ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Tuesday, August 20, 2019

မြန်မာပြည်ပြဿနာ


မြန်မာပြည်ပြဿနာ

ဗြိတိသျှက မြန်မာပြည်ကို လွတ်လပ်ရေး ပေးလိုက်တဲ့ နောက် မြန်မာပြည်ဟာ ဓနရှင် ဒီမိုက်ရေစီ စံနစ်နဲ့ မျှောလိုက်ခဲ့ပါတယ်။ လွတ်လပ်ရေး ရခါစ ခေတ်နာက်ကျ တဲ့ နိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အတိုင်း စစ်ဗိုလ်ချုပ်တွေက ရွေးကောက်ခံ အရပ်သား အစိုးရတွေဆီက အာဏာသိမ်းသလို ဗိုလ်နေ၀င်းကလည်း ဦးနု ဆီက အာဏာသိမ်းလိုက်ပါတယ်။ ၁၉၆၂ ခုက။ ဒီမှာဘဲ ဓနရှင် ဒီမိုကရေစီ စံနစ်က မြန်မာပြည်မှာ ရပ်ဆိုင်းသွားပြီး စစ်တပ်အာဏာနဲ့ ဗိုလ်ချုပ်တွေ မင်းမူ နေခဲ့တာ အခုထိဘဲ။ နံမည်တွေ ပုံစံတွေ အမျိုးမျိုး ပြောင်းပေမဲ့ အနှစ်သာရက စစ်အာဏာက စစ်အာဏာပါဘဲ။အပြော့ အပျင်းသာကွာတယ်။ ပုံစံသာကွာတယ်။
မြန်မာပြည်မှာ ပြည်တွင်းစစ်ပွဲတွေ တွေ ဓနရှင် အစိုးရခေတ်မှာရှိခဲ့တယ်။ နိုင်ငံရေး အယူအဆ စစ်ပွဲ လက်ဝဲလက်ျာတိုက်ပွဲ နဲ့ လူမျိုးရေးတိုက်ပွဲလို့ အကြမ်းပျဉ်း ဆိုကြပါစို့။ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း စစ်အာဏာရှင်စံနစ် ဆန့်ကျင်ရေးတိုက်ပွဲဖြစ်လာတယ်။ အရင်တုန်းကလို အယူအဆတိုက်ပွဲ၊ လူမျိုးရေး တိုက်ပွဲလည်းမဟုတ်တော့ဘူး။ အာဏာကို လက်ဝါးကြီးအုပ်ထားတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာ ကို ဆန့်ကျင်တိုက်ခိုက်ကြတာပါ။ လူမျိုးတွေ နယ်မြေတွေ အဓိက မကျတော့ဘဲ စစ်အာဏာ ဖြိုချရေး ကိုဘဲ ဦးတည်လာကြပါတယ်။ စစ်အာဏာကို ကျားကန်ပေးသူနဲ့ စစ်အာဏာကို ဆန့်ကျင်သူဘဲ ရှိပါတယ်။ လူမျိုးစုတွေ အထဲမှာ ဒီလိုအစုတွေကွဲသွားပါပြီ၊ အဖိနှိပ်ခံဘက်လား၊ ဖိနှိပ်သူဘက်လားဆိုပြီးကွဲပါပြီ။
ဓနရှင် ဒီမိုကရေစီခေတ်က တိုင်းပြည်အခြေအနေက စုစည်းတိုးတက်တော့မလိုဖြစ်ခဲ့ ပြီးမှ စစ်အာဏာ သိမ်း လိုက်လို့ တိုင်းပြည်ကမောက်ကမ ဖြစ်ခဲ့ရတာ၊ အရင်က ဒီမိုကရေစီ (ဓနရှင်) ဆိတ်သုန်းသွားခြင်းကြောင့် ဆိုတာ ထင်ရှားပါတယ်။ ဒီတော့ ရှိရင်းစွဲ ဒီမိုကရေစီ ရရှိအောင်လုပ်ရမှာပါ။ ဦးနုခေတ် ဒီမိုကရေစီ လောက်တော့ မဖြစ်တော့နိုင်တော့ ဘူး။ သူ့ဒီမိုကရေစီက ကွန်မြူနစ် ဆန့်ကျင်ရေး ဒီမိုကရေစီ ဖြစ်ခဲ့ လို့။ ပြည့်ဝတဲ့ အရင်းရှင် ဒီမိုကရေစီ လုပ်ဖို့လိုတယ်။ ပါတီတွေ၊လူမှု အဖွဲ့အစည်း လွတ်လွတ်လပ်ထောင်နိုင်ရမယ်။ နိုင်ငံရေးအရလုံးဝလွတ် လပ်ရမယ်။ သတင်းမီဒီယာတွေ လွတ်လပ်ရမယ်။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲရှိ ရမယ်။ အစိုးရကို လူထုကရွေးကောက်ပြီး၊ လူထုအစိုးရ အုပ်ချုပ်ရမယ်။ တရားဥပဒေမဏ္ဍိုင် အခိုင်အမာ ရှိရမယ်။ ဆိုလိုတာ က ပြည့်ဝတဲ့ ပါတီစုံ အရင်းရှင် ဒီမိုကရေစီကို ဆိုလိုတာဘဲ။
ဒီလိုမျိုး ဒီမိုကရေစီ နဲ့မှ လူမျိုးစုံ၊ အရောင်စုံတဲ့ မြန်မာနိုင်ငံဟာ ညီညွတ်လာနိုင်မယ်။ ဒီတော့ စစ်အာ ဏာ ကို တိုက်ဖျက်တဲ့ ဒီမိုကရေစီရေး ဟာ ပထမဆုံးလိုအပ်ချက်ဖြစ်တယ်။ စစ်အာဏာက ဒီဒီမိုကရေစီ ရေးကို အမျိုးမျိုးနှောက်ယှက် ဟန့်တားမှာဖြစ်လို့ “စစ်အာဏာကို တို့ဖျက်တဲ့” ဆိုတဲ့ ၀ိသေသန ပုဒ်ကို ထည့်ထားရ တာဘဲ။
ဒီမိုကရေစီရေး ပြီးမှ ပြည်သူလူထုတွေရဲ့ လွတ်လပ်တဲ့ ဆန္ဒနဲ့ အညီ ပေါ်လာတဲ့ ခေါင်းဆောင် ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းပြီး ညီညွတ်ရေးကို တည်ဆောင်ကြရမှာပါ။ လွတ်လပ်တဲ့၊ မျှတတဲ့ ရွေး ကောက်ပွဲ က တင်မြှောက် လိုက်တဲ့ ကိုယ်စားလှယ်တွေဖြစ်တာကြောင့် လူထုရဲ့ ယုံကြည်မှုကို ကိုယ်စားပြု နိုင်လို့ ညီညွတ်ရေးကို တည်ဆောက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ဒီမိုကရေစီရေး ပြီးမှ ညီညွတ်ရေးကို တည်ဆောက်လို့ ရနိုင်မှာပါ။ ဒီမိုကရေစီ မရှိဘဲ လူထုကိုယ်စားလှယ် မဟုတ်ဘဲ ညီညွတ်ရေး တည် ဆောက်လို့ရနိုင်မှာ မဟုတ်ပါ။ ဒီနေ့ ဖြစ်ပျက်နေတာတွေဟာ စစ်အာဏာရဲ့လက်ကြားယို ဒီမိုကရေစီ ကြောင့်သာ ဖြစ်နေကြတာပါဘဲ။
လူထုကိုယ်စားလှယ် တွေနဲ့ ဖွဲ့ထားတဲ့ အစိုးရကသာ တိုင်းပြည် အေးချမ်းသာယာရေး ၊ ဖွံ့ဖြိုးရေး တို့ကို လူထုကိုယ်စားလုပ်နိုင်မှာဖြစ်သလို လူထုရဲ့ ယုံကြည်မှု၊အားကိုးပါဝင်ပူးပေါင်းမှုတို့နဲ့ တိုင်းပြည်တိုး တက်ရေးကို အမှန်တကယ် ရှေ့ရှုနိုင်ပါလိမ့်မယ်။  ဒါကြောင့် ထားရမည့်ရည်မှန်းချက်မှာ “ဒီမိုကရေစီရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး” ဖြစ်ပါတယ်။
ဒါကို မလုပ်ဘဲ ငြိမ်းချမ်းရေးအရင်၊ ညီညွတ်ရေး အရင် ဆိုပြီး လုပ်နေရင်တော့ အမြီးနဲ့ ခေါင်း မှားတပ်နေသလို  ဘာ ပုံမှ မယ်မယ်ရရပေါ်လာစရာရှိမှာ မဟုတ်တာကို သတိချပ်စေချင်ပါတယ်။ ဒီနေ့ လိုအပ် ချက်က ဒီမိုကရေစီရေး၊ စစ်အာဏာဖြိုချရေး၊ ဒီတာဝန်ကိုပြီးမှ သာ တခြားအရာတွေကို မျှော်လင့်နိုင် ပါတယ်။ လူမျိုးတိုင်း အစုတိုင်းမှာ ဒီနေ့ကွဲနေတာက ဒီမိုကရေစီရေး မရှိသေးတော့ ညှိမရ၊ မညီညွတ်၊ မငြိမ်းချမ်း ဖြစ်နေတာဘဲ။ တဆင့်ချင်းအခိုင်အမာ လုပ်ရမှာမသိရင်  အမောနဲ့ ဆုံးရှုံးမှုသာ အဖတ်တင် နိုင်ပါတယ်။
ဘုံရန်သူစစ်အာဏာရှင် စံနစ် တိုက်ဖျက်ရေးမူပေါ်မှာ စုစည်းကြ။
အချောင်သမားဝါဒကို ဆန့်ကျင်ကြ။
တော်လှန်ရေး မုချအောင်ရမယ်။
ဦးအေးဆောင်
သြဂုတ် ၁၉၊၂၀၁၉။



0 comments: