ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Wednesday, May 1, 2019

လူဘယ်နှစ်မျိုးရှိလဲ။


လူဘယ်နှစ်မျိုးရှိလဲ။

သင်တန်းပေးရတဲ့ အချိန်တွေမှာ သင်တန်းသားတွေကို “ လူဘယ်နှစ်မျိုးရှိလဲ” ဆိုတဲ့ မေးခွန်း ကိုမေး ကြည့် လေ့ရှိပါတယ်။ သူတို့က လူတန်းစားလေးမျိုးတို့၊ ခွနနှှ်စ်ရက်သားသမီးကြောင့် ခွန်နှစ်မျိုးတို့။ ၁၃၆ မျိုးတို့ ။ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံတို့  စုံနေအောင်ဖြေကြပါတယ်။
ကျွန်တော်ပြောချင်တာ က လူဆိုတာကသုံးမျိုးပါဘဲ - ကိုယ်ကို ထိမှ သိတဲ့လူရယ်၊ သူများကို ထိက ထည်းက သိတဲ့ သူရယ်။  သူများကိုထိလည်းမသိ၊ ကိုယ့်ကိုထိလည်း မသိတဲ့ သူရယ်လို သုံးမျိုးပါဘဲ။ ကိုယ် ကိုထိမှ သိတဲ့ လူတွေက များပါတယ်။ သူတို့ကို ထိတဲ့ အချိန်မှာ သူတို့ဟာ ကြိုတင် ကာကွယ် ရမှန်း မသိထားတော့ ရောဂါ ဖြစ်ဖြစ်၊ ရန်သူဖြစ်ဖြစ် က လက်ဦးမှုရယူတာခံလိုက်ရတော့ ရောဂါကျွမ်းတာ၊ အခြေမှုန်း ခံရတာ များပါတယ်။ ဒီတော့ကိုယ့်ကို ထိမှသိရတော့ သိရတဲ့ အသိက နောက်ကျအ သိဖြစ်သွား ပါတယ်။ သူတပါးရဲ့ သားကောင်ဘ၀နဲ့  အဆုံးသတ်ရတာများပါတယ်။ တတိယ အမျိုးအစားကတော့ ဘာမှကို ဆန်းစစ် ဝေဖန်တာ လုပ်မနေဘဲ ဖြစ်သ မျှအကြောင်း ကံအပေါ်ပုံချရင်း ဒုက္ခဆင်းရဲခြင်း သံသရာမှာ လည်နေတဲ့ သူတွေပါဘဲ။ ပျော်ပျော်သာနေ ကိုယ်လူရေ ဆိုတဲ့သူတွေပေါ့။သူတို့မှာ ဘ၀ရဲ့ရည် မှန်းချက်လည်း မယ်မယ်ရရ မရှိ တတ်ပါဘူး။ သိုးတွေလိုဘဲ သားသတ်ရုံကို ရှေ့ကသိုးအတိုင်း ဆက် လိုက်သွားတတ်ကြပါတယ်။  သူတို့တ တွေဟာ တခါတလေ အခြေအနေအရ အဆင်ပြေသလိုရှိနေတတ်ပေမဲ့ ရေရည်မှာ ဘ၀က လုံးပါးပါးစရာ သာရှိ ပါတယ်။
ဒုတိယအမျိုးအစားက ကိုယ့်ကို မထိခင်ကထည်းက သိတဲ့ လူပါ။ - ကိုယ်ကို မထိခင် သူများတွေ ထိခိုက်ခံစားနေရတာကို သိရှိအောင် လေ့လာအကဲခတ်ထားတဲ့လူတွေပါ။ ရောဂါ ဘယဘဲဖြစ်ဖြစ်၊ ကာဒ် ဘေးဘဲ ဖြစ်ဖြစ်၊ စစ်ဘေးဘဲ ဖြစ်ဖြစ်၊ ကိုယ့်နေရာမှာ မဟုတ်ဘဲ တခြားတနေရာ မှာ ဖြစ်နေပေမဲ့ လေ့လာရင်း ကြိုတင်ကာကွယ် တတ်တဲ့ လူမျိုးပါဘဲ။ ဒီလိုမျိုးကြိုတင် သိရှိအောင်လည်း လေ့လာဆည်းဗူး ထားကြပါတယ်။ ဒါတွေက မိဘတွေ၊ ကျောင်းပညာရေးတွေက အထောက်အကူပြုပါတယ်။
ဒီနေရာမှာ”လေ့လာရေး” ဆိုတာကို ပေါ့ပေါ့ပါပါး တော့ မထင်စေချင်ပါဘူး။ လေ့လာရေးနဲ့ ပတ်သက် တဲ့ဆောင်းပါး ကို ဥက္ကဌ မော်ကလည်းရေးသားဘူးပါတယ်။သူများတွေ ဖြစ်တာတွေကို ကြိုတင်လေ့လာထာမှ ကိုယ်အလှည့်အရောက်မှာ သက်လုံကောင်းစေမှာဖြစ်ပါတယ်။ ဒီတော့ သူများ၊ကိုယ်ပတ်ဝန်းကျင်၊ ကိုယ့်ဒေသ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်ကမ္ဘာစသည့်ဖြင့် ကျယ်သလောက်ကျယ်ကျယ်လေ့လာနိုင်ရင်တော့အကောင်းဆုံးပေါ့။ ဒါကြောင့်ဘဲ အန္တရာယ်ကို ကြိုကာကွယ် နိုင်ဖို့ လေ့လာရေးကို မပျင်းမရိ လုပ်သင့်ပါတယ်။
ကြိုတင်သိမြင်ခြင်းဟာ အန္တာရာယ်ကို ရှောင်လွှဲနိုင်သလို၊ ကြုံရရင်လည်း ခံသာမည့်နည်းလမ်းကို သိထားနိုင်ပါတယ်။ သူတပါးထိပြီဆိုတာကို သိရင် ဘယ်လိုကိုယ်ဆီ ရောက်လာနိုင်လည်း ဆိုတာ စဉ်းစားနိုင် ပါတယ်။ အခုလို ကမ္ဘာပတ် အရင်းရှင်ခေတ်မှာ ကမ္ဘာဒေါင့်တနေရာက အဖြစ်အပျက်ဟာ တခြားတဒေါင့် တနေရာကို ကူးစက်ဖို့ မြန်ဆန်နေတော့ ကိုယ်အဖြစ်လောက်သာ စိတ်ဝင်စားနေရင် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ အောက်မှာ အဖြေရှာမရဖြစ်ပြီး သားကောင်ဘ၀ရောက်နေ မှာပါဘဲ။ လေ့လာရေး ကသာ လိုချင်တဲ့ အဖြေကို အထောကါအကူပြုပေးပါလိမ့်မယ်။
ဒီတော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဆိုရင် သူတပါးအကြောင်းအရာတွေကို မသိကျိုးကျွန်ပြု မထားဘဲ ကိုယ်နဲ့ ဘယ်လို ပတ်သက်လာပြီး ဂယက်ရိုက်နိုင်တယ်ဆိုတာ လေ့လာထားရပါတော့မယ်။
အခုလို အင်အားကြီးတဲ့ လက်နက်တွေ၊ ကျယ်ပြန့်တဲ့ဆက်သွယ်ရေးစံနစ်တွေ၊ မြန်မြန်ဆန်ဆန် တိုး တက်နေတဲ့ အကောင်း အဆိုး နည်းပညာတွေ ထွန်ကားနေတဲ့ ၂၁ ရာစုမှာ တကိုယ်တော်၊ အထည်း ကျန်ကျင့်ကြံလို့ မရတော့ဘူး။ ဒီတော့ သူတကာတွေ ဘယ်လို ဖွံ့ဖြိုးတိုးတက်လာကြသလဲ။ ဘယ်ပုံဘယ် နည်းကျိုးပမ်းကြသလဲ။ ဘယ်လောက် ကြီးကြီးမားမားပေါင်းစည်းလုပ်ကြသလဲဆိုတာကို ကျွန်တော်တို့ မျက်စေ့နဲ့ နား တွေ အစွမ်းကုန်ဖွင့်ပြီး လေ့လာဆည်းဗူးမှ အုပ်ချုပ်ရေးစံနစ် ပျက်စီးနေတဲ့  ခေတ်နောက်ကျ ကျန်ရစ်နေတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေ ဘ၀ကို လူတလုံး သူတလုံး အဖြစ် ရပ်တည်နိုင်ကြမယ်လို့ ကျွန်တော် အကြုံပြု လိုက်ပါတယ်။
အများအကျိုး သယ်ပိုးကြ။
တော်လှန်ရေးထက် မြင့်မြတ်သည့် အရာသည်မရှိ။
ဦးအေးဆောင်
မေ -၂။ ၂၀၁၉။

Tuesday, April 30, 2019

မအလတပ်တို့ အကြမ်းဖက်ရေးကို ဦးတည်ပြီ။


မအလတပ်တို့ အကြမ်းဖက်ရေးကို ဦးတည်ပြီ။

ဧပြီလ ၃၀ ရက်နေ့ မအလတပ်ရဲ့ ထုတ်ပြန်ချက်က အပစ်ရပ်ကလကို ၂ လတိုးပြီး အရင်အတိုင်း စစ်တိုင်း ၅ တိုင်းမှာသာ အပစ်ရပ်ခါ ရခိုင်ပြည်နယ် ရှိတဲ့ အနောက်ပိုင်းတိုင်းကို ချန်လှပ်မြဲ ချန်လှပ် ထားပါတယ်။ ဒါက တနိုင်ငံလုံး အပစ်ရပ်ရေး သဘောထား မရှိတာကို ဗြောင်ကျကျ ဖေါ်ပြပါတယ်။
ငြိမ်းချမ်းရေးစကားလုံးတွေသုံးနေပေမဲ့ မအလတပ်က  “ချေမှုန်းရေး” ကိုဘဲရွေးနေတာသိသာပါတယ်။ အခုတော့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ကလည်း သူထိကိုယ်မခံ၊ ကိုယ်ထိသူမခံ သဘောထား တွေထုတ် ဖေါ်ထားတော့ ငြိမ်းချမ်းရေး မပြောနဲ့ အပစ်ရပ်ရေးတောင် မျှော်လင့် နိုင်စရာမရှိတော့ပါ။ ပိုမိုပြင်းထန်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေဆီ ဦးတည်နေပြီဖြစ်ပါတယ်။
မအလရဲ့ အကြမ်းဖက်လမ်းစဉ်က တိုင်းရင်းသားတွေရဲ့ ညီညွတ်ရေး သဘောထားကို စိန်ခေါ်စမ်းသပ် လိုက် တာဖြစ်ပါတယ်။ ပြီးခဲ့ သမိုင်းတလျှောက်မှာ ကိုယ်ကျိုးကြည့် ၀ါဒ နဲ့သာ စခန်းသွားနေခဲ့ တဲ့ တော် လှန်ရေး တိုင်းရင်းသားတွေအနေနဲ့ ယခုအခါမှာ သိပ်စည်းကျစ်လစ်ပြီး အမြင်ကျယ်ကျယ်နဲ့ ဘုံရန်သူ စစ်အာ ဏာတိုက်ဖျက်ရေးကို ဦးတည်ရတော့မှာဖြစ်ပါတယ်။
ဒါဟာ နိုင်ငံရေး အဆင့်သစ်တခုကို တက်လှမ်းဖို့ အခြေအနေက ဖန်တီးလာတာပါ။ အေအေ ကိုသီးသန့်ချန်လှပ် တိုက်ခိုက် ပြီးရင် တခြားအဖွဲ့တွေကိုလည်း ထိုနည်းအတိုင်း တိုက်ခိုက်မှာကို လွယ်လွယ် ကောက်ချက်ချ ရနိုင်ပါတယ်။ ဒီတော့ ငါ့အလှဲ့ မဟုတ်ရင် ပြီးရော ဆိုတဲ့သဘောထားက အားလုံး ပျက် သုန်းရေးကို ဦးတည်နိုင်တာကြောင့် စုပေါင်းရပ်ခံရှင်သန်လား၊ သီးခြားဖြိုခွဲခံမလား ဆိုတဲ့ မေးခွန်းကို တော်လှန်သော လူမျိုးစုတွေ အနေနဲ့ လက်တွေ့ ဖြေဆို ပြသရတော့မှာဖြစ်ပါတယ်။ အဖိနှိပ်ခံ ညီညွတ်ရေးနဲ့ ဘုံရန်သူဝိုင်းတိုက်ရေး စိတ်ဓါတ်ကို မွေးရပါလိမ့်မယ်။  
ဖိနှိပ်သူ မအလ ခေါင်းမာဂိုဏ်းဟာ လက်တဆုတ်စာသာရှိပြီး အဖိနှိပ်ခံ လူမျိုးစု အပါအ၀င် ပြည်သူ တွေက ဧရာမအများစုကြီးဖြစ်ပါတယ်။ မအလတပ်ဟာ လူထုချဉ်ဖတ်ဖြစ်နေသလို နိုင်ငံရေးအရ အထည်းကျန် အ၀ိုင်းခံနေရတာပါ။
နိုင်ငံရေးအရ ဖြေရှင်းနိုင်ခဲ့ရင် ပြဿနာဟာ ကြီးထွားစရာမရှိပေမဲ့ အခုတော့ အပ်နဲ့ထွင်းရ မည့်ပြ ဿနာက ပေါက်ဆိန်နဲ့ ပေါက်ရတဲ့ အဖြစ်ကို ရောက်တော့မှာပါ။ ဒါက အုပ်စိုးသူတွေရဲ့ ဖိနှိပ်မှုကြောင့် သာ ဖြစ်လို့ အုပ်စိုးသူတွေကို ပြောင်းလဲ ပစ်တဲ့ အလုပ်ဟာ မဖြစ်မနေစဉ်းစားရတော့ မည့် အချက်ဖြစ်တာကို သိရှိ စွဲမှတ်လုပ်ဆောင်ကြစေချင်ပါတယ်။
ငြိမ်းချမ်းရေး အတွက် တိုက်ပွဲဝင်ကြ။
လူထုအစိုးရ စစ်စစ်ပေါ်ထွန်းရမည်။
ဦးအေးဆောင်
မေ - ၁၊ ၂၀၁၉။







Friday, March 1, 2019

လုပ်စေချင်တဲ့ အရာ


လုပ်စေချင်တဲ့ အရာ
လူထုတွေရဲ့ စွမ်းပကားကို ယုံကြည်သူတယောက် အနေနဲ့ လူထုတွေ ဆက်စပ်စုစည်း လှုပ်ရှား တတ်အောင် လုပ်ပေးရမယ်ဆိုတဲ့ အတွေးက စိတ်ကူးထဲမှာ အမြစ်တွယ်နေတာကြာခဲ့ပြီ။ ဒါပေမဲ့ အ ကြောင်း ကြောင်းတွေကိုတွေးရင်း အချိန်တွေ ကုန်လာခဲ့ရတယ်။  ကြာလာသည်နှင့်အမျှ ရေးချင်စိတ်ကလည်း တိုးတိုး လာနေတော့ ကျွန်တော့် အမြင်ကို တင်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
စစ်တပ်ဒေါက်တိုင်ပါတီတွေကို မဲမပေးနဲ့၊NLD ကိုမဲမပေးနဲ့၊ တခြား တိုးတက်တဲ့ အရပ်သားပါတီကို အားပေးပါ လို့ ဆိုတော့၊ တခြားပါတီမှမရှိတာလို့ လူတယောက်ကပြန်ပြောတယ်။ ဒီတော့ ကျွန်တော်က ပါတီ ထောင် ပေါ့လို့ ဆိုလိုက်တယ်။ ပါတီတခုထောင်ဖို့ ဆိုတာမလွယ်မှန်းသိပေမဲ့ လွယ်တာကိုဘဲ ရွေးလုပ် တတ်တာကိုတော့ ကျွန်တော်က သိပ်အားမပေးချင်ပါဘူး။ ခက်တာတွေကို ဘယ်သူကလုပ်ကြတော့မှာလဲ။  လိုလျှင်ကြံဆ နည်းလမ်းရ - ဆိုတာကို လက်ခံ စေချင်ပါတယ်။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ တပါတီ မဆလခေတ် တွေတုန်းလည်း မြေအောက် လှုပ်ရှား မှုတွေကို ကျွန်တော်တို့ ပြည်သူတွေ လုပ်ဝံ့ကြတယ်။ လုပ်ခဲ့ကြတာဘဲ။ အခုလို ပါတီစုံဆိုပြီး လုပ်နေတဲ့ ကာလမှာ ဟိုတုန်းကလောက်ခက်မယ် မထင်ဘူး။ နည်းနာသာ နည်းနည်းလိုမှာပါ။ ရွေးကောက်ပွဲ ခါတော်မှီ  ဖွဲ့လိုက်ကြတဲ့ ပါတီတွေ တထောကြီး။ မှတ်ပုံတင် ပါတီတွေပေါ့။
မဲပေး ရမယ်ဆိုတဲ့ အစွဲက လူထုစိတ်ထဲမှာရှိနေတယ်။  မဲပေးချင်တာထက် လိုချင်တာဘာဆိုတာကို သိဖို့တော့လိုမှာဘဲ။ ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေး တပ်ဦးအနေနဲ့ “စစ်အာဏာရှင်စံနစ်တိုက် ဖျက် ရေးသည်သာ  ယနေ့တော်လှန်ရေး တာဝန်ဖြစ်သည်”လို့ဆိုထားတော့ စစ်အာဏာရှင် စံနစ်ကို တိုက်ဖျက်မည့် နိုင်ငံရေးပါတီ ၊ဒါမှ မဟုတ် တိုက်ဖျက်မှုကို ဦးတည်တဲ့ ပါတီကိုသာ မဲပေးရရင် ပေးမှာပါ။ “ တော်လှန် ရေးတာဝန်” ဖြစ်နေလို့လည်း တော်ယုံတန်ယုံလူက အနားတောင်သီမှာမဟုတ်မှန်းသိပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်ရဲ့ တာဝန်က တာဝန်သာဖြစ်ပါတယ်။ ထမ်းဝံ့ မထမ်းဝံ့က ကာယကံရှင် တယောက်ရဲ့ ခံယူချက် သာဖြစ်မှာပါ။ 
မှတ်ပုံတင်မှ နိုင်ငံရေးလုပ်ရတယ်လို့ ကျွန်တော်မယုံကြည်ဘူး။ ကိုယ့်မှာ ခိုင်မာတဲ့ နိုင်ငံရေး ယုံကြည် ချက်ခံယူချက်ရှိရင် မှတ်ပုံတင်တင်၊ မတင်တင်လုပ်လို့ရတာပါဘဲ။ အရင့်အရင်က ကွန်မြူနစ်ပါတီတွေကော မှတ်ပုံတင်ကြလို့လား၊ ဖဆပလက ကော ဂျပန်ဆီမှာ မှတ်ပုံတင်လို့လား။ ဒီတော့ နိုင်ငံရေး ခံယူချက်သာ အဓိကကျတာကို သိစေချင်လို့ပါ။
နိုင်ငံရေး ခံယူချက်အကြောင်းကို ပြောဖို့ လိုအပ်လာပြီ။ နိုင်ငံရေး ဖြစ်တဲ့ အတွက် နုလုံးသားရေးရာ လောက်တော့ မသေးဘူး။ ကြီးလွန်းလို့ တယောက်ထည်းနဲ့လည်း မနိုင်ဘူး ဒီတော့ တခြားလူတွေပါ ပါဝင် ပတ်သက်လာအောင်၊ တိုက်ပွဲဝင်လာအောင်လုပ်ဆောင်ရမှာဆိုတော့ တကိုယ်ထည်း ကျိတ်ခံစားနေလို့ မပြီး တော့ဘုး။ ဖြန့်ကျက်ရတော့မယ်။
ဒီနေရာမှာလည်း ကိုယ့်လွတ်လပ်ခွင့်လေး ထိပါးမှာစိုးလို့ ဘယ်ပါတီမှ မပါဘူးဆိုတဲ့ လူတွေ လည်း တွေ့ဘူးတယ်။ ဘယ်လောက်တော်တဲ့ ဘော့လုံး သမားဖြစ်ဖြစ် တယောက်ထည်းနဲ့ တော့ ဖလား မရနိုင်ဘူး ဆိုတာကို သိဖို့လိုပါတယ်။ နိုင်ငံရေး၊ တော်လှန်ရေး ဆိုတော့ ပိုလို့တောင် လူများများဝိုင်းဖို့ လိုနေတာပေါ့။ ၀တ္တရားလေးပိုတာ၊ ကိုယ့်လွတ်လပ်မှုလေး ထိခိုက်တာလောက်တောင် မခံနိုင် ရင်တော့ ဧကစာရီ အကျင့် သာကျင့်ပေတော့။ သူများတွေရဲ့ သားကောင်ဘ၀က ဘယ်တော့မှ လွတ်မှာလည်းမဟုတ်ပါ။ အထူး သဖြင့် ဘ၀င် မြင့်တဲ့ ပညာတတ်တွေမှာ ဖြစ်တတ်ပါတယ်။ ဒေါ်စုလို အနောက်တိုင်း ပညာတတ် တောင် ပါတီထောင် ရမယ်ဆိုတာသိလာရတာဘဲ။
“နောက်တန်းကဗမာတယောက်” စာအုပ်ထဲမှာ နိုင်ငံရေး၊တော်လှန်ရေး လုပ်မယ် ဆိုရင် ပါတီရယ်။ လမ်းစဉ်ရယ်၊ လူတန်းစားရယ် ဆိုတာရှိရမယ်လို့ လီနင်ရေးတာကို ကိုးကားပြီး တင်ပြထားပါတယ်။ တကယ်က လမ်းစဉ်က အရင် ရှိရမှာပါ - ဘာလိုချင်တယ် ဆိုတာပေါ့။ ဥပမာ - ကိုလိုနီစံနစ် ဆန့်ကျင်ချင်တာလား၊ ဖက်ဆစ်စံနစ် တိုက်ဖျက်ချင်တာလား၊ ဘာစံနစ် ဖြစ်နေလဲ၊ပြောင်းချင်တာလား၊ မပြောင်းချင်ဘူးလား ဆိုတာ တွေပေါ့။ ကျွန်တော်က တော့ “စစ် အာဏာရှင် စံနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီစံနစ်ထူထောင်ရး” လုပ်စေချင်တာ ။ ဒီလိုဆိုတော့ စစ်အာ ဏာရှင် စံနစ် မတိုက်ဖျက်ချင်တဲ့ လူ၊ စစ်အာဏာရှင်တွေနဲ့ ပေါင်းစား ချင်တဲ့ လူ၊ နေရာရပြီးတမ်း ဆိုသူတွေနဲ့ တော့ ကွာမှာ ပါဘဲ၊ ကွာကိုကွာရမှာလည်း ဖြစ်ပါတယ်။
လူတဦးတယောက်အနေနဲ့ အစုအဖွဲ့ မရှိရင် အားမရှိပါဘူး။ ဒါကြောင့်ဘဲ လူတွေဟာ အမျိုးအခြေခံ၊ ရပ်ရွာအခြေခံ၊ ဘာသာရေးအခြေခံတွေနဲ့ အနိမ့်ဆုံး စုစည်းနေကြရတာပါ။ အခုစုစည်းမှုကတော့ နိုင်ငံရေးအမြင် အရ စုစည်းရမှာ ဖြစ်တယ်။ စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ဒီမိုကရေစီထူထောင်ရေး အမြင်ပေါ်မှာ ရပ်တည် စုစည်းကြရမှာဖြစ်တယ်။
လူထုတွေကို စုစည်းဖို့ ဆိုတာကလည်း မြင့်မားတဲ့ နိုင်ငံရေးရည်ရွယ်ချက်ဖြစ်မှ တူနိုင်ပါတယ်။ အသေး အဖွဲအမြင်တွေနဲ့ စုစည်းထားရင်တော့ မကြာခင် အမြင်တွေကွဲပြားသွားနိုင်ပြီး အင်အားဆုတ်ယုတ်သွားနိုင် ပါတယ်။ ဥပမာ - လွှတ်တော်ထဲ ၀င်ပြင်နဲ့ ပြင်ဝင်ကိစ္စ၊ ခြေဥပြင်ရေး နဲ့ ဖျက်ရေးကိစ္စ ဟာ လူတွေကိုကွဲပြားစေပြီး စစ်အာဏာဆန့်ကျင်တိုက်ဖျက်ရေးကသာ လူတွေကို စုစည်းဖို့ ပို အားကောင်း စေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ခြေဥပြုပြင်ရေးနဲ့ တိုက်ဖျက်ရေး အလုပ်ဟာ ကြော်ငြာကောင်းလို့ ခေတ်စားနေတော့ စစ်အာဏာ တိုက်ဖျက်ရေး အမြင်ရဲ့ လက်အောက်ခံသာဖြစ်တယ်ဆိုတာကို သတိပြုဖို့တော့လိုပါတယ်။ ဒါမှသာ စုစည်းမှုကို ထိန်းသိမ်းနိုင်စရာ ရှိပါတယ်။ ဒါမှ မဟုတ်ရင်တော့ သာမညအကြောင်းအရာတွေသာ လွှမ်းမိုးနေပြီး အဓိက ပစ်မှတ်က ဘေးရောက်သွားခါ ပြန်ဒုက္ခပေးမြဲ ပေးနေပါလိမ့်မယ်။
စုစည်းရေး၊ စည်းရုံးရေးဟာ လှုပ်ရှားမှုတိုင်းရဲ့ အသက် ဖြစ်တာကို နိုင်ငံရေးလေ့လာသူတိုင်း သိထားပြီးသားပါ။ အရေးပါတာကိုလည်း နားလည်ကြပါတယ်။   ဒါပေမဲ့ အချိန်ကာလ အလျှောက် ဘယ်ပေါ်မှာ စည်းရုံးကြရမလဲ ဆိုကို သိတဲ့သူနည်းပါတယ်။ သိတဲ့လူနည်းတယ် ဆိုတာက သူတို့ လုပ်ကိုင်နေကြတဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီးပြောရတာပါ။ ဥပမာ NLD ဆိုရင် လူထု ဆန့်ကျင်ရေးဘက်တောင် ရောက်နေပြီ။ ဒါကြောင့်ဘဲ သိတဲ့သူနည်းတယ်လို့ ဆိုတာပါ။
ယခုလက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေအရ လူထုတွေက ထက်မြက်တဲ့ အမြင်တဲ့ နိုင်ငံရေး ထဲမှာ အဓိကကျတဲ့ အခန်းကဖြစ်လာအောင် လုပ်ဖို့ အချိန်ဖြစ်နေပါတယ်။ အဓိကကျတဲ့ အခန်းကပါဖို့က အထက် ဖေါ်ပြခဲ့ သလို စုစည်းမှုအားရှိဖို့ လိုပါတယ်။ ဒီတော့ ဘယ်လိုစုစည်းမလဲ ဆိုတာကို အထက်က ပြောခဲ့ သလို ဘဲ စစ်အာဏာရှင် စံနစ် တိုက်ဖျက်ရေး ဆိုတဲ့  မြင့်မားတဲ့ နိုင်ငံရေးအမြင် ပေါ်မှာ စုစည်းရပါလိမ့်မယ်။စုစည်းတဲ့ ပုံစံကို “ လွတ်မြောက်ရေး ကော်မီတီ (လမက)” လို့ ခေါ်ချင်ပါတယ်။ ဘယ်လိုနံမယ်ဘဲဖြစ်ဖြစ် ရေရှည် မြင့်မားတဲ့ နိုင်ငံရေး အမြင်နဲ့ စုစည်းဖို့က အရေးကြီးပါတယ်။
စုစည်းရမည့် အခြေခံမူရရင် - စုစည်းဖို့ နည်းနာတွေလိုပါတယ်။ သေခြာတာက ဗြောင်လုပ်ဖို့ အခက် အခဲရှိရင် လျှို့ဝှက်လုပ်ရမှာဘဲ။ ဘယ်လိုလျှိုဝှက် လုပ်ရမလဲ ဆိုရင် မြေအောက်လှုပ်ရှားမှုတွေနဲ့ ပတ် သက် တဲ့ စာအုပ်စာတမ်းတွေမှာရှာ ဖတ်လည်းရတယ်။ ၀ါရင့်တော်လှန်ရေးသမားတွေ ဆီကလည်း လေ့လာ နိုင်ပါတယ်။ လျှို့ဝှက်ရေး စည်းမျဉ်းတွေတော့ သိထားဖို့ လိုမှာပေါ့။
လျှို့ဝှက် “လမက” ပေါ်လာလို့  လှုပ်ရှား မယ်ဆိုရင်လည်း တိုက်ပွဲနည်းနာလိုပါတယ်။ ဖြစ်သင့်တာ က“လူထုတိုက်ပွဲ - လက်နက်ကိုင်တိုက်ပွဲ” နည်းနာကို ကျင်သုံးစေချင်ပါတယ်။ လူထုတွေက မကျေနပ်ချက်ကို ထုတ်ဖေါ်ရာမှာ၊ တောင်းဆိုဆန္ဒပြရတာ၊ သပိတ်မှောက်တာ၊ စီတန်းလှည့်လယ်တာတွေ လုပ်ရတယ် ဆိုတာကို နားလည်ထားကြပေမဲ့ ၊ လက်နက် ကိုင်တိုက်ပွဲ အကြောင်းကိုတော့ သိပ်သဘောပေါက်ပုံ မရဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ၈၈ ဆန္ဒပြတုန်း က စစ်သားတွေ ပါလာပေမဲ့ အာဏာမသိမ်းနိုင်ခဲ့ပါဘူး။ အခုလည်း လက်နက်ကိုင်တိုက်ပွဲနည်းနာထက် ဆွေးနွေးယူရေး၊ ရင်ကြားစေ့ရေး တွေကိုဘဲလုပ်နေကြတာတွေ့ရမှာပါ။  ဒါဟာ လက်နက်ကိုင်လမ်းစဉ်မရှိလို့ပါ။ ဒေါ်စုလောက် အားကိုးနေသူတွေက အာဏာသိမ်းဖို့လည်း စိတ်ကူး မည့်သူတွေ မဟုတ်ပါဘူး။ အာဏာရှင် ကို လူထုအင်အားအာဏာနဲ့ သာဖြုတ်ချနိုင်ပါလိမ့်မယ်၊ ရွေး ကောက် ပွဲတို့၊ ဆွေးနွေးမြူဆွယ်မှုတို့ က စစ်အာဏာရှင် ကို အယားပြေစေယုံလောက်သာဖြစ်စေပါတယ်။ ဒါကြောင့်ဘဲ “  လူထုတိုက်ပွဲ - လက်နက်ကိုင်တိုက်ပွဲ” လမ်းစဉ်ဟာ လိုအပ်နေပါတယ်။ လက်နက်ကိုင်တိုက်ပွဲဟာ တောမှာဘဲ လုပ်လို့ရတယ်လို့ တလွဲ မတွေးစေချင်ပါဘူး။ ဇာဘုရင် တပ်ထဲက လီနင်တို့ လူတွေက အာဏာသိမ်းနိုင်တာ လက်နက် ကိုင်လမ်းစဉ်ရှိတာကြောင့်ပါဘဲ။ လီနင်က တောခိုပြီး ပျောက်ကြား ပစ်တဲ့ အလုပ်ကို မလုပ်ခဲ့ရပါဘူး။ အီရန်က အယာတိုလာ ခိုမနီလည်း ရှားဘုရင့်တပ်ကို အမြှောက်နဲ့ မပစ်လိုက်ရပါဘူး။ ဒါတွေက သူများတွေ အာဏာသိမ်းနိုင်တာ လက်နက်ကိုင် လမ်းစဉ် ရှိနှင့်ထားလို့ဆိုတာသိစေချင်လို့ပါ။  ဒါတွေက ကြို တင် ချမှတ် ထားရတဲ့ နည်းနာတွေပါ။ အရေးပေါ်မှ ဆိုရင် ငြင်းခုံနေရတာနဲ့ ပြေးပေါက်မှားသွားနိုင်ပါတယ်။
အခြေခံလုပ်ငန်းက နေရာတိုင်းမှာ “ လမက” တွေဖေါ်ဖို့ ဖြစ်ပါတယ်။ လက်ငင်းအခြေအနေမှာ လျှိုဝှက် လှုပ်ရှားမှုဖြစ်နေတော့ နံမယ်အမျိုးမျိုးနဲ့ စုစည်းမှုကို လုပ်ပြီး တိုးတက်တော်လှန်သူတွေနဲ့ လျှိုဝှက် ဆက်စပ် ဖွဲ့ကြရမှာဘဲ။ဒီလိုလုပ်ဖို့က စီစဉ်တတ်ဖို့တော့လိုမယ်။ ဒါတွေက လေ့လာစူးစမ်းရင်းနဲ့ လက်တွေ့ကျင့်သုံး သွားရမည့်အလုပ်တွေ။ ဒီလိုဖြစ်နိုင်အောင် ကျွန်တော်က အားပေးချင်တယ်။ plfburma@gmail.com ကိုဆက်ပြီး ဆွေးနွေးနိုင်ပါတယ်။
ကျွန်တော့်အတွေ့အကြုံ အရ - လူတွေက မတရားမှုကို ဆန့်ကျင်ချင်တယ်၊ ဖိနှိပ်မှုကို တွန်းလှန် ချင်တယ်။ ဒါပေမဲ့ အားမရှိဘူး။ အားကို ဘယ်လိုမွေးရ မလဲလည်းမသိဘူး။ သိပြန်တော့လည်း ဂိုဏ်းဂဏတွေ၊ လူမျိုးရေး၊ဘာသာရေး၊ပုဂ္ဂိုလ်ရေး အတွေးအခေါ်တွေရဲ့ အတားအဆီးအောက်မှာ လမ်းပျောက်နေကြ တာကို ဘဲ ၀မ်းနည်းစွာ တွေ့နေရလို့ ကျွန်တော်တို့ ခေတ်မှာ စစ်အာဏာကို ဖြိုချနိုင်ရေး အတွက်ဒါတွေကို ကျော်လွန် ဖေါက်ထွက်သင့်ပါတယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
အောင်ပွဲကိုတိုက်ယူကြ။
ဒီမိုကရေစီ မုချရရမယ်။

ဦးအေးဆောင်
မတ်လ ၂။ ၂၀၁၉။

Saturday, February 16, 2019

တော်လှန်ရေး အဓွန့်ရှည်ပါစေ။


တော်လှန်ရေး အဓွန့်ရှည်ပါစေ။

ဒီကြွေးကြော်သံဟာ နိုင်ငံတကာ လက်ဝဲအင်အားစုတွေ ပြုလုပ်တဲ့ အစည်းအဝေးတွေမှာ ကြွေး ကြော်လေ့ရှိတဲ့ ကြွေးကြော်သံပါ။ ဒီကြွေးကြော်သံကို ၈၈ အရေးတော်ပုံကနေ ထွက်လာတဲ့ အင်အား စုတခုက လူတယောက်က အစည်းအဝေးတခုမှာ ကြွေးကြော် လိုက်တယ်ဆိုဘဲ။ ဒီတော့ အစည်း အဝေး တက် ရောက်သူတွေက တော်လှန်ရေးက ကြာလာပြီ ပိုကြာအောင်တော့ မလုပ်ပါနဲ့ ဆိုပြီး ကန့်ကွက် ကြ တယ်တဲ့။ ကြွေးကြော်တဲ့ လူကို ၀ိုင်းလှောင်ကြတယ်တဲ့။ ကြွေးကြော်တဲ့ သူကလည်း ဘာမှပြန်မချေပနိုင်သလို သူကိုယ် တိုင်လည်း နောက်ဘယ်တော့မှ အဲဒီကြွေးကြော်သံကို မကြွေးကြော်တော့ဘူးတဲ့။ ဒီကြွေးကြော်သံကို အားပေးထောက်ခံသူလည်း မရှိခဲ့ကြပါဘူး ဒါဟာတကယ်ဖြစ်တဲ့ ဖြစ်စဉ်ပါ။
          ဒါကို ကျွန်တော်ကြားပါတယ်။ ကျွန်တော်က သူတို့အဖွဲ့ထဲကမဟုတ်သလို၊ သူတို့က အရင်လူတွေ တော်လှန်ရေး မလုပ်တတ်လို့ကြာတယ် လို့ ယူဆသူတွေဆိုတော့ အရင်လူ ကျွန်တော်က ဘာလို့ ၀င်ပြောရ တော့မှာလဲ။ ၀င်ပြောရင်လည်း ဆရာလုပ်တယ်လို့ဘဲထင်မယ်ဆိုတာ သိနေပြီးသား။အဲဒီတုန်းက သူတို့တတွေ မိုးမမြင်လေမမြင် ဘ၀င်မြင့်နေတဲ့ ကာလဆိုတော့ ဒီတော့လည်း မောင်လိုနေမြဲ ကျားနေမြဲဘဲ နေခဲ့ လိုက်ပါတယ်။
          အခုကဘာလို့ပြောချင်ရတာလဲ ဆိုတော့ အမြင်မှားကြီးတခုကို အဟုတ်မှတ်ပြီး တော်လှန်ရေး လှုပ်ရှား မှု တလျှောက်မှာ မတင်ကျန်စေချင်လို့ပါဘဲ။ “တော်လှန်ရေး အဓွန့်ရှည်ပါစေ” ဆိုတဲ့ စကားက “တော်လှန်ရေး” ဆိုတာကို အဓိပ္ပါယ် သေသေချာချာမသိဘဲ သူများအော်လို့ လိုက်အော်တော့ တကယ့်တကယ် ရဆိုင် ဖြေရှင်းရတော့မယ်ဆိုတော့ မဖြေရှင်းနိုင်ဘဲ ဖြစ်သွားတာ၊ မရင်ဆိုင်နိုင်တာကို ဒီအထက်ကဖြစ်ရပ်က ပေါ်လွင် နေ့ပါတယ်။
          “ တော်လှန်ရေး” ရဲ့ အနက်အဓိပ္ပါယ်က ကျယ်ဝန်းလှပါတယ်။ ၈၈ ကလူတွေ တောလာခိုပြီး အိမ်ကို မြန်မြန်ပြန်နိုင်ရေးလောက် ဟာ “တော်လှန်ရေး”ဆိုတဲ့အသိလောက်နဲ့ လာကြတာတော့ အခုအချိန်မှာ မှားမှန် သိလောက်ပြီလို့ထင်ပါတယ်။ “တော်လှန်ရေး” ဆိုတဲ့ အဓိပ္ပါယ်ဟာ အိမ်ပြန်ရေးလောက်သာမက၊ မြန်မာပြည် တော်လှန်ရေး လောက်သာမက၊ စင်္ကြာဝဠာအတွင်း အရာရာမှာ တိုးတက်ဖြစ်ပေါ်မှုအတွက် တော်လှန် ပြောင်းလဲ ရမယ် ဆိုတဲ့ အမြင်အထိ ခံယူသိရှိဖို့ လိုပါတယ်။သဘောတရား နက်နက်နဲနဲပေါ့။
          ဒါကြောင့်ဘဲ အသက်စွန့်တိုက်ပွဲဝင်သူတွေ၊ကြိုးစင်တက်ခါနီးသူရဲကောင်းတွေက ဒီကြွေးကြော်သံကို ကြွေးကြော် တတ်ကြပါတယ်။
          တော်လှန်ရေးရဲ့ နက်နဲပုံကို ကျွန်တော် ဥာဏ်မှီသလောက်ပြောပြပါရစေ။ ကျွန်တော်တို့ နေတိုင်း တော်လှန်နေရတယ် လို့ ဆိုရင် ယုံမလား - ကျွန်တော်တို့ဟာ ကမ္ဘာရဲ့ ဆွဲအားကို ဆန့်ကျင်ပြီး တော်လှန် ရပ်တည်နေရတာပါ။ ဒီလိုရပ်တည်နိုင်ဖို့ လိုအပ်တဲ့ လောင်စာကို ကျွန်တော်တို့ ကိုယ်ထဲထည့်နေရတယ်။ အစာစားရတယ်၊ သောက်ရတယ်ပေါ့။ ဆွဲအားကို မတွန်းလှန်နိုင်ရင် ကိုယ်လက်ကိုက်ခဲတာ၊ မလှုပ်ချင် မရှားချင်ဖြစ်လာမှာပါဘဲ။ ဒါတွေက သဘာဝတရားအရ ရုန်းကန်နေကြရတာကို သိစေနိုင်ပါတယ်။ တွန်းကန် အား မရှိတော့ တဲ့ လူသေတွေရဲ့ ကိုယ်ခန္ဓာက လူရှင်တွေထက်ပိုလေးပါတယ်။ ဒါကို မသိနား မလည်သူတွေက သရဲစီးတယ်လို့ ဆိုကြတာဘဲ။
လောကမှာ ရုန်းကန်လှုပ်ရှားရတာကို သန္ဓေသားဘ၀ကနေ မိခင်ဝမ်းထဲက ကျွတ်လာရပုံ၊ ကြက် ကလေးတွေ ကြက်ဥထဲက ဖေါက်ထွက်လာရပုံ၊ လေတိုက်တုန်း ကြောင်ရှာသီးတွေ ကွဲထွက်ပြီး အစေ့ တွေပြန့်လွှင့် သွားကြပုံတွေက အဆင့်တခုအတွက် ရုန်းကန်ပြောင်းလဲ ရတာကို ပြတဲ့ သက်သေတွေပါဘဲ။
တော်လှန်ရေးရဲ့ သဘောတရားကို မသိဘဲ အိမ်ပြန်ချင်တာ လောက်နဲ့ တော်လှန်ရေးကို ကြည့်မြင်ကြ တော့ တော်လှန်ရေးက တောမှာဘဲရှိသယောင် ထင်မှတ်မှားနေတာကို သိသာစေပါတယ်။ ဒီတော့လည်း သူတို့ တော်လှန်ရေးက သက်ဆိုးရှည်ဖို့ ခက်တော့တာပေါ့။ မသိနားမလည်ရှာတဲ့ သူတွေကလည်း သူတို့ နဲ့ အတူ ကိုယ့်ကိုယ်ကို ဘာဖြစ်မှန်းမသိ ဖြစ်သွားကြရတော့တယ်။ ဒါတွေကို မမြင်ချင်ပါဘူး။
ခတ်တိမ်တိမ်အမြင်နဲ့ နိုင်ငံရေး၊ တော်လှန်ရေး လုပ်သူတွေကို မကြာမကြာတွေ့ပါတယ်။ လူမျိုးစု တခုရဲ့ ခေါင်းဆောင် တယောက်နဲ့ ရင်းနှီးလို့ သူကို “ ခင်ဗျားအဖွဲ့ ဂိတ်ဖွင့်ပြီး ရံပုံငွေ ကောက်ပါလား ” လို့ပြောတော့ သူက “  ကောက်စားတာထက် (NGO ဆီက)တောင်းစားတာ သက်သာတယ်” တယ်တဲ့ဗျား - ကောင်းရော။
ဒီတော့ အခုလည်းနိုင်ငံရေး နယ်ပယ်ထဲမှာ စစ်ဗိုလ်တွေ အလုံးအရင်းနဲ့ ၀င် နေရာယူဖို့ပြင် နေကြပြန် တယ်။ သူတို့တတွေလည်း ပင်စင်စားတာထက် လွှတ်တော်မှာ မျက်မျက်ကလေးရသလို အာဏာပါဝါ တွေ လည်း ရဦးမယ်ဆိုတော့ ငါးမရ ရေချိုးပြန်မည့်သူတွေသာဖြစ်နေတယ်။ လူထုဆီက မဲရအောင် လိမ်တာက လူထုတွေအတွက် လုပ်တာထက်လွယ်တယ်လို့ ယူဆတဲ့ လူတွေသာဖြစ်နိုင်တယ်။
တော်လှန်ရေးက - သိပြီး လုပ်လုပ်မလုပ်လုပ် ဖြစ်နေမှာဘဲ။ လူပိန်းကြိုက် အလွယ်လိုက် တာက လွယ်သလိုလို ကောင်းသလိုလိုရှိပေမဲ့ အချိန်နဲ့ ဒီရေကြားမှာ ဒုက္ခတွင်းက ပြည်သူတွေ ဒုက္ခရောက် သထက်ရောက် အချိန်တွေကြာ သထက်ကြာပြီး အမျိုးကန်းတဲ့ အဖြစ်တွေကို ရောက်သွားနိုင်ပါတယ်။
ဒီတော့ ရှေ့ရေးကို ဝေးဝေးကြည့်ပြီး “တော်လှန်ရေး အဓွန့်ရှည်ပါစေ”  ဆိုတဲ့ ကြွေးကြော်သံကို မြင့်မြင့်မားမား လွှင့်တင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
တော်လှန်ရေး အဓွန့်ရှည်ပါစေ။
အောင်ပွဲကို တိုက်ယူကြ။

ဦးအေးဆောင်
ဖေဖ၀ါရီ - ၁၇။ ၂၀၁၉။