ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Sunday, July 29, 2012

ပြည်သူ့လွတ်မြောက်ရေး တပ်ဦး ၏ ထုတ်ပြန်ကျေညာချက်။


ပြည်သူ့လွတ်မြောက်ရေး တပ်ဦး  ထုတ်ပြန်ကျေညာချက်။
မြန်မာပြည်တ၀ှမ်း လယ်သမားများ၏ လယ်ယာမြေများကို စစ်တပ်နှင့် ကုမ္ပဏီ အမည်ခံ ကြံ့ဖွတ် စစ်အာဏာရှင် လက်ပါးစေ လက်ဝေခံများကမတရားသိမ်းယူခြင်းကိုကျွန်ုပ်တို့ ပြည်သူ့လွတ်မြောက် ရေး တပ် ဦးမှ ပြင်းထန်စွာဆန့်ကျင် ကန့်ကွက်ပါသည်။
ကြံ့ဖွတ်စစ်အာဏာရှင်တို့သည် လက်ဝါးကြီး အုပ်စစ်ပဒေသရာဇ် စံနစ်ကိုနိုင်ငံတော်ဆိုသော စကားလုံးအကာအကွယ်ဖြင့် ကျင့်သုံးနေပေရာ မြန်မာပြည်၏ လူဦးရေ ၇၅ % ရှိသော လယ်သမားများ၏ ဘ၀ရပ်တည်မှုဖြစ်သည့် လယ်မြေတို့ကို အမျိုးမျိုးသောအကြောင်းပြချက်များလိမ်လည်ကောက်ကျစ်မှုများ လက်နက်ကိုင်ခြိမ်းခြောက် မှုများ ဖြင့် သိမ်းယူနေသည့်အပြင် လယ်သမားများကို လယ် ကျွန်ဘ၀ သို့ တွန်းပို့ နေ ပေသည်။ လယ်သမားတို့ ဘ၀များ ကျိုးကျေ ပျက်သုဉ်းနေသည်။ အလုပ်လက်မဲ့ စားရမဲ့ သောက်ရမဲ့ များ၊ ဖြစ်လာကြရသည်။ အိမ်းနီးချင်းနိုင်ငံများသို့  ခိုးဝှက်ထွက်ပြေးခါ တရားမ၀င် အနှိမ်ခံ အလုပ်သမားများအဖြစ် ပြင်းထန်သော သွေး စုတ် ဖိနှိပ်မှုကို ခံနေကြရသည်။ 
ပြည်သွူတ်မြောက်ရေးတပ်ဦးသည်လယ်လုပ်သူလယ် ပိုင်ရေးမူကို အခိုင်အမာကိုင်စွဲခါ  လက်ဝါးကြီးအုပ် ကြံ့ဖွတ် စစ်ပဒေသရာဇ်ကိုတိုက်ဖျက်ပြီး  သွေးစုတ်ဖိနှိပ်မှု အောက်မှ လယ်သမားများ လွတ် မြောက်ရေးအတွက်  လက်နက်ကိုင် တိုက်ပွဲအပါအ၀င် လူထုလှုပ်ရှားမှုများ ကို ကျင့်သုံးနေသော အဖွဲ့ ဖြစ်ပါ သည်။
ယခုကဲ့သို့ကြံ့ဖွတ်စစ်အာဏာရှင် အောက်တွင်အလူးအလှိမ့်ဖိနှိပ်သွေးစုတ်ခံနေရသောလယ်သမား များအတွက် ဟန်ပြမဟုတ်ဘဲ မြေယာပြန်လည်ရရှိ စေရေးအတွက်အဖိနှိပ်ခံ ပြည်သူအားလုံးနှင့် အဖွဲ့အစည်းများကကြံ့ဖွတ်စစ်အစိုးရကို ပြတ်ပြတ်သားသားဆန့်ကျင်ကြရန်တိုက်တွန်းပါသည်။ကြံ့ဖွတ်စစ်တပ် တွင်းမှ တောင်သူ လယ်သမားသားသမီး စစ်သားများသည်လည်း မိဘ လယ်သမားများအရေးအတွက်  အလေးထား တိုက်ပွဲ ၀င် သင့်ပေသည်။
လယ်သမားများအရေးအတွက် ရပ်တည်ခဲ့သော ဆရာစံကို မြန်မာပြည်တွင် ယနေ့ပြန်လည် သတိ ရအပ်သည်။ လူမျိုးတူသည် ဖြစ်စေ မတူသည်ဖြစ်စေ ဖိနှိပ်မှုသွေးစုတ်မှု မတရားအုပ်ချုပ်မှုတို့ရှိနေသမျှ ကာလပတ်လုံး အဖိနှိပ်ခံတို့ကို ဆက်လက်တော်လှန်တိုက်ပွဲဝင်ပြီး အောင်ပွဲဆင်ကြရသည်မှာ လူ့သမိုင်း ပင်ဖြစ်သည်။ ဖိနှိပ်မှုများကို တိမ်းရှောင်ထွက်ပြေးယုံဖြင့် မလွတ်မြောက်နိုင်ပါ။ ဖိနှိပ်သူတို့ကို အားပေးရာ ကျပါသည်။
ကြံ့ဖွတ်စစ်အာဏာရှင်များ၏ လှည့်စားမှုအောက်တွင် အချိန်ကုန် လူပန်းမဖြစ်စေဘဲ လယ်သမား အခွင့်အရေး အလုပ်သမားအခွင့်အရေးအတွက် ကျယ်ပြန့်ပြင်းထန်ထိရောက်သည့် လှုပ်ရှားမှု များဖြင့် အလုပ် သမားလယ်သမားတို့၏ အစစ်အမှန် လူထုအစိုးရကို တည်ဆောက်ထူထောင် နိုင်ရေးအတွက် ကြိုးပမ်းကြရန် ပြည်သူ့လွတ် မြောက် ရေးတပ်ဦးမှ တိုက်တွန်းနိုးဆော်လိုက်သည်။
လယ်လုပ်သူလယ်ပိုင်ရမည်။
အောင်ပွဲကို တိုက်ယူကြ။
လူထုအစိုးရ မုချပေါ်ထွန်းရမည်။

ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
ဇူလိုင် ၃၀ ၂၀၁၂


0 comments: