ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Monday, May 18, 2015

လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတာ ဘာလဲ



(အမေရိကန် Wealth Daily  မှ ဆောင်းပါး ဘာသာပြန်)?
လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတာ ဘာလဲ
ဗုဒ္ဓဟူးနေ့ ၊မေ ၁၃၊ ၂၀၁၅။
ရေးသူ - Briton Ryle
ဒီဆောင်ပါးက တချို့လူတွေကို ထိခိုက်မိစရာရှိမှာပါ။ ဒါပေမဲ့ အမေရိကန်တွေရဲ့ အခြေခံ အခွင့် အရေးကို ခြိမ်း ခြောက်နေတော့လည်း ဒါကိုပြောရမှာဘဲ ….
ကျွန်တော်က ကျွန်တော့် ခံယူချက်နဲ့ ယုံကြည်ချက်မှာ အခိုင်အမာရှိနေမယ်ဆိုရင် ကျွန်တော်တန်ဖိုးတထား ဆုတ်ကိုင်ထားတဲ့ အခြေခံ အယူအဆကို ခင်ဗျားက သဘောမတူ၊ ဒါမှ မဟုတ်တိုက်ခိုက်မယ် ဆိုလည်း ကျွန်တော့်အတွက် ဘာမှဖြုံမှာ မဟုတ်ဘူး။ ကျွန်တော်ယုံကြည်ချက်ကြောင့် လူမိုက်လို့ ခေါ်ချင်လည်းခေါ်ပါ။ ကျွန်တော်ကတော့ ခင်ဗျားကို ငတုံး စာရင်းထဲမှာ ထည့်မိမှာဘဲ။ ခင်ဗျားကိုကျွန်တော်က မခြိမ်းခြောက်နိုင်သလို ဘယ် တော့မှလည်း ခြိမ်းခြောက်မှာ မဟုတ်ဘူး။ ခင်ဗျားပြောချင်တာပြောတာကို ဘာမှ တားဆီးတာလည်း လုပ်မှာမဟုတ်ပါဘူး။
ဒါဟာ လွတ်လပ်စွာပြောဆိုခွင့်ပါ။
လွတ်လပ်စွာ ပြောဆိုခွင့် ဆိုတာ ကျွန်တော်တို့သိထားတာထက် ပိုမိုတန်ဖိုးရှိပါတယ် - ကျွန်တော်တို့ ယုံကြည် ချက်နဲ့ ခံယူချက်ကိုလည်း အားကောင်စေပါတယ်။
တဦးတယောက်က ခင်ဗျား အခိုင်အမာယုံကြည်ထားတာကို ထိပါးတယ်၊ လာယှဉ်မယ်ဆိုရင် ဒေါသထွက် မှာဘဲ၊ တခုခုလည်းလုပ်ရမှာဘဲ - ဘာကြောင့်များလဲ ဆိုတာလည်း အသေးစိတ် စဉ်းစားရတော့မယ်။ ဘာကြောင့် ငါ စိတ်ထိခိုက်ရတာလဲ ပေါ့။
ဒီလို စဉ်းစားလာတာတွေက ကျွန်တော်တို့ ယုံကြည်ချက် ခံယူချက်ကို ကိုယ်ဘာသာ ပြန်ဆန်းစစ်စေပြီး ပိုအားကောင်းလာစေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ယုံကြည်ချက်ရဲ့ အကြောင်း အချက်ကိုလက် ခံ ထားမလား ပယ်ပစ်လိုက်မလား ပေါ့။
Wealth Daily မှာ ကျွန်တော် ဆောင်းပါးနှစ်ပုဒ်ရေးပါတယ်။ ဝေဖန်စာတွေ တော်တော်ရခဲ့တယ်။ အတိုးနှုန်း တွေအကြောင်းရေးရင် စီပွါးရေးသမားလို့ အခေါ်ခံရတယ်၊ Fox သတင်းတွေကို မေးခွန်းထုတ်ရင် လစ်ဘရာယ် တံဆိပ်အကပ်ခံရတယ်၊ အခု ၀ါရှင်တန်ပို့စ်သတင်းစာ ထဲက ဆောင်းပါးကို ဝေဖန်တော့ ဘယ်လို နံမယ် အတပ် ခံရဦးမလဲ စဉ်းစားနေမိတယ်။
ခင်ဗျား ကျွန်တော့်ကို ဘယ်လိုဖြစ်ဖြစ်ပြောနိုင်ပါတယ်။ ကျွန်တော် အရေထူပါတယ်။ ပိုတာက ကျွန်တော်ရေး တာ တွေကို ဘယ်လို တုန့်ပြန် ဝေဖန်ကြမလဲ ဆိုတာကို သုံးသပ်ဖို့လည်း မတွန့်ပါဘူး။
မေးခွန်းက ဒီမှာပါ - ဒါကို နားလည်မှုလွဲမယ်၊ တခြားပုံစံ တခုခုနဲံ့မြင်နိုင်တာလည်း သိပြီးသားပါ ၊ ဒါပေမဲ့ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော်က မေးရမှာဘဲ။
အမေရိကန်တယောက်နေနဲ့   တဦးတယောက်က အမေရိကန်အလံကို မီးရှို့နေတာကို ခင်ဗျားမြင်ရင် ဘယ် လို ခံစားမလဲ ? ။ အမေရိကန် ပြည်ကို မေးခွန်းထုတ်မလား၊ ဒါမှ မဟုတ် ခင်ဗျားအမေရိကန်ဖြစ်ရတာကို ပိုခိုင် မာ စေမလား?။
ကိုယ့်ကိုယ်ကို မညာတမ်းဆိုရရင်တော့ လူတချို့က အမေရိကကို ဒေါသဖြစ်တဲ့ အကြောင်းတွေ ရှိတာကို ကျွန် တော်တို့ နားလည်ပါတယ်။ ဒါတွေကို ရွှန်ပေါလ်ကလည်း ခင်ဗျားကို ပြောမှာဘဲ။ မလုပ်သင့်ဘဲ ဒရုံးတွေနဲ့ တိုက်လို့ တခြားနိုင်ငံက အရပ်သားတွေ သေရတာ၊ အီရတ်ထဲ ၀င်တဲ့ အမှား၊ နှိပ်စက်မှု - ဒါတွေအားလုံးက တခြားနိုင်ငံကလူထုတွေ ဒေါသဖြစ်စရာ အခိုင်အမာ အချက်တွေဘဲ။
ဒီလိုဘဲ - ဒီမှာလဲ  အမေရိကန်တွေ ဒေါသထွက်ဖို့ အခိုင်အမာ အချက်တွေလည်း ရှိတယ်။
အမေရိကန်အလံကို မီးရှို့တာမြင်ရင် ကျွန်တော်ကတော့ အမေရိကန်ဟာ ကမ္ဘာမှာ မြင့်မြတ်တဲ့နိုင်ငံဖြစ်တယ်၊ ကျွန်ုပ်တို့ရဲ့ လွတ်လပ်မှုနဲ့ အောင်ပွဲတွေက တခြားဘာနဲ့မှ ယှဉ်လို့ မရဘူး။ အမေရိကပြည်ကကမ္ဘာပေါ်ရှိတခြား နိုင်ငံတွေထက် ကျွန်တော်တို့ကို ပိုမိုကောင်းမွန်တဲ အခွင့်အရေးတွေပေးတယ် ဆိုတာကို ခိုင်မာ အား ကောင်း လာစေတယ်။
ကျွန်ုပ်တို့ ချာလ်လီ ဟက်ဒ်ဒူ တွေဖြစ်နေတယ်။
 မိုဟာမက်ကို ဖေါ်ပြပုံကစော်ကားတယ်ဆိုတဲ့ ပြင်သစ်မဂ္ဂဇင်း ချာလ်လီဟက်ဒ်ဒူ၊ အကြမ်းဖက်သမားတွေရဲ့ အတိုက်ခံရတာ ခင်ဗျားသိမှာပါ၊ လူ ၁၂ ယောက်အသတ်ခံရတယ်။
မကြာမီက တက်ခ်ဆက်စ်ပြည်နယ် ဂါလင်းမှာ မိုဟာမက်ပုံ ကာတွန်းပြိုင်ပွဲကို လူနှစ်ဦးက မောင်းပြန်သေနတ် တွေနဲ့ ပစ်ခတ်တာလည်း ခင်ဗျားသိမှာဘဲ။
