ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Saturday, May 12, 2012

အမျိုးသား ရင်ကြားစေ့ရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာဟုတ်ရဲ့လား ။


အမျိုးသား ရင်ကြားစေ့ရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာဟုတ်ရဲ့လား
ဒီအမျိုးသား ရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့စကားလုံးက ဒီနေ့ ဒီအချိန်မှာ မိုးမွန်နေလေတော့ မကြည့်ချင်ဘဲ မြင်နေရသလို၊ မစီစစ်ချင်ဘဲ စီစစ်မိနေတော့တယ်။ ဘာကြောင့် အမျိုး သားတွေ ရင်ကြားစေ့ဖို့ ပြန်လည်သင့်မြတ်ဖို့လိုတာလဲ။ ရင်ချင်းကွဲနေလို့၊ မသင့်မြတ်လို့ ဘဲဖြစ်မှာပါ။ ဒီတော့ ဘာကြောင့် ရင်ချင်းကွဲ၊ ဘာကြောင့် မသင့်မြတ်တာလဲ ဆိုတာကို ဆက်စဉ်းစားမိလာတော့တယ်။ ရှ င်းပါတယ်။ ဗိုလ်နေ၀င်း ခေါင်းဆောင်တဲ့ စစ်တပ်ကအရပ်သား အစိုးရ ဦးနုဆီက လက်နက်နဲ့ အာဏာ သိမ်းလိုက်ပြီး စစ်အာဏာရှင်စံနစ် ထူထောင်ခါ တိုင်းပြည်ကို ဒါးမိုးအုပ်ချုပ်ရာက ပေါ်လာတဲ့ ကင်ဆာ ရောဂါလို ရောဂါပါဘဲ။
အခုဒီရောဂါကိုကုဖို့ ဆိုတာထက် ဒီရောဂါကို ကြာရှည်ရှင်သန်အောင် မွေးဖို့ လုပ်နေတာ ကို တွေ့နေရပေမဲ့  အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ နားကြားကောင်းတဲ့ စကားလုံးတွေကိုလှိုင်လှိုင်သုံးပြီးဖုံးနေတာသာဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်လို့ဖြစ်လာတဲ့ ပြ    --- နာကို  စစ်တပ်က အာဏာလက်လွတ်မှ ဖြေရှင်းလို့ ရမှာဖြစ်ပေမဲ့ လက်မလွှတ်ဘဲ တွယ်ကပ်နေတာဟာ တိုင်းပြည် အတွက် ပိုကြီးမား တဲ့ ပြ -- နာကို ဖိတ်ခေါ်နေသလိုဘဲဖြစ်နေတော့တယ်။
ဒီနေ့မြန်မာနိုင်ငံဟာ နေ၀င်းအုပ်ချုပ်တဲ့ ကာလထက် ပိုမိုအစည်းပြေနေပါတယ်။ ပြည်တွင်းမှာ တရားဥပဒေမစိုးမိုးသလို၊နယ်စပ်တွေမှာလဲ ပြည်ပ သြဇာတွေ စိမ့်ဝင်နေတာကို မြင်နိုင်ပါတယ်။ ဗိုလ်နေ၀င်း အုပ်ချုပ်တာကို ကောင်းတယ်လို့ဆိုလိုတာမဟုတ်ပေမဲ့ စစ်အာဏာရှင်တွေ အုပ်ချုပ်တာ ကြောင့် တိုင်းပြည် ပိုပိုပျက်ရတာကို နှိုင်းပြတာပါ။ဒီလိုဖြစ်ရတာက စစ်အာဏာရှင်စံနစ်ကြောင့်ပါ။
စစ်အာဏာရှင်ဟာ အမျိုးသားဖြစ်ပေမဲ့ ဖိနှိပ်သူတွေဖြစ်တယ်။ ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ တိုးတက်မှုတွေကို တားဆီးပိတ်ပင်သူတွေဖြစ်တယ်။ သူတို့နဲ့ရင်ကြားစေ့ရင် သူတို့ဖိနှိပ်တာကို ဆက်ခံ ရမယ်ဆိုတဲ့ သဘောဖြစ်နေတယ်။ဒါကို ကျွန်တော်တို့ တကယ်လိုလားသလား။
မြန်မာပြည် ဖွံဖြိုးတိုးတက်ဖို့က စစ်အာဏာရှင်စံနစ်ကို ပြောင်းဖို့ ဖြုတ်ချဖို့လိုပါတယ်။ ပြည့်ဝတဲ့ ဓနရှင် ဒီမိုကရေစီ စနစ်နဲ့ အစားထိုးရပါလိမ့်မယ်။ ဒီလိုအစားထိုးနိုင်ဖို့ ဓနရှင်ဒီမိုကရေစီတော်လှန်ရေး ကို ဖေါ် ဆောင်ကြရမှာပါ။ ဓနရှင် ဒီမိုကရေစီအရ လွတ်လပ်တဲ့ ပြည်သူကရွေးချယ်တဲ့   နိုင်ငံရေး၊အုပ်ချုပ်ရေး၊ စီးပွါး ရေး၊ လူမှုရေး၊ ယဉ်ကျေး မှု အနုပညာတွေကို ဖေါ်ထုတ်ကြရပါလိမ့်မယ်။ ပုဂ္ဂလိက ပိုင်ဆိုင် မှုနဲ့ ကိုယ်ပိုင် လွတ် လပ်မှုတွေကို လေး စားကြရလိမ့်မယ်။ ဒီဓနရှင် လူမှုအဖွဲ့အစည်း ဖြစ်လာပြီး ဓနရှင် အခွင့်အ ရေးတွေ ပြည်ပြည့် ၀၀ ခံစားရအောင် ဒီနေ့မြန်မာပြည်က ပြည်သူတွေလုပ်ရမှာ ဖြစ်တယ်။
အလေးအနက်ထားရမည့် အချက်က ဓနရှင် ဒီမိုကရေစီတော်လှန်ရေးကို ဖေါ်ဆောင်ရာမှာ ဓနရှင် တွေကိုသာ ဦးဆောင်ခန်းက တင်ရင်တော့ သူတို့ဟာ ကိုယ်ကျိုးစီးပွါးကိုသာကြည့်လွန်းလို့ ရန်သူစစ် အာဏာရှင်တွေနဲ့အပေးအယူလုပ်ဖို့ဝန်မလေးတတ်ကြဘူး၊ဒါကြောင့်ဘဲသူတို့ဟာဓနရှင် တော်လှန် ရေးကို အောင်ပွဲရတဲ့ အထိ ခေါင်းဆောင်နိုင်ကြမှာမဟုတ်သလိုသူတို့ခေါင်းဆောင်မှုက ပြည့်ဝတဲ့ဓနရှင်ဒီမိုကရေစီအထိမရောက်နိုင်ကြဘူး၊ ဒါကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဓနရှင် ဒီမိုကရေစီတော်လှန် ရေး ဖြစ်ပေါ်ဖို့အတွက် ဆင်းရဲသား အလုပ်သမားတွေလယ်သမားတွေ ကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေကသာ တော်လှန်ရေးပြီးဆုံးအောင် ဆောင်ရွက်နိုင်ကြလိမ့်မယ်။
          ကျေးကျွန်ခေတ်ကနေ မြေရှင် ပဒေသရာဇ်ခေတ်ကို ပြောင်းရာမှာ မြေရှင်ပဒေသရာဖ်တွေက ကျွန်ပိုင်ရှင်တွေကို တော်လှန်တာမဟုတ်ဘဲ ကျေးကျွန်တွေဖြစ်တဲ့ စပါးတားကာစ် တို့က တော်လှန်ရ သလိုဘဲ။ အခုလဲ စစ်အာဏာရှင်ဆန့်ကျင်ရေး ဓနရှင်ဒီမိုကရေစီတော်လှန်ရေးမှာ လယ်သမားအလုပ် မား နဲ့ ဆင်းရဲသားတွေ ကို အခြေပြုတဲ့ ကိုစားလှယ်ခေါင်းဆောင်တွေကဘဲ စစ်အာဏာရှင်တွေကို ဖြုတ်ချပြီး ဓနရှင် ဒီမိုကရေစီ စံနစ်ပြည့် ၀အောင် ဖေါ်ဆောင်တိုက်ပွဲဝင်ကြရပါလိမ့်မယ်။ အချောင်သမား ပညာတတ် တွေ၊ အခွင့်အ ရေးသမားတွေ၊ စီပွါးရေးသမားတွေ စေ့စပ်ရေးသမားတွေ၊ အလျှော့ပေး ရေး ၀ါဒီတွေ၊ ရွှေပြည် အေး ၀ါဒီတွေဟာ ဒီနေ့တော်လှန်ရေးရဲ့ အသီးအပွင့်တွေကို သူတို့ ရမည့် စည်းစိမ်ဥစ္စာနဲ့ ကျော်ကြားမှုတွေ နဲ့ အလဲအလှယ်လုပ် သွားကြလိမ့်မယ်။
မြန်မာပြည်က စစ်အာဏာရှင်တွေဟာ နိုင်ငံတကာအခြေအနေ ပြည်းတွင်း အခြေအနေအရ အလျှော့ပေးပုံ ဖမ်းထားပေမဲ့ သူတို့ရဲ့ စစ်အာဏာခံကတုတ်ကို အသေအချာထိမ်းချုပ်ထားနေစဲဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ၊ စီပွါးရေးစံနစ်၊ အုပ်ချုပ်ရေး ယန္ဒယားတွေဟာ သူတို့ရဲ့ အုတ်တံတိုင်းတွေဖြစ်သလို၊ ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေ ရဲ နဲ့ စစ်တပ်တွေဟာ သူတို့ လက်ပါးစေတွေဘဲ။ စီးပွါးရေးအရ ရာထူးအရ လက်ဝေခံတွေလဲ ရှိနေကြတယ်။ ဘယ်လောက်ဘဲသူတို့များပါစေ ပြည်သူလူထုနဲ့စာရင် လက်တဆုတ် စာဘဲရှိနေပါတယ်။စစ် အာဏာရှင် စံနစ်ဟာ ခေတ်ကုန်နေပြီ။ အာရပ်ကမ္ဘာက သက်သေတွေ ပြပြီးရင်းပြ နေတယ်။
ဓနရှင် ဒီမိုကရေစီတော်လှန်ရေး အောင်မြင်မှသာ စစ်တပ်က တားစီးပိတ်ပင်မှုတွေ၊ လက်ဝါးကြီး အုပ်အမြတ်ထုတ်မှုတွေကိုဖယ်ရှာပြီးလွတ်လပ်လပ်တဲ့ နိုင်ငံရေး၊စီးပွါးရေး၊လွတ်လပ်တဲ့ယဉ်ကျေးမှုတွေ ပေါ်လာမယ်။ အမျိုးသား ရင်ကြားစေ့တာ၊ သင့်မြတ်တာတွေ ပေါ်လာမှာဖြစ်သလို လူထုအစိုးရတရပ်ရဲ့ အုပ်ချုပ် မှု အောက်မှာ ပြည်သူလူထုတိုင်း မိမိအခွင့်အရေးကို ကာကွယ်စောင့်ရှောက် နိုင်တာကြောင့် စုစည်းညီညွတ် လာမယ်။ဧချမ်းသာယာပြီး ဓနရှင် ဒီမိုကရေစီအတိုင်း လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ကြ ပါလိမ့်မယ်။
အခုကြံ့ဖွတ်ပေါ်လစီအတိုင်းသွားနေရင်တော့ စစ်အာဏာရှင်စံနစ်ကို ကာကွယ်စောင့်ရှောက်ရိုး သက် သက်ဖြင့် မြန်မာပြည်သူများကို စစ်တပ်နဲ့ သူ့လက်ပါးစေနဲ့ လက်ဝေခံတွေပေါင်းဖိလို့ ဖိနှိပ်ခံ နင်းပြား ဘ၀က လူမွေးလူတောင်ပြောင်ဖို့ ခက်နေပေဦးတော့မယ်။
စစ်အာဏာရှင်ကိုဝိုင်းတိုက်ကြ။
အောင်ပွဲကို တိုက်ယူကြ။
စစ်အာဏာရှင်စံနစ် မုချကျဆုံးရမယ်။
ဦးအေးဆောင်
  ၁၂



0 comments: