ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Monday, July 9, 2012

အလုပ်သမား လယ်သမားတို့၏ “တော်လှန်သောဒီမိုကရေစီ”သို့


အလုပ်သမား လယ်သမားတို့၏ တော်လှန်သောဒီမိုကရေစီသို့
ဒီနေ့ ကျွန်တော်တို့ ဘယ်စံနစ်ကို ဦးတည်သွားရမှာလဲ ဆိုတာကို ကျွန်တော်တို့ တတွေ သိထား သင့်ပါတယ်။ ဒီလိုသိဖို့ဆိုရင် တိုင်းပြည်ရဲ့ အခြေအနေကို အကဲဖြတ်ကြရတော့မယ်။ အင်္ဂလိပ်ဆီက လွတ်လပ်ရေးဆိုတာရပြီးကတည်းကကိုလိုနီတပိုင်းပဒေသရာဇ်တပိုင်းလို့သတ်မှတ်ပြီး နိုင်ငံရေးတွေ  တော်လှန် ရေးတွေကို လုပ်လာ ကြတယ်၊ ဒီလို သတ်မှတ်ချက်တွေက လက်ဝဲအယူအဆရှိတဲ့ လှုပ်ရှားသူတွေဘက်မှာ ဘဲ ရှိပါတယ်။ လက်ျာအယူအဆရှိသူတွေက လက်ဝဲ ဘက်ကလူတွေ နဲ့ ဆန့်ကျင်ပြီး အဆင်ပြေသလိုလုပ်ကြ တယ်လို့ ကျွန်တော် ယူဆပါတယ်။
ကိုလိုနီတပိုင်းပဒေသရာဇ်တပိုင်းဆိုတာကိုကျွန်တော်မြင်သလောက်ပြောရရင်ကျွန်တော် ထောက် ခံတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ တိုင်းပြည်ဟာ သူတပါးရဲ့ ကုန်တွေအထူးသဖြင့် စက်ပစ္စည်းတွေ နည်းပညာတွေ အပေါ် မှီခိုမြဲ မှီခိုနေရလို့ဘဲ။ ကိုယ်တိုင်မရပ်တည်နိုင်ဘူး စီပွါးရေး အရပါ။ ပဒေသရာဇ်တပိုင်း ဖြစ်ရတာက ကျွန်တော်တို့ နိုင်ငံဟာ လယ်ယာကိုမှီခိုနေရတော့ မြေယာ ဟာ အဓိက ဖြစ်နေတယ်၊ မြေယာကို အခြေပြု ပြီးတော့ဘဲ အုပ်ချုပ်သူတွေက ချုပ်ကိုင်နေတော့တယ်။ ဒီနေ့ လယ်တွေ အသိမ်းခံရတယ်ဆိုတာ မြေပိုင်ရှင် စစ်ပဒေသရာဇ်တွေရဲ့ လုပ်ရပ်ပါဘဲ။ ဒီတော့ အုပ်ချုပ်ရေးအာဏာဟာ မြေယာပေါ် မှာ ဘဲ အဓိက အခြေပြု ပြီး ချုပ်ကိုင်နေတယ်၊ မြေပေါ်မြေအောက် သယံဇာတ တွေလည်းပါဝင် နေပါတယ်။ ဒါဟာ မြေရှင်ပဒေသရာဇ်လက္ခဏာပါဘဲ။
စက်မှုလက်မှုကလည်း စစ်ပဒေသရာဇ်တွေက တိုးပွါးအောင် မလုပ်ခဲ့ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ ပဒေသရာဇ် ဆန်ဆန် ကြီးဆိုးမှုတွေကို ယှဉ်လာမှာစိုးလို့ နှိမ်ထားခဲ့ပါတယ်၊ လူထုတွေ လွတ် လွတ်လပ် ကြီးပွါးတိုးတက်တာသူတို့ အတွက် အန္တရယ်လိုမြင်နေခဲ့ကြလို့ဘဲ။ ဒီတော့ တိုင်းပြည် ကခေတ်နောက် ကျ ယုံတင်မကဘူး အသိပညာပါ တုန်းနေသလိုဖြစ်ခဲ့ရတယ်။ ဒါဟာ စစ်ပဒေရာဇ် အုပ်စိုးနေတဲ့ကလတလျှောက်ဒီနေ့အထိပါဘဲ။စစ်ပဒေသရာဇ်စံနစ်ဟာ မြေပေါ်အခြေခံပြီးတိုင်းပြည်နဲ့ ပြည်သူတွေကို စီပွါးရေး အရ ချွတ်ခြုံကျ စေယုံသာမက ပြည်သူတွေရဲ့ အကျင့်စာရိတ္တ တွေကို ပါပျက်ဆီးခဲ့ပါပြီ။
သူများနိုင်ငံတွေအပေါ် မှီခိုရတဲ့ ကိုလိုနီစံနစ်ကိုတော့ လက်တွေ့မှာရှိနေဦး မှာ ဖြစ်ပေမဲ့ ပြည် တွင်းဖြစ် စစ်ပေးသရာဇ် သြဇာ အာဏာနဲ့ အငုတ်အတက်တွေက မရှိသင့်တော့ ဘူး၊ စစ်ပဒေသရာဇ် စံနစ်ဟာ ဒီနေ့လို ၂၁ ရာစုမှာ မရှိသင့်တော့ဘူး ဒီတော့ စစ်ပဒေသရာဇ်စံနစ်ကို ကျွန်တော်တို့က ဘယ်လို စံနစ်နဲ့ တိုက် ဖျက်သွားမှာလဲ။
မြေယာတွေကို လူထုက ပိုင်စေရမယ်၊ ပုဂ္ဂလိကတွေ ပိုင်စေရမယ်။စေတလုံးနဲ့ သိမ်းတာကို လုံးဝဆန်ကျင်ရမယ်။ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အသိအမှတ်ပြုရမယ်။ ထွက်ရှိတဲ့ သယံဇာတွေဟာ သက်ဆိုင်ရာ ပြည်သူတွေရဲ့ ကိုအကျိုးပြုစေရမယ်။ဒီစံနစ်ဟာလယ်သမားတွေလယ်ပိုင်ရေးကိုအားပေးနေ သလို ပုဂ္ဂလိက ပိုင်ဆိုင်မှုကို အားနေတာ ဖြစ်လို့ ဓနရှင် ဒီမိုကရေစီ လို ဖြစ်နေတယ်။ နိုင်ငံရေးမှာလည်း ပါတီစုံဒီမိုကရေစီနဲ့ လွတ်လပ်စွာ ဟောပြောစည်းရုံး အဖွဲ့ထောင်တာတွေလည်း ရှိမှာ ဖြစ်တော့ ဓနရှင်ဒီမိုကရေစီလို ဖြစ်နေတယ်။
ဒါပေမဲ့ ဒီဒါပေမဲ့ က တော်တော် ကြီးတဲ့ ဒါပေမဲ့ပါ ဓနရှင်ဒီမိုကရေစီကို ဓနရှင်တွေက လုပ်ပေးမှာ မဟုတ်ဘူး သူတို့ဟာ သမိုင်းအစဉ်အဆက် ကိုယ်ကျိုးကြည့်ယုံတင်မက ဧရာမအများစုဖြစ်တဲ့ အလုပ် သမား လယ်သမားတွေ အားကောင်းလာမှာကို မလိုလားကြဘူး၊ သူတို့ရဲ့ သွေးစုတ်လိုတဲ့ အကျင့်က အလုပ်သမားလယ်သမားတွေကို နှိမ်ထား၊စစ်ပဒေသရာဇ် တွေနဲ့ ပေါင်းပြီး အလုပ်သမား လယ်သမား အပါအ၀င် ပြည်သူလူထုကို အမြတ်ထုတ်ဖို့က ပိုအားသန်ကြတယ်၊ ဒါကြောင့်လဲ စစ်အာဏာရှင် တွေ ဆန့်ကျင်ရေး တိုက်ပွဲမှာ ဓနရှင်တွေ ဘက်ပြောင်းသူတွေကို တွေ့နေရတာပါ။
ဒီတော့ ဓနရှင်တွေကို စစ်ပဒေသရာဇ်ဆန့်ကျင်ရေး တိုက်ပွဲမှာ အားကိုးလို့မရနိုင်တာကို သိလိုက်တာနဲ့ ကျွန်တော်တို့ တော်လှန်ရေးကို အလုပ်သမားလယ်သမားတွေ ကဦးဆောင်ပြီးအလုပ် သမား လယ်သမား တွေရဲ့ တော်လှန်သော ဒီမိုကရေစီစံနစ်နဲ့ ကြံ့ဖွတ်စစ်အာဏာရှင်တွေကို တိုက်ဖျက်အစားထိုး ရလိမ့်မယ်။ လယ်ယာနဲ့ မြေယာတွေဟာ ပြည်သူထူထုကပိုင်စေရမယ်။ နိုင်ငံရေးအရ လွတ်လပ်မှုတွေ၊ စီပွါးရေးအရ လွတ်လပ်မှုတွေ ဟာ ရှိကိုရှိရမယ်၊ လွတ်လပ်ခွင့်ကို ချုပ်ချယ်တား ဆီးတာမှန်သမျှကို ပြည်သူများလိုအပ်ချက်နဲ့ အညီ တိုက်ဖျက်ပြစ်ရမယ်။
တိုးတက်တဲ့ အမျိုးသားဓနရှင်တွေ အနေနဲ့ တော်လှန်သော ဒီမိုကရေစီကလအတွင်းမှာ စစ်ပဒေသရာဇ် ဆန့်ကျင် ရေး၊ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ တက်တက်ကြွကြွ ပါဝင်လာစရာရှိသလို ဖေါက်ပြန်တဲ့ အမျေုးသားဓနရှင်တွေက စစ်အာဏာရှင် လက်ပါး စေလက်ဝေခံတွေ အစွယ်အပွါးတွေ နဲ့ ပေါင်း ပြီး ပြည်သူဆန့်ကျင်ရေး ၊လူထုဆန့်ကျင်ရေးကို လုပ်နေကြ တယ်။ဒါတွေကိုတော်လှန်သောဒီမိုကရေစီတော်လှန်ရေးက ခွဲခြားစိတ်ဖြာပြီး ဆန့်ကျင်တိုက် ဖျက်သွားရပါလိမ့်မယ်။
စစ်ပဒေသရာဇ် သြဇာ အငုတ်အတက်တွေကို ရှင်းလင်းတိုက်ဖျက်တဲ့တော်လှန်သော ဒီမိုကရေစီတော်လှန်ရေး ဟာ စစ်အာဏာရှင်အရိပ်မဲ ကြီးအောက်မှာ တိုင်းပြည်နဲ့ ပြည်သူများ ကြိမ်မီးအုံးသလို ခံစားနေရတဲ့အဖြစ်က လွတ်မြောက်စေမှာ ဖြစ်သလို လွတ်လပ်ပွင့်လင်းပြီး တရားမျှတနဲ့ လူဘောင် အဖွဲ့ အစည်းသစ်ကို တည်ဆောက်နိုင်ပါလိမ့်မယ်။
ပြည့်ဝတဲ့ ဒီမိုကရေစီကိုတော်လှန်သောဒီမိုကရေစီစနစ်ကသာပေးနိုင်ပါတယ်၊ စစ်အာဏာရှင် တို့ ပေးတဲ့ လက်ကြားယို အခွင့်အရေးနဲ့ ဓနရှင်တို့ရဲ့ဒီမိုကရေစီက အလုပ်သမားလယ်သမား ဖိနှိပ်ရေး လမ်းစဉ် ကိုသာ ချမှတ်ကျင့်သုံးကြမှာ ဖြစ်သလို လက်တဆုတ်စာ စစ်အာဏာရှင်နဲ့ သူ့အစွယ်အပွါးေ တွ ကောင်းစားရေး သာ လုပ် ဆောင်နေကြပါလိမ့်မယ် ၊ သူတို့ရဲ့ ဖိနှိက်မှုအောက်က  ဆင်းရဲသားနင်းပြား များနဲ့ အလုပ်သမား လယ်သမားများကို ဘာမျှော်လင့်ချက်မှ ရရှိနိုင်စရာမရှိလေတော့ စစ်ပဒေသ ရာဇ်လုပ်ရပ်များကိုနည်းပေါင်းစုံနှင့်ဆန့်ကျင်တိုက်ဖျက်ရင်းအလုပ်သမားလယ်သမားတို့ရဲ့တော်လှန်သော  ဒီမိုကရေစီတော်လှန်ရေးကို အကောင်အထည်ဖေါ်  သွားရ မည်သာဖြစ် ပေတော့သည်။
စစ်အာဏာရှင် စံနစ်ကို တိုက်ဖျက်ကြ။
လူထုအစိုးရ ပေါ်ထွန်းစေရမယ်။

ဦးအေးဆောင်
ဇူလိုင် ၁၀ ၂၀၁၂

0 comments: