ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Wednesday, July 30, 2014

နိုင်ဟံသာ ရေးသားတဲ့


နိုင်ဟံသာ ရေးသားတဲ့
မွန်အမျိုးသား လွတ်မြောက်မှု တော်လှန်ရေး ဖြစ်စဉ်သမိုင်း စာအုပ်ကို
သုံးသပ်ချက်။
ဒီစာအုပ်ဟာ မြန်မာပြည်အကြောင်း လေ့လာသူတိုင်း မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်။ စာရေး သူ နိုင်ဟံသာကို ရင်းနှီးသူ ဖြစ်တဲ့ ကျွန်တော့် အနေနဲ့ သူစိတ်နေစိတ်ထားကို သိနေသူဖြစ်တော့ အချိန်တွေ၊ အခြေအနေတွေ အမျိုးမျိုး ပြောင်း လာပြီးတဲ့ အခါ သူရေးတဲ့ စာကိုလည်း မူလသိမှတ်ထားတဲ့ သဘောထား အချက်နဲ့ ဘယ် လောက်တူ၊ ဘယ်လောက်ကွာ ဆိုတာကို နှိုငိးယှဉ် ဖတ်ခဲ့ပါတယ်။ သူဟာ သတင်းသမား တယောက်မဟုတ်ဘဲ မွန်တော်လှန်ရေးလှုပ်ရှားမှု၊ တပ်ပေါင်းစုဆိုင်ရာလှုပ်ရှားမှုတွေမှာ အရေးပါတဲ့ နေရာက ထဲထဲဝင်ပါလာ သူ တဦးဖြစ်တော့ ပြဿနာတွေရဲ့ အချက်အခြာနေရာနားမှာ ရှိနေ သူဖြစ်ခဲ့တယ်။ ဒါကြောင့်ဘဲ သူ့ကိုယ်တွေ့ ဖြစ်စဉ်တွေကို မှတ်တမ်းပြုထားတဲ့ ဒီစာအုပ်ဟာသမိုင်းတန်ဖိုး ကြွယ်ဝတယ်လို့ ဆိုချင်တယ်။
လက်နက်ကိုင်တော်လှန်ရေးသမားဘ၀၊ တောထဲတောင်ထဲမှာ၊ အစည်းအဝေးတွေထဲမှာ၊ ရှည်လျားကြပ် တည်း တဲ့ ခရီးရှည်တွေထဲမှာ၊လက်နက်ကိုင် ပဋိပက္ခတွေကြားထဲမှာ အနေများနေရတဲ့ ဘ၀ထဲကနေ စာအုပ်ရေးဖို့ ၊ထုတ် ဖို့ အခွင့်အခါကို ရမိသလောက်ဆုတ်ဖမ်းနိုင်တဲ့ အတွက် ကျွန်တော့်အနေနဲ့ သူ့ ကို လေးစားပါတယ်။
ဒီစာအုပ်ဟာ အောင်ပွဲရသူတယောက်ရဲ့ မှတ်တမ်းမဟုတ်သေးတော့ တိုက်ပွဲနဲ့ အခက်အခဲတွေ ကိုသာ ယေဘု ယျ ဖေါ်ပြထားပေမဲ့ မြောက်များစွာသော သင်ခန်းစာကိုရစေခဲ့ပါတယ်။ အမျိုးသားအမြင် သက်သက်နဲ့ ရပ် တည်လာခဲ့တဲ့ နိုင်ဟံသာ သူတို့ မွန်အဖွဲ့ထဲက မွန်တွေက ပေးတဲ့ ပြဿနာ အများစုကို ရင်ဆိုင်တွေ့ကြုံ ခဲ့ရ တာကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါတယ်။
အဓိက ရန်သူဖြစ်တဲ့ သူတို့အခေါ်ဗမာတွေနဲ့ တိုက်ခိုက်ရတာထက် သူတို့ တိုင်းရင်းသား အချင်းချင်း ဖြစ်တဲ့ ကရင်နဲ့ တိုက်ရတာကပိုများနေတာလည်း တွေ့နိုင်တယ်။ တပ်ပေါင်းစုတွေပေါ်ခဲ့၊ သဘောထားကြီးတဲ့ ခေါင်း ဆောင်တွေပေါ်ခဲ့ပေမဲ့၊ အမျိုးသား အမြင်ကျဉ်း ၀ါဒကို (ကျွန်တော်တို့ အခေါ်) လူမျိုးစုတွေက မကျော် လွှား နိုင်ခဲ့ပါဘူး။ လူမျိုးစုတွေ ဦးဆောင်တဲ့ တပ်ပေါင်းစုတွေဟာ လူမျိုးရေးကိုဘဲ ထပ်ခါထပ်ခါဖေါ် ဆောင် နေခဲ့ ကြတယ်။ လူမျိုးရေးကို အတန်းအစားအရေးနဲ့ ကျော်လွှားဖို့ နိုင်ရွှေကျင်က ကျိုးစားပုံရပေမဲ့မွန်ပြည်သစ်ပါတီတခြမ်းဖြစ်ခဲ့တဲ့ နိုင်ဆိတ်နို့ဘက်ကလူတန်းစားအမြင် ဇောင်းပေးလွန်းသဖြင့် လက်မခံနိုင်ကြောင်း ကန့်ကွက် သည်။” ( စာမျာက်နှာ ၈၄) လို့ ဖေါ်ပြချက်အရ လက်ျာကျတဲ့ အမြင်တွေကြောင့် အဖိနှိပ်ခံချင်း ပေါင်းစည်းရေး အတန်းအစားအမြင် ချို့ငဲ့ နေကိုတာကိုတွေ့နိုင်တယ်။ ဒီတော့ ကိုယ့်အမျိုးသားရေး အမြင်ဆူးတောင်တွေ သာချွန်မြ နေတဲ့ တိုင်းရင်းသားလူမျိုးစုတွေ ပေါင်း စည်းရာမှာလည်း ၀န်ရိုးစွန်းတူတဲ့ သံလိုက် နှစ်ခုလို ပေါင်းမိဖို့ ခက်နေတာကို ကျွန်တော်တို့ မြင်နိုင်တယ်။ သဏ္ဍာန်အားဖြင့်တူသယောင်ရှိပေမဲ့ အနှစ်သာရက ဆန့်ကျင် ဘက်ဖြစ်နေခဲ့တယ်။
ထိုကာလ( ၁၉၄၈ -နောက်ပိုင်း) တွင် မွန်နှင့်ကရင် ခေါင်းဆောင်များသည်ပူးတွဲပြီးအာဏာနှင့်ပြည့်စုံသောရာမည မွန်ကရင် နိုင်ငံတော်ကို တည်ဆောက်ရန် နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုး ကတိသစ္စာပြုကြ သည်။ ယင်းသဘောထားသည် မွန်လူထုနှင့် ကရင်လူထုအတွင်း မိမိတို့ သက်ဆိုင်ရာ အမျိုးသားညီလာခံတွင် ဆွေးနွေးသဘောတူဆုံးဖြတ်ထားပြီးဖြစ်သည်။ထိုရာမညမွန်ကရင်နိုင်ငံတော်တွင် နေထိုင်ကြသောလူမျိုးစုံပြည် သူအား လုံးသည် စစ်မှန်သောဒီမိုကရေစီ အခွင့်အရေးကို ခံစားကြရမည်ဟု ဖေါ်ပြထားသည်။ ရာမညမွန် ကရင်နိုင်ငံတော်ကို တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့ဖြင့် ပါဝင်ဖွဲ့စည်းမည်ဟု ဖေါ်ပြထားသည်။ ထိုသဘောတူညီချက်ကို ၁၉၄၈ ခုနှစ် နိုဝင်ဘာ (၁၉) ရက်နေ့တွင် လက်မှတ်ရေးထိုးကြသည်။ ထိုစာချုပ်တွင် မွန်တိုင်းရင်းသားအစည်းအရုံးကိုယ်စား မွန်ဖိုးချို၊ မွန်လူမျိုးရေးရာအဖွဲ့ ကိုယ်စား နိုင်လှမောင်၊ ကရင်အမျိုးသားအစည်းအရုံးကိုယ်စား စောဘဦးကြီး၊ကရင်အမျိုးသားအဖွဲ့ချုပ်ကိုယ်စား စောသာဒင်၊ ဂျေထွန်းအောင်နှင့် တသီးပုဂ္ဂလအဖြစ်ကရင်အမျိုးသား စောမောင်ဒေါင့်တို့လက်မှတ်ရေးထိုးကြသည်။ထိုသဘောတူညီချက်ကိုလည်း  စုံစမ်းရေး ကော်မီရှင်သို့ တင်ပြလိုက်သည်။”( စာ မျက်နှာ ၅၅ )
၁၉၄၉ ဖေဖ၀ါရီ(၁၂) ရက်နေ့မှာ ဦးနုအစိုးရက ကရင်ပြည်နယ်သတ်မှတ်ပေးရန် သဘာထား ကို ကျေညာလိုက် တဲ့အခါ မွန်နဲ့ ကရင်ခေါင်းဆောင်တွေ တင်ပြထားတဲ့ရာမည မွန်ကရင် နိုင်ငံတော်ဆိုတာက အလို လို ပျောက်သွားရတော့တယ်။  နောက်တခါ၁၉၉၄ ဧပြီ လထဲတွင် ဗိုလ်ချုပ်မြက၎င်း၏ တပ်ဖွဲ့ဝင်များကို  စစ်အစိုးရတပ်ဖွဲ့များအား သွာေးရောက် တိုက် ခိုက်ခြင်း မပြုဘဲ၊ စစ်အစိုးရ တပ်ဖွဲ့များက မိမိတို့တပ်ဖွဲ့အား လာရောက်တိုက်ခိုက်မှသာ ပြန်လည်တိုက်ခိုက်ရန် အမိန့်ထုတ် ညွှန်ကြားခဲ့သည်။ဤ အခြေအနေကို မွန်ပြည်သစ်ပါတီက ကြားသိလိုက်ရသောအခါ ဗဟိုကော်မီတီ အစည်းအဝေးခေါ်ပြီး အခြအနေအားလုံးကို ပြန်လည်သုံးသပ်ကြသည်။ ထိုအစည်းအဝေးတွင် မိမိတို့ တဖွဲ့ တည်း တင်းခံရန်မသင့်တော့ပါ၊ ရနိုင်သမျှ အခွင့်အရးကို ညှိနှိုင်းလက်ခံ၍ အပစ်အခတ်ရပ်စဲရေးကို ပြုလုပ် သွားရန် အများစုဆန္ဒဖြင့် ဆုံးဖြတ်လိုက်ကြသည်။” (စာမျက်နှာ - ၁၈၈)
မွန်ကရင်နယ်မြေပြဿနာမှာ စောဘဦးကြီရှိစဉ်ကပင်စပြီးပေါ်လာခဲ့ပြီးနယ်မြေဆုံးရှုံးမည့်အရေးက တော်လှန် ရေး ထက်အရေးပါနေကြတာကိုလည်း မြင်နိုင်ပါတယ်။ဒီနေရာမှာအမျိုးသားရေးအမြင်သက်သက်နှင့်ကြည့် ဖြေရှင်းနေယုံမျှဖြင့် နယ်မြေကိစ္စဟာ ပြေလည်စရာမရှိနိုင်ဘူးလို့ ကျွန်တော်ယူဆပါတယ်။ အဖိနှိပ်ခံ အတန်း အစား အမြင်အထိ မွန်ကရင်ခေါင်းဆောင်တို့ မတက်နိုင်သည့်တိုင်အမျိုးသားရေးနှင့် အတန်းအစားရေး အ ဆက် အစပ်ကိုတော့ သိရှိနားလည်ထားမှသာဖြစ်နိုင်ပါတော့မယ်။ ဒါကကျွန်တော့် အမြင်ပါ။
ခေတ်နောက်ကျတဲ့နိုင်ငံတို့တွင် ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း ပုဂ္ဂိုလ်ရေးကို မဏ္ဍိုင်ပြု လှုပ်ရှားမှု လုပ်ကြရ တယ်။ အမျိုးသားစိတ်ကို အခြေခံရတယ်။ မူဝါဒလမ်းစဉ်ထက် အခွင့်အခါကိုလိုက်  ပြောင်းလဲလုပ်ကြ ရတာကိုဤစာအုပ်မှာ တွေ့နိုင်ပါတယ်။ဒါပေမဲ့ရန်သူကိုအကဲဖြတ်ချက်မရှိခဲ့သလို တော်လှန်ရေးရည်မှန်းချက်က မွန်ပြည်နယ် အသိအမှတ်ပြုရေး သဘောထားလောက်ဖြင့် လုပ်လာခဲ့တဲ့ လှုပ်ရှားမှုများဟာ ရန်သူကပေးတဲ့ မရေရာတဲ့ အခွင့်အရေးများကြားမှာ မွန်တော်လှန်ရေး လှုပ်ရှားမှု ဟာမြုပ်ချည်ပေါ်ချည် ဖြစ်ရပုံမှာ များစွာ သင် ခန်း စာရရတယ်။
ပုဂ္ဂိုလ်ရေးပေါ် အခြပြုတာများနေတဲ့ မွန်ပြည်သူ့တပ်ဦး လမ်းစဉ်ဟာ ၁၉၅၈ ဗိုလ်နေ၀င်းအိမ်စောင့်အစိုးရ လက်ထက် နိုင်ငံရေးအရ အစိုးရက မတည်မငြိမ်ဖြစ်နေချိန်မှာပင် လက်နက်ချ လိုက်ခြင်းအတွက်ကျွန်တော့် အနေနဲ့ နားလည်ရခက်ပါတယ်။ ဒါပေမဲ လက်နက်ချခဲ့တဲ့ သူများ နောင်တွင် ဘယ်လိုဇာတ်သိမ်းရသလဲ ဆိုတဲ့သင်ခန်းစာကများစွာတန်ဖိုးကြီးပါတယ်။တဦးစနှစ်ဦးစ ကောင်းစားပေမည့်မွန်ပြည်သူ့တပ်ဦးက ပျောက်ကွယ် သွားရတာကိုတွေ့လိုက်ရလို့ပါ။နောက်ထပ်လှုပ်ရှားရုန်းကန်မှုအတွက်များစွာလက်ခဲခဲ့တာကလည်းမှတ်သား စရာ ဖြစ်ခဲ့ရတယ်။
ဒီနေ့ ရန်သူ ကြံ့ဖွတ်စစ်အာဏာရှင်တို့နဲ့လည်း တော်လှန်ရေးလက်နက်ကိုင် အင်အားစုများ ၊ အပစ်အ ခတ် ရပ်စဲ ရေးစေ့စပ်ခါ ဈေးဆစ်နေတဲ့ ကာလမှာ မွန်ပြည်သူ့တပ်ဦး၊ ပါလီမန်ဒီမိုကရေစီ ပါတီ တို့ ဖြစ်ရပ်တွေက နမူနာပေး ပုံစံပြ သလိုဖြစ်နေပါတော့တယ်။
လွန်ခဲ့တဲ့ ရာစုနှစ်ဝက်လောက်က ဖြစ်ခဲ့ရတဲ့ တော်လှန်ရေး အားနည်းချက်တွေဖြစ်တဲ့၊ လူမျိုးရေး အမြင် ကျဉ်းတာ၊ ပုဂ္ဂိုလ်ရေးသြဇာလွှမ်းမိုးလွန်းတာ၊ တော်လှန်ရေးရဲ့ ရည်မှန်းချက် မမြင့်တာတွေကြောင့် မရေမရာဇာတ်သိမ်းရမည့်အဖြစ်တွေကိုယနေ့ခတ်မှာသင်ခန်းစာယူကျော်လွန်သင့်ပါတယ်။ တော်လှန်ရေးကိုဦးဆောင် မည့်ပါတီဟာ သာမန် ပါတီအမြင်ထက်တော့နိုင်ငံရေး အမြင် မြင့်အောင် မြှင့်တင်ထားသင့်လှတယ်။
နိုင်ဟံသာစာအုပ်ထဲမှာ ကြံ့ဖွတ်နဲ့ မွန်ုပြည်သစ်ပါတီတို့ အပစ်ရပ်နားလည်မှုရ ပြီးနောက် ရရှိတဲ့ အခွင့် အရေး တွေဟာ နောက်ပိုင်း အရည်ပျော်သွားတဲ့ အပြင်မြို့တွင်းနဲ့တောတွင်းအမြင်ကွဲနှစ်ခု ပါတီ တွင်း ရှိလာပုံ၊ လူအင်အားလက်နက်အင်အား ကြီးကြီးမားမား ဆုံးရှုံးရပုံ၊မယ်သရောထ သဘောတူညီချက် ကို လက်မှတ်ထိုး ထားတဲ့ သူ့ကို ရန်သူရော ပါတီကပါ အကြပ် ကိုင်ဖိအားပေးတဲ့ အကြောင်း တွေဟာ မွန်ပြည်သစ်ပါတီ ရှေ့ရေး အတွက် အလားအလာမကောင်း လှတာ ကိုလည်းတွေ့ နေရတယ်။ ဒါတွေကို အသိပေးတဲ့ အတွက် စာရေးသူကို ကျေးဇူးတင်ရမှာပါ။
အဖိုးတန်တဲ့ နောက် သင်ခန်းစာတခုက ထိုင်းနယ်စပ်လို နယ်စပ်တွေမှာအခြေပြု နေနေရတဲ့ တော်လှန်ရေး အင်အားစုတွေ ဘ၀တွေဟာ ရန်သူဖိအားကိုသွယ်ဝိုက်ပြီးခံရသလို၊တဘက်နိုင်ငံရဲ့ဖိနှိပ်မှုကိုခံရနိုင်ကြောင်း ရှင်းလင်းတဲ့ သာဓကတွေလည်း တွေ့လိုက်ရတော့တယ်။ ဒီတော့ ကိုယ့်ပြည်သူနဲ့ ကိုယ့်ဒေသကိုသာ အခြေခံပြီး လူထုရဲ့လိုလား ချက်တွေကိုရဖို့ တော်လှန်ရေး အမြင်နဲ့ ထက်ထက်မြက်မြက်ပေါင်းစပ် တိုက်ပွဲဝင်မှသာ ပြည်သူ့ အကျိုး စီးပွါးကို လွတ်လွတ်လပ်လပ် သယ်ပိုးနိုင်မှာသာ ဖြစ်ကြောင်း ဒီစာအုပ် က ပြသလိုက်ပါတယ်။
ဦးအေးဆောင်
ဇူလိုင် ၃၀၊ ၂၀၁၄။








Wednesday, July 16, 2014

ရဲဘော်များ၊ လုပ်ဖေါ်ကိုင်ဘက်များ၊ မိတ်ဆွေများ ခင်ဗျား -



ရဲဘော်များ၊ လုပ်ဖေါ်ကိုင်ဘက်များ၊ မိတ်ဆွေများ ခင်ဗျား -

စာနယ်ဇင်းလောကကို ကြံ့ဖွတ်အစိုးရရဲ့ ဖိနှိပ် လိုက်ဟာ မျောက်ငါးပိကိုင်မိသလို ဖြစ်နေပြီ။ မြန်မာပြည် မှာဖြစ်နေတဲ့ ပြဿနာသောင်းခြောက်ထောင်မှာ ဒီပြဿနာဟာ မီးရထားစက်ခေါင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ သ တင်းမီဒီယာကိစ္စက အုပ်စိုးသူတို့ရဲ့ ကုန်ထုတ်စွမ်းအားကို တိုက်ရိုက်မထိခိုက်သေးတော့ အလျှော့အတင်းနဲ့ ပြီး နိုင်တယ်။တော်လှန်အဆင့်အထိ  မျှော်လင့်ဖို့ ခက်တယ်။ ဒီကိစ္စကို စနက်တန်အဖြစ် အသုံးချပြီး မတရား ဖိနှိပ် ခံနေရတဲ့ လူထုတွေအတွက် မြေယာ၊ လုပ်ခလစာနဲ့ လွတ်လပ်မှု တွေအတွက် ပါ ရည်ရွယ် လှုပ်ရှား ကြရင် တော့ ပြည်သူလူထုကြီးပါ ပါဝင်လာနိုင်လိမ့်မယ်။
ကျွန်တော်တို့မှာ ပြဿနာတခုကို ရင်ဆိုင် ရတိုင်း အကန့်အသတ်နဲ့ ကိုယ်ခွင်ထဲကနေ ဘဲ ရင်ဆိုင် ချင်ကြ တဲ့ နေရာစွဲ၊ ကဏ္ဍစွဲတွေ ရှိနေကြတုန်းဘဲ။ စစ်အာ ဏာ ရှင် လုပ်ရပ်ကို ဆန့်ကျင် တာဟာ စစ်အာဏာ ရှင်ဖြုတ် ချရေး ဦးတည်ချက်နဲ့ လုပ်ရမှာပါ၊ ကျယ် ပြန့်သ ထက် ကျယ်ပြန့်လေ ကောင်းလေပါဘဲ။ ကန့်သတ်ထား ချင်တာက ရန်သူရဲ့ လုပ်ရပ်သာဖြစ်ပြီး ကျွန်တော်တို့က ကိုယ့်ကိုကိုယ် မချုပ်နှောင်မိအောင် မလုပ် သင့်ကြဘူး။ တကယ်ဆို ဒီမီဒီယာ ဖိနှိပ်မှုကို နိုင်ငံရေးပါတီတွေကပါ ၀ိုင်းဝန်းကန့်ကွက် ဆန္ဒပြသင့်တယ်။ လယ်ယာ မြေကိစ္စကို လယ်သမားတွေဘဲလုပ်၊ ကျောင်းသာကိစ္စကို ကျောင်းသားဘဲလုပ်၊ မီဒိယာကို မီဒီယာသားတွေ ဘဲလုပ် ၊ စစ်သားအရေး စစ်သားဘဲလုပ် ဆိုတာ ကျွန်တော် တို့ ရဲ့ အကြီး မားဆုံး အတွေးအခေါ် အမှားဖြစ်ပါတယ်။
 ဒါကြောင့်ဖိနှိပ်မှုတိုင်းဟာစစ်အာဏာရှင်စံနစ်ရဲ့ဆူးတောင်တွေဖြစ်သလိုစစ်အာဏာရှင်စံနစ် ကျေပြုန်းမှသာ ကြီးမားတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင် မှာဖြစ် တယ်။ စစ်အာဏာရှင် စံနစ်တိုက်ဖျက်ရေး ရည်မှန်း ချက်ဆိုတာ တော်လှန်ရေး ပါတီမှသာရှိနိုင်တယ်။ ရွေးကောက်ပွဲလောက်၊  ပါးစပ်နဲ့ တောင်းဆိုရေးလောက်၊ နယ်မြေ တစွန်း တစကြီးစိုးရေးလောက်၊ သယံဇာတ ဝေခြမ်းရေးလောက်နဲ့ တော်လှန်ရေးပါတီ လို့ မခေါ်နိုင်ဘူး။ မြန်မာပြည်မှာ မရှိတာ စစ်အာဏာရှင် စံနစ်ကို ဖြုတ်ချရေးရည်မှန်းချက်ရှိတဲ့ နိုင်ငံရေး ပါတီဘဲ။ စစ်အာဏာရှင်နဲ့ အပေး အယူလုပ်ချင်တဲ့ လူတွေ၊  ပေးသလောက်နဲ့ ကျေနပ်နေတဲ့သူတွေကို လူထုက အားမကိုးလိုကြတော့ဘူး။
လူထုအကျိုးရှိဖို့ စစ်အာဏာရှင် မရှိဖို့ လိုတယ်။ ဒါဟာရှင်းရှင်း မြင်သာနေတဲ့ အမှန်တရား။ ဒီတော်လှန်ရေး အမှန်တရားကို ကျွန်တော်တို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးက ဦးထိပ်ပန်ပြီး ဆက်လုပ်သွားမှာဘဲ။ နည်း နာအနေနဲ့ လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ လမ်းစဉ်ပေါင်းစပ်ရေးကို ဆက်လက်အကောင် အထည် ဖေါ်သွားမယ်။
လက်နက်ကိုင်လမ်းစဉ်ဆိုတာ စစ်အာဏာကို လူထုတိုက်ပွဲအင်အားနဲ့ ဆက်လျှက် ကျင့်သုံးရတာဖြစ်တယ်။ ပြီးခဲ့တဲ့ ၈၈ လူထုအုံကြွမှုကြီး ခွေလိပ်သွားရတာ လူထုတွေမှာ လက်နက်ကိုင်အင်အားသုံးပြီး စစ်အာဏာကို ဖြိုချ ဖို့ စိတ်ကူးလုံးဝ မရှိကြလို့ဘဲ။ တော်လှန်ရေး အမြင်မရှိလို့ဘဲ ၊ အုံကြွရေး အမြင်လောက်သာရှိခဲ့လို့ပါ။ လူထုမှာ ဘာမှ အပြစ်မရှိ၊ ခေါင်းဆောင်ဆိုသူတွေရဲ့ ချို့ယွင်းချက်ဘဲ။ ဒါကို ရှင်းရှင်းသိပြီး နောက်ထပ် မဖြစ်ဖို့ လိုပါတယ်။ တော်လှန်ရေး အမြင် မရှိသူတွေကို ခေါင်းဆောင်မရွေး မိဖို့ ခါးသည်းတဲ့ သင် ခန်းစာပေါ့။
ဒီနေ့ အခြေအနေက လူထုတွေ အကာအကွယ်မဲ့နေတယ်။ အားကိုးရာမဲ့နေတယ်။ အာဇာနည်တွေ၊ လူထက် တွေ နေတဲ့တိုင်းပြည်ဆိုပြီးအခုဖြစ်နေတဲ့အခြေအနေတွေကကျွန်တော်တို့ကို လှောင်ပြောင်နေတာ ကျွန် တော်တို့ ဂရုမိုက်မကြဘူးလား။ လက်နက်ကိုင်ထားတဲ့ လူတွေကကော ဒီလောက်လူထုတွေ စားစရာမရှိ၊ ပြေးစရာမြေမရှိ၊ မျက်ရည်နဲ့ မျက်ခွက်  ဖြစ်နေတာကို မျက်ကွယ်ပြုပြီး ရန်သူနဲ့ လက်ဆွဲနုတ်ဆက်နေ၊ ပျော်ပွဲနွဲ နေကြတာတွေက လူထုကို စော်ကားနေတာကလွှဲလို့ ဘာမှ မဖြစ်နိုင်ဘူး။
လူထုတိုက်ပွဲဟာကျွန်တော်တို့အဓိကအားကိုးရမည့်အရာဖြစ်တယ်။ကျယ်ပြန့်ကြီးမားခြင်းဟာ ပြည်သူတွေရဲ့ စွမ်းပကားဘဲ။ ဒါကို ဖြစ်နိုင်သမျှ တည်ဆောက်ဖို့ ဘယ်တော့မှ ၀န်မလေးသင့်ဘူး။
အခုလူထုတွေဟာ သူတို့ အတွက် စားဝတ်နေရေး၊ လုံခြုံရေး ဘာမှ စိတ်ချရစရာ မရှိတော့ဘူး၊ ကျွန်တော်တို့ အနေနဲ့ လူမှုရေး၊ သာရေး၊ နာရေး၊ လောက်နဲ့ မလုံလောက်တော့ဘဲ လူထုအကျိုးကို ဘက်ပေါင်းစုံက ထမ်း နိုင်အောင်၊ လူထုတွေကို အမှန် အကာအကွယ်ပေးတဲ့ လူထုအုပ်ချုပ်ရေး အဖွဲ့အစည်းမျိုးတွေ ထူ ထောင် နိုင်အောင် ကျိုးပမ်းကြရမယ်။ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့တော့ “လွတ်မြောက်ရေးကော်မီတီ” ဆိုတဲ့ အနေနဲ့ စုစည်းဖို့ မူချထားတယ်။ ဘယ်သူမဆို စစ်အာဏာ ရှင်စံနစ် ဆန့်ကျင်ရေး ၊ လူထုတိုက်ပွဲလက်နက်ကိုင်တိုက်ပွဲလမ်းစဉ်ကိုယုံရင်ဖွဲ့စည်းရမယ်။မူမရှိရင်၊အဖွဲ့မရှိရင်တော့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။
ဘာမှမရေရာသလို၊ ဘာမှဖြစ်လာမှာ မဟုတ်တဲ့ ရွေးကောက်ပွဲ ၊ သဘာဝမကျတဲ့ အဓိကရုဏ်းတွေနဲ့ လူထုကို စစ်အာဏာရှင်တို့က အလုပ်ပေးရှုပ် ထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ အစိုးရဆိုတာကအစ၊  ၂၀၀၈ ခြေဥအဆုံး အယုံအကြည် မရှိသူတွေဖြစ် တော့ ရွေးကောက်ပွဲနဲ့ ဘာမှ ပတ်သက်စရာမရှိပါ၊ ဒါပေမဲ့ လူထုအကျိုးကို ရိုးရိုးသား လိုလားသူ၊စစ်အာဏာရှင် ကို အမှန်တကယ်ဆန့်ကျင်သူတွေကိုရွေးနုတ် အား ပေးရမယ်။ လက်နက်ကိုင်အင်အားစုတွေထဲမှာလည်း ရန်သူကို ရန်သူလိုမြင်ပြီး ဆန်ကျင်တဲ့ သူကိုအား ပေးရမယ်။ တကယ်တိုက်ပွဲဝင်နေတဲ့ သူတွေကိုဆိုပိုအားပေးရမယ်။ဒါတွေက လူထုလှုပ်ရှားမှု အရေးအတွက် အရံ လုပ်ငန်းတွေ။
ရဲဘော်များနဲ့မိတ်ဆွေများခင်ဗျား-ဒီနေ့ တော်လှန်ရေးလှုပ်ရှားမှုကိုကျွန်တော်တို့လုပ်နေတာထက် ပြည်သူတွေက သူတို့ဘ၀အကြပ်အတည်းအရ မနားမနေလုပ်နေကြတာကို တွေ့နိုင်ပါတယ်။ ဒါပေမဲ့ တော် လှန်ရေး အမြင်နဲ့နည်းနာတွေကိုတော့သူတို့မှာအတားအဆီးအကန့်အသတ်တွေ ကြောင့်အားနည်း ကောင်းနည်းနိုင်ပါတယ်။ဒီကွက်လပ်ကိုကျွန်တော်တို့ ဖြစ်နိုင်သမျှ ဖြည့်ဆည်းပေးပြီး တော်လှန်ရေး ဒါးသွား ထက်မြက် ချွန်မြအောင် ကျွန်တော်တို့ ခွန်အားဥာဏ်အားနဲ့ အားစိုက်သယ်ပိုးသင့်လှပါတယ်။
စစ်အာဏာရှင်စံနစ်တိုက်ဖျက်ရေးဟာ ဒီနေ့ ကျွန်တော်တို့လုပ်ရမည့် တော်လှန်ရေးတာဝန်ဘဲ။ တခြား အရာ တွေက အပေါ်ယံ ပြဿနာမျှသာ ဖြစ်တယ်။
လူထုအစိုးရတည်ဆောက်။
စစ်အာဏာရှင်စံနစ်ကို တိုက်ဖျက်။
ဦးအေးဆောင်
ဇူလိုင် ၁၆၊ ၂၀၁၄။

Thursday, May 29, 2014

ကတက်ချဉ် တောင်သူတွေ မြေရှင် စစ်တပ်ကို အာခံပြီ ၀ိုင်းဝန်းအားပေးကြ။



ကတက်ချဉ် တောင်သူတွေ မြေရှင် စစ်တပ်ကို အာခံပြီ ၀ိုင်းဝန်းအားပေးကြ။

မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ကတက်ချဉ်ကျေးရွာအုပ်စုက တောင်သူတွေရဲ့  ဖိုးဖွါးပိုင်မြေတွေကို ၁၉၉၆ ခုနှစ်မှာ အမှတ် ၁၂၁  ထောက်ပို့တပ်က သိမ်းထားပြီး တရုတ်ဂရိတ်ဝေါ ကုမ္ပဏီ အတွက် စီမံကိန်း ကြံစိုက် ပေးနေခဲ့ရတယ်။ တနှစ်ကို တဧက ကြံနှစ်တန် သီးစားခပေးနေရတယ်။ အခုတော့ ဒီတောင်သူတွေက တရုတ် အကျိုးပြု စီမံကိန်းကြံ မစိုက်တော့ဘဲ ၊ ပဲကို စိုက်ကြတော့မယ်၊ သူတို့ စီးပွါးဖြစ်မည့်သီးနှံကို စိုက်မယ်၊ စိုက် လက်စ ကြံကိုလည်း ကုမ္ပဏီ မသွင်းတော့ဘဲ ကိုယ်တိုင်ချက်ရောင်းတော့မယ်၊ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။  သူတို့ မြေတွေကို ထွန်တွေ နွားတွေနဲ့ အခု ၀င်ထွန်နေကြပါပြီ၊ တောင်သူ ၅၆ ယောက်ကို နယ်မြေ ကျူး ကျော်မှုနဲ့ ရဲကတရားစွဲထာပါတယ်။  ၃၀ ၊ ၅ ၊ ၁၄ သစ်ထူးလွင် သတင်းပါ။
ကြံ့ဖွတ်စစ်အစိုးရက မြေတွေကို မတရားအာဏာနဲ့ သိမ်း၊ သီးစာခချ၊ တရုတ်လက်ဝေခံလုပ်နေတာဟာ ပေါ်လွင်နေ သလို ၊ တောင်သူတွေ လွတ်လပ်စွာ မစိုက်ပျိုး နိုင်ဘဲ အာဏာနဲ့ ဖိနှိပ်သွေးစုတ်နေတာကို လည်း သိသာထင် ရှား လှပါ တယ်။ တောင်သူတဦးက “ နိုင်ငံတော်ကို ဆက်ကြေးပေးနေရတာ မဟုတ်ဘဲ၊ တရုတ်ကို ဆက်ကြေးပေးနေရသလိုဖြစ်နေတယ်။ တရုတ်ဆီမှာ ကျွန်မခံနိုင်တော့ဘူး။ ကျွန်တော်တို့ရဲ့လယ်၊ ကျွန်တော် တို့ရဲ့ မြေ အထောက်အထားတွေကို ကိုယ်ကို၌ဘဲ လွတ်လပ်စွာ ရောင်းစားပိုင်ခွင့် လိုချင်တယ်။ တခြား တောင်သူတွေကိုလည်း ကိုယ်ကို၌ ဒီနှစ်ဒီရာသီကစပြီး ကိုယ်တိုင်ချက်နိုင်အောင်ကျိုးစားရလိမ့်မယ်။ ဒီကြံက ထွက်လာတဲ့ အကျိုးအမြတ်တွေကို ကိုယ်ရဲ့ မိသားစု တနိုင်တပိုင်ဖြစ်တဲ့ လုပ်ငန်းကို ဘယ်သူရဲ့ လက်ဝေခံ မှ မရောက်အောင် နည်းလမ်းအမျိုးမျိုး   ရှေ့ဆက်ပြီးတော့ ထွန်မယ်၊ ထယ်မယ်၊ စိုက်မယ်၊ ပျိုးမယ်၊ စိုက်ပြီးတော့ ထွက်လာတဲ့ သီးနှံ့ ကုန်ပစ္စည်းကို ကျွန်တော်တို့ တောင်သူ၊ ကျွန်တော်တို့ အကျိုးအမြတ်ခံစားစေချင်တယ်။”
တောင်သူအမျိုးသမီး တဦးက “ ကျမအနေနဲ့ကတော့ ကျမတို့ ဒါးမဦးချမြေတွေကို ပြန်လိုချင်ပါတယ်။ကျမတို့ အခုလုပ်နေတဲ့ လုပ်ငန်းကို ရှေ့ဆက်ပြီးတော့ လုပ်သွားမှာဘဲ။ ကျမတို့က ဆက်လုပ်မှာဘဲ။ တရားစွဲလည်း အစွဲခံမယ်၊ ထောင်ချရင်လည်း အချခံမှာ ဘဲ” လို့ ဆိုလိုက်တယ်။
တောင်သူတွေကို လက်ပံလှရဲစခန်းမှာ ပုဒ်မ ၄၄၇၊ ၁၁၄ တို့နဲ့ တရားစွဲထားပါတယ်။ မြေပိုင်ခွင့် လျှောက်လွှာ ပုံစံတစ် ဆိုတဲ့ပုံစံကို အလွယ်တကူမရနိုင်တာကြောင့် ခက်ခက်ခဲခဲ ရှာတင်ကြပေမဲ့ တခြားလျှောက်ထားနှင့် သူရှိနေပြီးဖြစ်တယ်လို့ မြေယာ ဦးစီးမှူးက  ပြောပြန်တော့ ဒီမြေသိမ်းခံတောင်သူတွေရဲ့ ဘ၀က မရေမရာဖြစ် မျှော်လင့်ချက်မဲ့၊ ထောင်ချခံဘ၀ နဲ့ ဇာတ်သိမ်းရမလိုပါဘဲ။ ဒါအတွက် တက်ကြွ လှုပ်ရှားသူ များက နည်းနာရှာ ကန့်ကွက် ဆန့်ကျင်သင့်ပါတယ်။
စစ်အာဏာကို လက်ကိုင်ပြုပြီး တိုင်းပြည်တလွှားမြေတွေကို လက်ညှိုးညွှန်မတရားသိမ်းထားတဲ့ ကြံ့စစ်ပ ဒေသရာဇ် တွေဟာ တောင်သူလယ်သမားတွေရဲ့ လွတ်လပ်စွာမြေပိုင်ခွင့်၊  လွတ်လပ်စွာစိုက်ပျိုးခွင့် ၊လွတ် လပ် စွာ ထုတ်လုပ်ရောင်းချခွင့်တွေကို ဖိနှိပ်ချုပ်ချယ် သွေးစုတ်နေသမျှ တောင်သူလယ်သမားတွေရဲ့ ဘ၀ဟာ နလံထူစရာ အကြောင်းမရှိသလို တောင်သူလယ်သမားတွေရဲ့ အုံကြွအာခံ တော်လှန်တာကို မလွဲမသွေ ခံကြရမှာဘဲ။ မြန်မာပြည်ရဲ့ လူဦးရေ ၇၀% ဟာ တောနေ တောင်သူလယ်သမားတွေ ဖြစ်နေတာကြောင့် တိုင်ပြည်ဟာ အေးငြိမ်းစရာ အကြောင်းမရှိလှပါ။
ထမင်းရှင် တောင်လူလယ်သမားတွေ မြေယာမဲ့၊ မတရား အဖိနှိပ်သွေးစုတ်ခံနေရသမျှ တိုင်းပြည်လည်း ကြီးပွါးချမ်းသာစရာ အကြောင်းမရှိပါ၊ လက်တဆုတ်စာ စစ်အာဏာရှင်နဲ့ သူလက်ပါးစေ လက်ဝေခံတွေသာ အခွင့်ထူးခံ၊ စည်းဇိမ်အမျိုးမျိုးခံစားရင်း လူထုကို ပိုပို ဖိနှိပ်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြေရှင်စစ်အာဏာရှင် တရုတ်လက်ဝေခံ ကြံ့ဖွတ်စစ်အာဏာရှင် တွေကို အမျိုးသားလွတ်မြောက်ရေး၊ အတန်းစားလွတ်မြောက် ရေး အတွက် မဖြစ်မနေ တိုက်ဖျက် ဆန့်ကျင်ရပါလိမ့်မယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဘုံရန်သူကို ၀ိုင်းတိုက်ကြ။
ဆရာစံစိတ်ဓါတ်ကို မြှင့်တင်ကြ။

ဦးအေးဆောင်
မေ ၃၀၊ ၂၀၁၄။   



Thursday, May 1, 2014

ဦးရွှေမန်း စာနဲ့ ပတ်သက်၍



ဦးရွှေမန်း စာနဲ့ ပတ်သက်၍

“စကားမှာရွှေမန်း” လို့ ပြောနေကြတာကြားနေရလို့ ဦးရွှေမန်းစာကို စိတ်ဝင်တစားဖတ်မိပါတယ်။ သူ့ရဲစာဟာ ယေဘုယျအားဖြင့် အမျိုးသားနိုင်ငံရေးကို ရည်ညွှန်းနေတာတွေ့ရလို့ အရင် ဗိုလ်ခင်ညွှန်း တို့ ခေတ် ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီက များပြားလှတဲ့ နိုင်ငံရေးပါတီတွေကို အမျိုးသားနိုင်ငံရေး ဆိုတဲ့ စကားလုံးနဲ့ သိက္ခာ ချနှိပ်ကွပ်တိုက်ခိုက်ခဲ့တာကို ပြန်ပြောင်းအောက်မေ့စေခဲ့ပါတယ်။ နောက်တော့လည်း စစ်အာဏာရှင်တွေရဲ့ကြံ့ဖွတ်ပါတီဟာအရင်ကလူမှုရေးကွန်ယက်လိုလိုဘာလိုလိုနဲ့အခုတော့ နိုင်ငံရေးပါတီဖြစ်ပြီး တိုင်းပြည်ကို ကြီးစိုးနေတော့တာပါဘဲ။ ဒီတော့ “အမျိုး သားနိုင်ငံရေး” ဆိုတာ နိုင်ငံရေးပါတီတွေကို စစ်တပ်က အပုတ်ချဖို့ သုံးတဲ့ စကားလုံးသာဖြစ်ခဲ့တယ်။ ဘယ် နိုင်ငံရေးပါတီကကော နိုင်ငံရှိ အမျိုးသားတို့၊ တိုင်းပြည်တို့ နယ်မြေတို့ အခြေမခံဘဲ ရှိပါ့မလဲ။ ကျွန်တော်တို့ ဒီနေ့ ဖြစ်နေတဲ့ ပြဿနာက အမျိုးသား ထဲက ဖေါက်ပြန်တဲ့ ၊ ဖိနှိပ် သွေးစုတ်တဲ့ စစ်အာဏာရှင်လူတန်းစား ကြောင့် ဖြစ်နေတဲ့ ပဋိပက္ခတွေ ချည့်ပါဘဲ။ အမျိုးသားရေးလို့ လုံးတုတ်လို့ မရတဲ့ အချိန်ပါ။
ဦးရွှေမန်းစာမှာ စေတနာသံပါနေလို့ ကျွန်တော့်အနေနဲ့ အလေးထားပါတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲစည်းပုံရဲ့ အကျိုးကျေးဇူးကြောင့် ဖြစ်လာတဲ့ ရွေးကောက်ပွဲ၊ ဖြစ်လာတဲ့ လွှတ်တော်၊ ဖြစ်လာတဲ့ ဥက္ကဌ ဆိုတော့ ဘယ်ပေါ်မှာ သစ္စာစောင့်သိမယ်ဆိုတာကတော့ သိသာပါတယ်။ ဒါပေမဲ့ တိုင်းပြည်နဲ့ ပြည်သူအတွက် တဦးချင်း စိတ်ရင်း အတိုင်းပြောဆိုနိုင်ကြ ရင်တော့ ယခင့်ယခင်က  အုပ်စိုးသူတွေကို သူပြောတဲ့ စကားလုံးအရဆိုရင် “ ပြည်သူကရွေးကောက်ထားသော အစိုးရမဟုတ်၍ ပြည်သူအများစုက လက်မခံ” ဆိုတာဟာ၊ “မယုံကြည်” ဆိုတဲ့ အဓိပ္ပါယ်လို့ ဆိုနိုင်ပါတယ်။ ကျားဟာ ဘယ်လောက် သဘောကောင်းကောင်း သမင်က မယုံပါဘူး။ လူတွေက တိရိ စ္ဆာန်မဟုတ်တော့ ပြောင်းနိုင်တယ်၊ ပရိယာယ်တွေလုပ်နိုင်တယ်၊ ဟန်ဆောင်နိုင်တာပေါ့။ ဒါတွေကို လူတွေက၊ လက်တွေ့နဲ့ရေရှည်မှာ ကြည့်ပြီး ယုံကြည်ကြပါတယ်။ တိရိ စ္ဆာန်ကတော့ တလမ်း မောင်းပေါ့။
ဒီတော့ ယုံကြည်မှုတည်ဆောက်ရေးဆိုတဲ့ စကားကရေပန်းစားလာပြန်တယ်။ယုံကြည်မှု တည်ဆောက်ရေး က တနိုင်ငံလုံး အပစ်ရပ်ရေး လုပ်ငန်းစဉ်ရဲ့ ဖြစ်စဉ်ကို သုံးသပ်ရင် ရှင်းပါတယ်။ ဘာကိုရည်ရွယ် လုပ် ဆောင် နေတယ်ဆိုတာသိသာနိုင်ကြပါတယ်။အုပ်စိုးခဲ့သူတွေဟာ“စေတနာကောင်း၊ရည်ရွယ်ချက်ကောင်း၊ အရည် အချင်းကောင်း များရှိသော်လည်း”  ဆိုတဲ့ ဦးရွှေမန်းက စကားအရ ဆိုပေမဲ့ လူတွေက မယုံကြည်ကြဘူး။ ဒါကြောင့်တနိုင်ငံလုံးအပစ်ရပ်ရေးဟာေ၀၀ါးနေပါပြီ။ဒါဟာ သိသာလွန်းတဲ့သက်သေတခု သာပဲ ဖြစ်ပါ တယ်။
“ညှိတတ်ရင် ပြေလည်ပါတယ်” ဆိုတဲ့ စကားက ပရိယာယ်နဲ့ကျွမ်းကျင်မှုပေါ် အခြေခံပြီးအင်မတန်စိတ္တဇ ဆန်ပါတယ်။ အနှစ်သာရကို မျက်ကွယ်ပြုပါတယ်။ ဒီနေ့ ဖြစ်နေတဲ့ ဆီးရီးယား၊ အစ္စရေး - ပလက်စတိုင်း၊ ယူကရိန်း ပြဿနာတွေဟာ မညှိတတ်ကြလို့မဟုတ်ပါဘူး။အကျိုးစီးပွါးတွေထိပ်တိုက်တွေ့နေလို့ပါ။ မြန်မာ ပြည် မှာ လက်ပံတောင်း၊ မြစ်ဆုံပေါ့၊ ညှိနှိုင်းရေး မဟုတ်တော့ဘဲ ဘယ်ဘက်မှာ လိုက်မလဲ ဆိုတဲ့ကိစ္စ သာဖြစ်တယ်။ ဒါတွေအတွက် တစုံတရာစွန့်လွှတ် အနစ်နာခံတာတွေ ရှိလာနိုင်တယ် ။ “ မခင်တွယ်၊ မခင်တွယ် ချစ်သူစွန့်လို့ရယ် ” ဆိုတဲ့ သီချင်းလိုပေါ့။ ဒီနေ့ မြန်မာပြည် ပြဿနာက အုပ်စိုးသူတွေအနေနဲ့ အနစ်နာခံရမှာ၊ ဒါက တောင်အဖရိကက ဒီကလပ်နဲ့ မန်ဒဲလား တို့လို ဖြစ်ချင်ဖြစ်နိုင်တယ်။ ကျွန်တော်က ဒီကလပ်ကိုပိုချီးမွမ်းတယ်။သူကအားဏာရှိကနေ လျှော့ချခံခဲ့တာ။ပြည်သူလူထုတွေလွတ်လပ်စွာ နိုင်ငံရေးလှုပ်ရှားနိုင်ပြီး စစ်တပ် အနေနဲ့ ပြည်သူတင်မြောက်တဲ့ အစိုးရ ပေါ်လစီအောက်မှာ ပြည်သူအကျိုးကို ထမ်းဆောင်တာက သာလျှင် လက် ရှိ စစ်တပ်ပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည်ရယူနိုင်ပါလိမ့်တယ်။ တိုင်းပြည်စည်းလုံးပြီး အမျိုးသားညီ ညွတ် ရေးတွေရလာနိုင် ပါလိမ့်မယ်။   
စာထဲက“ဆွေးနွေးမယ်၊ညှိနှိုင်းမယ်ဆိုတာဘာကြောင့်လက်မခံချင်တာလဲ”ဆိုတာက လေးပွင့်ဆိုင်ဆွေး နွေးပွဲကို ရည်ညွှန်းတယ် ထင်ပါတယ်။ ဒီကိစ္စတွေက ဦးရွှေမန်းအနေနဲ့ ဦးသိန်းစိန် အစုနဲ့ မတူတာကို ပြချင် တယ် လို့ ယူဆရတယ်။ ဒီလိုမတူတာလေးတွေကို ပြသပြီး မြန်မာပြည်နိုင်ငံရေးမှာ လူထုစိတ်ဝင်စား အောင် လုပ်၊ ဆွဲဆောင်မိန်းမောစေတာ၊မက်လုံးပေးလှည့်စားခဲ့တာကလွဲလို့ဘာမှမဖြစ်လာလို့ရာစနှစ်ဝက် တောင်ကျိုးခဲ့ပြီး တိုင်းပြည်နဲ့ ပြည်သူဟာ ဆင်းရဲတွင်းက တက်ကို မတက်ခဲ့နိုင်ခဲ့ဘူး။ စစ်အာဏာရှင် စံနစ်သာမြဲခဲ့တယ်။
“ညှိနှိုင်းမယ် ဆိုတာ ဘာကြောင့် လက်မခံချင်တာလဲ” ဆိုတာနဲ့ ပတ်သက်ပြီး ၁၉၆၃ ခု ဗိုလ်နေ၀င်းလုပ်တဲ့ ငြိမ်းချမ်းရေး ဆွေနွေးပွဲမှာ သခင်စိုးက “ ပါတီပေါင်းစုံ ကွန်ဖရင့်” မူကိုတင်ပါတယ်။ ဗိုလ်နေ ၀င်းလက်မခံခဲံ့ ပါဘူး၊ အခုလည်း တိုင်းပြည်နဲ့ ပြည်သူတွေ အမှန်တကယ် ဆင်းရဲတွင်းက လွတ်စေ ချင်ရင်၊ အမျိုးသားစည်းလုံးရေးတကယ်ရချင်ရင်  ကျွန်တော့်အနေနဲ့ အရင် ၆၃ ခုကလို “ပါတီ ပေါင်းစုံ ကွန်ဖရင့်” လုပ်ပြီး လူထုရဲ့ ဆန္ဒအမှန်ကို ဖေါ်ထုတ်ခါ တိုင်းသစ်၊ပြည်သစ် ကိုတည် ဆောက် အ ကောင် အထည်ဖေါ်ဖို့ ညှိနှိုင်း ရပါလိမ့်မယ်။
၆၃ ခုတုန်းကလည်း ဗိုလ်နေ၀င်းက လက်မခံခဲ့ပါဘူး၊ အခုလည်းလေးပွင့် ဆိုင်တောင် လက်ခံဖို့ အတွက် အခက်အခဲတွေတွေ့နေတာ ဦးရွှေမန်း အသိဘဲ။ ဒီတော့ လွတ်လပ်ပွင့်လင်းတဲ့ “ပါတီပေါင်း စုံ ကွန်ဖရင့်” ဆိုရင် ပိုလို့ပိုလို့ ဝေးနေဦးမှာပါ။ ဒီတော့ ဦးရွှေမန်းရေးတဲ့ စာထဲကလို “ညှိနှိုင်း မယ်ဆိုတာ ဘာကြောင့် လက်မခံချင်တာလဲ” လိုသာထပ်ပြန်မေးရပါတော့မယ်။
နိုင်ငံ့အရေးကို ထမ်းဆောင်ချင်တဲ့ လူတိုင်းအတွက် ထမ်းဆောင်နိုင်တဲ့ အခြေအနေကို ဒီမိုကရေစီ ဆိုတဲ့ စံနစ်ကပေးပါတယ်။ အတုအယောင်ဟန်ပြ ဒီမိုကရေစီက မပေးပါဘူး။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေ စီဆိုတာက ပိုလို့မပေးဘူးလို့ ဆိုတာ ခြေဥတို့၊ စထွက်လာတဲ့ ရွေးကောက်ပွဲစည်းမျဉ်းတွေမှာ တွေ့နိုင်ပါပြီ။
စာထဲက “ နိုင်ငံ့အရေး၊ အမျိုးသားအရေးကို ကောင်းစွာဆောင်ရွက်နိုင်ပါမှ နိုင်ငံအရေးကို စိတ်ဝင်စားကြသော နိုင်ငံသားများ၏ စားဝတ်နေရေးလူမှုရေးကို ကောင်းစွာ ဆောင်ရွက် ပေးနိုင် မှာဖြစ်ပါတယ်”  ဆိုတာဟုတ်တယ်။ ဒါပေမဲ့ အခုအခြေအနေမှာ အဲဒီအခြေအနေ မျိုးမရှိဘူး။ ဒီတော့ ဦးရွှေမန်း ကို - စစ်တပ်စကားမတိုင်း ဆိုရင် “ ဆက်လုပ်” လို့သာပြောရတော့မှာပါ။သူရဘွဲ့ရထားတဲ့ ဦးရွှေမန်းဟာ သတ္တိရှိမယ်လို့ မျှော်လင့်ရတာပါဘဲ။
ပြည်သူအကျိုးကိုသယ်ပိုးကြ။
လူထုအစိုးရပေါ်ထွန်းရမယ်။

ဦးအေးဆောင်
မေ ၂၊ ၂၀၁၄။