ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Saturday, May 12, 2012

စစ်အာဏာရှင်စံတိုက်ဖျက်ရေး၊ ဒီမိုကရေစီထူထောင်ရေးအဖွဲ့


                         
                          စစ်အာဏာရှင်စံတိုက်ဖျက်ရေး၊ ဒီမိုကရေစီထူထောင်ရေးအဖွဲ့
                                                                             ထုတ်ပြန်ကျေညာချက် ။
မေ - ၉ ။ ၂၀၁၂။   
           တိုင်းပြည်အတွင်းရှိ စစ်အာဏာရှင်စနစ်ကြီးစိုးမှုကို ဆန့်ကျင်တိုက်ဖျက်နေရာ ယခုအခါတွင် လက်ရှိ တိုက်ပွဲ ၀င်နေသောKIO အဖွဲ့နှင့် ဆက်စပ်လှုပ်ရှားသူများမှလွဲ၍ တခြားမြင်သာသော အဖွဲ့အစည်းမရှိ သကဲ့ သို့ ဖြစ်နေသော အခြေအနေတွင် မြန်မာပြည်သူများသည် အားကိုးစရာမဲ့ ဖြစ်နေခဲ့ရလေပြီ။
             ကြံ့ဖွတ်စစ်အာဏာရှင်တို့သည်လည်း တဖက်က စေ့စပ်ရေး၊ ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲ၊ လွှတ် တော်စသည် စကားလုံး တို့ကို အကာအကွယ်ယူခါ ပြည်တွင်းပြည်ပရှိ လူထုများကို လှည့်စား အမြတ်ထုတ် နိုင်ခဲ့ပေပြီ။
                  စီးပွားရေးအကြပ်အတည်းဖြင့် ရင်ဆိုင်နေရသော ဥရောပနိုင်ငံများနှင့် လက်ဝါးရိုက်ထားသည့် ၂၀၀၈ ခု ကြံ့ဖွတ်ဖွဲ့စည်းပုံ သည်လည်း ပြည်တွင်းပြည်ပမှ စီးပွားရေးဝါဒီများ၊ ကိုယ်ကျိုးရှာသမားများ၊ အချောင် သမားများ မှပေးသည့် မျက်စေ့နောက်လောက်သော ထောက်ခံမှုများကြောင့် အခိုင်အမာသဘော ဖြစ်သွား ခဲ့ပေပြီ။
                  ဤသို့ကြံ့ဖွတ်စစ်အာဏာရှင်တို့ သြဇာအရှိန်တက်လာခြင်းသည် ပြည်သူများအတွက်များစွာ အန္တ ရာယ်ကြီးမားလှပေည်။ ရှေ့အနာဂတ်ကာလတွင် စစ်အာဏာရှင်တို့သည် နိုင်ငံတကာ သွေးစုတ်သူတို့ကို အားကိုး၊ ဟန်ပြလွှတ်တော်အားကိုး၊ ထောက်ခံသူ ဖောက်ပြန်သူတို့အားကိုးဖြင့် နောက်ဆုံးပေါ် ဖိနှိပ်သွေးစုတ် မှုများကို သုံး၍ ပိုမိုဖိနှိပ်သွေးစုတ် ရက်စက်လာကြပေတော့မည်။
                  ဤသို့သောအခြေအနေတွင် အစဉ်အလာကြီးမားသော၊ တော်လှန်ရေးအမြင်ထက်မြက်သည့် မြန်မာပြည်သူလူထုတို့သည် အကာအကွယ်မဲ့ ခေါင်းငုံ့ခံကြမည်မဟုတ်သည့်အလျှောက် ကျွန်ုပ်တို့သည် စစ်အာဏာရှင် စံနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီပြည့်ဝသော၊ လူ့အခွင့်အရေးအပြည့်အ၀ရှိသော မြန်မာပြည်ပေါ် ထွန်းရေး အတွက် " စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ဒီမိုကရေစီထူထောင်ရေး အဖွဲ့"  (စတဒထ) ကို ဖွဲ့စည်းလိုက်သည်။
                  စတဒထ သည် မြန်မာပြည်တွင် စစ်အာဏာရှင်စံနစ်ကို တိုက်ဖျက်ပြီး ဒီမိုကရေစီပြည့်ဝသော တိုင်းပြည်ဖြစ်လာရေးအတွက် လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲတို့ကို ဖေါ်ဆောင်ပြီး
                  ၁ ။ လူထုအစိုးရ ထူထောင်မည်။
                  ၂ ။ လွတ်လပ်သော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်။
                  ၃ ။ လွတ်လပ်သော သတင်းမီဒီယာစနစ်ကို ကျင့်သုံးမည်။
                  ၄ ။ ပုဂ္ဂလိကပိုင်ဆိုင်မှုကို အသိအမှတ်ပြုပြီး၊ လယ်လုပ်သူလယ်ပိုင်ခွင့်ရှိစေရမည်။ အဓမ္မမသိမ်းရ။
                  ၅ ။ လွတ်လပ်သောဈေးကွက်စီးပွားရေးစံနစ်ကိုကျင့်သုံမည်။
                  ၆ ။ ဒီမိုကရေစီ ပညာရေးစံနစ်ကို ကျင့်သုံးမည်။
                  ၇ ။ လုံလောက်သော လစာနှင့် လုပ်ခကို အလုပ်သမားတို့ခံစားစေရမည်။
                  ၈ ။ လူတိုင်း လူ့အခွင့်အရေး ခံစားစေရမည်။
                  ၉ ။ ဖက်ဒရာယ်ပြည်ထောင်စု စံနစ်ကို ထူထောင်မည်။  ဤသို့သော မူများကို အခြေခံလျှက် စတဒထသည် စစ်အာဏာရှင်တို့အား အပြင်းထန်ဆုံး ဆန့်ကျင်သည့် KIOနှင့် အလားတူ လှုပ်ရှားမှုတို့ ကိုအားပေးထောက်ခံသွားမည်။ပြည်သူ့ဘက်ရပ်တည်လိုသောစစ်သည်တော်များကိုကြံ့ဖွတ်တပ်မှစွန့်ခွာရန် လည်းတိုက်တွန်းသည်။ ကြံ့ဖွတ်စစ်အာဏာရှင်တို့က ပြည်သူအဖေါ် ဖိနှိပ်သွေးစုတ်မှုများတွင် ပါဝင်ပတ် သက် သူလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို စတဒထမှ ပြင်ထန်း စွာရှုတ်ချပါသည်။
                  ကမ္ဘာတွင် အရက်စက်ဆုံး အကောက်ကျစ်ဆုံး ကြံ့ဖွတ်စစ်အာဏာရှင်တို့ကို  ဆန့်ကျင်တိုက် ဖျက်ပြီး ပြည့်ဝသော ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေးအတွက် လူမျိုးမရွေးဘာသာမရွေး လူမျိုးပေါင်းစုံ ပြည်သူ များဖြင်လက်တွဲ၍ စတဒထ ကတော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကျေညာလိုက်ပါသည်။
အဖိနှိပ်ခံတို့ညီညွတ်ကြ။
ဘုံရန်သူစစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။
လူထုအစိုးရ မုချပေါ်ထွန်းရမည်။

ဦးစီးကော်မီတီ
စစ်အာဏာရှင်တိုက်ဖျက်ရေး၊ဒီမိုကရေစီထူထောင်ရေး အဖွဲ့။
ဆက်သွယ်ရန်၊ - သိန်းမောင် - amddaa@gmail.com
             
          

0 comments: