Wednesday, October 22, 2014

မြေနီကုန်း ၁၉၊၁၀ လှုပ်ရှားမှု ကို ကြည့်မြင်ခြင်း



မြေနီကုန်း ၁၉၊၁၀ လှုပ်ရှားမှု ကို ကြည့်မြင်ခြင်း

အောက်တိုဘာ ၁၉ ရက်နေ့ ညနေ မြေနီကုန်းမှာ လူငယ်တစု ဆန္ဒပြကြတယ်။ လွှတ်တော်ပုံ ဗွီနှိုင်းကို မီးရှို့ခဲ့ကြတယ်။  သူတို့က Anonymous Burma(နံမည်မဲ့) ဖြစ်ကြတယ်တဲ့။သူတို့ကြွေးကြော်သံတွေက
၁ - စစ်ဖိနပ်အောက်ကပညာရေး အလိုမရှိ၊
၂ - ကျောင်းသားပြည်သူအခြေမခံတဲ့ ပညာရေးဥပဒေ ဖျက်သိမ်းပစ်
၃ - စစ်တပိုင်းအစိုးရ အလိုမရှိ
၎ - ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး - ဒို့အရေး
၅ - ဘောင်းဘီချွတ်သိန်းစိန်အစိုးရ - ချက်ချင်းဆင်း  -  တို့ ဖြစ်ကြတယ်။
သူတို့ရဲ့ အဲဒီလုပ်ရပ်ကို ကျွန်တော် ထောက်ခံအားပေးပါတယ်။ သူတို့ ကြွေးကြော်သံကို ချုပ်လိုက်ရင် ပညာရေး၊ စစ်အစိုးရ ဆန့်ကျင်ရေး၊ ၂၀၀၈ ဥပဒေ ဆန့်ကျင်ရေး ဖြစ်တယ်။ ဒါတွေကိုလည်း ကျွန်တော် သဘောတူ ပါ တယ်။ သူတို့ နံမည်မဖေါ်ချင်ဘူး။ ကျော်ကြားမှုမလိုလားဘူး။ကိုယ်ကျိုး မလိုလားဘူး၊ ဆိုတာ ကိုလည်းပြောလို့ သဘောကျပါတယ်။ဒါတွေက လှုပ်ရှားမှု လုပ်သူတိုင်းပြောကြတာပါဘဲ။လက်တွေ့မှာမှ အ ကဲဖြတ် ရမည့်ကိစ္စ။ ဒါပေမဲ့ ကွှန်တော် သဘောမတွေ့ဒါက သူတို့ အယူအဆဖြစ်နေပါတယ်။ သူတို့ဟာ နိုင်ငံရေး သမား ဆန့်ကျင်ရေးသဘောထား ရှိနေတယ် ဆိုတာသိလာရတယ်။ အဖွဲ့အစည်း အဖြစ်မလိုလားဘူး ဆိုတာတွေလည်း သိလာရတယ်။
ဒီတော့ သူတို့ ရည်ရွယ်ချက်က Occupay Wall Street လှုပ်ရှားမှုလို လုပ်ချင်ပုံရပါတယ်။ မျက်နှာဖုံးတွေ လည်းစွပ်ထားတော့။OccupayWallStreetလှုပ်ရှားမှုကအခုဘယ်လိုဖြစ်နေသလဲ။မရေမရာဖြစ်သွားပြီ။သူတို့ မှာ ဦးဆောင်သူမရှိ၊ ပါတီမရှိ၊ ထင်သလိုလုပ်ကြရင်း လမ်းပျောက်နေရရှာပြီ။ ဆန္ဒပြပွဲဟာ တော်လှန်ရေး တရပ် အထိ ဦးတည်မယ်ဆိုရင် တော်လှန်ရေးတွေ ဖြစ်ပေါ်ပုံကို လေ့လာထားကြရလိမ့်မယ်။ အပျော် တမ်းတော် လှန်ရေး လုပ်လို့ရပါတယ်။ ဒါပေမဲ့ အာဏာရစရာအကြောင်းမရှိပါဘူး။ အာဏာမရှိဘဲ သိန်းစိန်အစိုးရ -ချက်ချင်းဆင်း - ဆိုပြီးခိုင်းလို့ရမလား -။