ဖြစ်စဉ်နှစ်ခုလုံးမှာ မိုဟာမက်ပုံကို ကာတွန်းပုံရေးတာဟာ တိုက်ခိုက်သူတွေကသူတို့ကိုစော်ကားတာဖြစ် တယ် လို့ ခံစားကြတယ်။ သူတို့ အနေနဲ့လည်း ခံစားခွင့်ရှိပါတယ်။ ယေရှုပုံကို ကာတွန်းဆွဲလျှင်လည်း တချို့လူ တွေ ကို စော်ကားတာဖြစ်မှာ သေချာပါတယ်။
ဒါပေမဲ့ ကာတွန်းရေးတဲ့ သူကို မောင်းပြန်သေနတ်တွေနဲ့ သွားပစ်ရမှာတော့ မဟုတ်ပါဘူး။
ခင်ဗျားကို တဦးတယောက်က “ အဲဒါပြောရင် မင်းကိုငါသတ်မယ်” လို့ဆိုရင် ဒါဟာ ခင်ဗျားရဲ့ လွတ်လပ် စွာပြောဆိုခွင့်ကို သိမ်းယူသွားတာဘဲ။ အဲဒီလိုဘဲ ခင်ဗျားက ခင်ဗျားကို ထိပါးသူကို အပြစ်ဒဏ်ခတ် မယ်ဆိုရင်လည်း တခြား သူရဲ့ လွတ်လပ်စွာ ပြော ဆိုခွင့်ကို နုတ်သိမ်းတာဘဲ ဖြစ်တယ်။
ထိပါးသလား မထိပါးဘူးလားဆိုတာနဲ့ မဆိုင်ပါဘူး။
မေးခွန်းအမှန်က - တခြားလူတယောက်ယောက်က မေးခွန်းထုတ်ရင် ခင်ဗျားရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်ဟာ မရေမရာ ဖြစ်သွားတာမျာလား ။ ဆိုတာပါ။
လွတ်လပ်မှုဆိုတာဘာလဲ ?။
ဆိုကြပါစို့ ၊ ခင်ဗျား တခုခုပြောလို့ တယောက်ယောက်က ခြိမ်းခြောက်မယ်ဆိုရင် ခင်ဗျားရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို လာသိမ်းယူသွားတာဘဲ။
ခင်ဗျားရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဘယ်လိုကာကွယ်ရမလဲ? ။ ခြိမ်းခြောက်ခံရတဲ့ အကြောင်းအရာကိုဘဲ ဆက်ပြောနေရမယ်။ စိတ်ထဲရှိတာ ဆက်သာပြော။
ယေရှုနဲ့ ပတ်သက်ပြီး ပုံပျက်ပန်းပျက်ဆွဲတာတွေကို သိပ်ထိခိုက်ခံစားရတာ မတွေ့ရတာ အကြောင်းရှိတယ်။ ခရစ်ယာန်တွေက အဲဒီလိုအကြောင်းတွေကို အလေးမထားကြဘူး။ သူတို့ အများစုယုံကြည်မှုက ပုဂ္ဂိုလ်ရေး အရနှီနွှယ်မှုကိုနား လည်ကြတယ်။ သူတို့ ယုံကြည်ချက်က ပုဂ္ဂိုလ်ရေးနဲ့ ဆက်နေတယ်။တခြားလူပြောလို့ မပြောင်း သွားဘူး။
ပိုတာက ခရစ်ယာန်အယူက ကျွန်ုပ်တို့ကို ပါးတဖက်အရိုက်ခံရရင် တခြားတဖက်ကိုပါအရိုက်ခံဖို့ သင်ပေး ထားတယ်၊ တဖက်သားကို စာနာသနားဖို့ သင်ပေးတယ်။
ယေရှုပုံ ပုံပျက်ပန်းပျက်လုပ်တာကို မတုန့်ပြန်ကြတော့ဘူး၊ သူတို့က (ကျွန်ုပ်တို့က) ထိပါးတာကိုလည်း လွတ် လပ်မှု အဖြစ်ယူကြပြီး၊ ဘယ်လိုရှိခိုးရမလဲ ဆိုတာလည်း လွတ်လွတ်လပ်လပ် ရွေး နိုင်တယ်။
နောက်ဆုံးတော့  အစွန်းရောက်အစ္စလမ်တွေနဲ့ အကြမ်းဖက်တာတွေကို ကျွန်တော်တို့လို ဆန့်ကျင်တဲ့ သာမန် မွတ် စလင်မ် တွေ အ တွက် အနှောက်အယှက်မဖြစ်အောင် မိုဟာမက်ပုံကို ရေးတာ၊ ဖြန့်တာ တွေကို ကန့် သတ်သင့်တယ်လို ငြင်းခုံ ကြတာရှိတယ်။
မနေ့က ၀ါရှင်တန်ပို့စ် သတင်းစာမှာ ပင်တိုင်ဆောင်းပါးရှင်တဦးက
“အမေရိကန်လူမျိုးများဟာ အဆင့်မြင့်အသိုင်းအ၀ိုင်းကို တက်လှမ်းနေချိန်မှာ ဘာသာရေးရ ( မိုဟာမက် ဆန့်ကျင်မှု) စော်ကားမှုတွေဟာ အမေရိကန် ရှေ့တန်းစစ်မျက်နှာနဲ့ ထောက်လှမ်းရေးတပ်တွေထဲမှာ ဖြစ်နေ တာမဟုတ်၊ ဘာသာရေးထိခိုက်မှုတွေက ရှုပ်ထွေးမှုနဲ့ အလုပ်အပေါ် အာရုံပြားစေတယ်။” တဲ့
ဒီဆောင်းပါးရှင်က အစွန်းရောက်အစ္စလမ်တွေကို တိုက်ဖို့ သမာန် မွတ်စလင်တွေရဲ့ အကူ အညီကို အနောက် ကလိုနေတယ်လို့ ဆိုပါတယ်။ အဲဒါကမှန်နိုင်ပေမဲ့ သူက လက်ငင်းမဟာမိတ်တွေကို အနှောက်အယှက် မဖြစ် အောင် မိုဟာမက်ပုံကို သရုပ်ပျက် မရေးဆွဲရဘူးလို့လည်း ဆိုနေပါတယ်။
တနည်းအားဖြင့်  ထိပါးမှုတွေ ထပ်မဖြစ်အောင် လွတ်လပ်စွာ ပြောဆိုခွင့်ကို စွန့်ပယ်ဖို့ သူက ရှေ့နေလိုက် နေတာပါ။ ဒါဟာ အမျိုးသားလုံခြုံရေး အတွက် အမေရိကန်တွေရဲ့ အခြေခံ အခွင့်အရေးကို စွန့်လွှတ်ဖို့ ကျွန် တော်တို့ အတောင်းဆိုခံနေရတာပါ။
ကျွန်တော်ဘယ်လိုထင်လဲ ခင်ဗျားသိလား ? ။ ဘာဘဲ ဖြစ်ဖြစ် ကျွန်ုပ်တို့က လွတ်လပ်စွာ ပြောဆိုခွင့်ကို လုံးဝ ကာကွယ်ရမှာဘဲ။ ကျွန်တော်ထင်တယ် “ ဒါမပြောနဲ့ ဟိုဟာ မပြောနဲ့ …..” ဆိုတဲ့လူတွေကို ကာကွယ်ဖို့ တောင်းဆိုခံရပြီ
ထပ်ပြောရရင် - လွတ်လပ်စွာပြောဆိုခွင့်ဟာ မြင့်မားတဲ့ရည်မှန်းချက်ကို ပေးတယ်။ ဒါက ကျွန်ုပ်တို့ရဲ့ ခံယူ ချက်နဲ့ ယုံကြည်ချက်ကို သန်မာစေတယ်။ ဒါ့အပြင် ဒုတ်နဲ့ ခဲတွေ(မောင်းပြန်သေနတ်တွေ)က ကျွန်ုပ်တို့ အရိုးတွေကို ကျိုးစေ၊အသက်ကို သေစေ နိုင်ပေမဲ့ စကားလုံးတွေက ကျွန်ုပ်တို့ကို မထိခိုက်စေဘူးဆိုတာလည်း သင်ပေးသင့် တယ်။
ပြန်လည်ဆုံစည်းသည့်တိုင်
ဘရစ်တွန် ရှိုင်း
ဘရစ်တွန်ရှိုင်းသည် စာစောင်လောကတွင် ၁၇ နှစ်တာမျှကျင်လည်ခဲ့ပြီး Yhe Wealth Advisory စာစောင် အယ်ဒီတာ ဖြစ်သည်။ @BritonRyle on Twitter.

Thursday, May 7, 2015

ပန်ခမ်း အစည်းအဝေးနှင့် ဆက်စပ်၍



ပန်ခမ်း အစည်းအဝေးနှင့် ဆက်စပ်၍
ပန်ဆန်းကနေ ပန်ခမ်းနံမည်ပြောင်းတာက ၀ ဗေဒင်လား ယတြာလားတော့ မသိ။ ၀သပ အနေနဲ့ မြန်မာပြည် နိုင်ငံရေးနဲ့ ကင်းကင်းနေရာက နိုင်ငံရေးထဲ ၀င်ပါလာတာက ကောင်းတဲ့ လက္ခဏာပါဘဲ။ ဒါပေမဲ့ အကောင်းနဲ့ အဆိုးကို ချိန်လိုက်ရင်တော့ ယေဘုယျအားဖြင့် အကောင်းဘက်ကို သိပ်မမြင်နိုင်ဘူး။
ကြံ့ဖွတ်စစ်အာဏာရှင်တွေက ၀သပနဲ့ ကေအိုင်အိုကို ကိုးကန့် တိုက်ပွဲမှာ ပတ်သက်ကြောင်း ပြောတော့ ၀သပနဲ့ ကေအိုင်အိုတို့ ဆတ်ဆတ်ခါ ငြင်းပြပုံက သူတို့ ရန်သူငြိုငြင်မှာ စိုးရိမ်တာက်ု သိသာစေပါတယ်။ အစည်းအဝေး နေ့မှာ အမည်မသိလူနှစ်ယောက်ကကပ်ထားတဲ့ တိုင်းရင်းသားတွေ စုစည်းပြီး မင်းအောင် လှိုင် ဆန့်ကျင်ရေးပိုစတာကြီး ကို လည်း ၀သပက ကမန်းကတမ်း ဖြုတ်သိမ်းလိုက် ဖမ်းဆီးလိုက် တာတွေ ကလည်း ၀သပရဲ့ သဘောထားကို ပေါ်လွင်စေခဲ့ပါတယ်။ရန်သူအပေါ် ဒီလိုငြိုငြင်ငြူဆူမှာ စိုးတဲ့သဘော ထားရှိတဲ့ အဖွဲ့တွေဆီက ကျွန် တော်တို့ အဖိနှိပ်ခံ ပြည်သူတွေ အနေနဲ့ ဘယ်လောက် မျှော်လင့် အားထားနိုင်မလဲ တွေး ကြည့် နိုင်ပါတယ်။ ကိုးကန့်နဲ့ အတူ တိုက်ပွဲဝင်နေတဲ့ TNLA နဲ့ AA တို့ဘယ်လို ခံစားကြမလဲ စဉ်းစား လို့ရပါတယ်။
ဝသပဟာ UNFC စုစည်းထားတဲ့ အင်အားစုတွေကို အားလုံးကို အသိအမှတ်မပြုခဲ့လို့ UNFC နဲ့ ၀သပမူဟာ တစုံတရာကွဲလွှဲနေတာလည်း တွေ့မြင်လိုက်ရပါတယ်။ ဒါကြောင့် ဒီပွဲမှာ UNFC က အထိနာရပါတော့တယ်။ တကယ်ဆို ၀သပက UNFC မှာထဲထဝြင်ဝင်ပါဝင်ပြီး မူဝါဒကို ခိုင်မာကျစ် လစ်အောင် ၀ိုင်းလုပ်သင့်ပါတယ်။ ၀သပအနေနဲ့“၀”အမျိုးသားပြည်နယ်အဆင့်ရရေးကိုဦး စားပေးတောင်း ဆိုထားလို့ ဦးဆောင် ကျင်း ပတဲ့ဝသပက တပြည် လုံးကိစ္စအပေါ်မှာ အလေးထားမှု ကို ပေါ့ ပျက်နေတာပေါ်လွင်ခဲ့ပါတော့တယ်။ ၂၀၀၈ ဖွဲစည်းပုံ ပြုပြင်ရေးနဲ့ အသစ်ရေးဆွဲရေး မှာ ပြုပြင်ရေး သဘောထားသာ ဒီအစည်းအဝေးမှာကျလို့ စစ်အာဏာ ရှင်တွေအနေနဲ့ ဘာမှပူပန်စရာရှိမယ် မထင် ပါ။ ပြင်ရေးက အော်နေတာကြာပါပြီ။ ကြံ့ဖွတ်ထဲကတောင် အော်နေကြပါတယ်။ လုပ်တာမလုပ်တာ က နောက် တဆင့်ပါ။ ပညာရေးနဲ့ လယ်ယာမြေအသိမ်းခံရတဲ့ ကိစ္စတွေကို တလုံးတပါဒမျှ မညွှန်းဆိုခဲ့ လို့ တပြည်လုံး အတိုင်အတာ  အရေး သိပ်ပတ်သက်ချင်ပုံ မရပါ။ ဒီတော့လည်း ပြည်သူထုတွေက ဘာကို တန်ဖိုး ရမ လဲ ရှာဖွေဖို့ကို ခက်ပါ လိမ့်မယ်။
အထိအနာဆုံးမှာ NCCT ဂယိမ်းဂယိုင်ဖြစ်သွားရတာပါဘဲ။ အဖွဲ့သုံးဖွဲ့က နုတ်ထွက် မယ်ဆိုတော့ NCCT ရဲ့ အနာဂါတ်က မရေမရာတော့ပါဘူး။ ပန်ခမ်းအစည်းအဝေးက တရုတ်ရဲ့ ပတ်သက်မှုကို ကြိုဆို တာဖြစ်လို့ မြန် မာပြည် နိုင်ငံရေးမှာ အရင်က ခပ်လျှိုလျှိုနေခဲ့တဲ့ တရုတ်ဟာ ပေါ်ပေါ်တင်တင်ပေါ်လာ စရာရှိပါတယ်။ အမေရိ ကန်နဲ့ တရုတ်တို့ အားပြိုင်ကွင်းအဖြစ် မြန်မာပြည်ဟာ ဖြစ်နေတာကြာပါပြီ။ တရုတ်တဦးတည်း ပြိုင်ဘက်မရှိ မင်းမူနေရာက Cobral Gold တွေဘာတွေတိုးဝင်လာတော့ မြန် မာပြည်နိုင်ငံရေးက ပိုရှုပ်ထွေပြီးစိတ်ဝင်စား စရာ စိုးရိမ်စရာဖြစ် လာ နေပါတယ်။ ဒီတော့ ပြည် သူတွေ၊ နိုင်ငံရေးပါတီတွေ အနေနဲ့ ရှေ့ဝေးဝေး လှမ်းမျှော်ကြည့် ထားကြဖို့ လိုပါ လိမ့်မယ်။
ပြည်သူတွေ အတွက် ပန်းခမ်း အစည်းအဝေးက ထိထိမိမိအကျိုးရှိစရာ မမြင်ပါ။ ဖြစ်လာတဲ့ NCCTပြဿနာ နဲ့ တင် UNFC က သုံးလေးလလောက် အလုပ်ရှုပ်နေဦးမှာပါ။ UNFC ကိုယ်တိုင်က တိုင်းရင်းသားတွေချည့်သာ စုထားတဲ့ အဖွဲ့ပါ။ ဒါဟာ ၈၈ နောက်ပိုင်း ပေါ်ခဲ့တဲ့၊ ကျယ်ပြန့်တဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အင်အား စုတွေပါတဲ့ DAB ( မြန်မာပြည် ဒီမိုက်ရက်မဟာမိတ်အဖွဲ့) ထက် ကျဉ်းပါတယ်။ ဒါဟာ ရန်သူဝိုင်း ပတ်တိုက်ရေးကို စွန့်လွှတ်ရာကျပြီး တိုင်းရင်းသားတွေလှုပ်ရှားမှုနဲ့ ဗမာကို ခွဲရာကျတဲ့ အတွက် အုပ်စိုးသူ စစ်အာဏာရှင်တွေအကြိုက်ဖြစ်နေပါတယ်။ ဒီနေရာမှာ ဒီမိုကရေစီပညာရေး အတွက် လှုပ်ရှားတာကို ဖိနှိပ်လို့ ဆန့်ကျင်တိုက်ပွဲဝင်ပြတဲ့ DKBA က ဗိုလ်ဆန်းအောင်ကို  အသိအမှတ်ပြုကြရမယ်။
အခွင့်အခါသင့်လို့ လွန်ခဲ့တဲ့ UNFC ညီလာခံမှာ “ အလုပ်သမား တယောက်ဟာ ဘယ်လောက်ပဲ အား ကောင်းကောင်း ဗလကြီးကြီး အလုပ်ရှင်လူဘလံတယောက် ကို မနိုင်နိုင်ဘူး၊ အလုပ်သမားတွေးဝိုင်း ဆန့်ကျင်မှ နိုင်နိုင် မယ်” လို့ ကျွန်တော်ပြောခဲ့ပါတယ်။ အခုလည်းစစ်အာဏာရှင် တိုက်ဖျက်ရေး အတွက် ဗကပ(ဗမာပြည် ကွန်မြူနစ်ပါတီ) အပါအ၀င် တက်ကြွ လှုပ်ရှားချင်သူ ဗမာတွေရော တခြားလူမျိုးတွေကိုပါ အားပေး ထောက် ခံပြီး ရန်သူကို ဘက်စုံက၀ိုင်းတိုကနိုင်အောင်လုပ်ရမှာပါ။ ခွဲထား ချန်ထားတာ မလုပ် သင့်ပါဘူး။ ပြည်သူ့ အရေးတော်ပုံ အဖြစ် ဖန်တီးရမှာပါ။ကျွန်တော်တို့တပ်ပေါင်းစုတွေရဲ့ အားနည်းချက်က မူပေါ်မှာ မရပ်ကြဘူး၊ မူတူရင် ပေါင်းစည်းလုပ်ကိုင်ရဲ ကြရမယ်။ လူမျိုးတွေ၊ ဂိုဏ်းဂဏတွေဆိုတာက ရန်သူကို သွယ်ဝိုက်ပြီး အကျိုးပြု နေတာကိုသိသင့် ကြပါတယ်။
ရန်သူက စီးပွါးရေးမက်လုံး၊ ရွေးကောက်ပွဲမက်လုံး၊ အပေါ်ယံဟန်ပြ အပြောင်းအလဲလေးတွေနဲ့ လှည့်စား ရင်း နံမည်အမျိုးမျိုး၊ အရည်အတွက် အမျိုးမျိး အစည်းအဝေးတွေလုပ်ပေးရင်းသွေးခွဲနေ တယ်။ဖြေဖျော်နေ တယ်။ စစ်အအာဏာရှင် စံနစ်ကို ကျားကန်ထားတဲ့ ၂၀၀၈ဥပဒေအောက်မှာ ပြည်သူလူထုတွေကို နယ်ပယ်အားလုံမှာ ဖိနှိပ်သွေးစုတ်ရင်း လက်ဝါးကြီးအုပ်စစ် မြေရှင် ပဒေသရာဇ် စံနစ်ကို ခိုင်မာသထက် ခိုင်မာအောင်လုပ်နေတယ်။ ကျောင်းသားတွေ၊ လယ်သမားတွေဟာ လက်ထိပ်တန်းလန်းနဲ့ ထောင် ထဲဝင်နေကြရတယ်။ သတင်းမီဒီယာ တွေလည်း အမျိုးမျိုး ချုပ်ချယ်ခြိမ်းခြောက်ခံရတယ်။ တော်လှန်ရေး အဖွဲ့ ဆိုသူတွေက ပြောင်လက်တဲ့ ခန်းမ ဆောင်ထဲမှာ ရန်သူနဲ့ အရက်ခွက်ချင်း ခွတ်နေကြတယ်။ ဒီလို အချိန်အခါမျိုးမှာတော်လှန်ရေး အမြင်ရှိသူ ပြည် သူအကျိုးပြုချင်သူတွေဟာ အဖိနှိပ်ခံပြည်သူအားလုံးအတွက် နည်းနာပေါင်းစုံနဲ့ ပြင်းပြင်းထန်ထန် ကြံ့ဖွတ် စစ်အာဏာရှင်ကိုဆန့်ကျင် တိုက်ဖျက်ဖို့ လိုနေပါတော့တယ်။
ဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူ ကြံ့ဖွတ်စစ်အာဏာရှင်ကို ၀ိုင်းတိုက်ကြ။
ဒီမိုကရေစီနဲ့ လွတ်လပ်မှု ရကိုရရမယ်။   
ဦးအေးဆောင်
မေ ၈ ။ ၂၀၁၅။

Wednesday, April 15, 2015

UWSA - ဖိတ်စာ စာရင်းနဲ့ ပတ်သက်၍



UWSA - ဖိတ်စာ စာရင်းနဲ့ ပတ်သက်၍

၁၄၊ ၄ ၊ ၂၀၁၅ - FB ပေါ်က ရတဲ့ စာ - ဘယ်လောက် Reliable ဖြစ်မဖြစ်တော့ မသိရသေးပါ - ဆိုသော မှတ်ချက်နဲ့ အတူ - UWSA မှာ ကျင်းပမည့် အစည်းအဝေး ဖိတ်သည့် စာရင်း ဆိုတာကို အခြေခံပြီး စဉ်းစားမိသည်မှာ - UWSA သည် UNFC ကို ခွဲလိုက်တာပါ။ ဒီအလုပ်က ရန်သူကလုပ်ချင်သည့်အလုပ်ပါ။ စစ်ရေးလှုပ်ရှားမှုကို အခြေခံပြီး ဖိတ်ခေါ်ပုံရပါတယ်။ ဒါကသူ့အတွက် နောင်အကာအကွယ်ရရေးကို ရည်ရွယ်ချက်ဖြစ်နိုင်ပါတယ်။ အဖိတ်မခံရသော အဖွဲ့တွေ ကို လက်တွေ့ စစ်ရေး လှုပ်ရှားမှု လုပ်မှသာ အသိအမှတ်ပြုမည့် သဘောဖြစ်နေပါတယ်။ ဒီလိုဆိုရင် ကောင်းပေမဲ့ နိုင်ငံရေးမဆန်သလို ဖြစ်နေပါတယ်။
မည်သို့ပင် ဖြစ်စေ ရန်သူနဲ့ အပစ်ရပ်ထားတဲ့ အင်အားစု၊ ရန်သူကိုကတိက၀တ်ထပ်ပြုထားတဲ့ အင်အားစုတွေသာ များနေတာကြောင့် ပြည်သူလူထုအနေနဲ့ ဘာမှ မယ်မယ်ရရ မျှော်လင့်နိုင်စရာ မရှိပါ။
ရန်သူ စစ်အာဏာကို ဖြုတ်ချရေး ရည်မှန်းချက် ထက် စစ်ရေးနဲ့စီးပွါးရေး အမြင်များက လွှမ်းမိုနေတာကြောင့် တိုင်းပြည်နဲ့ ပြည်သူလူထုတွေဟာ များမြောင်လှတဲ့ နိုင်ငံရေးပရိယာယ်တွေနဲ့ အုပ်စုဂိုဏ်း အကျိုးစီးပွါး အရှုပ်တွေထဲမှာ မျက်စိနောက် စိတ်ပျက်စရာသာ ပိုပေါ်လာနိုင်ပါတယ်။
ဘယ်သူတွေ ဘာတွေဘဲလုပ်လုပ် ပြည်သူလူထုက စစ်အာဏာရှင်တိုက်ဖျက်ရေး ဘုံရည်မှန်းချက်က သွေဖီကြမှာ မဟုတ်တော့ စစ်အာဏာရှင် တိုက်ဖျက်ရေး ဒီမိုကရေစီထူထောင်ရေး ဘုံလှုပ်ရှားမှုကိုသာ ဗဟိုပြုခါ - တခြားလက်အောက်ခံ ပြဿနာတို့ကို ကျော်လွှားသွား မှာသာဖြစ် တယ်လို့ ကျွန်တော်အလေးအနက် ယုံကြည်ပါတယ်။
သတင်းအချက်အလက်မှန်ကန်မှု မရှိပါကလည်း ခံယူချက်သဘောထား အဖြစ် တင်ပြချင်လို့ပါ။
ဦးအေးဆောင်။
၁၆၊ ၄၊ ၂၀၁၅။