ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Wednesday, November 20, 2013

ဖြစ်နိုင်တာနဲ့ ဖြစ်ချင်တာ



ဖြစ်နိုင်တာနဲ့ ဖြစ်ချင်တာ 

“ဖြစ်ချင်တာ” အကြောင်းကိုဘဲ ပြော နေ၊ လုပ်နေတဲ့လူတွေဟာ ခလေးဆန်တယ်၊ စိတ်ကူးယဉ်ဆန်တယ် စိတ်ဝါဒီ လို့ ပြောချင်ကြတယ်။ “ဖြစ်နိုင်တာ”ကိုဘဲ လုပ်တာက အမျှော်အမြင်ကြီးရာကျတယ်၊ လူကြီးဆန်တယ် ၊ ရင့် ကျက် တယ် လို့ ပညာရှိ ယောင်ယောင် အချောင်သမားတွေ၊ အလျှော့ပေးရေး သမားတွေ၊ရွှေပြည်အေးဝါဒီ တွေ၊ ရန်သူ့ဒလံတွေက ပြောနေကြတယ်။
“ဖြစ်နိုင်တာ” လောက်တွေးဖို့ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ စိတ်ကူးလွတ်လပ်မှုကိုပါ ချုပ်ထိန်းခံနေရပါတယ်။ ဒီနေရာမှာ လူတွေဟာငှက်လိုပျံ နိုင်ရမယ်လို့ တွေးတဲ့ လီယိုနာဒို ဒါဗင်ချီကို သူခေတ်က အရူးလို့ ထင်ခံချင် ခံကြရပေမဲ့ အခုတော့ ဘာမှထူးဆန်းတဲ့ အရာမဟုတ်တော့ဘဲ တကယ်ဖြစ်နိုင်တာပါလား ဆိုတာကို သိလာကြ တာသတိထားမိ ကြမှာပါ။ အကြောင်းက မဖြစ်နိုင်သေးခင်က စဉ်းစားတတ်တဲ့ စဉ်းစားရဲတဲ့ အနောက် တိုင်း သား တို့ တွေးပုံ၊ စဉ်းစားပုံကို အလေးအနက် အတုယူနိုင်ဖို့ ရည်ညွှန်းလိုက်တာပါ။
ကျွန်တော်တို့ ရိုးရာအတိုင်းစဉ်းစားရင်တော့ ဈာန်သမာပတ်တို့ တန်ခိုးအာနုဘော်တို့ ၊ တယ်လီပသီလို telepathy စိတ်စွမ်းအင်တွေ၊ အဂ္ဂိယတွေနဲ့ စဉ်းစားပြီး ယနေ့အထိ ဘာမှ မထွင်နိုင်ဘဲ သူများထွင်တဲ့ လေ ယာဉ်၊ သူများထွင်တဲ့ လက်ကိုင်ဖုန်းတွေကို အလုအယက် အငမ်းမရ တမ်းတ မက်မော တန်ဖိုးထား နေကြ ရတာကို ကျွန်တော်တို့ ကိုယ်ကျွန်တော်တို့ ပြန်သုံးသပ်ကြည့်ရင် သိနိုင်ပါတယ်။
ဒီတော့ “ဖြစ်နိုင်ချေ” သမားနဲ့ “ ဖြစ်ချင်တာ” သမားတွေမှာ ဖြစ်နိုင်ချေ သမားတွေ နောက်တန်း၊ အောက် တန်းကျပြီး၊ ဖြစ်ချင်တာကို ဇွဲသန်သန်နဲ့ မဖြစ်မနေ၊ စွန့်စွန့်စားစားလုပ်တဲ့ သူတွေရဲ့  ဦးဆောင် လမ်းပြမှု နောက်မှာ နောက်ဆုံးလိုက်နာရတာကို တွေ့နိုင်ပါတယ်။အရည်းကြီး ရဟန်းတွေကို ဆန့်ကျင်ခဲ့ပြီး ဗုဒ္ဓ၀ါဒကို ထူထောင်ခဲ့တဲ့ ရှင်ကြီးဂေါဓမ ကလည်း တဦးအပါအ၀င်ပေါ့။ ဒီလိုပြောလို့လည်း ဘာသာရေး ဘက် ယိမ်းပြီး စိတ်ဝါဒဘက်ကို ချော်တောငေါ့မှာ စိုးပါတယ်။
ကျွန်တော်ပြောခင်တာက “ဖြစ်ချင်တာ” နဲ့ “ ဖြစ်နိုင်တာ” အတွေးအခေါ် နှစ်ခုရဲ့ ကွာခြားမှုနဲ့ ထိရောက်မှု ထက်ြမက်မှုအကြောင်းပါ။ အခုတော့ ဖွဲစည်းအုပ်ခုပ်ပုံ အကြောင်း ရေပန်းစားစားနေတော့ “ပြင်/သစ်” ပြဿနာ ရှိနေပါတော့တယ်။ ကျွန်တော့် အမြင်က ၂၀၀၈ ဖွဲစည်းပုံရော၊ ကြံ့ဖွတ်အစိုးရ အရည်ခြုံထားတဲ့ စစ်အာဏာ ရှင်ရော ဖယ်ရှားပစ်ရေးကို ဖြစ်ချင်တာဘဲ။ဒါကို မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တာဘဲ လုပ်မယ် ဆိုသူတွေ သူ့ဘာ သာလုပ်ပါစေ၊ ကျွန်တော်က ကျွန်တော်ဖြစ်ချင်သလို ဆက်လုပ်နေရမှာဘဲ။
ဒီအတွက် နိုင်ငံရေးအရ “ ပါတီပေါင်းစုံကွန်ဖရင့်” နဲ့ဖြေရှင်းဖို့ တင်ပြနေခဲ့တာ ၂၀၀၈ရေးဆွဲနေ တုန်း၊ ရွေး ကောက်ပွဲ မလုပ်ခင်ကတည်းကဘဲ။ ကျွန်တော်က ဘာကောင်မှ မဟုတ်တော့ ဘယ်သူမှ ဂရုမစိုက်တာ ကိုလည်း ဘာမှ မမှုပါဘူး၊ အခုဟာက “ပင်လုံလိုလို” “အမျိုးသားညီလာခံလိုလို” နဲ့ လူတွေ ယိမ်းထိုးနေအောင် လှည့်ပတ် လူလည်ကျ အမြတ်ထုတ်နေတာကို တွေ့နေရတော့ ခုတ်ရာတခြားရှရာ တခြားဖြစ်နေပြီးစစ်အာဏာရှင် တွေကဖိနှိပ်မြဲဖိနှိပ်၊ သွေးစုတ်မြဲသွေးစုတ်၊ဇိမ်ကျမြဲဇိမ်ကျ နေမှာ ကြောင့် ပြတ်သားတဲ့ လုပ်ရပ်နဲ့ စစ်အာဏာရှင်စံနစ်ကို တိုက်ဖျက်နိုင်ရေးအတွက် နိုင်ငံရေးပါတီတွေ အားလုံး တိုင်းပြည်ပြဿနာကို ၀ိုင်းဝန်း ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာကြံရမည့် အချိန်ဖြစ်ပါတယ်။ စစ်အာဏာရှင် အလိုကျ၊စစ်အာဏာရှင် စံနစ်ကို ကျောသပ် ရင်သပ်လုပ် အကျိုးစီးပွား မျှဝေခံစားပြီး လူထုကို မျက်ကွယ်ပြုဖို့ အချိန်မဟုတ်တော့ပါဘူး။
နိုင်ငံအကျိုးအတွက်လိုလို ဟန်ပန်ဂိုက်ဖမ်းပြီး  “ပါတီပေါင်းစုံစံနစ်နဲ့ ဈေးကွက်စီးပွါးရေး” စံနစ်လို့ ဦးရွှေမန်း ပြောပေမဲ့ လုပ်နေတာက ပါတီတွေချိုးနှိမ်ရေး၊ လက်ဝါးကြီးအုပ် စစ်တပ်စီးပွါးရေး၊ ခရိုနီကြီးပွါးရေး သာဖြစ်နေ တာကို ရှင်းရှင်းဖေါ်ထုတ် ဖွင့်ချ တိုက်ခိုက်ကြရလိမ့်မယ်။ပါတီပေါင်းစုံမှာလည်း ကွန်မြူနစ်ရော၊ အရင်းရှင်ရော၊ စစ်အာဏာရှင်ပါတီရော ပါနိုင်တဲ့ တကယ့် ပါတီပေါင်းစုံ ကွန်ဖရင့် ဖြစ်ဖို့ လိုတယ်၊ လွတ်လပ်ဖို့၊ ပွင့်လင်းဖို့ လိုပါတယ်။အခုတော့ ပုံစံအမျိုးမျိုးနဲ့ စစ်အာဏာရှင် စံနစ် တည်တန့်ရေးကို ပရိယာယ်အမျိုးမျိုးနဲ့ ကာကွယ် နေ တာသာ ဖြစ်နေတော့တယ်။
“ဖြစ်ချင်တယ်” ဆိုတာက အကြောင်း အကျိုး မရှိဘဲ ပေါ်လာ သလိုလို မထင်မိဖို့လိုပါတယ်။ ရေဆာတယ် ဆိုတာ ရေငတ်လိုဘဲ။ ရေရှိတာ မရှိတာနဲ့ မဆိုင်သလို စစ်အာဏာရှင်စံနစ်ရှိနေတော့ စစ်အာဏာ ရှင် ဘေးက ကင်းချင်တာ ဘာမှ ထူးဆန်းတဲ့ တောင့်တမှုမဟုတ်ပါဘူး။ မတောင့်တရဘူး၊ အချိန်မတန်သေး ဘူး၊ နောက်ပြန် သွားမယ်။ ဘေးအန္တရာယ်ရှိတယ်၊ ဖြေးဖြေးပေါ့ ဆိုတာတွေက ပြည်သူတွေခံစားချက်ကို ဆန့်ကျင် နေတဲ့ တခြားဘက်ကလူတွေ၊ ရန်သူအလိုတော်ရှိတွေသာဖြစ်နေတတ်တယ်။ လွတ်လပ်တဲ့ လူထု ဆန္ဒ မပါဘဲ စစ်အာဏာရှင်စံနစ်အောက် မှာ ဘာလွတ်တော်၊ ဘာရွေးကောက်ပွဲလုပ်လုပ် ပြည်သူတွေဟာ အန္တရာယ် အောက်မှာ အမြဲ ကျရောက် နေကြရတာဘဲ။ကူကယ်မဲ့သူဝေးနေဦးမှာဘဲ။
လွတ်လပ်တဲ့ ပါတီပေါင်းစုံကွန်ဖရင်ကသာ နိုင်ငံကို ညီညွတ်အောင်ဘယ်လို စံနစ်နဲ့ သွားမယ်၊ အဲဒီအတွက် ဘယ်လိုဥပဒေကို ရေးဆွဲချမှတ်မယ်ဆိုတာဆုံးဖြတ်ပါလိမ့်မယ်။ စစ်အာဏာရှင် စံနစ် ကယ်တင်ရေး၊ ကာကွယ် ရေးအမြင်လောက်က၊ ပြည်သူလူထုအကျိုးနဲ့ဆန့်ကျင်ဘက်ဖြစ်နေတာကိုသိသာထင်ရှားစေရမယ်။ စစ်မှန် တဲ့ လူထုအစိုးရ၊ ဖက်ဒရာယ်အစိုးရ ပေါ်ပေါက်ရေးဟာ ဖြစ်ချင်တာသာမက  ဖြစ်နိုင်ချေတွေ၊ မဖြစ်မနေ လုပ်ရ မည့် အခြေအနေတွေ အထိ ဆိုက်ရောက်နေတာကို ရှင်းရှင်းလင်းသိထားစေချင်ပါတယ်။
ပါတီပေါင်းစုံ ကွန်ဖရင့်ဟာ ဒီနေ့ လိုအပ်ချက် ဖြစ်နေတာကြောင့် မဖြစ်ဖြစ်အောင်အကောင်အထည် ဖေါ်ကြ ရလိမ့်မယ်။ ဒီရည်နိုင်ငံရေးရည်မှန်းချက်အတွက် ကြံဖွတ်အစိုးရဆီမှာ လက်ဖြန့်တောင်း နေတာမ ဟုတ် ဘဲလူ ထု တိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ တွေနဲ့ စစ်အာဏာရှင်အုပ်စုကိုဝိုင်ရံထိန်းချုပ်ခေါ်ဆောင်နိုင်အောင် လုပ်ရမှာသာဖြစ်တယ်။ဒါတွေဟာ ဖြစ်ချင်တာ သက်သက်မဟုတ်ဘဲ  လိုအပ်ချက် အကြီးကြီးလည်း ဖြစ်နေ ပါ တယ်။
အဖိနှိပ်ခံတို့ ညီညွတ်ကြ။
စစ်အာဏာရှင်ကို ဆန့်ကျင်ကြ။
လူထုအစိုးရမုချပေါ်ထွန်းရမယ်။

ဦးအေးဆောင်
နိုဝင်ဘာ ၂၂၊ ၂၀၁၃။

0 comments: