို့ မေ့ထား သင့်သလား။ လူတန်းစား အမြင်ကို ကျွန်တော်တို့ တင်သင့်ပါတယ်။

နအဖစစ်ဗိုလ်ချုပ်တွေဟာ အခွင့်ထူးခံ ရက်ရက်စက်စက် ဖိနှိပ်သွေးစုပ်တဲ့ လူတန်းစား ပါ။ တခြားလူတွေက ယေဘူယျအားဖြင့် ဖိနှိပ်ခံတွေဘဲ။ ကျွန်တော်တို့နဲ့ အကျယ်အပြန့် လက်တွဲနိုင်တဲ့လူတွေ များလှပါတယ်။ ကျွန်တော်တို့ စည်းရုံးရေး အမြင်တော့ ကျယ်ဖို့ လိုပါလိမ့်မယ်။

စေ့စပ်အဖွဲ့တွေနဲ့ ပတ်သက်လို့ သဘောထားဟာ ကျွန်တော်တို့ တော်လှန်ရေး အဖွဲ့တွေအတွင်း သဘောထား အမျိုးမျိုးရှိကြတယ်။ DAB ကရန်သူနဲ့ စေ့စပ်တဲ့ အဖွဲကို ထုတ်ပစ်ပေမဲ့ NDF က မထုတ်ဘူး။ ကျွန်တော်အနေနဲ့ ရန်သူနဲ့ ဒီအချိန်မှာ ဘယ်လိုအဖွဲ့ပဲဖြစ်ဖြစ် ကြီးကြီးငယ်ငယ် စေ့စပ်တာဟာ ပြည်သူကို သစ္စာဖေါက် တယ်လို့ဘဲ သဘောပေါက်တယ်။ ဒေါ်စုတွေ့တာကရောလို့ မေးရင် သူက ထားရာနေရ ပို့ရာသွားရတဲ့ အကျဉ်းသားဘဝဘဲ။ ကျွန်တော်တို့က အများကြီးနေ သာပါတယ်။ စေ့စပ်အဖွဲ့ကို စည်းရုံးရေးနည်းနာက သပ်သပ်ဖြစ်ရပါမယ်။

အောင်ဝေး စာတမ်းဟာ အနိုင်တိုက်ရေးလို့ ခေါင်းစဉ်တပ်ပေမဲ့ အကျဉ်းသားလွှတ်ရေးနဲ့ တွေဆုံးဆွေးနွေးရေးလမ်းကိုဘဲ ဦးတည်ထားတာကြောင့် အခု ပိတ်မိနေတဲ့ နိုင်ငံရေးလမ်းကြောင်းအတိုင်းဘဲ ဖြစ်နေတော့တယ်။ ဆွေးနွေးရေး အလုပ်အတွက် ကျွန်တော်တို့ နှစ်ပေါင်း မည်မျှ စောင့်ခဲ့ရပြီလဲ၊ ဆွေးနွေး ရေးဟာ တော်လှန်ရေး မဟုတ်ပါဘူး။ ခေါင်းစဉ်မှာ “အာဏာသိမ်းပိုက်ရေး”လို့ ဆိုထားပေမဲ့ နအဖစစ်အာဏာရှင်ဖြုတ်ချရေးမဟုတ်ဘဲ နအဖနဲ့ ညှိနှိုင်းပြီး တွဲလုပ်ရေးသာ ဖြစ်နေပါတယ်။ စကားလုံးအရသာ ရှုပ်ထွေး စေတာပါဘဲ။

တိုက်ပွဲဦးဆောင်မှုကို “တိုက်ပွဲ ဦးဆောင်မည့် Soldiers – Led အနေအထားကို မုချ ဆိုက်ရောက်လာရပေမည်။” လို့ ဆိုထားတော့ စစ်သားတွေက ဦးဆောင် ကြမည်လို့ ဆိုနိုင်ဖို့ စစ်တပ်ကို လှုပ်ရှားမှုထဲ ပါလာအောင်ပင် မည်သို့ လုပ်ရမည်လဲ မဆိုထားဘဲ ထိုင်၍ မျှော်လင့်နေရမလိုဖြစ်နေတာကလဲ တော်လှန်ရေးအမြင်ကို ရှုပ်ထွေး စေနိုင်ပါတယ်။ “စစ်တပ်အပေါ် နားလည်မှုပေးရမည်။” ဆိုတာကလည်း စစ်တပ်မှာ ခေါင်းမာဂိုဏ်း ဆိုတာရှိတယ်။ သူတို့နဲ့ ပတ်သက်ပြီး သဘောထား ချထားရမယ်၊ မခွဲခြားဘဲ နားလည်မှုယူယုံနဲ့ ရနိုင်စရာ မရှိနိုင့်ဘူး။

“သုံးပွင့်ဆိုင်” ဆွေးနွေးပွဲတွေ ခေါ်ဖို့ ဒုတိယ အဆင့်မှာ ဖေါ်ပြထားပေမဲ့ နိဂုံးပိုင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရန်သူနဲ့ မစေ့စပ်မကြေအေးစတမ်း” လို့ရေးထားပြန်တော့ “အောင်ဝေး စစ်တမ်း” ဟာ ရှေ့နောက်မညီသလို ၊ လက်တွေ့ ကျင့်သုံးဖို့ ခက်နေလိမ့်မယ်။

နယ်စပ်ဒေသရှိ အဖွဲ့အစည်းတွေကို တန်းစီရေး ပြထားပေမဲ့ အများအပြား ကျန်နေပါတယ်။ ထပ်နေပါတယ်။ ရေးလို့မစုံနိုင်တာကိုက ဒီနေ့ပြန့်ကျဲနေတဲ့ လှုပ်ရှားမှုကို ထင်ဟပ်နေတာပါ။ ဒီအစုအဖွဲ့တွေ “ဦးဆောင်မှုနှင့် နောက်လိုက်မှု မှန်ကန် ညီညွတ်နေဖို့ပင်” ဆိုရင် ကျွန်တော်တို့ လှုပ်ရှားမှုတွေ ပြောင်းလဲ မှုတွေလိုပါတယ်။ ဒီအတွက်လဲ ပင်ပန်း အနစ်ခံစရာတွေ ရှိလာနိုင်ပါတယ်။ ဒီအတွက် ပြင်ဆင်ထားရပါလိမ့်မယ်။

ဒီတော့ “အောင်ဝေး စစ်တမ်း” ဟာ လက်တွေ့နယ်ပယ်နဲ့ ကွာလှမ်းနေပြီး စစ်ကူးပေါ်မှာ အခြေခံနေတာကို သိသာနေပါတယ်။

ဒီအတွက် အကြံပြုရမယ်ဆိုရင် တော်လှန်ရေးအဖွဲ့အစည်း တစ်ခုထဲမှာ ထဲထဲဝင်ဝင် ပါဝင်ပြီး နိုင်ငံရေး လမ်းစဉ်ပေါ်လစီတွေကို ပြုပြင်နိုင်အောင် ကြိုးပမ်းရင် တော်လှန်ရေးကို တစုံတရာအရှိန်မြှင့်တင် နိုင်ပါ လိမ့်မယ်လို့ ယူဆပါကြောင်း ရေးသားအပ်ပါတယ်။ လူတင့် ၈ ၊ ၁၁ ၊ ဝ၇