ဘော့လုံးအသင်းမရှိဘဲ ဆုဖလားမရသလိုပေါ့။ အာဏာ အကြောင်းပြောတော့ တော်တော်ရွံရှာ နေဦးမယ် ထင်ပါတယ်။ဘယ်လိုနန်တော်ပဲဖြစ်ပါစေ အိမ်သာရှိဖို့ လိုသလိုပေါ့။ လူထုတွေအာဏာ မရှိလို့ စစ်ဖိနပ်အောက် မှောက်နေရတာကို သိသင့်ပါတယ်။ သူတို့က အာဏာ (လွတ်လပ်ခွင့်)ရချင်နေတာ။ မယူနိုင်လို့၊မယူတတ်လို့ဘ၀တွေကျိုးကြေခံနေရရှာတာ။အာဏာမယူရဲဘဲနဲ့၊မယူချင်ဘဲနဲ့ဆန္ဒပြယုံလောက်က ဘယ်သူတွေ ထောက် ခံမှာလဲ၊ အလကား အရိုက်ခံ ထောင်ချ ခံကြမှာ တဲ့လား၊တောင်ကိုရီးယားတို့ အမေရိကားတို့မှာဒီလိုဆန္ဒပြပွဲတွေရိုးနေခဲ့ပြီ။ မြန်မာပြည်မှာ ဖြစ်ခဲ့ဆန္ဒပြပွဲကြီးမျိုး တွေဆိုကမ္ဘာမှာတောင်ရှားပါတယ်။ အာဏာ မရှိတော့ ၉၀ ခုနှစ်ရွေးကောက်ပွဲရလာဒ် တောင်ဘယ်ရောက်သွားလဲ။ ဒီနေရာမှာ ရွေးကောက်ပွဲနဲ့ အာဏာက မြန်မာပြည်မှာ တဆက်တစပ်ထည်းမရှိဘဲတခြားစီဖြစ်နေတာကိုလည်းသတိထားမိစေချင်တယ်။ အာဏာ မယူဘဲ လူတွေကို ကယ်တင် မယ်ဆိုရင် ဦးကျော်သူတို့ လုပ်ငန်း တွေလို ဘဲ လုပ်နိုင်တယ်။ ဒါတောင် အမိန့်ရမှ လုပ်နိုင်မယ်။ အမှိုက်ကောက်တာတောင်  ပိတ်ပင်ခံရတာကို သိမှာပါ။
 ရှင်းအောင်ပြောရရင် ဒေါ်စုကို အာဏာရမလားလို့ ထောက်ခံခဲ့ကြတာ၊ အခုတော့ နိုင်ငံခြားက ဘယ်သူ့ ကို ထောက်ခံနေသလဲ၊ အာဏာရှိတဲ့ အုပ်စုကိုဘဲပေါ့၊ ကြံ့ဖွတ်စစ်အာဏာရှင်တွေကိုပေါ့။ အာဏာကို လူထုဟာ လူထုလက်ထဲ ရောက်အောင်တိုက်ယူရတယ် ဆိုတဲ့ တရားကို အနောက်တိုင်းအရင်းရှင် ပညာရှင်တွေက ဖုံးထားတယ်။ နိုင်ငံရေး ဆိုတာကိုတောင် “ Politic is a dirty job” ( နိုင်ငံရေးဆိုတာ ညစ်ပတ်တဲ့ အလုပ်)လို့ သူတို့လူငယ်နားတွေထဲ ရိုက်သွင်းထား တာ။နိုင်ငံရေးသမား တွေ ဟာ လူလိမ်လူကောက်တွေလို့ အပုတ် ချထားကြတယ်။ ဒီအယူအဆတွေက အခု မြေနီကုန်းမှာ ပေါ် လာနေတယ်။ တော်လှန်ရေး ဆိုတာကို အရင်းရှင်စံနစ်အောက်က Institutions တွေဆီကမရနိုင်ဘူး။ ပါတီမရှိဘဲ တော်လှန်ရေးမရှိနိုင်ဘူး။အာဏာဆို တာ ဝေလာဝေး။  
ရိုးသားတယ်၊ အနစ်နာခံတယ်ဆိုတာကောင်းပါတယ်။ကိုယ့်ရိုးသားမှု၊အနစ်နာခံမှုဟာဘယ်လိုလူတန်းစားကို အကျိုးပြုနေသလဲ ဆိုတာကိုတော့ ဆန်းစစ်ရမယ်။ မဆန်းစစ်ရင် ဖိနှိပ်သူတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ အ ကျိုးပြုနေသလိုဖြစ်နေတတ်ပြီး။ တကယ်တော်လှန်ရေး လုပ်ချင်တဲ့ လူတွေရဲ့ အချိန်တွေ၊ ပစ္စည်းဥစ္စာတွေ၊ အချိန် တွေ၊ဘ၀တွေ၊ အသက်တွေတွေ ကို ဖြုန်းတီးရာကျတယ်။
မြန်မာပြည်ကစစ်အာဏာရှင်တွေက ပြည်သူကို ဗြောင်အနိုင်ကျင့်ရာကနေ၊ဟန်ဆောင်ဥပဒေတွေ၊ဟန်ပြလွတ် တော်တွေ၊ငြိမ်းချမ်းရေး စကားလုံးတွေ၊လက်ဝါးကြီးအုပ်ထားတဲ့ စီးပွါးရေး အခွင့်အလမ်းတွေဗန်းပြပြီး သူတို့စစ် အာဏာကို ဆက်လက်ကာကွယ်နေပါတယ်။
တော်လှန်ရေး ဆိုတာ လူတန်းစားတရပ်က တခြားလူတန်းစားတရပ်ကို အင်အားသုံး ဖယ်ရှားတာကို ဆိုလို တယ်။အခုမြန်မာပြည်မှာ စစ်အာဏာရှင်နဲ့ သူ့လက်ပါစေ၊လက်ဝေခံလူတန်းစားက ကြီးစိုးနေတာပါ။ သူတို့နဲ့စေ့စပ်တောင်းခံဖြေရှင်းတယ်ဆိုတာ တော်လှန်ရေးမဟုတ်ဘဲဖိနှိပ်မှုကိုသက်ဆိုးရှည်စေတာဘဲ ဖြစ်ပါ တယ်။ နားလည်မှုယူတယ်ဆိုတာကလည်း ရန်သူရဲ့ ပရိယာယ်ညွတ်ကွင်းမျှသာဖြစ်ပါတယ်။သူတို့စာ အာဏာနဲ့ အကျိုး စီးပွါးကို ဘယ်တော့မှ ခွဲပေးမှာ မဟုတ်ပါဘူး။ တောင်းယူလို့ မရနိုင်ပါဘူး။
တိုင်းပြည်ရဲ့ အနာဂါတ်ကို ပုံဖေါ်မည့် လူငယ်တွေအနေနဲ့လက်ရှိကြီးစိုးနေတဲ့ဖိနှိပ်သူစစ်အာဏာရှင်တွေကို ဘယ်လိုရင်ဆိုင်ရမယ်။ ဘယ်လို အနိုင်တိုက်ရမယ် ဆိုတာကို ပြတ်ပြတ်ထင်ထင် သိစေချင်ပါတယ်။
တော်လှန်ရေးကို ပီပြင်အောင်ဖေါ်ဆောင်ကြ။
အောင်ပွဲကို တိုက်ယူကြ။
ဦးအေးဆောင်
အောက်တိုဘာ ၂၂၊ ၂၀၁၄။

No comments:

Post a Comment