Wednesday, April 15, 2015

UWSA - ဖိတ်စာ စာရင်းနဲ့ ပတ်သက်၍



UWSA - ဖိတ်စာ စာရင်းနဲ့ ပတ်သက်၍

၁၄၊ ၄ ၊ ၂၀၁၅ - FB ပေါ်က ရတဲ့ စာ - ဘယ်လောက် Reliable ဖြစ်မဖြစ်တော့ မသိရသေးပါ - ဆိုသော မှတ်ချက်နဲ့ အတူ - UWSA မှာ ကျင်းပမည့် အစည်းအဝေး ဖိတ်သည့် စာရင်း ဆိုတာကို အခြေခံပြီး စဉ်းစားမိသည်မှာ - UWSA သည် UNFC ကို ခွဲလိုက်တာပါ။ ဒီအလုပ်က ရန်သူကလုပ်ချင်သည့်အလုပ်ပါ။ စစ်ရေးလှုပ်ရှားမှုကို အခြေခံပြီး ဖိတ်ခေါ်ပုံရပါတယ်။ ဒါကသူ့အတွက် နောင်အကာအကွယ်ရရေးကို ရည်ရွယ်ချက်ဖြစ်နိုင်ပါတယ်။ အဖိတ်မခံရသော အဖွဲ့တွေ ကို လက်တွေ့ စစ်ရေး လှုပ်ရှားမှု လုပ်မှသာ အသိအမှတ်ပြုမည့် သဘောဖြစ်နေပါတယ်။ ဒီလိုဆိုရင် ကောင်းပေမဲ့ နိုင်ငံရေးမဆန်သလို ဖြစ်နေပါတယ်။
မည်သို့ပင် ဖြစ်စေ ရန်သူနဲ့ အပစ်ရပ်ထားတဲ့ အင်အားစု၊ ရန်သူကိုကတိက၀တ်ထပ်ပြုထားတဲ့ အင်အားစုတွေသာ များနေတာကြောင့် ပြည်သူလူထုအနေနဲ့ ဘာမှ မယ်မယ်ရရ မျှော်လင့်နိုင်စရာ မရှိပါ။
ရန်သူ စစ်အာဏာကို ဖြုတ်ချရေး ရည်မှန်းချက် ထက် စစ်ရေးနဲ့စီးပွါးရေး အမြင်များက လွှမ်းမိုနေတာကြောင့် တိုင်းပြည်နဲ့ ပြည်သူလူထုတွေဟာ များမြောင်လှတဲ့ နိုင်ငံရေးပရိယာယ်တွေနဲ့ အုပ်စုဂိုဏ်း အကျိုးစီးပွါး အရှုပ်တွေထဲမှာ မျက်စိနောက် စိတ်ပျက်စရာသာ ပိုပေါ်လာနိုင်ပါတယ်။
ဘယ်သူတွေ ဘာတွေဘဲလုပ်လုပ် ပြည်သူလူထုက စစ်အာဏာရှင်တိုက်ဖျက်ရေး ဘုံရည်မှန်းချက်က သွေဖီကြမှာ မဟုတ်တော့ စစ်အာဏာရှင် တိုက်ဖျက်ရေး ဒီမိုကရေစီထူထောင်ရေး ဘုံလှုပ်ရှားမှုကိုသာ ဗဟိုပြုခါ - တခြားလက်အောက်ခံ ပြဿနာတို့ကို ကျော်လွှားသွား မှာသာဖြစ် တယ်လို့ ကျွန်တော်အလေးအနက် ယုံကြည်ပါတယ်။
သတင်းအချက်အလက်မှန်ကန်မှု မရှိပါကလည်း ခံယူချက်သဘောထား အဖြစ် တင်ပြချင်လို့ပါ။
ဦးအေးဆောင်။
၁၆၊ ၄၊ ၂၀၁၅။