ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Wednesday, July 30, 2014

နိုင်ဟံသာ ရေးသားတဲ့


နိုင်ဟံသာ ရေးသားတဲ့
မွန်အမျိုးသား လွတ်မြောက်မှု တော်လှန်ရေး ဖြစ်စဉ်သမိုင်း စာအုပ်ကို
သုံးသပ်ချက်။
ဒီစာအုပ်ဟာ မြန်မာပြည်အကြောင်း လေ့လာသူတိုင်း မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်။ စာရေး သူ နိုင်ဟံသာကို ရင်းနှီးသူ ဖြစ်တဲ့ ကျွန်တော့် အနေနဲ့ သူစိတ်နေစိတ်ထားကို သိနေသူဖြစ်တော့ အချိန်တွေ၊ အခြေအနေတွေ အမျိုးမျိုး ပြောင်း လာပြီးတဲ့ အခါ သူရေးတဲ့ စာကိုလည်း မူလသိမှတ်ထားတဲ့ သဘောထား အချက်နဲ့ ဘယ် လောက်တူ၊ ဘယ်လောက်ကွာ ဆိုတာကို နှိုငိးယှဉ် ဖတ်ခဲ့ပါတယ်။ သူဟာ သတင်းသမား တယောက်မဟုတ်ဘဲ မွန်တော်လှန်ရေးလှုပ်ရှားမှု၊ တပ်ပေါင်းစုဆိုင်ရာလှုပ်ရှားမှုတွေမှာ အရေးပါတဲ့ နေရာက ထဲထဲဝင်ပါလာ သူ တဦးဖြစ်တော့ ပြဿနာတွေရဲ့ အချက်အခြာနေရာနားမှာ ရှိနေ သူဖြစ်ခဲ့တယ်။ ဒါကြောင့်ဘဲ သူ့ကိုယ်တွေ့ ဖြစ်စဉ်တွေကို မှတ်တမ်းပြုထားတဲ့ ဒီစာအုပ်ဟာသမိုင်းတန်ဖိုး ကြွယ်ဝတယ်လို့ ဆိုချင်တယ်။
လက်နက်ကိုင်တော်လှန်ရေးသမားဘ၀၊ တောထဲတောင်ထဲမှာ၊ အစည်းအဝေးတွေထဲမှာ၊ ရှည်လျားကြပ် တည်း တဲ့ ခရီးရှည်တွေထဲမှာ၊လက်နက်ကိုင် ပဋိပက္ခတွေကြားထဲမှာ အနေများနေရတဲ့ ဘ၀ထဲကနေ စာအုပ်ရေးဖို့ ၊ထုတ် ဖို့ အခွင့်အခါကို ရမိသလောက်ဆုတ်ဖမ်းနိုင်တဲ့ အတွက် ကျွန်တော့်အနေနဲ့ သူ့ ကို လေးစားပါတယ်။
ဒီစာအုပ်ဟာ အောင်ပွဲရသူတယောက်ရဲ့ မှတ်တမ်းမဟုတ်သေးတော့ တိုက်ပွဲနဲ့ အခက်အခဲတွေ ကိုသာ ယေဘု ယျ ဖေါ်ပြထားပေမဲ့ မြောက်များစွာသော သင်ခန်းစာကိုရစေခဲ့ပါတယ်။ အမျိုးသားအမြင် သက်သက်နဲ့ ရပ် တည်လာခဲ့တဲ့ နိုင်ဟံသာ သူတို့ မွန်အဖွဲ့ထဲက မွန်တွေက ပေးတဲ့ ပြဿနာ အများစုကို ရင်ဆိုင်တွေ့ကြုံ ခဲ့ရ တာကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။
အဓိက ရန်သူဖြစ်တဲ့ သူတို့အခေါ် “ဗမာ” တွေနဲ့ တိုက်ခိုက်ရတာထက် သူတို့ တိုင်းရင်းသား အချင်းချင်း ဖြစ်တဲ့ ကရင်နဲ့ တိုက်ရတာကပိုများနေတာလည်း တွေ့နိုင်တယ်။ တပ်ပေါင်းစုတွေပေါ်ခဲ့၊ သဘောထားကြီးတဲ့ ခေါင်း ဆောင်တွေပေါ်ခဲ့ပေမဲ့၊ အမျိုးသား အမြင်ကျဉ်း ၀ါဒကို (ကျွန်တော်တို့ အခေါ်) လူမျိုးစုတွေက မကျော် လွှား နိုင်ခဲ့ပါဘူး။ လူမျိုးစုတွေ ဦးဆောင်တဲ့ တပ်ပေါင်းစုတွေဟာ လူမျိုးရေးကိုဘဲ ထပ်ခါထပ်ခါဖေါ် ဆောင် နေခဲ့ ကြတယ်။ လူမျိုးရေးကို အတန်းအစားအရေးနဲ့ ကျော်လွှားဖို့ နိုင်ရွှေကျင်က ကျိုးစားပုံရပေမဲ့မွန်ပြည်သစ်ပါတီတခြမ်းဖြစ်ခဲ့တဲ့ နိုင်ဆိတ်နို့ဘက်က“လူတန်းစားအမြင် ဇောင်းပေးလွန်းသဖြင့် လက်မခံနိုင်ကြောင်း ကန့်ကွက် သည်။” ( စာမျာက်နှာ ၈၄) လို့ ဖေါ်ပြချက်အရ လက်ျာကျတဲ့ အမြင်တွေကြောင့် အဖိနှိပ်ခံချင်း ပေါင်းစည်းရေး အတန်းအစားအမြင် ချို့ငဲ့ နေကိုတာကိုတွေ့နိုင်တယ်။ ဒီတော့ ကိုယ့်အမျိုးသားရေး အမြင်ဆူးတောင်တွေ သာချွန်မြ နေတဲ့ တိုင်းရင်းသားလူမျိုးစုတွေ ပေါင်း စည်းရာမှာလည်း ၀န်ရိုးစွန်းတူတဲ့ သံလိုက် နှစ်ခုလို ပေါင်းမိဖို့ ခက်နေတာကို ကျွန်တော်တို့ မြင်နိုင်တယ်။ သဏ္ဍာန်အားဖြင့်တူသယောင်ရှိပေမဲ့ အနှစ်သာရက ဆန့်ကျင် ဘက်ဖြစ်နေခဲ့တယ်။
“ထိုကာလ( ၁၉၄၈ -နောက်ပိုင်း) တွင် မွန်နှင့်ကရင် ခေါင်းဆောင်များသည်ပူးတွဲပြီးအာဏာနှင့်ပြည့်စုံသော “ ရာမည မွန်ကရင် နိုင်ငံတော်”ကို တည်ဆောက်ရန် နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုး ကတိသစ္စာပြုကြ သည်။ ယင်းသဘောထားသည် မွန်လူထုနှင့် ကရင်လူထုအတွင်း မိမိတို့ သက်ဆိုင်ရာ အမျိုးသားညီလာခံတွင် ဆွေးနွေးသဘောတူဆုံးဖြတ်ထားပြီးဖြစ်သည်။ထိုရာမညမွန်ကရင်နိုင်ငံတော်တွင် နေထိုင်ကြသောလူမျိုးစုံပြည် သူအား လုံးသည် စစ်မှန်သောဒီမိုကရေစီ အခွင့်အရေးကို ခံစားကြရမည်ဟု ဖေါ်ပြထားသည်။ ရာမညမွန် ကရင်နိုင်ငံတော်ကို တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့ဖြင့် ပါဝင်ဖွဲ့စည်းမည်ဟု ဖေါ်ပြထားသည်။ ထိုသဘောတူညီချက်ကို ၁၉၄၈ ခုနှစ် နိုဝင်ဘာ (၁၉) ရက်နေ့တွင် လက်မှတ်ရေးထိုးကြသည်။ ထိုစာချုပ်တွင် မွန်တိုင်းရင်းသားအစည်းအရုံးကိုယ်စား မွန်ဖိုးချို၊ မွန်လူမျိုးရေးရာအဖွဲ့ ကိုယ်စား နိုင်လှမောင်၊ ကရင်အမျိုးသားအစည်းအရုံးကိုယ်စား စောဘဦးကြီး၊ကရင်အမျိုးသားအဖွဲ့ချုပ်ကိုယ်စား စောသာဒင်၊ ဂျေထွန်းအောင်နှင့် တသီးပုဂ္ဂလအဖြစ်ကရင်အမျိုးသား စောမောင်ဒေါင့်တို့လက်မှတ်ရေးထိုးကြသည်။ထိုသဘောတူညီချက်ကိုလည်း  စုံစမ်းရေး ကော်မီရှင်သို့ တင်ပြလိုက်သည်။”( စာ မျက်နှာ ၅၅ )
၁၉၄၉ ဖေဖ၀ါရီ(၁၂) ရက်နေ့မှာ ဦးနုအစိုးရက ကရင်ပြည်နယ်သတ်မှတ်ပေးရန် သဘာထား ကို ကျေညာလိုက် တဲ့အခါ မွန်နဲ့ ကရင်ခေါင်းဆောင်တွေ တင်ပြထားတဲ့ “ရာမည မွန်ကရင် နိုင်ငံတော်” ဆိုတာက အလို လို ပျောက်သွားရတော့တယ်။  နောက်တခါ၁၉၉၄ ဧပြီ လထဲတွင် “ဗိုလ်ချုပ်မြက၎င်း၏ တပ်ဖွဲ့ဝင်များကို  စစ်အစိုးရတပ်ဖွဲ့များအား သွာေးရောက် တိုက် ခိုက်ခြင်း မပြုဘဲ၊ စစ်အစိုးရ တပ်ဖွဲ့များက မိမိတို့တပ်ဖွဲ့အား လာရောက်တိုက်ခိုက်မှသာ ပြန်လည်တိုက်ခိုက်ရန် အမိန့်ထုတ် ညွှန်ကြားခဲ့သည်။ဤ အခြေအနေကို မွန်ပြည်သစ်ပါတီက ကြားသိလိုက်ရသောအခါ ဗဟိုကော်မီတီ အစည်းအဝေးခေါ်ပြီး အခြအနေအားလုံးကို ပြန်လည်သုံးသပ်ကြသည်။ ထိုအစည်းအဝေးတွင် မိမိတို့ တဖွဲ့ တည်း တင်းခံရန်မသင့်တော့ပါ၊ ရနိုင်သမျှ အခွင့်အရးကို ညှိနှိုင်းလက်ခံ၍ အပစ်အခတ်ရပ်စဲရေးကို ပြုလုပ် သွားရန် အများစုဆန္ဒဖြင့် ဆုံးဖြတ်လိုက်ကြသည်။” (စာမျက်နှာ - ၁၈၈)
မွန်ကရင်နယ်မြေပြဿနာမှာ စောဘဦးကြီရှိစဉ်ကပင်စပြီးပေါ်လာခဲ့ပြီးနယ်မြေဆုံးရှုံးမည့်အရေးက တော်လှန် ရေး ထက်အရေးပါနေကြတာကိုလည်း မြင်နိုင်ပါတယ်။ဒီနေရာမှာအမျိုးသားရေးအမြင်သက်သက်နှင့်ကြည့် ဖြေရှင်းနေယုံမျှဖြင့် နယ်မြေကိစ္စဟာ ပြေလည်စရာမရှိနိုင်ဘူးလို့ ကျွန်တော်ယူဆပါတယ်။ အဖိနှိပ်ခံ အတန်း အစား အမြင်အထိ မွန်ကရင်ခေါင်းဆောင်တို့ မတက်နိုင်သည့်တိုင် “ အမျိုးသားရေးနှင့် အတန်းအစားရေး အ ဆက် အစပ်” ကိုတော့ သိရှိနားလည်ထားမှသာဖြစ်နိုင်ပါတော့မယ်။ ဒါကကျွန်တော့် အမြင်ပါ။
ခေတ်နောက်ကျတဲ့နိုင်ငံတို့တွင် ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း ပုဂ္ဂိုလ်ရေးကို မဏ္ဍိုင်ပြု လှုပ်ရှားမှု လုပ်ကြရ တယ်။ အမျိုးသားစိတ်ကို အခြေခံရတယ်။ မူဝါဒလမ်းစဉ်ထက် အခွင့်အခါကိုလိုက်  ပြောင်းလဲလုပ်ကြ ရတာကိုဤစာအုပ်မှာ တွေ့နိုင်ပါတယ်။ဒါပေမဲ့ရန်သူကိုအကဲဖြတ်ချက်မရှိခဲ့သလို တော်လှန်ရေးရည်မှန်းချက်က မွန်ပြည်နယ် အသိအမှတ်ပြုရေး သဘောထားလောက်ဖြင့် လုပ်လာခဲ့တဲ့ လှုပ်ရှားမှုများဟာ ရန်သူကပေးတဲ့ မရေရာတဲ့ အခွင့်အရေးများကြားမှာ မွန်တော်လှန်ရေး လှုပ်ရှားမှု ဟာမြုပ်ချည်ပေါ်ချည် ဖြစ်ရပုံမှာ များစွာ သင် ခန်း စာရရတယ်။
ပုဂ္ဂိုလ်ရေးပေါ် အခြပြုတာများနေတဲ့ မွန်ပြည်သူ့တပ်ဦး လမ်းစဉ်ဟာ ၁၉၅၈ ဗိုလ်နေ၀င်းအိမ်စောင့်အစိုးရ လက်ထက် နိုင်ငံရေးအရ အစိုးရက မတည်မငြိမ်ဖြစ်နေချိန်မှာပင် လက်နက်ချ လိုက်ခြင်းအတွက်ကျွန်တော့် အနေနဲ့ နားလည်ရခက်ပါတယ်။ ဒါပေမဲ လက်နက်ချခဲ့တဲ့ သူများ နောင်တွင် ဘယ်လိုဇာတ်သိမ်းရသလဲ ဆိုတဲ့သင်ခန်းစာကများစွာတန်ဖိုးကြီးပါတယ်။တဦးစနှစ်ဦးစ ကောင်းစားပေမည့်မွန်ပြည်သူ့တပ်ဦးက ပျောက်ကွယ် သွားရတာကိုတွေ့လိုက်ရလို့ပါ။နောက်ထပ်လှုပ်ရှားရုန်းကန်မှုအတွက်များစွာလက်ခဲခဲ့တာကလည်းမှတ်သား စရာ ဖြစ်ခဲ့ရတယ်။
ဒီနေ့ ရန်သူ ကြံ့ဖွတ်စစ်အာဏာရှင်တို့နဲ့လည်း တော်လှန်ရေးလက်နက်ကိုင် အင်အားစုများ ၊ အပစ်အ ခတ် ရပ်စဲ ရေးစေ့စပ်ခါ ဈေးဆစ်နေတဲ့ ကာလမှာ မွန်ပြည်သူ့တပ်ဦး၊ ပါလီမန်ဒီမိုကရေစီ ပါတီ တို့ ဖြစ်ရပ်တွေက နမူနာပေး ပုံစံပြ သလိုဖြစ်နေပါတော့တယ်။
လွန်ခဲ့တဲ့ ရာစုနှစ်ဝက်လောက်က ဖြစ်ခဲ့ရတဲ့ တော်လှန်ရေး အားနည်းချက်တွေဖြစ်တဲ့၊ လူမျိုးရေး အမြင် ကျဉ်းတာ၊ ပုဂ္ဂိုလ်ရေးသြဇာလွှမ်းမိုးလွန်းတာ၊ တော်လှန်ရေးရဲ့ ရည်မှန်းချက် မမြင့်တာတွေကြောင့် မရေမရာဇာတ်သိမ်းရမည့်အဖြစ်တွေကိုယနေ့ခတ်မှာသင်ခန်းစာယူကျော်လွန်သင့်ပါတယ်။ တော်လှန်ရေးကိုဦးဆောင် မည့်ပါတီဟာ သာမန် ပါတီအမြင်ထက်တော့နိုင်ငံရေး အမြင် မြင့်အောင် မြှင့်တင်ထားသင့်လှတယ်။
နိုင်ဟံသာစာအုပ်ထဲမှာ ကြံ့ဖွတ်နဲ့ မွန်ုပြည်သစ်ပါတီတို့ အပစ်ရပ်နားလည်မှုရ ပြီးနောက် ရရှိတဲ့ အခွင့် အရေး တွေဟာ နောက်ပိုင်း အရည်ပျော်သွားတဲ့ အပြင် “မြို့တွင်း” နဲ့ “တောတွင်း” အမြင်ကွဲနှစ်ခု ပါတီ တွင်း ရှိလာပုံ၊ လူအင်အားလက်နက်အင်အား ကြီးကြီးမားမား ဆုံးရှုံးရပုံ၊မယ်သရောထ သဘောတူညီချက် ကို လက်မှတ်ထိုး ထားတဲ့ သူ့ကို ရန်သူရော ပါတီကပါ အကြပ် ကိုင်ဖိအားပေးတဲ့ အကြောင်း တွေဟာ မွန်ပြည်သစ်ပါတီ ရှေ့ရေး အတွက် အလားအလာမကောင်း လှတာ ကိုလည်းတွေ့ နေရတယ်။ ဒါတွေကို အသိပေးတဲ့ အတွက် စာရေးသူကို ကျေးဇူးတင်ရမှာပါ။
အဖိုးတန်တဲ့ နောက် သင်ခန်းစာတခုက ထိုင်းနယ်စပ်လို နယ်စပ်တွေမှာအခြေပြု နေနေရတဲ့ တော်လှန်ရေး အင်အားစုတွေ ဘ၀တွေဟာ ရန်သူဖိအားကိုသွယ်ဝိုက်ပြီးခံရသလို၊တဘက်နိုင်ငံရဲ့ဖိနှိပ်မှုကိုခံရနိုင်ကြောင်း ရှင်းလင်းတဲ့ သာဓကတွေလည်း တွေ့လိုက်ရတော့တယ်။ ဒီတော့ ကိုယ့်ပြည်သူနဲ့ ကိုယ့်ဒေသကိုသာ အခြေခံပြီး လူထုရဲ့လိုလား ချက်တွေကိုရဖို့ တော်လှန်ရေး အမြင်နဲ့ ထက်ထက်မြက်မြက်ပေါင်းစပ် တိုက်ပွဲဝင်မှသာ ပြည်သူ့ အကျိုး စီးပွါးကို လွတ်လွတ်လပ်လပ် သယ်ပိုးနိုင်မှာသာ ဖြစ်ကြောင်း ဒီစာအုပ် က ပြသလိုက်ပါတယ်။
ဦးအေးဆောင်
ဇူလိုင် ၃၀၊ ၂၀၁၄။








Wednesday, July 16, 2014

ရဲဘော်များ၊ လုပ်ဖေါ်ကိုင်ဘက်များ၊ မိတ်ဆွေများ ခင်ဗျား -



ရဲဘော်များ၊ လုပ်ဖေါ်ကိုင်ဘက်များ၊ မိတ်ဆွေများ ခင်ဗျား -

စာနယ်ဇင်းလောကကို ကြံ့ဖွတ်အစိုးရရဲ့ ဖိနှိပ် လိုက်ဟာ မျောက်ငါးပိကိုင်မိသလို ဖြစ်နေပြီ။ မြန်မာပြည် မှာဖြစ်နေတဲ့ ပြဿနာသောင်းခြောက်ထောင်မှာ ဒီပြဿနာဟာ မီးရထားစက်ခေါင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ သ တင်းမီဒီယာကိစ္စက အုပ်စိုးသူတို့ရဲ့ ကုန်ထုတ်စွမ်းအားကို တိုက်ရိုက်မထိခိုက်သေးတော့ အလျှော့အတင်းနဲ့ ပြီး နိုင်တယ်။တော်လှန်အဆင့်အထိ  မျှော်လင့်ဖို့ ခက်တယ်။ ဒီကိစ္စကို စနက်တန်အဖြစ် အသုံးချပြီး မတရား ဖိနှိပ် ခံနေရတဲ့ လူထုတွေအတွက် မြေယာ၊ လုပ်ခလစာနဲ့ လွတ်လပ်မှု တွေအတွက် ပါ ရည်ရွယ် လှုပ်ရှား ကြရင် တော့ ပြည်သူလူထုကြီးပါ ပါဝင်လာနိုင်လိမ့်မယ်။
ကျွန်တော်တို့မှာ ပြဿနာတခုကို ရင်ဆိုင် ရတိုင်း အကန့်အသတ်နဲ့ ကိုယ်ခွင်ထဲကနေ ဘဲ ရင်ဆိုင် ချင်ကြ တဲ့ နေရာစွဲ၊ ကဏ္ဍစွဲတွေ ရှိနေကြတုန်းဘဲ။ စစ်အာ ဏာ ရှင် လုပ်ရပ်ကို ဆန့်ကျင် တာဟာ စစ်အာဏာ ရှင်ဖြုတ် ချရေး ဦးတည်ချက်နဲ့ လုပ်ရမှာပါ၊ ကျယ် ပြန့်သ ထက် ကျယ်ပြန့်လေ ကောင်းလေပါဘဲ။ ကန့်သတ်ထား ချင်တာက ရန်သူရဲ့ လုပ်ရပ်သာဖြစ်ပြီး ကျွန်တော်တို့က ကိုယ့်ကိုကိုယ် မချုပ်နှောင်မိအောင် မလုပ် သင့်ကြဘူး။ တကယ်ဆို ဒီမီဒီယာ ဖိနှိပ်မှုကို နိုင်ငံရေးပါတီတွေကပါ ၀ိုင်းဝန်းကန့်ကွက် ဆန္ဒပြသင့်တယ်။ လယ်ယာ မြေကိစ္စကို လယ်သမားတွေဘဲလုပ်၊ ကျောင်းသာကိစ္စကို ကျောင်းသားဘဲလုပ်၊ မီဒိယာကို မီဒီယာသားတွေ ဘဲလုပ် ၊ စစ်သားအရေး စစ်သားဘဲလုပ် ဆိုတာ ကျွန်တော် တို့ ရဲ့ အကြီး မားဆုံး အတွေးအခေါ် အမှားဖြစ်ပါတယ်။
 ဒါကြောင့်ဖိနှိပ်မှုတိုင်းဟာစစ်အာဏာရှင်စံနစ်ရဲ့ဆူးတောင်တွေဖြစ်သလိုစစ်အာဏာရှင်စံနစ် ကျေပြုန်းမှသာ ကြီးမားတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင် မှာဖြစ် တယ်။ စစ်အာဏာရှင် စံနစ်တိုက်ဖျက်ရေး ရည်မှန်း ချက်ဆိုတာ တော်လှန်ရေး ပါတီမှသာရှိနိုင်တယ်။ ရွေးကောက်ပွဲလောက်၊  ပါးစပ်နဲ့ တောင်းဆိုရေးလောက်၊ နယ်မြေ တစွန်း တစကြီးစိုးရေးလောက်၊ သယံဇာတ ဝေခြမ်းရေးလောက်နဲ့ တော်လှန်ရေးပါတီ လို့ မခေါ်နိုင်ဘူး။ မြန်မာပြည်မှာ မရှိတာ စစ်အာဏာရှင် စံနစ်ကို ဖြုတ်ချရေးရည်မှန်းချက်ရှိတဲ့ နိုင်ငံရေး ပါတီဘဲ။ စစ်အာဏာရှင်နဲ့ အပေး အယူလုပ်ချင်တဲ့ လူတွေ၊  ပေးသလောက်နဲ့ ကျေနပ်နေတဲ့သူတွေကို လူထုက အားမကိုးလိုကြတော့ဘူး။
လူထုအကျိုးရှိဖို့ စစ်အာဏာရှင် မရှိဖို့ လိုတယ်။ ဒါဟာရှင်းရှင်း မြင်သာနေတဲ့ အမှန်တရား။ ဒီတော်လှန်ရေး အမှန်တရားကို ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးက ဦးထိပ်ပန်ပြီး ဆက်လုပ်သွားမှာဘဲ။ နည်း နာအနေနဲ့ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ လမ်းစဉ်ပေါင်းစပ်ရေးကို ဆက်လက်အကောင် အထည် ဖေါ်သွားမယ်။
လက်နက်ကိုင်လမ်းစဉ်ဆိုတာ စစ်အာဏာကို လူထုတိုက်ပွဲအင်အားနဲ့ ဆက်လျှက် ကျင့်သုံးရတာဖြစ်တယ်။ ပြီးခဲ့တဲ့ ၈၈ လူထုအုံကြွမှုကြီး ခွေလိပ်သွားရတာ လူထုတွေမှာ လက်နက်ကိုင်အင်အားသုံးပြီး စစ်အာဏာကို ဖြိုချ ဖို့ စိတ်ကူးလုံးဝ မရှိကြလို့ဘဲ။ တော်လှန်ရေး အမြင်မရှိလို့ဘဲ ၊ အုံကြွရေး အမြင်လောက်သာရှိခဲ့လို့ပါ။ လူထုမှာ ဘာမှ အပြစ်မရှိ၊ ခေါင်းဆောင်ဆိုသူတွေရဲ့ ချို့ယွင်းချက်ဘဲ။ ဒါကို ရှင်းရှင်းသိပြီး နောက်ထပ် မဖြစ်ဖို့ လိုပါတယ်။ တော်လှန်ရေး အမြင် မရှိသူတွေကို ခေါင်းဆောင်မရွေး မိဖို့ ခါးသည်းတဲ့ သင် ခန်းစာပေါ့။
ဒီနေ့ အခြေအနေက လူထုတွေ အကာအကွယ်မဲ့နေတယ်။ အားကိုးရာမဲ့နေတယ်။ အာဇာနည်တွေ၊ လူထက် တွေ နေတဲ့တိုင်းပြည်ဆိုပြီးအခုဖြစ်နေတဲ့အခြေအနေတွေကကျွန်တော်တို့ကို လှောင်ပြောင်နေတာ ကျွန် တော်တို့ ဂရုမိုက်မကြဘူးလား။ လက်နက်ကိုင်ထားတဲ့ လူတွေကကော ဒီလောက်လူထုတွေ စားစရာမရှိ၊ ပြေးစရာမြေမရှိ၊ မျက်ရည်နဲ့ မျက်ခွက်  ဖြစ်နေတာကို မျက်ကွယ်ပြုပြီး ရန်သူနဲ့ လက်ဆွဲနုတ်ဆက်နေ၊ ပျော်ပွဲနွဲ နေကြတာတွေက လူထုကို စော်ကားနေတာကလွှဲလို့ ဘာမှ မဖြစ်နိုင်ဘူး။
လူထုတိုက်ပွဲဟာကျွန်တော်တို့အဓိကအားကိုးရမည့်အရာဖြစ်တယ်။ကျယ်ပြန့်ကြီးမားခြင်းဟာ ပြည်သူတွေရဲ့ စွမ်းပကားဘဲ။ ဒါကို ဖြစ်နိုင်သမျှ တည်ဆောက်ဖို့ ဘယ်တော့မှ ၀န်မလေးသင့်ဘူး။
အခုလူထုတွေဟာ သူတို့ အတွက် စားဝတ်နေရေး၊ လုံခြုံရေး ဘာမှ စိတ်ချရစရာ မရှိတော့ဘူး၊ ကျွန်တော်တို့ အနေနဲ့ လူမှုရေး၊ သာရေး၊ နာရေး၊ လောက်နဲ့ မလုံလောက်တော့ဘဲ လူထုအကျိုးကို ဘက်ပေါင်းစုံက ထမ်း နိုင်အောင်၊ လူထုတွေကို အမှန် အကာအကွယ်ပေးတဲ့ လူထုအုပ်ချုပ်ရေး အဖွဲ့အစည်းမျိုးတွေ ထူ ထောင် နိုင်အောင် ကျိုးပမ်းကြရမယ်။ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့တော့ “လွတ်မြောက်ရေးကော်မီတီ” ဆိုတဲ့ အနေနဲ့ စုစည်းဖို့ မူချထားတယ်။ ဘယ်သူမဆို စစ်အာဏာ ရှင်စံနစ် ဆန့်ကျင်ရေး ၊ လူထုတိုက်ပွဲလက်နက်ကိုင်တိုက်ပွဲလမ်းစဉ်ကိုယုံရင်ဖွဲ့စည်းရမယ်။မူမရှိရင်၊အဖွဲ့မရှိရင်တော့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။
ဘာမှမရေရာသလို၊ ဘာမှဖြစ်လာမှာ မဟုတ်တဲ့ ရွေးကောက်ပွဲ ၊ သဘာဝမကျတဲ့ အဓိကရုဏ်းတွေနဲ့ လူထုကို စစ်အာဏာရှင်တို့က အလုပ်ပေးရှုပ် ထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ အစိုးရဆိုတာကအစ၊  ၂၀၀၈ ခြေဥအဆုံး အယုံအကြည် မရှိသူတွေဖြစ် တော့ ရွေးကောက်ပွဲနဲ့ ဘာမှ ပတ်သက်စရာမရှိပါ၊ ဒါပေမဲ့ လူထုအကျိုးကို ရိုးရိုးသား လိုလားသူ၊စစ်အာဏာရှင် ကို အမှန်တကယ်ဆန့်ကျင်သူတွေကိုရွေးနုတ် အား ပေးရမယ်။ လက်နက်ကိုင်အင်အားစုတွေထဲမှာလည်း ရန်သူကို ရန်သူလိုမြင်ပြီး ဆန်ကျင်တဲ့ သူကိုအား ပေးရမယ်။ တကယ်တိုက်ပွဲဝင်နေတဲ့ သူတွေကိုဆိုပိုအားပေးရမယ်။ဒါတွေက လူထုလှုပ်ရှားမှု အရေးအတွက် အရံ လုပ်ငန်းတွေ။
ရဲဘော်များနဲ့မိတ်ဆွေများခင်ဗျား-ဒီနေ့ တော်လှန်ရေးလှုပ်ရှားမှုကိုကျွန်တော်တို့လုပ်နေတာထက် ပြည်သူတွေက သူတို့ဘ၀အကြပ်အတည်းအရ မနားမနေလုပ်နေကြတာကို တွေ့နိုင်ပါတယ်။ ဒါပေမဲ့ တော် လှန်ရေး အမြင်နဲ့နည်းနာတွေကိုတော့သူတို့မှာအတားအဆီးအကန့်အသတ်တွေ ကြောင့်အားနည်း ကောင်းနည်းနိုင်ပါတယ်။ဒီကွက်လပ်ကိုကျွန်တော်တို့ ဖြစ်နိုင်သမျှ ဖြည့်ဆည်းပေးပြီး တော်လှန်ရေး ဒါးသွား ထက်မြက် ချွန်မြအောင် ကျွန်တော်တို့ ခွန်အားဥာဏ်အားနဲ့ အားစိုက်သယ်ပိုးသင့်လှပါတယ်။
စစ်အာဏာရှင်စံနစ်တိုက်ဖျက်ရေးဟာ ဒီနေ့ ကျွန်တော်တို့လုပ်ရမည့် တော်လှန်ရေးတာဝန်ဘဲ။ တခြား အရာ တွေက အပေါ်ယံ ပြဿနာမျှသာ ဖြစ်တယ်။
လူထုအစိုးရတည်ဆောက်။
စစ်အာဏာရှင်စံနစ်ကို တိုက်ဖျက်။
ဦးအေးဆောင်
ဇူလိုင် ၁၆၊ ၂၀၁၄။